Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emi Wakui
5.2
God of Novels (2020)
Our Story ( 2020 ) ================Our Storyဟာ ဂျပန်ကျောင်းတွင်းရိုမန့်ဇာတ်လမ်းလို့ ပြောလို့ရပေမဲ့ ကျောင်းတွင်းရိုမန့်က ဒီကားရဲ့ တစ်စိတ်တစ်ဒေသအဖြစ်ပဲတည်ရှိနေခဲ့တယ်။ သူ့နာမည်အတိုင်းပဲ Our Storyဟာ ဇာတ်လမ်းရေးတဲ့အကြောင်း တစ်နည်းပြောရရင် လူငယ်စာရေးဆရာနှစ်ဦး ဝတ္တုရေးတဲ့အကြောင်းပေါ့။ မင်းသားကတော့ တက်သစ်စ စာရေးဆရာအဖြစ်ရပ်တည်ပေမဲ့ သူ့ခံယူချက်က ငွေရတဲ့စာတွေ ရေးနိုင်ဖို့လို ခံယူထားတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက်။ဒီလိုခံယူရတာကလည်း သူ့အဖေက ဝတ္တုတွေရေးရင်း အိမ်စရိတ်မထောက်နိုင်ဘဲ သူကိုယ်တိုင်လည်း ဝတ္တုရေးတဲ့စားပွဲပေါ်ပဲ ကွယ်လွန်သွားခဲ့တော့ ဆန်းတော့မဆန်းဘူး။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ငွေရတဲ့စာတွေ မရေးနိုင်ခဲ့ဘူး။ မင်းသမီးကတော့ နာမည်ကြီးဘတ်ဆဲလားစာရေးဆရာမဖြစ်နေတဲ့ အထက်တန်းကျောင်းသူလေး။ မင်းသားဖြစ်ချင်တဲ့ ဘဝမျိုးကို ပိုင်ထားတဲ့သူ။ ဒါပေမဲ့ သူကတော့ ဝတ္တုရေးတဲ့အလုပ်ကို ချစ်သလို ဝတ္တုတွေကို ချစ်တယ်။ ဒီလိုနဲ့ သူတို့စာတွေကို အကဲဖြတ်ပေးနေတဲ့သူက သူတို့ကို စာအုပ်တစ်အုပ်အတူတူရေးခိုင်းခဲ့တယ်။ မင်းသမီးက ဇာတ်လမ်းတွေးပြီး မင်းသားက စကားလုံးနဲ့ပုံဖော်ပေးရတယ်။ ကျောင်းလည်းတူ အလုပ်လည်းအတူတူလုပ်နေရပေမဲ့ ...
movie
God of Novels (2020)
5.0
The Night Beyond the Tricornered Window (2021)
The night beyond the tricornered windowစာအုပ်ဆိုင် တစ်ဆိုင်ရဲ့ စာရေးလေး "မိကဒို"မှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူငယ်ငယ်တည်းက သရဲတွေကို အချိန်တိုင်းမြင်နေရတာဖြစ်ပြီး ဒီကနေ ရှောင်လွှဲလို့မရသလို မမြင်ရတော့အောင်လည်း လုပ်လို့မရပါဘူး။ တစ်နေ့မှာတော့ "ဟိရခဝါ"လို့ခေါ်တဲ့ ပယောဂနှင်ဆရာက မိကဒိုကို ရှာတွေ့ခဲ့တဲ့နောက်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ ဟိရခဝါက မိကဒိုကို သူ့ရဲ့လက်ထောက်အဖြစ်ခန့်ပြီးတော့ သရဲမြင်တဲ့အစွမ်း အကူအညီနဲ့ ဖြေရှင်းရခက်တဲ့ မှုခင်းတွေကို ရှာဖွေဖော်ထုတ်ကြပါတယ်။ ဒီလိုနဲ့ သူတို့လိုက်နေရတဲ့အမှုတွေက "ဟိအူရ"လို့ခေါ်တဲ့ အထက်တန်းကျောင်းသူရဲ့ နှုတ်ထွက်စကားတွေနဲ့ သက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။၂၀၁၃ကနေ ၂၀၂၀အထိထုတ်ဝေခဲ့တဲ့ Yaoi mangaကို adaptionလုပ်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကျောရိုးနဲ့ Japanese BL ကားကောင်းတစ်ကားကို ကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.4GB) / (700MB) Quality__WEB-DL_1080p, 720p IMDb ...
movie
The Night Beyond the Tricornered Window (2021)
7.6
The Taste of Tea (2004)
Taste of Tea (2004)IMDb rating 7.6/10ထိ ရရှိထားတဲ့ ၂၀၀၄ခုနှစ်ထွက် ဂျပန် မိသားစု ဒရာမာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။တိုကျိုမြောက်ပိုင်း တိုချိဂိစီရင်စုမှာရှိတဲ့ ကျေးလက်ရွာလေးမှာနေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အဖေဖြစ်သူ နိုဘုအိုက အိပ်မွေ့ချနည်းနဲ့ကုသပေးတဲ့ဆရာဝန်တစ်ယောက်ပါ။ အမေဖြစ်သူကတော့ အိမ်ရှင်မဖြစ်ရုံတင်မကဘဲ animatorအလုပ်တွေကို အိမ်ကိုယူပြီး လုပ်တဲ့မိခင်တစ်ယောက်ပါ။သူတို့ရဲ့သားဖြစ်သူ "ဟာဂျိမဲ"ကတော့ အဖေ့ထံကနေ ကျားကွက်ထိုးနည်းသင်ခံရပြီး တော်လည်းတော်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ဒုက္ခရောက်နေတဲ့ ကောင်ကလေးပါပဲ။သူတို့ရဲ့သမီးဖြစ်သူ စချိကိုကတော့ သူ့ရဲ့ကိုယ်ပွားအကြီးကြီးက သူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပါတယ်။ သူ့ဦးလေးပြောပြခဲ့တဲ့ပုံပြင်ကြောင့် ဒီလိုမြင်ရတဲ့အခြေအနေက အစပျိုးခဲ့တာပါ။ ဒီပုံပြင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ သူတို့ ကျေးလက်မိသားစုလေးရဲ့ နိစ္စဓူဝလှုပ်ရှားသက်ဝင်ပုံတွေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(3.5GB) / (1.6GB) Quality__BluRay_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__02:24:00 Type__Comedy, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie
The Taste of Tea (2004)