Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Deanie Ip
6.3
The New Legend of Shaolin ( 1994 )
ရှောင်လင်သိုင်းကားတွေကို ကြိုက်တဲ့ပရိသတ်ကြီးအတွက် 1994 ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားကြီး ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့ New Hero Of Shaolin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ချင်မင်းဆက် ခန်းရှီးခေတ်မှာ ရှောင်လင်တပည့်ဖြစ်သူ ဟုန်ရှီးကွမ်းဟာ အစိုးရရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေရပါတယ်။ ဂိုဏ်းတူညီလေး မာနင်အာက သစ္စာဖောက်သွားတဲ့အတွက် ဟုန်ရှီးကွမ်းတို့ တစ်မိသားစုလုံး အသတ်ခံလိုက်ရပြီး သားငယ်လေး ဝိန်တင့်တစ်ယောက်သာ ကျန်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစ ဟုန်ရှီးကွမ်းဟာ သားငယ်လေးနဲ့ အတူ ခြေဦးတည့်ရာ လေလွင့်နေခဲ့ပါတော့တယ်။၈ နှစ်ကြာသောအခါ ရှောင်လင်ကျောင်းမှ ဆရာဦးလေးကျစ်ရှန့်ဟာ ရတနာမြေပုံတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီရတနာမြေပုံကို ချင်မင်းဆက်အစိုးရအဖွဲ့ရဲ့ လုယူခြင်းရန်က ကင်းအောင် မာရှောက်ရှင်း၊ ဟူသယ်တိ၊ ချိုင့်သယ်ကျုံး၊ လီရှစ်ခိုင်းနဲ့ ဖန်းတာ့ဟုန် စတဲ့ တပည့်လေး ၅ ယောက်ရဲ့ ကျောပေါ်မှာ ခွဲပြီး ရေးဆွဲထားခဲ့ပါတယ်။ ပြီးတော့ ဟုန်ရှီးကွမ်းကို ကလေး ၅ ယောက်ကို ထျန်းတိဂိုဏ်း ဂိုဏ်းချုပ်ကြီးချန်ကျင့်နန်ထံပို့ဖို့ လျှို့ဝှက်အကြောင်းကြားခဲ့ပါတယ်။ကျူးရှောင်ချန့်နဲ့ ဟုန်တို့ သားအမိဟာ နာမည်ကြီးနေတဲ့ လူလိမ်သားအမိနှစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ မာရှောက်ရှင်းနဲ့ အဖေဖြစ်သူမာတာ့ရှန့်နဲ့ တွေ့ခဲ့ပြီး ဟုန်တို့က အမေ့ကို ...
movie
The New Legend of Shaolin ( 1994 )
The New Legend of Shaolin (1994)
ဒီတစ်ခါဂျက်လီရဲ့1994ကထွက်ရှိခဲ့တဲ့ရှောင်လင်ကွန်ဖူးအက်ရှင်လေးပဲဖြစ်ပါတယ်…IMDB rating 6.4…Rotten Tomataes95အထိရထားပါတယ်ဇာတ်လမ်းကဟောင်းနေပေမယ့်အခုထက်အက်ရှင်ကွက်နေတဲ့ကောင်းဆဲပါဂျက်လီရဲ့My Father Is Heroကားထဲမှာဂျက်လီသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ကလေးသရုပ်ဆောင်Tes Miuဟာဒီကားမှာလည်းဂျက်လီရဲ့သားအဖြစ်ပါဝင်ထားပါတယ်ဒီကားမှာဂျက်လီဟာတော်လှန်ရေးသမားဟုန်ရှီကွမ်အဖြစ်သရုပ်ဆောင်းထားပြီဂျက်လီရဲ့ကွန်ဖူးကားတွေမှာပါဝင်နေကြတုတ်သိုင်း..ဓားသိုင်း…လက်သီးသိုင်းမျိုးမဟုတ်ပဲဒီကားထဲမှာဂျက်လီဟာလှံလက်နက်ကိုအသုံးပြုထားပြီးရိုက်ထားသလိုအရင်ခေတ်တွေကဒီနေ့ခေတ်တွေမာလိုကွန်ပျူတာဖန်းတီးချက်တွေလုံးဝမပါဝင်ပါဘူး ဒီဇာတ်ကားမှာဂျက်လီဟာThe Legend of Fong Sai Yukကားထဲကလိုမင်းသားတစ်ယောက်သာမကထုတ်လုပ်ရေးအပိုင်းမှာပါ ပါဝင်ထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းကတော့တော်လှန်ရေးသမားဟုန်ရှီကွမ်မိသားစုဟာအစိုးရရဲ့သတ်ဖြတ်မှုကိုခံခဲ့ရပြီးသားဖြစ်သူမန်းတင်ဟာအသတ်မခံရဘဲအသက်ရှင်ခဲ့ပါတယ် ဒါပေမဲ့အတွင်းလူသစ္စာဖောက်တာကြောက်စရာကောင်းတယ်ဆိုတဲ့စကားအတိုင်းအဖွဲ့ထဲကလူဖြစ်တဲ့မာလင်းရည်ဟာဟုန်ရှီကွမ်းအပေါ်အမျိုးမျိုးသစ္စာဖောက်ပြီးလုပ်ကြံသတ်ဖြတ်ပါတယ် ဒါပမဲ့ဟုန်ရှီကွမ်းရဲ့လှံတံကြောင်သေဆုံးခဲ့ရပါတယ်ဟုန်ရှီကွမ်းသတ်ခဲ့တဲ့သစ္စဖောက်မာလင်းရည်ဟာမသေပဲအဆိပ်ဘီလူးအသွင်ပြောင်းပြီရှောင်လင်ကျောင်းတော်မှာရှိတဲ့မင့်ရတနာမြေပုံကိုရယူကြိုးစားပါတော့တယ်ဒါပေမဲ့ဟုန်ရှီကွမ်းနဲ့တွေ့ပြီးမင့်မင်းဆက်ရတနာမြေပုံကိုသစ္စဖောက်မာလင်းရည်လက်ထဲရပါ့မလားဆိုတာရှုစားကြပါဦးဒီကားထဲမှာကွန်ဖူးသာမကထိုက်ချိကိုလည်းအသုံးပြုထားတာတွေ့ရပြီးဂျက်လီရဲ့အက်ရှင်ကားလေးကိုရှုစားကြပါအုံးခေတ်ကာလများကြာခဲ့ပြီဖြစ်လို့ရသမျှအကောင်းဆုံးအကြည်ကိုသာတင်ဆက်ပေးထားပါတယ် Translated And Review By - Thein Zaw
movie
1994