Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eduardo Noriega
6.4
Beauty And The Beast (2014)
A Bela E A Fera ( 2014 )Beauty and the Beast ဇာတ်လမ်းက ဒစ္စနေး ကျေးဇူးနဲ့ ကျွန်တော်တို့ ဟိုးကလေးပေါက်စလေးကတည်းကရင်းနှီးလာတဲ့ ဇာတ်လမ်းပဲ။ ၁၉၄၆ကထွက်တဲ့ ပြင်သစ်ကားအပြင် ခုထိ ဒီဇာတ်လမ်းကို ရိုက်လာလိုက်တာ ၁၀ကားအထက်တော့ ရှိနေပြီ။ ဒီထဲမှာ ၁၉၉၁က ထွက်တဲ့ ဒစ္စနေးကာတွန်းကားနဲ့ ၂၀၁၇ထွက်တဲ့ အန်မာဝတ်ဆန်နဲ့ ရိုက်တဲ့ကားတော့ လူသိအများဆုံးဖြစ်လိမ့်မယ်။၂၀၁၇ကားက ၁၉၉၁ကားရဲ့ Live Actionပဲဆိုတော့ ဒီလူသိအများဆုံး ၂ခုက ဇာတ်လမ်းအတူတူနီးပါးပဲ။ ၁၉၉၁ကားကိုတော့ ၁၇၅၆ကထွက်ခဲ့တဲ့ Jeanne-Marieရဲ့ဗားရှင်း ဇာတ်လမ်းကိုသုံးထားပြီး ၁၉၄၆ရုပ်ရှင်ကနေလည်း မှီးထားတယ်။ ၄၆ရုပ်ရှင်ကလည်း Jeanne-Marieဗားရှင်းပဲ။ ဒါပေမဲ့ သူက Beauty and the Beast ရဲ့ မူရင်း စာရေးဆရာတော့မဟုတ်ဘူး။ မူရင်းကို ၁၇၄၀မှာ Gabrielle-Suzanneက ရေးခဲ့တယ်။ဒီ၂၀၁၄ ပြင်သစ်ကားကတော့ Gabrielle-Suzanneရဲ့ မူရင်းစာအုပ်ကို ရိုက်ထားတာ။ ကျွန်တော်တို့ ကြည့်နေကျဇာတ်နဲ့ တော်တော်လေးတော့ ကွဲပြားခြားနားတယ်။ ရိုက်လာခဲ့သမျှထဲမှာလည်း မူရင်းဇာတ်ကိုရိုက်တာက ဒီတစ်ကားပဲ ...
movie
Beauty And The Beast (2014)
2014
In the Fire (2023)
In the Fire (2023)ဟိုတလောတုန်းက တော်တော်လေးနာမည်ကြီးခဲ့တဲ့ မင်းသမီးချော Amber Heard ရဲ့ ရုပ်ရှင်ကားအသစ်ပါ။ ရှေးအင်္ဂလန်မှာ ဇာတ်အိမ်တည်ထားတာဆိုတော့... ထုံးစံအတိုင်း ရှေးအင်္ဂလိပ်တွေရဲ့ အယူသီးမှုတွေနဲ့ သိပ္ပံပညာကြားက ပဋိပက္ခတွေအကြောင်းကိုပဲ နောက်ထပ်ဇာတ်အိမ်အသစ်နဲ့ ပြထားတယ်။မွေးရာပါ ဉာဏ်ကောင်းပြီး စိတ်စွမ်းအားသဘောမျိုးပါရှိနေတဲ့ ကောင်လေးတစ်ယောက်ဟာ တစ်မူထူးနေတော့ မကောင်းဆိုးရွားဆိုပြီး တစ်ရွာလုံး ဝိုင်းစွပ်စွဲပြီး ပစ်ပယ်ထားကြတယ်။ အခြေအနေအကြောင်းကြောင်းနဲ့ တိုက်ဆိုင်မှုတွေဖြစ်လာပြီး မိုးခေါင်တာတွေ စိုက်ခင်းပျက်တာတွေ ဖြစ်လာတော့ သူ့ကို ဝိုင်းသမုတ်ကြဖို့ ပိုအကြောင်းဖန်လာခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံး ရွာက သူ့အကြောင်းနဲ့သူ ကပ်ဘေးဆိုက်လာလေလေ အကြောက်တရားနဲ့လူတွေဟာ အကြောက်တရားကို ကောင်လေးကြောင့်ပါဆိုပြီး လွှဲချပြီး အကြောက်တရားကို ဖြေဖျောက်ဖို့ ကြိုးစားကြရင်း ကောင်လေးအိမ်ကိုမီးရှို့၊ ကောင်လေးကိုပါ သတ်ဖြတ်ဖို့အထိဖြစ်လာတယ်။ ဒါကို ကောင်လေးရဲ့ စိတ်စွမ်းအင်ကိုရော စိတ်ဝေဒနာကိုရော သိပ္ပံနည်းကျဖြေရှင်းချင်တဲ့ ဆရာဝန်မတစ်ယောက်ရောက်လာပြီး ကောင်လေးကို ကုသပေးဖို့ နားလည်ပေးဖို့ ကြိုးစားရင်း ...
movie
In the Fire (2023)
2023
6.3
The Last Stand (2013)
The Last Stand (2013) ================အားလုံးရဲ့အချစ်တော် အက်ရှင်မင်းသားကြီးအာနိုးရဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကိုးရီးယားဒါရိုက်တာ Kim Jee Woon က သူ့ရဲ့ပထမဆုံးအမေရိကန်ရုပ်ရှင်ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တာပါ။ပြီးတော့ မင်းသားကြီးအာနိုးကလည်း Terminator3 ဇာတ်ကားပြီးနောက်ပိုင်း ပထမဆုံးအဓိကဇာတ်ဆောင်နေရာကပြန်လည်ပါ၀င်လာတာဖြစ်ပါတယ်။အာနိုးဟာ တစ်ချိန်က အယ်လ်အေပီဒီရဲ့ မူးယစ်ရဲတပ်ဖွဲ့မှာပါ၀င်ခဲ့သူဖြစ်ပြီး ၅နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆွန်မာတန်ဆိုတဲ့နယ်စပ်မြို့လေးရဲ့ နယ်ထိန်းအဖြစ်အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ဒါပေမယ့် ဒုစရိုက်သမားကြီး ဂါဘရီယယ်ကောတက်စ်ကအက်ဖ်ဘီအိုင်လက်ထဲကနေ ထွက်ပြေးလာခဲ့ပြီးသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဆွန်မာတန်ဆီလာနေတာ သိလိုက်ရပါတယ်။ဒီလိုနဲ့ အာနိုးလည်း အေးချမ်းနေလို့မရတော့ဘဲဒုစရိုက်သမားကြီးကောတက်စ်ကိုတားဆီးနိုင်ဖို့ ကြိုးစားရပါတော့တယ်။လက်နက်အပြည့်အစုံနဲ့ လူအင်အားများတဲ့ကောတက်စ်တို့အဖွဲ့ကို နယ်ထိန်းရဲလူနည်းစုလေးကဘယ်လိုတွေတားဆီးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တာကြောင့်အက်ရှင်ကားချစ်သူတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… 1.8 GB / 925 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 50m Genre ..... Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
movie
The Last Stand (2013)
2013
6.3
The Translators (2019)
ဒီဇာတ်ကားက ကျူးဘားနိုင်ငံရဲ့၁၉၉၀ ဝန်းကျင်ကဖြစ်ရပ်မှန်တခုကိုအခြေခံရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်မာလင်ဟာ ရုရှားစာပေကိုသင်ကြားနေတဲ့ ပါမောက္ခတဦးဖြစ်ပီး သူ့မိန်းမ အိုက်ဆိုနာကတော့ပန်းချီပြခန်းဖွင့်ကြိုးစားနေတဲ့သူပါသူတို့မှာ ဟာဗီလို့ခေါ်တဲ့သားတယောက်ရှိပါတယ် ထူးခြားတာက အဲ့ဒီဟာဗီကိုယ်တိုင် ဒီဇာတ်ကားကိုရိုက်ကူးထားတာဖြစ်ပါတယ်၁၉၉၀ ဝန်းကျင်မှာ ဆိုဗီယက်ပြည်ထောင်စုကဒုက္ခသည်တွေကိုဆေးကုပေးဖို့ ကျူးဘားကို ပို့လိုက်ပါတယ် အဲ့ဒီမှာအခြေအနေအရ ကျူးဘားကတက္ကသိုလ်တွေပါပိတ်လိုက်ရပီးမာလင်အပါအဝင်ရုရှားစာပေပါမောက္ခတွေဟာ ဆေးရုံမှာဆိုဗီယက်ဒုက္ခသည်တွေအတွက်စကားပြန်လုပ်ပေးရပါတယ် မာလင်ကတော့ကလေးတွေအတွက် စကားပြန်လုပ်ပေးရပါတယ် မာလင်က အစပိုင်းမှာတော့ မပျော်ဘဲတဖြည်းဖြည်း ရောဂါဖြစ်နေတဲ့ကလေးတွေနဲ့အတူပျော်ရွှင်စရာ တွေလုပ်ပေးကြိုးစားနေရင်းကနေ ပျော်ရွှင်လာပါတယ် တဖက်မှာတော့မိသားစုကို ပြန်မကြည့်တော့ပါဘူးအဲ့ဒီကနေဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဇာတ်ကားက ဒရမ်မာအမျိုးအစားဖြစ်ပီးတော့IMDb 7/10 နဲ့ Rotten Tomatoes 67% ရထားပါတယ်ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ထားတာမလို့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါNomination 13ခု ဝင်ထားပီး5ခု Winnerရထားတဲ့ဇာတ်ကားဖြစ်ပီးဇာတ်လမ်းအညွုန်းနဲ့ဘာသာပြန်သူကတော့ Lampard ဖြစ်ပါတယ်Thit San Khan မှ တင်ဆက်ပေးထားပါတယ်
movie
The Translators (2019)
2019
6.6
Vantage Point ( 2008 )
Zawgyi*******Action ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် 2008 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb 6.6 ရရှိထားတဲ့ Vantage Point ဆိုတဲ့ဇာတ်ကားလေးကိုဒါရိုက်တာ Pete Travis က ရိုက်ကူးတင်ဆက်ထားပါတယ်က သရုပ်ဆောင်ထားပါတယ်..အရာအားလုံးအဖြစ်အပျက်အားလုံးမှာ ရှု့ထောင့်မျိုးစုံရှိကြပါတယ်ဥပမာ ချားရဟတ်တစ်ခုပဲဆိုကြပါစို့ဟိုးအမြင့်ကြီးပေါ်ရောက်နေသူကအမြင်တစ်မျိုးအောက်ကနေမော့ကြည့်နေသူက အမြင်တစ်မျိုးစသည်ဖြင့်ကွဲပြားမှာအမှန်ပါပဲဒီ နိုင်ငံရေးအခြေခံ Thriller ဇာတ်ကားထဲမှာမင်းသားကြီး Dennis Quaidပါဝင်သရုပ်ဆောင်ထားပြီး IMDB 6.6 ရရှိထားပါတယ်ဇာတ်လမ်းကတော့ ရိုးရိုးလေးပါ စပိန်နိုင်ငံမှာ ညီလာခံတစ်ခုလာတက်ရင်းအမေရိကန်သမ္မတကြီး လုပ်ကြံသတ်ဖြတ်ခံရပါတယ်ဒါပေမယ့် အဲ့အဖြစ်အပျက်လေးကိုပဲရှုထောင့်မျိုးစုံကနေတင်ပြထားတာဖြစ်ပါတယ် ပြောလိုက်ရင်ပေါ့သွားမှာစိုးလို့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါလို့ တိုက်တွန်းရင်းစလယ်ဆုံး ကြည့်ကောင်းမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း အာမခံလိုက်ပါရစေ Unicode*******Action ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် 2008 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb 6.6 ရရှိထားတဲ့ Vantage Point ဆိုတဲ့ဇာတ်ကားလေးကိုဒါရိုက်တာ Pete Travis က ရိုက်ကူးတင်ဆက်ထားပါတယ်က သရုပ်ဆောင်ထားပါတယ်..အရာအားလုံးအဖြစ်အပျက်အားလုံးမှာ ရှု့ထောင့်မျိုးစုံရှိကြပါတယ်ဥပမာ ချားရဟတ်တစ်ခုပဲဆိုကြပါစို့ဟိုးအမြင့်ကြီးပေါ်ရောက်နေသူကအမြင်တစ်မျိုးအောက်ကနေမော့ကြည့်နေသူက အမြင်တစ်မျိုးစသည်ဖြင့်ကွဲပြားမှာအမှန်ပါပဲဒီ နိုင်ငံရေးအခြေခံ Thriller ဇာတ်ကားထဲမှာမင်းသားကြီး Dennis Quaidပါဝင်သရုပ်ဆောင်ထားပြီး IMDB ...
movie
Vantage Point ( 2008 )
2008
7.2
Perfect Strangers (2017)
ဒီတစ်ခါမှာတော့ Channel myanmar ပရိတ်သတ်ကြီးအတွက် Perfected Stranger ဆိုတဲ့ အီတလီ-စပိန်ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ တွေ့နေမြင်နေကျ ဇာတ်ကားတွေနဲ့မတူဘဲ တစ်မူထူးခြားတဲ့ပုံစံနဲ့ရိုက်ကူးထားတယ်လို့ဆိုနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ဇာတ်ကားတစ်ကားလုံးနီးပါးကို Dinnerဝိုင်းလေးတစ်ခုမှာပဲ ရိုက်ကူးသွားလို့ပါ။Dinnerဝိုင်းလေးတစ်ခုမှာပဲ ဇာတ်လမ်းပြီးသွားတယ်ဆိုလို့ ပျင်းစရာကောင်းမယ်မထင်လိုက်ပါနဲ့၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားကောင်းလေးပါ။Ratingလည်း 7.8 လောက်ထိရထားတဲ့ ဇာတ်ကားကောင်းပါ။ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ လကြတ်တဲ့ညတစ်ညမှာ ဆွေမျိုးတွေတစ်စုဟာစုပြီးDinnerအတူတူစားကြပါတယ်။ ( ယနေ့ခေတ် ဟန်းဖုန်းတွေမှိုလိုပေါလာတဲ့အခါမှာ လူတွေက တစ်ယောက်နဲ့တစ်ယောက်တွေ့ကြရင်တောင် ရင်းရင်းနှီးနှီးစကားမပြောကြတော့ဘဲ ဖုန်းပဲသုံးနေတတ်ကြပါတယ်။)ဒီလိုပါပဲ ဒီဇာတ်ကားလေးထဲမှာတော့ Dinnerဝိုင်းမှာအဲ့ကိစ္စကိုရှောင်ရှားနိုင်ဖို့ ဂိမ်းလေးတစ်ခုကို ကစားခဲ့ကြပါတယ်။အဲ့ဂိမ်းကတော့...ဖုန်းတွေအားလုံးကို Dinnerဝိုင်းရဲ့အလယ်ထဲမှာချထားပြီး ဝင်လာသမျှဖုန်း callတွေ၊ message၊ emailတွေကို အားလုံးသိအောင်ဖတ်ပြရပါတယ်။အဲ့မှာပြသာနေတွေစတက်ပါတော့တယ်။ဘာလို့လဲဆိုတော့ အိမ်ထောင်ရေးဖောက်ပြန်တာတွေ၊ အငယ်အနှောင်းထားတာတွေ အားလုံးက အဲ့မှာပေါ်ကုန်ပါတယ်။Dinner ဝိုင်းမှာရှိနေတဲ့လူတွေအားလုံးကလည်း လှိူ ့ဝှက်ချက်ကိုယ်စီနဲ့လူတွေဆိုတော့ အဲ့မှာတင်အကုန်ပေါ်ပြီး ဇာတ်ရှုပ်ပါတော့တယ်။ဖုန်းတွေ၊ messageတွေဝင်လာလေ၊ ဇာတ်လမ်းပိုရှုပ်ထွေးလာလေ၊စိတ်ဝင်စားဖို့ကောင်းလာလေနဲ့ အင်မတန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။နောက်ဆုံးမှာ တစ်ယောက်နဲ့တစ်ယောက်လှည့်ပတ် လိမ်ညာကြရင်းနဲ့ ပြသာနာတွေ တက်ကုန်ပါတော့တယ်။ဒီရှုပ်ထွေးကွေံကောက်မှုတွေနဲ့ဇာတ်လမ်း အဆုံးသတ်မှာဘယ်လိုဖြစ်သွားမလဲ၊ပြသာနာတွေတစ်သီတစ်တန်းကြီးနဲ့ပြီးဆုံးသွားမလား၊ဘယ်လိုတွေဖြေရှင်းသွားကြမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာဆက်လက်ခံစားကြည့်ရှု့လိုက်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုရဲရင့်ပါ) File Size ...
movie
Perfect Strangers (2017)
2017