Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Danny Aiello
8.5
Léon: The Professional (1994)
Leon: The Professional (1994) IMDb: 8.5/10 Genre: Action, Crime, DramaThe Fifth Elementတို့ Lucyတို့ La Femme Nikitaတို့လို Annaတို့လို အက်ရှင်ကားတွေကို ရိုက်ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ Luc Bessonရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လို့ ပြောရမယ်။ဒီရုပ်ရှင်က ကောင်းသောနာမည်ကျော်ခြင်းရော မကောင်းသောနာမည်ကျော်ခြင်းရော နှစ်ခုလုံးကို ရရှိခဲ့တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ မကောင်းသောနာမည်ကျော်ခြင်းကတော့ သိကြသလိုပဲ ၁၃နှစ်ကလေးနဲ့ သံယောဇဉ်ထက်ပိုတဲ့အရာတွေကို ရိုက်ပြခဲ့တော့ paedophileဇာတ်တော်တော်ဆန်သွားလို့ပါပဲ။ ဘာပြောပြော Leon: The Professionalဟာ အက်ရှင်စီနီမာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို အခုထိလည်းကိုးကားနေကျ ရုပ်ရှင်တစ်ခုဖြစ်နေပါပြီ။ မကြာသေးခင်ကထွက်ခဲ့တဲ့ The Boysရဲ့အပိုင်းတစ်ပိုင်းထဲတောင် ထည့်ပြောသွားပါသေးတယ်။ သရုပ်ဆောင်တွေကတော့ Jean Reno, Natalie Portmanနဲ့ Gary Oldmanတို့တွေပါဝင်ထားတယ်။ သုံးယောက်စလုံးက သရုပ်ဆောင်တော်တော်ကောင်းတဲ့ ဒိတ်ဒိတ်ကြဲတွေချည်းပဲ။ဇာတ်ကတော့ Leonဆိုတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူ့နာမည်အတိုင်း ပရော်ဖက်ရှင်နယ် မတရားကျတဲ့ ကြေးစားလူသတ်သမားပေါ့။ မြန်တယ်။ တိကျတယ်။ မလိုတာမလုပ်ဘူး။ မဆိုင်တာ ဝင်မပါတတ်ဘူး။ ဒီလိုနဲ့ သူနေတဲ့တိုက်ခန်းမှာ မိသားစုတစ်စုကို ...
movie
Léon: The Professional (1994)
1994
5.7
The Protector (1985)
The Protector (1985)ဟောလိဝုဒ်ရဲ့ Hollywood Walk of Fame မှာ မှတ်ကျောက်တင်ခံထားရသလို၊ Academy Honorary Award ကိုရခဲ့တဲ့ ဟောင်ကောင်မင်းသား၊ တာရန်တီနိုကြီးက "one of the greatest physical comedians since sound came into film"လို့ ချီးကျူးခံထားရတဲ့ ဟောင်ကောင်မင်းသား ဂျက်ကီချမ်းရဲ့ သူဟောလိဝုဒ်မှာ စပေါက်တုန်း အမေရိကန်ဒါရိုက်တာရိုက်ပြီး အမေရိကန်မင်းသားနဲ့ အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ ကားဟောင်းတစ်ကားပါ။ သူနဲ့တွဲသရုပ်ဆောင်တဲ့ အမေရိကန်မင်းသားကလည်း The Godfather Part II တို့၊ Once Upon a Time in America တို့၊ Leon: The Professionalတို့လို ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့လူပါ။ဇာတ်လမ်းထဲမှာတော့ သူတို့က လုပ်ချင်တာလုပ်တဲ့ ရဲ၂ကောင်ပေါ့။ ဂျက်ကီကလည်း အမေရိကန်မှာ အခြေချနေတာ ...
movie
The Protector (1985)
1985
8.4
Once Upon a Time in America (1984)
Once Upon A Time In America (1984) ========================သူများပြောတာ ကြားဖူးတာကတော့ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ စကားနှစ်လုံးနဲ့ ခြုံလွှမ်းဖော်ပြရရင် ခမ်းနားထည်ဝါခြင်းနဲ့ ရင်သပ်ရှုမောဖွယ်ဖြစ်ခြင်းဆိုတဲ့ စကားလုံးနှစ်ခုကို ရွေးရလိမ့်မယ်တဲ့။ ကျွန်တော်တော့ အဲ့ဒီနှစ်ခုထက်ပို ဒီရုပ်ရှင်ရဲ့ အနှစ်သာရဖြစ်မယ်ထင်တဲ့ တတိယ စကားလုံးနဲ့ ဖော်ပြချင်တယ်။လွမ်းမောဖွယ်ကောင်းခြင်း။ Once upon A Time in Americaဟာ နာမည်နဲ့လိုက်အောင် လွမ်းမောဖွယ်အတိရှိနေတဲ့ ရုပ်ရှင်ပါပဲ။ ဘယ်လိုဇာတ်လမ်းအမျိုးအစားလဲပြောရရင်တော့ဂန်းရုပ်ရှင်ပါ။ အမေရိကရဲ့ လမ်းမပေါ်က ဘဝတွေအကြောင်းပါပဲ။ မူရင်းဝတ္တုဟာ တကယ့်အပြင်လောကက ဂန်းစတားတွေရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတိပါ။ ဖြစ်ရပ်အများစုက အဖြစ်မှန်တွေလို့ ဆိုလို့ရတယ်။ ဒီဝတ္တုကို စာရေးဆရာဟာ ထောင်ကျနေတုန်း ရေးခဲ့တယ်လည်း ပြောကြတယ်။ မူရင်းဝတ္တုရဲ့စာရေးဆရာဟာ ဒီရုပ်ရှင်ထဲက Robert De niroရဲ့ ကာရိုက်တာလို့ ဆိုကြတယ်။ ဟုတ်မှာပါ။ ဒီလေးနာရီကြာ ရုပ်ရှင်ကို ကျွန်တော်တော့ ရုပ်ရှင်တစ်ခုလို့ မခံစားခဲ့ရဘူး။ လူတစ်ယောက်ရဲ့ဘဝကို လေးနာရီအတွင်း ကြည့်နေရသလိုခံစားခဲ့ရတယ်။ ဂန်းစတားတစ်ယောက်ရဲ့တကယ့်ဘဝတစ်ခုကိုပေါ့။ဂန်းကားချင်း ယှဉ်ကြည့်မယ်ဆိုရင် ယေဘုယျအမြင်အရတော့ ဒီရုပ်ရှင်ဟာ ...
movie
Once Upon a Time in America (1984)
7.7
Little Italy (2018)
ဒီနှစ်ထဲထွက်ရှိထားတဲ့ Romance-Comedy အမျိုးအစား ဇာတ်ကား ဖြစ်ပြီးမင်းသား Hayden Christensen နဲ့ မင်းသမီးလေး Emma Roberts တို့အဓိကခေါင်းဆောင်ပါဝင်ထားတယ်။ဒီဇာတ်ကားလေးကို တစ်ချို့ Pizza လုပ်ပုံလုပ်နည်းတွေ အသားပေးတင်ပြထားလို့Pizza Documentary လို့တောင် တင်စားကြသလိုဒီကားရဲ့ မင်းသမီးလေး Emma Roberts ကလည်းမင်းသမီးကြီး ဂျူလီယာရောဘတ်ရဲ့ တူမဖြစ်တာကြောင့် သူ့ရဲ့ သရုပ်ဆောင်မှုတွေကလည်း ကောင်းမွန်လှပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့Little Italyလို့နာမည်ရတဲ့ ကနေဒါကရပ်ကွက်လေးထဲမှာ နစ်ကီ (Emma Roberts)နဲ့လီယို(Hayden Christensen)တို့ သူငယ်ချင်းနှစ်ယောက်ဟာငယ်ငယ်ကတည်းက နှစ်ယောက်ပေါင်းလောင်းကျော် ကစားဖော်ကစားဖက်တွေပါ။သူတို့မိဘတွေကတော့ ပီဇာလုပ်ငန်းလုပ်ကိုင်ကြတဲ့သူတွေ ဖြစ်ပြီးတော့စီးပွားပြိုင်ဖက်တွေ ဖြစ်လာတဲ့အခါမှာတော့ မတည့်ကြတော့ပါဘူး။သူငယ်ချင်းနှစ်ယောက်လည်း ကွဲသွားပြီး နစ်ကီကတော့လန်ဒန်မှာ စားပွဲမှူးတစ်ယောာက်ဖြစ်လာဖို့ ကြိုးစားနေခဲ့ပြီးလီယိုကတော့ မိဘတွေရဲ့ပီဇာလုပ်ငန်းဆက်လုပ်နေပါတယ်။တစ်နေ့တော့ နစ်ကီ လန်ဒန်မှာ အလုပ်ဆက်လုပ်ဖို့ ဗီဇာအတွက်ကနေဒါ ပြန်လာတဲ့အခါမှာတော့ ငယ်သူငယ်ချင်းနှစ်ဦးဟာငယ်ငယ်ကသံယောဇဉ်နဲ့ အချင်းချင်း Crush နေကြပေမယ့်မိဘချင်းက ပြိုင်ဖက်တွေမို့ ပီဇာစစ်ပွဲကြားက ရိုမီယိုနဲ့ ဂျူးလီယက်စ်လို ဖြစ်နေကြပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကြားထဲက ...
movie
Little Italy (2018)
2018