Channel Myanmar

Douglas Weston

Six Days Seven Nights (1998) 6 days , 7 Nights 5.9
Six Days Seven Nights (1998) 6 days , 7 Nights Six Days, Seven Nights (1998)ဒီရုပ်ရှင်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရအောင်ရိုက်ကူးထားပြီး အချစ်၊ အလွမ်း၊ အကြမ်း ၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန်တင်ဆက်ထားတာမလို့ ရသစုံသလို ကြည့်ပျော်တဲ့ရုပ်ရှင်ကားလေးလဲ ဖြစ်ခဲ့ပါတယ်။မင်းသားကြီး Harrison Ford နဲ့ မင်းသမီး Anne Heche တို့အဓိကပါဝင်ထားပြီး Friends SitCom ထဲက Ross အဖြစ်လူသိကြတဲ့ မင်းသား David Schwimmer လဲ သူနဲ့လိုက်ဖက်တဲ့နေရာက ပါဝင်ထားပါတယ်။ David Schwimmer ကို နေရာတကာ အလွဲလွဲအချော်ချော်နဲ့ ထင်ရာပြော ကြင်နာသနားတတ်တဲ့ဇာတ်ကောင်အဖြစ် မြင်ရတာ Friends ထဲက Ross အတိုင်းပါပဲ ရယ်နေရပါတယ်။ ဟယ်ရီဆင်ဖိုဒ့်ကြီးကိုလဲ တကိုယ်တည်းထင်ရာစိုင်း စွန့်စားပြီး အထာကျတဲ့ဘဲအဖြစ် မြင်ရတာ အင်ဒီယာနာဂျုံးဇာတ်ကောင်တောင် ပြန်အမှတ်ရစေပါတယ်။ဇာတ်လမ်းသွားကတော့ အသည်းနုတဲ့မိန်းမသားတို့သဘာဝနဲ့ အချစ်ရဲ့စေရာကို မလွန်ဆန်နိုင်တဲ့လူသားတို့ရဲ့သဘာဝတွေကို ရှုခင်းလှလှတွေ စွန့်စားခန်းတွေနဲ့ အသည်းတယားယား ရင်တဖိုဖိုဖြစ်အောင်တင်ဆက်ထားပါတယ်။ Rating တွေဘာတွေ ခနမေ့ပြီး ဒီအတိုင်း လိုက်ပါစီးမျောရင်ကို ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။ File ...
movie

Six Days Seven Nights (1998) 6 days , 7 Nights

1998
Fools Rush In (1997) 6.1
Fools Rush In (1997) Fools Rush In (1997)ပညာရှိစကားတစ်ခွန်း ကြားဖူးကြမလား။ အမိုက်အမဲတွေသာ အလျင်စလိုပြုတတ်ကြတယ် တဲ့။ အချစ်ကရော အလျင်စလိုပြုသင့်တဲ့အထဲမှာပါသလား။ အလျင်စလိုလုပ်ခြင်းက အမှားတစ်သိန်းကို ယူဆောင်လာနိုင်တယ်ဆိုရင် လျှပ်တပြက်အချစ်ကရော အမှားအယွင်းတစ်ခုလား။အို... အချစ်ဆိုတာ အမှားတစ်ခုဆိုရင် ကျွန်တော်ဟာ အမှန်တရားကို အလိုမရှိပါဘူး။ အမှားကမ္ဘာထဲမှာ အချစ်နဲ့နေထိုင်ချင်တယ်။ အချစ်နဲ့တည်ဆောက်တဲ့နန်းတော်မှာ ချစ်သူရဲ့ ရယ်မောခြင်းတေးသံတွေ နားဆင်ချင်တယ်။ ချစ်ခြင်းမှာ သက်ဆင်းဖို့အခွင့်အရေးကို စစ်ခင်းလို့တောင် ယူလိုက်ချင်ပါရဲ့။အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ အချစ်ကားလေးပါ။ အနုပညာသမား ကင်မရာကိုင်တဲ့ကောင်မလေးနဲ့ ဆောက်လုပ်ရေး ကွင်းဆင်းသမားကောင်လေးတစ်ယောက်ရဲ့ တစ်ညတာ ဖုတ်ဖက်ခါအချစ်ကနေ ကိုယ်ဝန်ရသွားတဲ့အခါမှာ ဇာတ်လမ်းစပါတယ်။ယဉ်ကျေးမှုမတူ၊ အသိုင်းအဝန်းမတူ၊ အဆိုးဆုံးက ဘာသာမတူ (ဂိုဏ်းကွဲ) ဖြစ်လာတဲ့အခါ အချစ်ကို ပြဿနာတွေက ဖုံးလွှမ်းသွားတဲ့အဖြစ်ရယ်ပေါ့။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ကြပြီး ခြောက်ရက်အတွင်း လင်မယားပြတ်စဲမှုအရာရောက်မှာဖြစ်ပေမယ့် ခြောက်ရက်အတွင်းမှာပဲ အပြောင်းအလဲတွေဖြစ်လာတဲ့အခါ သိပ်ကိုလှပတဲ့ ချစ်ခြင်းရဲ့မောင်းနှင်မှုကို လူကြီးမင်းတို့ ရှုစားဖို့ရှိပါတယ်။မင်းသားကြီးကတော့ Matthew Perry ပါ။ ...
movie

Fools Rush In (1997)

1997