Channel Myanmar

Dong Sanmao

The Rising Waves 3 ( 2021 ) 5.7
The Rising Waves 3 ( 2021 ) ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့ မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်း တတိယကားဖြစ်ပါတယ်။ အရှေ့ ၂ ကားကိုလဲတင်ဆက်ပေးပြီးသားပါ ၃ ကားလုံးကိုဒီလင့်မှာ ကြည့်ရှုနိုင်ပါတယ်မာလျို့တို့မိသားစုဟာ မချမ်းသာပေမယ့် တည်ငြိမ်အေးချမ်းတဲ့ ဘဝလေးနဲ့ နေလာခဲ့တယ်။ ဒါပေမယ့် ဒီပျော်ရွှင်မှုလေးဟာ မာလျို့ရဲ့အဖေတစ်ယောက် ပတ်ဝန်းကျင်ကမကြားသင့်တဲ့ အတင်းအဖျင်းတွေကြားခဲ့တဲ့အချိန်အထိပဲတည်မြဲခဲ့တယ်။ပြဿနာကတော့ မြေးအဖိုးနှစ်ယောက်ရုပ်မတူရာကနေစတာပါပဲ။ မြေးအဖိုးနှစ်ယောက်ရုပ်မတူတဲ့အတွက် မြေးအရင်းမဖြစ်နိုင်ဘူးလို့ အတင်းအဖျင်းတွေပြောကြတဲ့အတွက် အဖိုးဖြစ်သူကမြေးနဲ့ DNAစစ်ကြည့်လိုက်တော့ သွေးသားမတော်စပ်ပါဘူးဆိုပြီးအဖြေထွက်လာခဲ့တယ်။ အဲဒီလိုနဲ့ချွေးမကိုအပြစ်တင်စွပ်စွဲပြီး နောက်တစ်နေ့မှာ မာလျို့တို့သားအဖက DNA ထပ်သွားစစ်ကြည့်လိုက်ပါတယ်။ အဲဒီမှာတင်ပြဿနာကပိုရှုပ်သွားတော့တာပါပဲ။ကလေးကမာလျို့ရဲ့သားအရင်းဖြစ်ပေမယ့် အဖိုးနဲ့သွေးမတော်ဘူးဆိုတော့ မာလျို့တို့သားအဖက သားအဖအရင်းမဟုတ်တဲ့သဘောဖြစ်သွားခဲ့တယ်။ ကဲ...... ဒီသပွတ်အူဇာတ်လမ်းရဲ့အဆုံးသတ်ဟာဘယ်လိုများဖြစ်နေမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Romance Runtime : 1h 16 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Rising Waves 3 ( 2021 )

Northeast Disco ( 2022 ) 5.9
Northeast Disco ( 2022 ) ကိုယ်ကြီးလာတဲ့အခါဘယ်လိုဖြစ်မယ်လို့ပုံဖော်ခဲ့ကြဖူးလဲ? ငယ်ဘဝရဲ့အိပ်မက်နဲ့ ကြီးပြင်းလာတဲ့အခါ တစ်ထပ်တည်းကျတတ်ရဲ့လား?ဒစ္စကိုခေတ်က ကျိုးချွမ်ယွဲ့ဆိုတဲ့ရုပ်ဆိုးဆိုးလူငယ်လေးဟာ မတော်တဆထိခိုက်မိသွားပြီး ပြန်နိုးလာတဲ့အခါ ၂၀၂၂ခုနှစ်ကိုရောက်နေပါပြီ......နိုးလာတဲ့ကျိုးချွမ်ယွဲ့ဟာ အိမ်ကြီးအိမ်ကောင်းမှာနေ ကားကောင်းကြီးစီးပြီး ကုမ္ပဏီဥက္ကဌကြီးဖြစ်နေတာတွေ့လိုက်ရတယ်။ ပိုပြီးအံ့အားသင့်စရာကောင်းတာက သူငယ်ငယ်တုန်းက ရင်ထဲကနတ်ဘုရားမလေး ဖုဖန်းဟာသူ့ရဲ့ဇနီးဖြစ်နေပါလား...... ကျိုးချွမ်ယွဲ့လက်မခံနိုင်တဲ့အမှန်တရားကတော့ သူဟာရှယ်ယာရှင်ပြည်သူတွေရဲ့ငွေတွေကိုလိမ်လည်ခဲ့ပြီး မိဘကပါစွန့်လွှတ်ထားတဲ့ လူဆိုးကြီးဖြစ်နေတာကိုပါပဲ......တစ်နေ့မှသူ့ရဲ့ရည်းစားလုဖက်ဖြစ်ခဲ့တဲ့လိုင်အန်နဲ့ပြန်ဆုံတွေ့ခဲ့တယ်။ သူ့ရဲ့ရည်းစားလုဖက်လိုင်အန်က ဖုဖန်းကိုမမေ့နိုင်သေးပါဘူး..... ဒီလိုနဲ့နှစ်ယောက်သားအကြိမ်ကြိမ်အကွက်တွေထုတ်သုံးပြီး ယှဉ်ပြိုင်ကြတာကိုရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။ အားလုံးကိုသေချာပေါက်စိတ်ပျော်ရွှင်စေမယ့်ကားလေးပဲဖြစ်ပါတယ်နော်၊ Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Northeast Disco ( 2022 )