Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dennis To Yue-Hong
5.8
Broken Army X-Files Stealth Man ( 2023 )
တရုတ်ပြည်ရဲ့ ၁၉ရာစုတော်လှန်ရေးကာလကိုအခြေခံပြီးရိုက်ထားတဲ့ စူပါပါဝါတွေနဲ့ထူးဆန်းလူသားကားလေးဖြစ်ပါတယ်...... လူ့ခန္ဓာကိုယ်မှာ အဆုံးမရှိတဲ့စွမ်းအားတွေရှိတယ်လို့ဆိုကြတယ်။ အဲဒီစွမ်းအားတွေကိုလှုံ့ဆော်ဖော်ထုတ်နိုင်ဖို့အတွက် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သိပ္ပံပညာရှင်တွေဟာ အမျိုးမျိုးသုတေသနလုပ်ပြီး စမ်းသပ်ကြပါတယ်။အဲဒီအ်ချိန်မှာဓာတ်အားမတည်ငြိမ်တာကြောင့် မတော်တဆဖြစ်ပြီး အစမ်းသပ်ခံလူတစ်ယောက်ဟာထွက်ပြေးလွတ်မြောက်သွားပါတယ်။ မကောင်းဆိုးဝါးနှိမ်နင်းသူဟာ သူကိုယ်တိုင်မကောင်းဆိုးဝါးမဖြစ်သွားဖို့သတိထားရပါတယ်။ သူမတူတဲ့စွမ်းအင်တွေရသွားပြီးနောက် လူဆိုးဖြစ်သွားမလား လူကောင်းဖြစ်မလားဆိုတာ စိုးရိမ်စရာဖြစ်လာခဲ့တယ်။အဲဒီဖြစ်ရပ်ဖြစ်သွားပြီး နောက်(၃)နှစ်မှာ ထူးဆန်းတဲ့လူသေမှုဖြစ်ပွားလာတဲ့အခါ လျှို့ဝှက်အဖွဲ့အစည်းဟာ အမှုနောက်ကိုလိုက်ရင်း ပျောက်သွားတဲ့သန္ဓေပြောင်းလူသားနဲ့ပြန်တွေ့ကြရပါတယ်။ ဒီထူးဆန်းတဲ့လူသေမှုနဲ့ဘယ်လိုတွေပတ်သက်နေလဲ...... ဒီနောက်ကွယ်မှာဘယ်လိုအကြံအစည်ကြီးတွေရှိနေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Mystery Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Broken Army X-Files Stealth Man ( 2023 )
5.9
The Devildom Elephant Man ( 2023 )
ရှင်းလော်(ယခင် ထိုင်းနိုင်ငံအခေါ်အဝေါ်)ဆိုတဲ့နိုင်ငံမှာ ရှင်းလော်ဆင်မျိုးနွယ်ဆိုတဲ့ ဒဏ္ဍာရီလာမျိုးနွယ်တစ်စုရှိပါသတဲ့။ မင်းသမီးစင်သီယာရဲ့ဖခင်ဖြစ်သူမျိုးနွယ်ခေါင်းဆောင်ဟာ ယဇ်ဆရာ"ဆာဖော့်ခွမ်း"ရဲ့ယုတ်မာသွေးဆောင်မှုကြောင့် အစီရင်လုပ်ထားတဲ့ဆေးတစ်မျိုးကို သောက်သုံးခဲ့ပါတယ် ၊ အဲ့နောက်ပိုင်းကစပြီး....ပုံပြင်ဟာအစပြုလေပါတော့တယ်...မင်းသမီး'စင်သီယာ'ဟာ ဖခင်ဖြစ်သူရဲ့အမှန်တရားကိုဖော်ထုတ်ဖိုကြိုးစားပါတော့တယ် ထိုစဉ်မှာ ယွင်ချင်ဘုရင်နဲ့လက်ဆက်ဖိုပိုလိုက်တဲ့ ရှင်းလော်ဆင်း မျိုးနွယ်မင်းသမီးစင်သီယာဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ..."ဟုန်လူစုသတ်ဖြတ်မှု"ဆိုတဲ့ လူပေါင်းရာချီအသက်သေဆုံးခဲ့ရတဲ့အမှုမှာ မိသားစုဝင်ကိုဆုံးရှုးခဲ့ရတဲ့-"ဟုန်ရှီးကွမ်း" ရန်သူကို ကလဲ့စားချေဖိုလုပ်ရင်း အကျိုးတူအလဲလှယ်တစ်ခုကြောင့် စင်သီယာမင်းသမီးပျောက်ဆုံးမှုကို ဟုန်ရှီးကွမ်တစ်ယောက် ပါဝင်ရှာဖွေဖိုဖြစ်လာတဲ့အခါ...-မိမိကိုယ်တိုင်ပျောက်ဆုံးနေတဲ့မင်းသမီးလေးရော ဖခင်ဖြစ်သူရဲ့အမှုကို ရှင်းလင်းနိုင်ပါ့မလား -ဟုန်ရှီးကွမ်းလုပ်ခဲ့တဲ့အလဲအလှယ်ကရော ဘာများဖြစ်နေမလဲ -လမ်းသွယ်လေးနှစ်ခွဲကနေ နောက်ဆုံးမှာဘယ်လိုလမ်းဆုံးဆုံမှတ်ကို ရောက်သွားနိုင်မလဲ.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK
movie
The Devildom Elephant Man ( 2023 )
5.0
Choyleefut: Speed of Light (2011)
တရုတ်ပြည်မှာ ကိုယ်ခံသိုင်းပညာရပ်တွေ အများကြီးရှိတဲ့အထဲကမှ ချွိုင်လီဖတ်ဆိုတဲ့ ကိုယ်ခံပညာအကြောင်းကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ဒီသိုင်းပညာဟာ တရုတ်ပြည်မှာ အအောင်မြင်ဆုံးဖြစ်ပြီး ကမ္ဘာမှာပါ လူသိများတဲ့ကွန်ဖူးပညာ တစ်ရပ်လည်းဖြစ်ပါတယ်။ချွိုင်လီဖတ်အကျော်အမော်ညီနောင်နှစ်ပါးထဲက အစ်ကိုဖြစ်သူချန်တိန်းလိုင်ဟာ ကမ္ဘာတစ်လွှားမှာကျောင်းပေါင်းများစွာ ဖွင့်လှစ်ပြီး သိုင်းပညာကို ဖြန့်ဝေလျက်ရှိပါတယ်။ဒီလိုနဲ့ တရုတ်ပြည်က ပင်မကျောင်းတော်ကြီးကို နိုင်ငံခြားကုမ္ပဏီတစ်ခုက အုပ်စိုးဖို့ကြိုးစားလာပါတော့တယ်။ ဒီမှာတင် အစ်ကိုဖြစ်သူက သဘောတူထားပြီးပေမယ့် သူရဲ့သား ဂီက လက်သင့်မခံဘဲ ပြန်လှန်တွန်းလှန်ဖို့ ကြိုးစားရင်းက ကျောင်းတော်ကြီးရဲ့ကံကြမ္မာကို ပြိုင်ပွဲအဆုံးအဖြတ်နဲ့ စီရင်ဖို့ ဖြစ်လာရပါတော့တယ်.... ကျောင်းကို စီးပွားရေး ကုမ္ပဏီကြီးကပဲ အုပ်စိုးသွားမလား...ဂီနဲ့အတူ အပေါင်းအပါတွေကပဲ ကယ်တင်သွားနိုင်မလား ရှုစားရမှာပဲဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung ...
movie
Choyleefut: Speed of Light (2011)
5.8
1911 Revolution (2011)
တရုတ်နိုင်ငံတွင် နှစ်ရှည်ကြာစွာ ခိုင်မြဲတည်တန့်ခဲ့တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို တွန်းလှန်ဖယ်ရှားရာမှာ တရုတ်ပြည်သူများ ကို ဒေါက်တာဆွန်ယက်ဆင်နဲ့အဖွဲ့မှ ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက တရုတ်ပြည်ရဲ့ မန်ချင်းမင်းဆက်ကိုနန်းကျစေခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်ဦးဆောင်တဲ့ ၁၉၁၁ ရှင်းဟိုက် လူထုတော်လှန်ရေးကိုအခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းအခြေခံဇာတ်ကားတစ်ကားဖြစ်ပါတယ်။မင်းသားကြီး ဂျက်ကီချန်းမှ သရုပ်ဆောင်၊ဒါရိုက်တာအဖြစ် ပါဝင်ထားတဲ့ဇာတ်ကားပါ။IMDb Rating (5.8/10) ရရှိထားပါတယ်။ဒီဇာတ်ကားက ရှင်းဟိုက်တော်လှန်ရေးရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပုံဖော်ထားနိုင်တာမို့ ရှင်းဟိုက်တော်လှန်ရေးသမိုင်းကြောင်း၊တရုတ်ပြည်သမိုင်းအကြောင်း၊ရှင်းဟိုက်တော်လှန်ရေးမှသည် ယနေ့ခေတ်တရုတ်ပြည်ဖြစ်ပေါ်လာတဲ့သမိုင်းကြောင်း၊ထိုင်ဝမ်နိုင်ငံအကြောင်းတို့ကို ရှင်းလင်းစွာသိချင်တယ်ဆိုရင်တော့ တရုတ်သမိုင်းတွေကိုရေးသားနေတဲ့ဒီ https://www.facebook.com/1811445109124572/posts/2904998626435876/ FB Page လင့်မှာသွားဖတ်ပါ။ဇာတ်ကားမကြည့်ခင် စာကိုအရင်ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။ File size…(2.7 GB)and (1.4 GB) Quality…BluRay rip 1080p and 720p 5.1CH Format…mp4 Duration….02:01:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
1911 Revolution (2011)
2011
8.0
Ip Man ( 2008 )
2008 ခုနှစ်ကထွက်ရှိခဲ့တဲ့ Ip Man ဇာတ်ကားဖြစ်သလိုပထမဦးဆုံးသောဇာတ်ကားပဲဖြစ်ပါတယ်IMDb Rate 8ရရှိထားတဲ့ တရုတ်ကွန်ဖူးနဲ့ပတ်သတ်တဲ့ဇာတ်ကားပဲဖြစ်ပါတယ်အားလုံးလည်း ဒီဇာတ်ကားနဲ့စိမ်းနေမယ်မထင်ပါဘူး..အညွှန်းပေးဖို့မလိုတော့ဘူးထင်ပါတယ်မကြည့်ရသေးတဲ့သူတွေလည်းကြည့်ကြည့်ပါဇာတ်လမ်းရဲ့အရသာ ကို ကိုယ်တိုင်ပဲခံစားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ် Translated By Phyo ZawEncoded By LK
movie
Ip Man ( 2008 )
2008
5.8
Kung Fu League ( 2018 )
သိုင်းကားကောင်းကောင်းကြိုက်တဲ့သူတွေ အတွက်တော့လုံးဝ အကြိုက်တွေ့မယ့် ဇာတ်ကားမျိုးပါပဲ..တကယ့်ဆရာကြီးတွေဖြစ်တဲ့ ဟွမ်ဖေးဟုန် , ၀င်ချွန်းသိုင်းဆရာကြီး ယိမန် ( Ip Man ) , ဘရုစလီ ပြီးတော့ ဟော့ရင်းဂျာ တို့ ၄ယောက် ပေါင်းထားတဲ့ ဇာတ်ကားလေး ပါ ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ဖေ့ရင်းရှုံဆိုတဲ့ လူငယ်လေးတစ်ယောက်က ဆရာကြီးလေးယောက်အကြောင်း သိုင်း Comic ဆွဲထားတာပေါ့..သူတစ်ဖက်သတ်ကြိုက်နေတဲ့ ပေါင်အယ် ဆိုတဲ့ကောင်မလေးရဲ့အထင်ကြီးမှုကို လိုချင်တာရော..ပြီးတော့ Propose ပါလုပ်မယ်ဆိုပြီး စိတ်ကူးထားခဲ့သူတစ်ယောက်ပါ..ဒါပေမယ့် သူ့ရဲ့အတွေးတွေဟာ..လွဲမှားခဲ့ရပါတယ် သူ့မွေးနေ့မှာပဲ လူတွေအားလုံးရဲ့အမြင်လွဲခံရ သူခိုးအထင်ခံရနဲ့သူစိတ်နာသွားခဲ့တယ်... ရေကန်လေးဘေးမှာ ပေါက်ကရတွေအော်ဟစ်ရင်း သိုင်းဆရာကြီးတွေကိုအကူအညီတောင်းနေတာပေါ့ ရုတ်တရုက်ဆိုပဲ မမျှော်လင့်တဲ့ ဖြစ်ရပ်လေးဖြစ်လာပြီးတော့ တကယ့်သိုင်းဆရာကြီးလေးယောက်ဟာလဲ သူတို့ခေတ်ကနေ ဘုမသိဘမသိနဲ့ 2018 ကို အချိန်ခရီးသွားသလိုဖြစ်ပြီး ရောက်လာတဲ့အခါမှာတော့............ ဆက်လက်ခံစားကြည့်ရှုပါ ဘာသာပြန်သူကတော့ Phyo Zaw ဖြစ်ပါတယ်
movie
Kung Fu League ( 2018 )
2018