Channel Myanmar

David Lam Wai

Spoony Woman ( 2023 ) 5.9
Spoony Woman ( 2023 ) အခုတစ်ခေါက် ဘာသာပြန် တင်ဆက်ပေးမဲ့ ရုပ်ရှင်လေးကတော့ တရုတ်ဒဏ္ဍာရီပုံပြင်လေးကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မြေခွေး မိစ္ဆာမလေး ယင်းနင်ဟာ မွေးစားအမေနဲ့အတူ မြို့အပြင်တစ်နေရာမှာ အပူအပင်ကင်းစွာ နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ လူ့ပြည်က ရှန့်ယွမ်ပွဲတော်ကို သွားလည်တဲ့ လမ်းမှာ ဝမ်းကျီဖူဆိုတဲ့ ပညာရှိနဲ့ ဆုံတွေခဲ့ပါတယ်။ဝမ်ကျီဖူဟာ ယင်းနင်အပေါ် မြင်မြင်ချင်း ချစ်မိသွားပြီး မစားနိုင် မသောက်နိုင် ဖြစ်ခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယင်းနင်ရဲ့ နေထိုင်ရာ နေရာကို ရှာတွေ့သွားပြီး လက်ထပ်ခွင့်တောင်းကာ အိမ်ကို ပြန်ခေါ်လာခဲ့ပါတယ်။ပညာတတ်မိသားစုဖြစ်တဲ့အတွက် ဝမ်ကျီဖူရဲ့ အမေဖြစ်သူ သခင်မဝမ်ဟာ လွတ်လပ်သွက်လက်တဲ့ ယင်းနင်ကို ကြည့်မရ ဖြစ်နေပါတယ်။ ယင်းနင်ဟာ မြေခွေးမိစ္ဆာဖြစ်ကြောင်း သိပြီးနောက်မှာတော့ သူ့သားနဲ့ ယင်းနင်နဲ့ကို ရအောင် ခွဲပါတော့တယ်။ယင်းနင်တစ်ယောက် သူ့အပေါ် အထင်အမြင်လွှဲမှား မှုတွေကို ဘယ်လို ဖြေရှင်းမလဲ ...... သူမရဲ့ မိဘအရင်းကရော ဘယ်သူတွေ ဖြစ်မလဲ..... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : ...
movie

Spoony Woman ( 2023 )

Dragon and Tiger ( 2022 ) 6.1
Dragon and Tiger ( 2022 ) ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ခပ်မိုက်မိုက်သရုပ်ဆောင်မှုတွေနဲ့ ကြည့်ချင်တဲ့ပရိတ်သတ်တွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ် The Oath of loveထဲကမင်းသား Xu Fangzhouနဲ့ Ashes of loveမင်းသားZhang JunRanတို့သရုပ်ဆောင်တာကြောင့် အလွန်ကိုကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲကျိုးဖန်ကအိမ်ကစီးပွါးရေးကိုသိပ်စိတ်မဝင်စားဘဲ အပြင်မှာ အေးအေးဆေးဆေးလျှောက်လည်ရတာကြိုက်တဲ့သူတစ်ယောက် ကျိုးဖန့်အစ်မ ကျိုးယွဲ့ကတော့ မိသားစုနဲ့မောင်လေးကို စောင့်ရှောက်ဖို့အတွက် ဘာကိုမမူဘဲ အသက်ကိုစွန့်ရဲပြီးကာကွယ်ပေးမဲ့သူမူးယစ်ဆေးဝါးရောင်းဝယ်မှုကိုတားဆီးဖို့လုပ်နေရင်းနဲ့ကျိုးဖန့်ရဲ့အဖေကသေဆုံးခဲ့တယ် ကျိုးဖန့်ကအဖေသေဆုံးပြီးတော့ အေးအေးဆေးဆေးနေတတ်တဲ့ဘဝကနေ အဖေ့ကိုသတ်တဲ့ရန်သူကိုရှာတဲ့လမ်းကိုလျှောက်လမ်းခဲ့တယ် ကျိန့်ယွီရန်ဆိုတဲ့သူက ဖခင်ရဲ့အတည်အမှတ်ပြုတာကိုမရရှိတဲ့အခါမှာ ရူးသွပ်ပြီးတော့ ဖခင်ကိုသတ်ဖို့လုပ်ခဲ့တယ် အဲ့အချိန်မှာဇာတ်ကောင်ကိုရိုက်ထားတဲ့ရိုက်ကွက်နဲ့ မင်းသားရဲ့သရုပ်ဆောင်မှုကတော့ အတော်လေးကိုကြည့်လို့ကောင်းလှပါတယ်ဒီကားမှာတော့ ရှန်ဟဲရဲ့စျေးကွက်မှာ ဘယ်လိုမျိုးစည်းမျည်းတွေရှိလဲ အဲ့ဒီစဉ်းမျဉ်းတွေကိုလိုက်နာဖို့ ဘယ်လိုအာဏာမျိုးနဲ့ လုပ်ဆောင်နေရလဲဆိုတာရယ် တခြားဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်လက်ခံစားကြည့်ရှုပေးကြပါဦး [ Reviewed By Hnin Wutt Hmone ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Dragon and Tiger ( 2022 )