Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dalip Tahil
6.9
Ishq (1997)
Ishq 1997 ( ချိုမြိန်တဲ့သောက) IMDb - 6.8/10Ishq ဇာတ်ကားဟာ1997 ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး IMDb - 6.8ရရှိထားကာ အဲဒီနှစ်ရဲ့ တတိယ၀င်ငွေအများဆုံးရခဲ့ပါတယ်။ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသား မင်းသမီးတွေကလည်း. နာမည်ကျော် ခန်း ၃ ခန်းထဲက Pk မင်းသားဖြစ်တဲ့ အမီရာခန်း ( Aamir Khan ) ၊ မင်းသားကြီး အဂျေး ( Ajay Devgn ) ၊ မင်းသမီးကြီး Juhi Chawla နဲ့ Kajol တို့ရဲ့ ငယ်စဉ်ကာလ နုပျိုချောမောမှုတွေနဲ့အတူ Chemistry မိမိရိုက်ကူးတာပါ..ဇာတ်ကားအကျဉ်းကတော့-ဆင်းရဲသားကို မစင်ပုံရွံသလို ရွံတတ်ကြတဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး နှစ်ဦးဟာ သူတို့ရဲ့သားနဲ့သမီးကို သဘောမတူတဲ့လူနဲ့ ယူသွားမှာကြောက်လို့ သူတို့မသိစေဘဲ လက်ထပ်စာချုပ်ကြိုချုပ်ပေးထားဖို့လုပ်ရာက အသိုင်းအဝိုင်းထဲကမဟုတ်တဲ့လူနဲ့တွေ့ဆုံမိပြီး သဘောကျသွားရာကနေ ဘာတွေဆက်ဖြစ်မလဲ ? ဘယ်လို ပြဿနာ ဘယ်လိုအရှုပ်အထွေးတွေဖြစ်လာဦးမလဲ? ချစ်သောသူချင်းပေါင်းရပါ့မလား? အလွဲလွဲအမှားမှားနဲ့ပဲ ချစ်ရသူနဲ့လက်ထပ်မယ့သူ မတူကွဲပြားသွားမလား? ဘာညာသာရကာကတော့ ...
movie
Ishq (1997)
5.4
Guilty (2020)
Guilty 2023 - မပျော်ရတဲ့ဗယ်လင်တိုင်းညIMDb-5.4/10မင်းသမီးချောလေးကီယာရာနဲ့ အကိတ်လေး Akansha Ranjan Kapoor တို့နှစ်ယောက်အပြိုင်ကျဲထားတဲ့ ကျောင်းသားတွေကြားက thriller/ drama ဇာတ်လမ်းတစ်ပုဒ်ကျောင်းသားအရွယ်တွေမှာ ဗယ်လင်တိုင်းဆိုတာ ပျော်ရတဲ့နေ့တွေထဲကတစ်ရက်ပဲလေ ဒီကားထဲမှာတော့ ကျောင်းသားဘဝအပျော်တွေခဏရပ်ပြီး လိင်အကြမ်းဖက်မှုတစ်ခုကြောင့် အားလုံးအစစ်ဆေးခံသံသယတွေဝင်နဲ့နေကြရတာတွေရဲ့အစက ဗယ်လင်တိုင်းညမှာဖြစ်ခဲ့တာမို့ပါပဲဗီဂျေးဆိုတာလူချစ်လူခင်များ ပျိုတိုင်းကြိုက်နှင်းဆီလေးတစ်ယောက် ၊ နန်ကီကတော့သူမတူအောင်တော်တဲ့တေးရေးဆရာမလေး ဗီဂျေးရဲ့ချစ်သူ၊ တာနူဆိုတဲ့ မိန်းမလှလေးက ခုမှကျောင်းပြောင်းလာတဲ့အသစ်လေး ဗီဂျေးကိုကြိတ်သဘောကျနေတဲ့သူ၊ ကျောင်းသားတွေ ပြဇာတ်အတူက concert တွေအတူတက်ကြရင်း 2018 ဗယ်လင်တိုင်းညမှာ Twitter မှာ #MeToo နဲ့ တာနူတစ်ယောက် rape ခံရတယ်ဆိုတဲ့သတင်းတက်လာတယ်လိင်အကြမ်းဖက်သူလို့ စွပ်စွဲခံရသူကဗီဂျေး... အားလုံးမူးရူးကွဲပြဲနေတဲ့ ဗယ်လင်တိုင်းညအဖြစ်အပျက်တွေကိုလည်း ဘယ်သူမှမမှတ်မိနေတော့ ကျောင်းစရောက်တည်းက အသွက်လွန်အလန်းလေးကို လူတိုင်းအချစ်တော် သဘောမနောကောင်းဗီဂျေးက ကျူးလွန်တယ်ဆိုတာ ဘယ်သူကမှမယုံကြည်နေလေတော့...ရဲစုံထောက်တွေ သတင်းမီဒီယာတွေ ဆိုရှယ်မီဒီယာတွေမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်နေတဲ့ဒီအမှုကို တစ်ယောက်ချင်းမေးမြန်းအဖြေရှာရင်း တရားခံကဘယ်သူဖြစ်မလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ Zwe Yan ~ KKKZ တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie
Guilty (2020)
8.4
IB 71 (2023)
IB 71(2023)လတ်တလောထွက်သမျှမှာ အကောင်းဆုံးလို့ပြောရမယ့် IMDb 8.4/10 ရရှိထားပြီး နာမည်ကြီးမင်းသား ဗီရွတ် ပါဝင်ထားပြီး ၁၉၇၁ ခုနှစ် အိန္ဒိယန်းလေကြောင်းလိုင်း လေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံထားတဲ့ အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နှစ်သုံးရာဗြိတိသျှကျူးကျော်မှုအပြီးမှာ အကြမ်းအားဖြင့် ဟိန္ဒူနဲ့ အစ္စလာမ်နိုင်ငံဆိုပြီးခွဲလိုက်ကြတာကို သိပြီးသားဖြစ်မှာပါ။ အဲ့လိုကွဲပြီးနောက်ပိုင်းမှာလည်း သီးဖြားဖြစ်သွားတဲ့ညီအစ်ကိုနိုင်ငံနှစ်ခုရဲ့ အားပြိုင်မှု တင်းမာမှုတွေဟာ လျော့ကျသွားခြင်းမရှိပါဘူး။ အချင်းချင်း သူလျှိုတွေလွှတ် သတင်းတွေယူနဲ့ နိုင်သူစားကြေးအကွက်တွေပြိုင်နေကြတုန်းပါပဲ။ဒီလိုနဲ့ တဖြည်းဖြည်းအားပြိုင်ရင်း တစ်ချိန်မှာတော့ အကြိမ်ကြိမ်စစ်ရှုံးခဲ့တဲ့ ပါကစ္စတန်ဟာ တရုတ်နဲ့ပေါင်းပြီး စစ်မီးပြန်ညှိဖို့ကြိုးစားလာပါတော့တယ်။ ကျူးကျော်မှုလုပ်ပါတော့မယ်ဆိုတဲ့ သတင်းရတဲ့အချိန်မှာ အိန္ဒိယအတွက်ပြင်ဆင်ချိန်ဟာ အရမ်းကိုနည်းနေပါပြီ။ ပြည်တွင်းစစ်နဲ့တင် ငါတို့ကိုအာရုံမရဘူးဆိုပြီး လျှော့တွက်ထားခဲ့တဲ့အိန္ဒိယအတွက် ရွေးချယ်စရာကတော့ တစ်ခုပဲရှိပါတယ်။ဒါပေမယ့် ဒီတစ်ခုတည်းသောရွေးချယ်မှုဟာလည်း ဗုံးကိုလက်ထဲကိုင်ထားပြီး စနက်တံဖြုတ်ရမယ့်အကွက်ဖြစ်နေတဲ့အခါ ဘယ်လိုအကွက်တွေထုတ်သုံးပြီး ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေနဲ့ အကွက်ရွှေ့သွားမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းကိုတော့ Aditi ရေးသားထားပြီး Aditi, V, Thaik San, BpLတို့မှ ဘာသာပြန်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ File size…2.07GB / 840MB Quality…1080p WEB DL /720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle ...
movie
IB 71 (2023)
2023
7.8
HIT: The First Case (2022)
Hit: The First Case (2022) Action, Crime, Drama IMDb 7.8/10 (6.5K)အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ အိန္ဒိယမှာ ဇူလိုင်၁၅ရက်နေ့တုန်းက ရုံတင်ထားပြီး ဒီနေ့မှ OTTထွက်ရှိလာတဲ့ ရုံတင်ကားတကားပဲဖြစ်ပါတယ် Stree (2018)...Roohi (2021) ဟာသသရဲကားတွေနဲ့ မြန်မာပရိသတ်တွေကြား လူသိများနာမည်ကြီးလာခဲ့တဲ့ မင်းသားချော ရာဂျ်ကူမားရောင်းရဲ့ မှုခင်းဇာတ်ကားလေးပဲ ဖြစ်ပါတယ်မင်းသမီးအနေနဲ့ကတော့ Dangal Girl အကြီးမလေး ဆာနီယားမလိုသရားပါဝင်သရုပ်ဆောင်ထားပါတယ်ဗစ်ကရမ်ဟာ ထက်မြက်တဲ့အရာရှိတစ်ယောက်ဖြစ်ပြီး အမှုတစ်ခုကို ဖော်ထုတ်တဲ့နေရာမှာလည်း သူမတူအောင်ထူးခြားလွန်းလို့ အချိန်တိုအတွင်း ဖော်ထုတ်နိုင်ပေမယ့် အတိတ်ကဖြစ်ရပ်တခုကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမားရနေသူပါ...တစ်ရက် အဝေးပြေးလမ်းမပေါ်မှာ ပရီတီးဆိုတဲ့ အသက်၁၈နှစ်အရွယ်ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်အမှုကိုလည်း မဖေါ်ထုတ်နိုင်ခဲ့ပါဘူး...ဇာတ်အေးသွားပြီးတဲ့နောက် ဗစ်ကရမ်ရဲ့ချစ်သူ နေဟားကပါ ထပ်ပျောက်သွားတော့ ဒီအမှုကို ဗစ်ကရမ်ဟာ အခက်အခဲတွေကြားကနေ စုံစမ်းဖို့ဖြစ်လာခဲ့ပါတော့တယ်စုံစမ်းစစ်ဆေးနေရင်းနဲ့ နေဟားဟာလည်း ပရီတီးအမှုကိုလိုက်နေရင်း ပျောက်သွားတာကို သိလိုက်ရတဲ့အခါမှာတော့...ဒီအမှုနှစ်ခု ဆက်စပ်မှုရှိနေမလား....ပျောက်သွားတဲ့ကောင်မလေးတွေကို ပြန်ရှာတွေ့ပါ့မလား...နောက်ကွယ်မှာကြိုးကိုင်နေတဲ့ တရားခံဟာ ဘယ်သူဖြစ်နေမလဲ...ဗစ်ကရမ်ရဲ့အတိတ်ဆိုးကစိတ်ဒဏ်ရာကရော ဘာကြောင့်လဲ ဆက်လက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်.... File size…2.07GB / 983MB Quality…1080p True Web DL AAC5.1Ch / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ...
movie
HIT: The First Case (2022)
2022
7.9
Mere Desh Ki Dharti (2022)
Mere Desh Ki Dharti(2022) ဆိုတဲ့ အန္ဒိယဟာသ ဒရာမာလေးဟာ ကြည့်ရှူသူတိုင်းကို စိတ်ကျေနပ်မှုပေးမယ့် ဇာတ်ကားကောင်းလေးပါပဲ။ ကျွန်တော်တို့ လက်တွေ့ဘဝတွေမှာလိုမျိုးပဲ သင့်တော်တဲ့အလုပ်ဆိုတာ လူတိုင်းမရနေတဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ထားပြီး ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ကြည့်ရှုရင်း အမောပန်းပြေရမယ့် ဇာတ်ကားလေးပါ။ အာဂျေးနဲ့စမီးရ် ဟာ လစာနည်းတဲ့ အင်ဂျင်နီယာတွေဖြစ်ကြပြီး သက်ဆိုင်ရာလုပ်ငန်းခွင်မှာ အဆင်ပြေရုံလေးရုန်းကန်နေကြရပါတယ်။ အာဂျေးက လစာနည်းပါး၍ ချစ်သော ဖခင်ရဲ့ ဆူပူမှုတွေကြောင့် စိတ်ညစ်နေရသူဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတည်ထောင်ချင်နေသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းအတွက် လိုအပ်တဲ့ငွေကြေးကို ရှာဖွေရင်း လုပ်နိုင်သမျှ အားလုံးကိုလုပ်နေရသူပါ။ ဒါပေမယ့်လဲ လိုအပ်တဲ့ ငွေရေးကြေးရေးဟာ ရှာမရဘဲ အရာအားလုံးက တလွဲဖြစ်ဖို့ပဲ ဖန်တီးလာပါတယ်။ တစ်ချိန်ထဲမှာပဲ စမီးရ်ဟာ ဆိုရင် ကုမ္မဏီမှာ ရာထူးကောင်းပေမယ့် ယောက္ခမလောင်း အထင်ကြီးလောက်တဲ့ နေရာမှာရှိမနေတဲ့အတွက် ချမ်းသာတဲ့ သူ့ရဲ့ရည်းစားကောင်မလေးနဲ့ ဆက်ဆံရေးအဆင်မပြေလှပါဘူး။ ရှားပါးလှတဲ့ ရာထူးတိုးအခွင့်ရေးကို စောင့်မျှော်နေရင်း ရာထူးတိုးဟာ သူအတွက်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။ ဒါနဲ့သူငယ်ချင်းနှစ်ယောက် တခြားရွာတစ်ခုမှာ သတ်သေကြမယ်ဆိုပြီး တိုင်ပင်ပြီးထွက်ခွာသွားရာမှ ဘဝမှာ မထင်မှတ်ထားတဲ့အပြောင်းလဲတွေနဲ့ကြုံရပါတော့တယ်။ သတ်သေမှုမအောင်မြင်ဘဲ အဲဒီရွာလေးမှာပဲ ပိတ်မိနေပြီး တလွဲတွေဖြစ်နေတဲ့ ရွာသားတွေရဲ့ ဘဝကို ဝင်ရောက်ပြင်ဆင်ပေးဖို့ဖြစ်လာခဲ့ပါတော့တယ်။ ရွာမှာရှိနေတဲ့ လယ်သမားတွေရဲ့ သေဆုံးမှုနောက်ကွယ်က အကြောင်းအရာကို လိုက်လံရှာဖွေဖြေရှင်းရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File ...
movie
Mere Desh Ki Dharti (2022)
2022
7.8
Baazigar (1993)
ရှရွတ်ခန်းကို ပေါက်သွားစေခဲ့တဲ့ ဒီဇာတ်ကားက မင်းသမီးကာဂျိုးနဲ့ရှရွတ်ခန်းတို့ ပထမဆုံးတွဲရိုက်ထားတဲ့ရုပ်ရှင်ကားပါ...နောက်မင်းသမီးတစ်လက်ဖြစ်တဲ့ Shilpa Shetty အတွက်လဲ ပထမဆုံးဇာတ်ကားဖြစ်ခဲ့ပြီး သူ့ကို Baazigar မင်းသမီးလို့ ပြောစမှတ်တွင်ရလောက်အောင် ဒီရုပ်ရှင်ကားနဲ့ ပေါက်ခဲ့ပါတယ်။ရုပ်ရှင်ကား ပုံစံလေးကတော့...ရှာရွတ်ခန်း ဟာ ငယ်စဉ်ကတည်းက နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုစောင့်ရှောက်နေရတဲ့အချိန်ကနေ စပါတယ်...သူ့ဘဝဟာ ဆိုးလွန်းပါတယ်...ငယ်ငယ်ရွယ်ရွယ်နဲ့ သူများအိမ်မှာ တောက်တိုမယ်ရ အလုပ်တွေလုပ်...မိခင်ကြီးကို ဆေးဝယ်တိုက်စားစရာတွေ ဝယ်ကျွေးပြီး သူကျတော့ အငတ်ခံနေတတ်တဲ့ ကလေး တစ်ယောက်ပါ...သူတို့ မိသားစု ဘဝကိုပြန်တွေးကြည့်ရင် ရင်နာစရာ အတိပါပဲ..ရှရွတ်ခန်းတို့မိသားစုဟာ အရင်တုန်းက ပြီးပြည့်စုံ ချမ်းသာတဲ့ မိသားစုလေးပါ..ရှရွတ်ခန်း အဖေ နဲ့ အမေ ဟာ ကြင်နာသနားတတ်သူ သူတစ်ပါးကို ယုံပေးတတ်သူတွေဖြစ်တာကြောင့် အလုပ်သမား တစ်ဦးရဲ့ကောက်ကျစ်မှုနဲ့ ဖခင်ဖြစ်သူလဲ သေဆုံးခဲ့သလို ပိုင်ဆိုင်သမျှ အကုန်လုံးလဲ ပေးအပ်လိုက်ရပြီး လမ်းဘေးကို ရောက်ရှိခဲ့ရပါတော့တယ်..အမေဖြစ်သူခမျာမှာလဲ ယောင်္ကျားဖြစ်သူ သေဆုံးသွားတဲ့ စိတ်နဲ့ပဲ အိပ်ရာထဲ ...
movie
Baazigar (1993)
1993
1080p HEVC
6.5
Darbar (2020)
(Unicode)ဘောလိဝုဒ်ဇာတ်ကားတွေပြီးတော့အခုတစ်ခါ တမီးလ်စူပါစတားကြီး Rajinikanth ရဲ့ ရုံတင်ဇာတ်ကားကြီးအလှည့်ပေါ့ဗျာ။ဟောလိဝုဒ် ၊ ဘောလိဝုဒ်ပရိတ်သတ်တွေအဖို့အိုဗာအက်ရှင်တွေကို ညည်းငွေ့နေနိုင်ပေမယ့်အိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေကို ကြိုက်တတ်သူအဖို့တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ဘယ်လိုပဲ ဖြစ်ဖြစ် Rajinikanth ဟာလည်းတောင်ပိုင်းရုပ်ရှင်ထုတ်လုပ်ရေးတွေကြားသာကမဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးတွေကြားမှာလည်းသြဇာရှိပြီး အနုပညာကြေးမြင့်တဲ့ မင်းသားကြီးမို့ပရိတ်သတ်တွေကတော့ ဒီဇာတ်ကားကို ကြည့်ရင်းလက်ခုပ်လက်ဝါးတီးပြီး အားပေးကြဦးမှာပါ။အညွှန်းအာဒိသယာဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာသမီးဖြစ်သူ ဗာလီနဲ့အတူ မွန်ဘိုင်းမြို့ကို ရဲမင်းကြီး(ရဲမှူးကြီးဟု သင့်တော်သလို ဘာသာပြန်ထားသည်)အဖြစ်နဲ့ရောက်ရှိလာပြီးမြို့ထဲမှာရှိတဲ့ ဆိုးသွမ်းသူတွေကို လိုက်လံနှိမ်နင်းရာကနေ ဇာတ်လမ်းကို စထားပြီး....ဒီနောက်ပိုင်းမှာတော့ တမီးလ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းအကအလှတွေ ၊ ဟာသခန်းလေးတွေ ညှပ်ထည့်ပြီးဇာတ်လမ်းကို အရှိန်တက်လာအောင် စွမ်းဆောင်ထားပါတယ်။ဇာတ်လမ်းပုံစံက ရဲနဲ့လူဆိုး အားပြိုင်ကြတဲ့ မြင်နေကျ သာမာန်ဆိုပေမယ့်ရိုက်ကူးထားပုံက ဆန်းသစ်ပြီး Rajinikanthရဲ့ ဟိုးရုပ်ရှင်ခေတ်ဦးကတည်းကသုံးစွဲလာခဲ့တဲ့ သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ တီးလုံးကို အက်ရှင်ခန်းတွေ ၊ Tempo မြှင့်တင်တဲ့အခန်းတွေမှာသင့်တော်သလို သုံးစွဲထားပုံက သပ်ရပ်ပြီး ပရိတ်သတ်ကို တစ်မျိုးတစ်မည် ဆွဲဆောင်ထားပါတယ်။ကဲ...အိန္ဒိယတောင်ပိုင်းဇာတ်ကားပရိတ်သတ်တို့ရေ...ကျွန်တော်တို့ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရတဲ့Idol ကြီးရဲ့ အသစ်စက်စက် ရုံတင်ဇာတ်ကားကြီးကို လက်မနှေးပဲ ...
movie
Darbar (2020)
2020
6.6
Race (2008)
Race Film Seriesက အခုဆို Race 3 အထိရောက်ရှိလို့လာခဲ့ပါပြီ(2008)မှာ Race 1 ထွက်ခဲ့ပြီး (2013)မှာ Race 2 ထွက်ခဲ့၍ ယခု (2018)မှာတော့ Race 3 ထပ်မံထွက်ရှိခဲ့ပါတယ်ဇာတ်ကားတွေကတော့ Crime, Action, Drama ကားကောင်းတွေဖြစ်ပြီး အထူးသဖြင့် 1, 2က Ratingsပိုင်းလည်းကောင်းသလို ဇာတ်လမ်းလည်းဆွဲဆောင်မှုရှိလှပါတယ်။Race 3ကတော့ မကြည့်ရသေးလို့ ဘာမှမပြောလိုပါ။1,2 မှာတော့ ဆေ့ဖ်အလီခန်း၊ အနီလ်ကပူးရ်တို့က အဓိကပါဝင်ခဲ့ပြီး ဇာတ်လမ်းကလည်း အလှည့်အပြောင်းများနဲ့ ဂျင်ပေါ်ကထုံးဆိုသလို တယောက်နဲ့တယောက် ကျော်ခွရင်းအပြိုင်ဆိုင်ချဲကြတဲ့ ဇာတ်ကားကောင်းတွေပါ။ဇာတ်ဝင်သီချင်းခပ်မြူးမြူးတွေ၊ အက်ရှင်ခပ်လန်းလန်းတွေစတန့်အကွတ်တွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက်Race 1, 2ကို တင်ဆက်ပေးလိုက်ပါတယ်။Race 3ကတော့ ရုံတင်ထားတာသိပ်မကြာသေးတဲ့အတွက် အကြည်ထွက်ဖို့ကြာဦးမှာမို့လို့ အကြည်၊ စာအမှန်ထွက်လာတာနဲ့ တင်ဆက်ပေးမှာပါ။အခုတော့ Race 1, 2ကိုပဲ ပြန်လည်ခံစားကြည့်လိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူး ပါ) File Size : (1.2 GB) ...
movie
Race (2008)
2008
6.9
Kaho Naa… Pyaar Hai (2000)
ဒီတစ်ခါတော့ Bollywoodဖန်တွေအတွက် Hrithik Roshan ကို လက်ပွားမင်းသားဆိုပြီးကမ္ဘာတွင်မက မြန်မာပါကျော်စေတဲ့ Kaho Naa Pyaar Hai ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကား ဘယ်လောက်နာမည်ကြီးလဲဆိုတာ ပြောစရာ မလိုလောက်အောင်ပါပဲ့ သရုပ်ဆောင် အသစ်တွေသုံးပြီး ပွဲဦးထွက် ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Rakesh Roshan ရဲ့ အစွမ်းကတော့ ၂၀၀၀ခုနှစ်မှာ ရုပ်ရှင်ကားထွက်ခဲ့ပြီး ၂၀၀၀၁မှာတော့ Best Actor Best Male Debut Best Female Debut Best Film Best Music Director Best Director အစရှိတဲ့ ဆုပေါင်းများစွားနဲ့ အိန္ဒိယမှာကော နိုင်ငံတကာမှာပါ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရိုးသားကြိုးစားပြီး အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ဖို့ အိပ်မက်နဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ရိုဟစ်ဟာ ...
movie
Kaho Naa… Pyaar Hai (2000)
2000
7.9
Darr (1993)
Bollywood ရဲ့ King Khan လို့ လူသိများတဲ့ ရှာရွတ်ခန်း(SRK) ရဲ့ အကောင်းဆုံး ဇာတ်ရုပ်ကို ပြောပါဆိုရင် ဗီလိန်ဇာတ်ရုပ်ပဲ ပြောရလိမ့်မယ်။ အိန္ဒိယမှာ SRK နှင့် အမီတာဘချမ်း တို့ဟာ ပရိတ်သတ်အပေါ် လွှမ်းမိုးနိုင်လွန်းလို့ သူတို့ တော်ရုံ ဗီလိန် ဇာတ်ရုပ် သိပ်မရိုက်ကြဘူး ပရိတ်သတ် အတုယူ မှားမှာ ကြောက်လို့။ ဒီဇာတ်ကားမှာဆိုလည်း SRK က ရည်စား အိမ်ထောင် ရှိပြီးသား မိန်းကလေး တစ်ယောက်ကို စိတ္တဇ ဆန်ဆန် တဖက်သတ် ချစ်ရတဲ့ ဗီလိန် နေရာက သရုပ်ဆောင်ရပေမယ့် သူ့ သရုပ်ဆောင်ချက်တွေက ပရိတ်သတ် အမြင်မှာ ဗီလိန် မဟုတ်ပဲ ဟီးရိုးဖြစ်စေခဲ့ပါတယ်။ ============================================ "မင်းခံစားနေရတာတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် မင်းရင်ထဲက ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားမှာပေါ့" "ဝန်ထုပ်ဝန်ပိုး" "သူ့ ...
movie
Darr (1993)
1993