Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Duan Chun-hao
6
Miss Shampoo ( 2023 )
အချစ်၊ အက်ရှင်၊ ဟာသ စတဲ့ ရသ ၃ မျိုးလုံး ခံစားရမဲ့ ထိုင်ဝမ် နာမည်ကြီး ဇာတ်ညွှန်းဆရာ ဒါရိုက်တာ Giddens Ko ရဲ့ Miss Shampoo ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-အစ်ကိုထိုက်ဟာ ဒုစရိုက်ဂိုဏ်းအချင်းချင်း နယ်မြေလုတိုက်ခိုက်မှုတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး ခေါင်းလျှော်မလေး အားဖန်းရဲ့ ဆံပင်ညှပ်ဆိုင်ထဲကို ဝင်ပုန်းခဲ့တဲ့အချိန်မှာ အားဖန်းရဲ့ ဖုံးကွယ်ပေးမှုကြောင့် အသက်ချမ်းသာခွင့်ရခဲ့ပါတယ်။အားဖန်းက ဆံပင်ညှပ်ဒီဇိုင်နာ ဖြစ်ချင်ခဲ့ပြီး အခွင့်အရေးမရှိတာကို သိသွားတဲ့ အားထိုက်က သူ့လက်အောက်ငယ်သားတွေရဲ့ ဆံပင်တွေကို အားဖန်းဆီ လေ့ကျင့်ခံဖို့ ခိုင်းစေခဲ့ပါတယ်။ အဲဒီနောက် အားဖန်းလည်း လူမိုက်တစ်ဖွဲ့လုံးနဲ့ ခင်မင်သွားခဲ့ပြီး အားထိုက်နဲ့ ရည်းစားတွေ ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ နယ်မြေလုချင်တဲ့ ရန်သူအဖွဲ့က အားထိုက်ကိုလည်း အလွတ်မပေးခဲ့ပါဘူး။ ဆက်ပြီးဒုက္ခပေးဖို့ ကြိုးစားနေခဲ့ပါတယ်။ ရန်သူတွေ ပြည့်နှက်နေတဲ့ သူတို့လောကကြီးထဲမှာ အချစ်နဲ့ ကလဲ့စားချေဖို့အရေး ရွေးချယ်ရတဲ့အခါမှာ အားထိုက်တစ်ယောက် ဘယ်လိုရွေးချယ်မလဲ ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.37 GB / 778 MB Quality : WEB-DL 1080p ...
movie
Miss Shampoo ( 2023 )
6
Be With Me (2023)
ထိုင်ဝမ် F4 မင်းသား Vic Chou နဲ့ Ariel Lin တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ထိုင်ဝမ်အချစ်ဒရာမာကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖူယွဲ့ဟာ ရောဂါအပြင်းအထန်ဖြစ်နေတဲ့ အဖေကိုပြုစုဖို့အတွက် အလုပ်ကိုထားခဲ့ရတယ်။ ပြင်လက်စ ထိုင်ပေကအိမ်ဟောင်းကြီးကိုလဲပစ်ခဲ့ရပြီး မိသားစုနဲ့အတူကျားရီကိုပြန်ခဲ့ရတယ်။ဇာတိပြန်ပြီးအဖေ့ကိုအဖော်လုပ်ပေးတဲ့နေ့ရက်တွေမှာ ဖူယွဲ့ဟာ သူ့အဖိုးရဲ့အမှတ်တရတွေနောက်လိုက်ခဲ့ပြီး အဖိုးရဲ့ယုံကြည်မှုနဲ့ဒဏ္ဍာရီကိုပြန်အမှတ်ရလာခဲ့ပါတယ်။ အတိတ်ကိုပြန်အမှတ်ရရင် လက်လွှတ်သင့်သူကို လက်လွှတ်နိုင်ခဲ့ပြီး ဘဝအသစ်စဖို့ အသစ်သစ်တွေကို လက်ခံလာနိုင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 3.64 GB / 1.60 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama Runtime : 2h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Be With Me (2023)
7.1
Millennium Mambo(2001)
Millennium Mambo(2001) ===================IMDb Rating. = 7.1/10 Directed By Hou Hsiao-Hsienသိသလောက်တော့ နီယွန်ညရုပ်ရှင်တွေဟာ အရှေ့အာရှရုပ်ရှင်ပရိတ်သတ်တွေကြား ပြန်ခေတ်စားနေတာ သုံးလလောက်တော့ကြာပါပြီ။Edward Yangရဲ့Taipei Storyတို့ Tsai Ming Liangရဲ့ Rebels of the Neon Godတို့ အခု Hou Hsiao-Hsienရဲ့ Millennium Mamboတို့အစရှိသဖြင့်ပေါ့။Millennium Mamboဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ပြောတတ်သလိုပြောရရင်တော့ ဝေါင်ကာဝေးကားကို သရုပ်မှန်နဲ့ရိုက်ထားသလိုပါပဲ။ဒါက Themeဖြစ်တဲ့ နီယွန်ညများကနေ ဆင့်ပွားသွားလို့လို့တော့ ထင်တယ်။Houရဲ့ ကျန်တဲ့ရုပ်ရှင်တွေကိုတော့ သိပ်မသိပေမဲ့ Millennium Mamboမှာတော့ အရာရာတိုင်းဟာ သရုပ်မှန်ပါပဲ။ ဆန်းပြားလှပတဲ့ ဒိုင်ယာလော့ တွေလည်းမပါဘူး။ထူးခြားတဲ့ ဇာတ်၀င်ခန်း တွေလည်း မပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့ နီယွန်ညထဲက ဘ၀တွေအကြောင်း ရိုက်ပြထားရုံပါပဲ။စတိုရှိခွန်ပြောဖူးတဲ့စကားထဲက အဓိကကျတဲ့ တစ်ချက်ကိုပဲ ထုတ်နုတ်ပြောရရင်။ခွန်ဟာ ပရိတ်သတ်ကို သူပြောချင်တာကို နှုတ်တိုက်သင်မပေးဘဲ သူပေးထားတဲ့ ရုပ်ရှင်နာမည်ကိုအခြေပြုပြီး ...
movie
Millennium Mambo(2001)
2001
6.9
First Love (2019)
လက်ဝှေ့သမားလေး လီယိုတစ်ယောက်ဟာ အပွဲပွဲအနိုင်တိုက်နိုင်ခဲ့သမျှတစ်ပွဲမှာတော့ မူးလဲသွားလို့ဆေးခန်းသွားပြခဲ့ရာက ဦးနှောက်အကျိတ်တည်တာကိုသိခဲ့ရတယ်ယူရီ (သို့) မိုနီကာဆိုတဲ့မိန်းကလေးဟာယာကူဇာဆီမှာအကြွေးတင်နေတဲ့အဖေကြောင့်ကြွေးနဲ့သိမ်းခံထားရပြီး ပြည့်တန်ဆာလုပ်ပြီးကြွေးဆပ်ပေးနေရတယ်ဆေးကလည်းစွဲနေတော့ သူ့ဘဝဟာလှုပ်လေမြုပ်လေဆေးရှိန်ပျောက်ရင်အမြဲနှိပ်စက်တတ်တဲ့သူ့အဖေကိုသာမြင်ယောင်ပြီးကြောက်လန့်နေရပါတယ်ဂျပန်နဲ့တရုတ်လူဆိုးဂိုဏ်းတွေမတည့်တာကို အသုံးချပြီးဘိန်းအရောင်းအဝယ်တစ်ခုကို ဖြတ်ခုတ်ဖို့ ကြံစည်နေတဲ့ကာစဲဟာ ရဲဝန်ထမ်းတစ်ယောက်ကိုလည်း စည်းရုံးထားတယ်မိုနီကာကိုအသုံးချပြီး ဆေးတွေလက်ဝယ်ရအောင်စီစဥ်နေတဲ့အချိန်လောကကြီးကိုစိတ်ကုန်ပြီး သေဖို့ကြောက်လန့်နေတဲ့ လီယိုနဲ့မိုနီကာဆုံမိပြီးကာစဲတစ်ယောက် စီစဥ်ထားသလိုမဖြစ်ဘဲလူတွေတစ်ယောက်ပြီးတစ်ယောက် သတ်မိပြီးလူဆိုးဂိုဏ်းနှစ်ခုကြား ကြားညပ်ပြီး ကမောက်ကမတွေဖြစ်ကုန်ပါတယ်ပြေးပြေးလွှားလွှားနဲ့စိတ်လှုပ်ရှားဖွယ်ကြည့်ချင်သူတွေလက်မလွှတ်သင့်တဲ့IMDb 7.0 နဲ့ရပ်တည်နေတဲ့ဂျပန်ကားကောင်းလေးဖြစ်ပါတယ် File Size : ( 1 GB , 277 MB) Quality : WEB-Rip 720p Running Time : 1 hr 48 min Format : Mp4 Genre : Comedy , Crime , ...
movie
First Love (2019)