Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Danny Denzongpa
6.6
Aśoka (2001) Ashoka the Great
IMDb Rating (6.6) / Rotten Tomatoes (100%)သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်...တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့....ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး ...
movie
Aśoka (2001) Ashoka the Great
5.2
Sanam Bewafa (1991)
Sanam Bewafa (1991) Drama, Romance IMDb 5.2/10 (1.5K)အခုတစ်ခါမှာတော့ ဆလ်မန်းခန်းရဲ့ငယ်ရွယ်နုပျိုစဉ်အခါတုန်းက ရိုက်ခဲ့ဖူးတဲ့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါတော့မယ်နော်။ ဒီဇာတ်ကားလေးဟာ Budge သိန်း၉၀သာ သုံးခဲ့ပေမယ့် Box Office မှာ ၁၀.၂၅ကုဋေရရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက တော်တော်လေးအောင်မြင်ခဲ့တဲ့ ကားလည်းဆိုရမယ်။ ၃၇ကြိမ်မြောက် Film Fare ဆုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး။ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ကားလေးပါပဲ။မာနတွေ အာဃာတတွေ အမုန်းတွေနဲ့ ရန်ငြှိုးထားနေတဲ့ ပထန်မိသားစုနှစ်စုရဲ့အကြောင်းပေါ့ဗျာ။ နှစ်ရှည်လများ နယ်နိမိတ်တွေ ပိုင်ခြားသတ်မှတ်ပြီး နယ်ကျော်သူ သေပွဲဝင်ရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ကြိမ်းမောင်းနေခဲ့ကြတာပေါ့။ဒီစစ်ပွဲတွေကြားထဲကို နူးညံ့တဲ့ချစ်ခြင်းမေတ္တာလေးဝင်လာခဲ့ပါတော့တယ်။ ဆလ်မန်းနဲ့ ရွခ်ဆာရ်တို့ရဲ့ချစ်ခြင်းမေတ္တာပါပဲ။ သူတို့နှစ်ဦးကတော့ နှစ်ရှည်လများ ရန်ငြှိုးရှိနေခဲ့ကြတဲ့ နှစ်ဖက်မိသားစုရဲ့သားနဲ့သမီးပါ။ မိဘတွေက လူသတ်ဖို့ဝန်မလေးသလို သားသမီးနဲ့ယှဉ်လာရင်လည်း အသက်ပေးကြမယ့်လူစားမျိုးတွေပါပဲ။ဆလ်မန်းနဲ့ ရွခ်ဆာရ်တို့ရဲ့ချစ်ခြင်းမေတ္တာက ဒီမိသားစုနှစ်စုကိုပြန်လည်ပေါင်းဆည်းစေနိုင်မလား...။ဒါမှမဟုတ် သေပွဲဝင်သွားကြရမလား...။အချစ်နဲ့စစ် ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုပေးပါဦးနော်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.45GB / ...
movie
Sanam Bewafa (1991)
1991
5.5
Bang Bang! (2014)
မင်းသား Hrithik Roshan နဲ့ မင်းသမီး Katrina Kaif တို့အဓိကပါဝင်ထားတဲ့ ဒီ Bollywood ဇာတ်ကားက Hollywood ရဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားကို မှီငြမ်းထားတာဖြစ်ပါတယ်...။နိုင်ငံတော်တော်များများကို လှည့်ပတ်ပြီး ခမ်းနားစွာရိုက်ကူးထားတာကြောင့် ရှုခင်းတွေ အရမ်းလှပါတယ်။ ဒါ့အပြင် ဘောလိဝုဒ်ရဲ့အနှစ်လို့ဆိုရမယ့် အကအလှပိုင်းမှာလဲ ဒီဇာတ်ကားက လုံးဝပြည့်စုံတယ်ဆိုရအောင် မိုက်ပါတယ်... မိုက်ဆို မင်းသားရော မင်းသမီးရောက လုံးဝအလန်းတွေလေ။ဇာတ်လမ်းကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ကြမ်းကြမ်း စွန်းစားခန်းကြမ်းကြမ်းတွေနဲ့ ဟာသလေးတွေလဲ ဖြည့်စွက်ထားပါသေးတယ်။ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပြီးတော့ အချိန် ၂ နာရီခွဲလောက်ကြာတာကိုပါ မေ့သွားပါမယ်။ File size…(7.1 GB)/ (1.9 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:33:49 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Thaik San
movie
Bang Bang! (2014)
4.4
Ab Tumhare Hawale Watan Saathiyo (2004)
Ab Tumhare Hawale Watan Saathiyo (2004) Action, Drama, War IMDb 4.4/10 (1.7K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီး အမီတာဘဂျမ်း..အရှေးကူမား.. ဘော်ဘီဒိုးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။Box Office မှာလည်း အိန္ဒိယရူပီ ဘတ်ဂျက် သန်း ၂၀၀ မှာ အိန္ဒိယရူပီ ၃၀၁.၆၆ သန်းအထိ ပြန်လည်ရရှိခဲ့သော ကားလေးတစ်ကားဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ အိန္ဒိယ-ပါကစ္စတန်မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းပေါ့ဗျာ။ ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေ အိန္ဒိယထဲစေလွှတ်မယ်။ အကြမ်းဖက်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်မယ်။တရားမဝင်နည်းလမ်းနဲ့ အိန္ဒိယပိုင်နယ်မြေကို သိမ်းပိုက်မယ်။ ဒါကို အိန္ဒိယက ရဲစွမ်းသတ္တိအပြည့်နဲ့ အမိမြေအတွက် သက်စွန့်ဆံဖျား ပြန်လည်ချေပမယ်။ဒီဇာတ်ကားထဲမှာ အိန္ဒိယစစ်တပ်ရဲ့ရဲစွမ်းသတ္တိရှိမှုတွေကို ဖေါ်ပြထားပြီး စစ်သားတစ်ယောက်ဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ဟာ ဘာလဲဆိုတာကို သေချာအဓိပ္ပါယ်ဖေါ်ပြပေးသွားပါတယ်။ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ဆို တရားသောနည်းလမ်းနဲ့ ရန်အစွယ်စွယ်ကို တွန်းလှန်ပြီး ပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ သဘောတရားကို ကောင်းကောင်းသရုပ်ဖေါ်သွားနိုင်ခဲ့ပါတယ်။နိုင်ငံတစ်နိုင်ငံကို စောင့်ရှောက်ဖို့မှာ နိုင်ငံသားတိုင်းအတွက် တာဝန်ရှိပါတယ်။ ကိုယ့်အိုးအိမ်ကိုတောင် ဘေးကင်းအောင်မထားနိုင်တဲ့သူဟာ နိုင်ငံ့သားကောင်းဖြစ်မလာနိုင်ပါဘူး။ မိသားစုအတွက် ကိုယ်ဟာ သားကောင်းတစ်ယောက်ဖြစ်သင့်သလို နိုင်ငံ့အတွက်လည်း အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်သင့်တယ်ဆိုတာကို ဒီဇာတ်ကားလေးက ကောင်းကောင်းဖေါ်ပြပေးထားလို့ ရှုစားကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File ...
movie
Ab Tumhare Hawale Watan Saathiyo (2004)
2004
7.7
Uunchai (2022)
Uunchai ( 2022 ) IMDb 7.7/10အခုတစ်ခေါက်မှာတော့ ပြည်သူ့အချစ်တော်မင်းသားကြီး အမီတာဘဂျမ်းရဲ့ ရုံတင်၀င်ငွေခန့်မှန်းခြေ ၄၈ကုဋေကျော်ရရှိထားတဲ့ နောက်ဆုံးထွက်ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ကြတဲ့ Anupam Kherနဲ့ 3 idiotsရုပ်ရှင်ထဲက ဗိုင်းရပ်စ်ကြီး Boman Irani တို့အပြင် မင်းသမီးချောလေး Parineeti Chopraတို့ကပါ ပါ၀င်အားဖြည့်ထားပါသေးတယ်...ဇာတ်လမ်းအကျဉ်းကတော့ အွန် ၊ အာမစ် ၊ ဘူပန် နဲ့ ဂျာဗစ်လို့ခေါ်တဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းလေးယောက်ရှိပါတယ်။ အဘိုးအရွယ်ရောက်တဲ့အထိ မခွဲအတူရှိနေကြတဲ့သူငယ်ချင်းတွေပေါ့။ အဲ့ဒီထဲမှာမှ ဘူပန်လို့ခေါ်တဲ့သူငယ်ချင်းဟာ ဧ၀ရတ်တောင်ကိုစွဲလမ်းသူပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုအမြဲတမ်းသွားတဲ့အပြင် သူငယ်ချင်းတွေကိုပါအတူတူလိုက်ဖို့ အကြိမ်ကြိမ်ခေါ်ပေမဲ့ ကျန်သုံးယောက်ကတော့ အကြောင်းအမျိုးမျိုးပြပြီးငြင်းလေ့ရှိပါတယ်။ တစ်ရက် ဘူပန်ရဲ့မွေးနေ့မှာ သူငယ်ချင်းလေးယောက် ဧ၀ရတ်တောင်တက်ခရီးကိုအတူတူသွားဖို့ အစီအစဉ်ဆွဲကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်းဘူပန်ဟာ ကံအကြောင်းမလှပဲ ခရီးမထွက်ခင် ဆုံးပါးသွားပါတော့တယ်။ ဒီလိုနဲ့ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ ကျန်ရစ်တဲ့သူငယ်ချင်းသုံးယောက် ဧ၀ရတ်တောင်ထိပ်ကိုတက်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ ငယ်ရွယ်သူတွေအတွက်တောင်ခက်ခဲမယ့် ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုသွားဖို့ အသက်၇၀အရွယ်သူတို့ ဘယ်လိုပြင်ဆင်ကြမလဲ...။ တောင်တက်ခရီးတစ်လျှောက်မှာရော ဘာတွေကြုံတွေ့ရမှာလဲ...။ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်မှာလားဆိုတာကိုတော့....ရင်ခုန်စွာနဲ့ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…2.6GB / ...
movie
Uunchai (2022)
2022
5.3
Boss (2013)
Boss 2013ဒီတစ်ခေါက်မှာတော့ IMDb 5.3ထိရရှိထားတဲ့Action_Comedyဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်နာမည်ကျော်မင်းသားကြီး Akshay Kumar ပါဝင်သရုပ်ဆောင်ထားတာကြောင့်ဇာတ်လမ်းဇာတ်ကွက် အတိုက်အခိုက်တွေမှာတော့အားရစရာနဲ့ကြည့်ကောင်းနေမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းတွင်းလူသတ်မှုကြောင့် ထောင်နန်းစံခဲ့ရတာကြောင့်ဘောစ့်(Akshay)ကို ဖခင်ဖြစ်သူကသားတစ်ယောက်လိုမဆက်ဆံတော့ပါဘူးကျခံရမယ့်ထောင်သက်အပြီးထောင်ထွက်လာချိန်မှာတော့ဂိုဏ်းစတားတစ်ယောက်ဖြစ်လာပေမယ့် အကူအညီလိုအပ်နေတဲ့လူတွေကိုလိုက်လံကူညီပေးရင်းဘဝကိုကုန်ဆုံးနေခဲ့ပါတယ် တစ်နေ့မှာတော့ဆက်ယာကန့်ဆိုတဲ့လူတစ်ယောက်က လူတစ်ယောက်ကိုသတ်ပေးဖို့စာချုပ်ချုပ်ဆိုလာပါတယ်အဲ့ဒီလူကတခြားမဟုတ်ပါဘူး ဘောစ့်ရဲ့ညီလေးဖြစ်တဲ့ ရှိဗ့်ပါ ရှိဗ့်ကတော့ရဲမှူးတစ်ယောက်ဖြစ်တဲ့ အက်ရှုမန်ရဲ့ညီမဖြစ်သူနဲ့ချစ်ကြိုက်နေတာပါဒါကိုသဘောမတူတဲ့ အက်ရှူမန်က ဘယ်လိုတွေလုပ်ကြံမလဲအဖေဖြစ်သူကသားတစ်ယောက်လိုမဆက်ဆံတာကြောင့်အက်ရှုမန့်ရန်ကနေ ဘယ်လိုအခက်အခဲတွေကြားကမိသားစုကိုကာကွယ်သွားမလဲဖုံးကွယ်ထားတဲ့ကျောင်းတွင်းလူသတ်မှုနောက်ကွယ်မှာရောဘာတွေရှိနေမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်) File size…2.2GB / 1.8Gb Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Haruko & Yunni
movie
Boss (2013)
2013
7.0
Seven Years in Tibet(1997)
Seven Years in Tibet (1997)PG-13 | 136 min | Adventure, Biography, DramaIMdb rating...... 7" တို့ တိဗက်မှာ စကားတစ်ခွန်းရှိတယ်... ဖြေရှင်းလို့ရနိုင်တဲ့ ပြဿ နာတစ်ခုဆိုရင် အဲ့ဒီအတွက် ပူပန်နေစရာ မလိုဘူး ဖြေရှင်းလို့မရနိုု်င်ဘူးဆိုရင်တော့.. ပူပန်ခြင်းနေတာက အလကားပဲ" ဒီစကားက ငြိမ်းချမ်းလွန်းတဲ့ တိဗက်ရဲ့ အတွေးအခေါ် ဝါဒကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေမှာပါ။ တိဗက်ဆိုတဲ့ နယ်မြေအကြောင်း ကို မြန်မာ စာရေးဆရာတွေလည်း ရေးခဲ့ကြပါတယ်။Seven year in Tibet ဆိုတဲ့ သြစတြီးယား တောင်တက်သမား Heinrich Harrer ရဲ့ ကိုယ့်တွေ့အဖြစ်အပျက်ခရီးသွားမှတ်တမ်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်မှာ ကျွန်တော်တို့ တစ်ခါက စကားလုံးနဲ့ပဲ ခံစားဖူးခဲ့တဲ့ တိဗက်မြေကို ရုပ်သဏ္ဍာန်နဲ့ ခံစားတွေ့မြင်ရမှာပါ။ တိဗက်ရဲ့မိုးကောင်းကင်နဲ့ ထိလုနီးပါးဖြစ်နေတဲ့တောင်တန်းကြီးတွေ ကျယ်ပြန့်လှတဲ့လွင်ပြင်ကျယ်ကြီးတွေကို တွေ့မြင်ခံစားရမှာပါ။ တိဗက်လူမျိုးတွေရဲ့ ဘာသာတရားအပေါ် ထူးခြားတဲ့သက်ဝင်ယုံကြည်မှုတွေ အယူဝါဒတွေ ဓလေ့တွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒီ အဖြစ်အပျက်တွေဟာ... ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ခုနှစ်နဲ့၁၉၅၁ခုနှစ်ကြား တိဗက်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး ကွန်မြူ နစ်တပ်မတော် မကျူ းကျော်မီ ၁၉၅ဝဝန်းကျင်က အကြောင်းအရာတွေပါ။Heinrichဟာ အခြေအနေတစ်ခုကြောင့် တိဗက်ကို ဖြတ်လာရင်း တိဗက်မှာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ...
movie
Seven Years in Tibet(1997)
1997
5.5
Boss
A young man disowned by his family is aided by a big business owner.ဒီတစ်ခါတော့ ဘောလီဝုဒ် ဖန် တွေအတွက်အက်ရှင် အလန်းစားတွေနဲ့ဟာသ ခပ်မြူးမြူးတွေ ဝေဝေဆာဆာနဲ့ သီချင်း အလန်းတွေ နောက်ခံတေးဂီတ အမှန်အကန်တွေနဲ့ ဇာတ်လမ်း ဇာတ်အိမ် ခိုင်တဲ့ #အက်ရှေးရဲ့ ကားကောင်းတကားတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ ….. ဖခင်ဖြစ်သူက စိတ်ဆိုးပြီး အိမ်ပေါ်က နှင်ထုတ်ခံလိုက်တဲ့ လူငယ်လေးတစ်ယောက်ဟာ လမ်းခုလတ်မှာ လုမိုက်ကြီး တစ်ယောက်ရဲ့ အသက်ကို ကယ်လိုက်တဲ့အတွက် သူကိုယ်တိုင်ပါ #ဆရာ ဆိုတဲ့ နမည်ကြီး ဒုစရိုက်သမား တစ်ယောက် ဖြစ်သွားပါတော့တယ်။နှစ်တွေကြာလာတဲ့ အခါ သူ့ဖခင်ကြီးက သူ့အိမ်ကို ရောက်လာပါတော့တယ်လာရခြင်းကတော့ သူ့သားကို လိမ်ဖမ်းထားတဲ့ ရဲလက်က လွတ်အောင် ကူညီပေးဖို့ အလုပ်လာအပ်တာပဲ ဖြစ်ပါတယ်ဒါပေမယ့် သူ့အဖေ ကယ်ခိုင်းတဲ့ သူ့ညီလေးကို သူ့အဖေထက်အရင် ရဲတစ်ယောက်က သတ်ဖို့ ခိုင်းထားတာပါ။ဒီတစ်ခါမှာတော့ အဖေနဲ့ညီကို ကယ်ဖို့ ဒေလီကို#ဆရာ ထွက်လာဖို့ ...
movie
Boss
2013
6.3
Naam Shabana (2017)
movie
Naam Shabana (2017)
2017