Channel Myanmar

Dheeraj

Double Tuckerr (2024) 8.4
Double Tuckerr (2024) Double Tuckerr (2024)"ကံဆိုးသူ အာရဗင်" ==================================လူနဲ့ animation တွဲဖက်ရိုက်ကူးထားတဲ့ IMDb 8.4 ရ တမီလ်စကားပြော စိတ်ကူးယဉ် ဟာသဒရာမာရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အာရဗင်ဟာ ငယ်စဉ်ကတည်းက မတော်တဆမှုတစ်ခုကြောင့် မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ။အဲဒီမတော်တဆမှုကြောင့် အာရဗင်ဟာ မိဘမဲ့ဖြစ်သွားရုံတင်မကဘဲ မျက်နှာတခြမ်း မီးလောင်ကာ အရုပ်ဆိုးကျည်းတန်သွားခဲ့တဲ့အတွက် အားလုံးကလည်း အာရဗင့်ကို ခွဲခြားဆက်ဆံကြပါသေးတယ်။ဒါပေမဲ့ ဘယ်သူမှ မသိကြတာကတော့ အာရဗင့်မှာ သူ့ကို မွေးကတည်းက စောင့်ရှောက်ပေးနေတဲ့ ကိုယ်စောင့်နတ်နှစ်ပါး ရှိနေတယ်ဆိုတာပါပဲ။ဒါပေမဲ့ အာရဗင့်ရဲ့ ကံဆိုးမှုတွေဟာ မရပ်တန့်သွားဘဲ အဲဒီထဲက ကိုယ်စောင့်နတ်တစ်ပါးရဲ့ အမှားကြောင့် အနိစ္စရောက်သလို စိတ်နဲ့ ခန္ဓာကွဲသွားခဲ့ရပါတယ်။အာရဗင်ဟာ အဲဒီနတ်နှစ်ပါးနဲ့အတူ အချိန်မနှောင်းခင် စိတ်နဲ့ခန္ဓာကို ပြန်ပေါင်းဖို့ကြိုးစားရင်း ထူးဆန်းတဲ့အဖြစ်တွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.14GB / 1.06GB Quality…WEB DL 1080p / 720p Format.... mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Double Tuckerr (2024)

Star (2024) 7.2
Star (2024) Star 2024 (မင်းသားရူးကာလိုင်)ယခုတစ်ခါမှာတော့ IMDb 7.2/10 ရရှိထားတဲ့ သရုပ်ဆောင်ဖြစ်ချင်တဲ့ကောင်လေးတစ်ယောက်ရဲ့ ဒရာမာကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကာလိုင်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်ဘက်မှာ ဝါသနာပါပြီးတော့ တမီးလ်ရုပ်ရှင်လောကမှာ နာမည်ကြီးစတားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ သူ ဘယ်လောက်တောင် ဝါသနာပါလဲဆိုရင် သူ့ကို လူတွေက ဟီးရိုးဆိုပြီးတော့ခေါ်ကြတဲ့အထိပါပဲ။ဒီလို ဝါသနာထုံတဲ့ကာလိုင်ကို အဖေဖြစ်သူကလည်း အနောက်ကနေ အမြဲတမ်း ပံ့ပိုးပေးခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ ကာလိုင်ကို အင်ဂျင်နီယာတစ်ယောက်ဖြစ်စေချင်နေခဲ့ပါတယ်။ သို့ပေမဲ့လည်း ကာလိုင်လေးဟာ သရုပ်ဆောင်ပိုင်းကိုပဲ ဝါသနာထုံနေတော့ သရုပ်ဆောင်လိုင်းဘက်ကိုပဲ မရောက်ရောက်အောင် ကြိုးစားရင်းနဲ့ပဲ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တဲ့အချိန်မှာတော့ ...... မင်းသားဖြစ်ဖို့ ကြိုးစားနေရင်း အချစ်နဲ့တွေ့လာတဲ့အခါမှာတော့ ..... ဘာတွေ ရှေ့ဆက်ဖြစ်လာမလဲ ....မင်းသားဖြစ်ဖို့ကြိုးစားတဲ့လမ်းမှာရော ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.34GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Star (2024)

2024