Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dakota Fanning
6.1
Push (2009)
Push (2009)IMDb Rating (6.1)မင်းသားချော Chris Evans ၊ Djimon Hounsou ၊Clifford Curtis၊ မင်းသမီးချော Dakota Fanning ၊ Camilla Belle တို့လို သရုပ်ဆောင်တွေနဲ့ Push ရုပ်ရှင်ကတော့ စူပါဟီးရိုးခေတ်ဦးကို အမှတ်ရစေမယ့် စူပါဟီးရိုးရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းကတော့...ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့စွမ်းရည် မြင့်မားလာအောင် ဆေးဖော်စပ်ဖို့အတွက် မွေးရာပါ စွမ်းအားရှိသူ တွေကို ဖမ်းဆီးပြီး သုတသန လုပ်ခဲ့ပါတယ်။ အဲ့ဒီ့သုတေသနကြောင့် စွမ်းအားရှိသူတွေ အများအပြားသေဆုံးခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး စစ်ကြီးပြီးသွားတဲ့အခါမှာတော့ အမေရိကန်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Division လို့ခေါ်တဲ့အဖွဲ့က ထိုသုတေသနကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး Kira လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်က မသေဘဲ စမ်းသပ်ချက်အောင်မြင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြှောက်သွားတဲ့အခါမှာတော့ . . . ။ File size…(9.7 GB)/ (2.9 GB ) / (1.4 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:51:27 Subtitle….Myanmar ...
movie
Push (2009)
2009
4K HEVC
5.9
Hide and Seek (2005)
ဒီဇာတ်လမ်းကတော့ မိန်းမဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီးတဲ့နောက်မှာ David တစ်ယောက် သူ့သမီးလေး Emily နဲ့ New York မြို့ကနေ စိတ်အပန်းဖြေဖို့ နယ်ဘက်ကို ရွှေ့ပြောင်းနေခဲ့တယ်။ ဒါပေမဲ့ သူ့သမီးလေး Emily မှာ Charlie လို့ခေါ်တဲ့ စိတ်ကူးယဥ်သူငယ်ချင်းတစ်ယောက် ပေါ်လာချိန်မှာတော့ ဖြေရှင်းလို့မရတဲ့ အဆန်းတကြယ်အဖြစ်အပျက်တွေ ပေါ်လာပါတော့တယ်။Charlie ဆိုတဲ့ စိတ်ကူးယဥ်သူငယ်ချင်းက Emily ရဲ့ စိတ်ရောဂါသက်သက်လား တကယ်ရှိနေတာလား၊ အံ့ဩစရာအဖြစ်အပျက်တွေရဲ့နောက်ကွယ်က Emily ကြောင့်ပဲလားဆိုတာကို ဇာတ်အိမ်လှည့်ကွက်တွေမျိုးစုံနဲ့ ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာကြည့်ရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:41:00 Genre_Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie
Hide and Seek (2005)
7.7
Man on Fire (2004)
Man on Fire (2004) IMDb-(7.7) The Equalizer 3 ထဲမှာပြန်လည်ဆုံတွေ့ကြတဲ့ Denzel Washington နဲ့ Dakota Fanning တို့ ငယ်ငယ်တုန်းကရုပ်ရှင်ဇာတ်ကားကြီးကို Quality အမိုက်စားနဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့....နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဗရပွနဲ့ လူတစ်ယောက်...သူက အတိတ်က လုပ်ခဲ့တဲ့ ကိစ္စတစ်ရဲ့ အမှားတစ်ချို့ ကိုမေ့ပျောက်ဖို့ အတွက်အရက်ကို အချိန်ပြည့်နီးပါးအဖော်ပြုနေတဲ့သူ....တစ်နေ့တော့ သူ့သူငယ်ချင်းတစ်ယောက်က လာပြောတယ် ဒီအတိုင်းနေမယ့်အတူတူ အပြုအမူလေးတွေဆင်ခြင်ပြီးတော့ ချမ်းသာတဲ့ အသိုင်းအဝန်းက အိမ်မှာ ဘော်ဂီဂတ်လုပ်ဖို့ အကြံပေးလာတယ်...သူဟာ အတိတ်တုန်းက စစ်မှုထမ်းခဲ့ပြီး စစ်မှုထမ်းသက်လည်း အတော်ရှိခဲ့ပြီး ထူးချွန်ခဲ့တဲ့သူတစ်ယောက်...ဘော်ဒီဂတ်လုပ်ရမှာကပြန်ပေးမှုအများဆုံးဖြစ်နေတဲ့ မက္ကဆီကို ..သူဒီအလုပ်ကိုလက်ခံလိုက်တယ်...ဒီကားက တော်တော်များများကြားဖူး ကြည့်ဖူးပြီးသားဖြစ်မှာပါ...ဒါရိုက်တာTony Scott ရိုက်ကူးပြီးကျွန်တော်တို့ရဲ့ အသည်းစွဲမင်းသားကြီး Denzel Washington, ပါဝင်သရုပ်ဆောင်ထားပါတယ်....ပရိယာယ်များပြီး ဘယ်ကိစ္စမဆို ယုံကြည်လို့မရတဲ့ ဒီလောကကြီးမှာ ကျွန်တော်ကတော့ Denzel Washington ရိုက်တဲ့ ကားတွေကို ချွင်းချက်ထားလိုက်ချင်တယ်...သိတဲ့အတိုင်း သူ့ကားတွေဟာ မကောင်းတဲ့ကားတောင်မရှိသလောက်ရယ်...ဒီကားမှာလည်း တိုတိုပြတ်ပြတ်ပြောပြီးအလုပ်ကိုတာဝန်ကျေတဲ့သူတစ်ယောက်...သူစောင့်ရှောက်ရတဲ့ ...
movie
Man on Fire (2004)
2004
7.7
Coraline (2009)
Coraline (2009) IMDb - 7.7/10_____Rotten - 90%သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ် ကာတွန်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ... လူကြီးမင်းတို့ရဲ့ မျက်လုံးကိုဖယ်ထုတ်ပြီး ကြယ်သီးတွေအစားထိုးတပ်ခံထားရတဲ့ ခံစားချက်မျိုး ခံစားဖူးပါသလား ? မခံစားဖူးရင် ဇာတ်လမ်းအကျဉ်းချုပ်လေးဆီသွားရအောင် တကယ်တော့ ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ ရင်ထဲထိအမြဲတမ်းစွဲကျန်စေခဲ့တဲ့ ကာတွန်းရုပ်ရှင်ကားလေးတစ်ကားလည်းဖြစ်ပါတယ်... ဒီဇာတ်ကားလေးမှာ ကိုရာလိုင်း (Coraline) ဆိုတဲ့ကလေးမလေးက အဓိကသရုပ်ဆောင်ထားပါတယ်... စူးစမ်းလိုစိတ်အပြည့်နဲ့ သတ္တိရှိတဲ့ ကောင်မလေးတစ်ယောက်အဖြစ်နဲ့ပေါ့... သူမရဲ့မိဘတွေနဲ့ကတော့ အဆင်မပြေပါဘူး အလုပ်ကိုသာလုပ်နေကြတဲ့ ကိုရာလိုင်းရဲ့မိဘတွေဟာ သားသမီးကို ဂရုမစိုက်နိုင်တဲ့အတွက် သူတို့ကြားမှာ အဆင်မပြေမှုလေးတွေရှိနေခဲ့ပါတယ်...တစ်နေ့သူတို့မိသားစုဟာ အိမ်အသစ်ဆီကိုပြောင်းရွှေ့လာခဲ့ရပါတယ်... ထုံးစံအတိုင်း ကိုရာလိုင်း ကတော့ တစ်ယောက်တည်းပဲပေါ့... ဒီလိုနဲ့ တစ်နေ့မှာ အိမ်ရဲ့တစ်နေရာက မှော်ဝင်တံခါးပေါက်တစ်ခုကို တွေ့သွားခဲ့တဲ့အချိန်ကစပြီး ဇာတ်လမ်းစပါပြီ... ဒီမှော်ဝင်တံခါးပေါက်ရဲ့တစ်ဖက်မှာ ဘာတွေရှိနေမလဲ ?? စူးစမ်းတတ်ပြီး သတ္တိရှိတဲ့ ကိုရာလိုင်းတစ်ယောက် ဘာတွေဖြစ်လာမှာလဲ ?? ဆိုတာတွေကိုတော့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... IMDb rating 7.7/10 ထိ ရရှိထားတဲ့ ဒီကာတွန်းရုပ်ရှင်လေးဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာကိုတော့ အထူးတလည်ညွှန်းစရာ မလိုတော့ဘူး ထင်ပါတယ်.. အော်စကာဆုအတွက် ဆန်ခါတင်စာရင်းမှာပါခဲ့တဲ့အပြင် ဆုတော်တော်များများကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်... မိဘနဲ့သားသမီးတွေရဲ့ကြားက လိုအပ်ချက်လေးတွေကို ဘယ်လိုဖြည့်ဆည်းရမယ်ဆိုတာကိုလည်း ဒီဇာတ်ကားလေးက ညွှန်ပြပေးသွားပါတယ်... လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး လေကြောရှည်နေပြီ ဖြစ်တဲ့အတွက် အားပေးခံစားကြည့်ရှုပေးကြပါဦး...ဒီဇတ်ကားအတွက် အညွှန်းကို ကို Yé ...
movie
Coraline (2009)
2009
4K HEVC
6.0
Night Moves (2013)
IMDb – 6/10 Rotten Tomatoes – 86%အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာအထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုးကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူသုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာတွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီးဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲကတစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီးမလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက်လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြောခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီးလှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာအေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing
movie
Night Moves (2013)
5.0
Viena and the Fantomes(2020)
Viena and the Fantomes(2020)ဒီဇာတ်လမ်းကတော့ ၁၉၈၀ခုနှစ်များအကျော်က The Fantomes ဆိုတဲ့လမ်းပေါ်မှာနေလမ်းပေါ်မှာအိပ် နယ်လှည့်ဖျော်ဖြေပွဲတွေသွားပြီး Punkဂီတအသစ်ပုံစံတစ်ခုကို ပရိတ်သတ်တွေကိုချပြကာအောင်မြင်မှုရဖို့ကြိုးစားနေတဲ့ Bandတစ်ခုရဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်...ဗီယာနာဆိုတဲ့ကောင်မလေးကတော့ အဲ့ဒီအဖွဲ့ရဲ့ပရိတ်သတ်ဖြစ်တဲ့အတွက် သူတို့နဲ့နီးနီးကပ်ကပ်နေနိုင်ဖို့အဖွဲ့ရဲ့ဖျော်ဖြေပွဲတွေမှာ လက်တိုလက်တောင်းလုပ်ပေးရတဲ့အလုပ်သမားနေရာကို မရရတဲ့နည်းနဲ့ဝင်ခဲ့ပါတယ် ...အဲ့ဒီလို ဝင်လိုက်ပြီးနောက် သူမ ဘဝအလှည့်အပြောင်းတွေစကြုံတွေ့တော့ပါပဲ...ဘယ်လိုသူမကြုံတွေ့ရမလဲ....ဘဝဟာ သူမ ထင်ထားတာထက်ခက်ခဲနေမလား....... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူက MarTizasပါ...File Size : (980 MB) and (380 MB) Quality : WEB-DL720p Format…mp4 Duration…01:36:00 Genre : Music , Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae
movie
Viena and the Fantomes(2020)
7.1
Brimstone (2016)
IMDb rating 7.1 rotten tomatoes 45 percent ရထားတဲ့ mystery,thrillerအမျို ုးအစားဇတ်ကားတစ်ကားပါ... စကားမပြောတတ်သူ အအမလေး lizတစိယောက်သူတို့နေထိုင်ရာမြို့ကိုတရားဟောဆရာအသစ်တစ်ယောက် ရောက်လာတာကိုတွေ့တဲ့အခါမှာ သူမမိသားစုမှာအန ္တ ာရယ်ကျရောက်တော့မယ်ဆိုတာချက်ချင်းသိခဲ့ပါတယ်.... အသစ်ရောက်လာတဲ့တရားဟောဆရာရဲ့ရန်ကနေlizတစ်ယောက်မိသားစုကိုဘယ်လိုကာကွယ်မလဲဆိုတာ သဲတထိတ်ထိတ်ရင်တဖိုဖိုကြည့်ရမယ့် ဇတ်ကားကောင်းတစ်ခုပါ.... (သတိပေးချက် ဒီကားကr ratedဇတ်ကားပါ... ၁၈+အခန်းများနဲ့သွေးထွက်သံယိုအခန်းများပါဝင်ပါတယ်) (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကောင်းမြတ်သူ ပဲဖြစ်ပါတယ်) ------------------------------------------------------------------ IMDb rating 7.1 rotten tomatoes 45 percent ရထားတဲ့ mystery,thrillerအမ်ိဳ ဳးအစားဇတ္ကားတစ္ကားပါ... စကားမပြောတတ်သူ အအမလေး lizတစိယောက်သူတို့နေထိုင်ရာမြို့ ကိုတရားဟောဆရာအသစ်တစ်ယောက် ရောက်လာတာကိုတွေ့ တဲ့အခါမှာ သူမမိသားစုမှာအန္တာရယ်ကျရောက်တော့မယ်ဆိုတာချက်ချင်းသိခဲ့ပါတယ်.... အသစ်ရောက်လာတဲ့တရားဟောဆရာရဲ့ရန်ကနေlizတစ်ယောက်မိသားစုကိုဘယ်လိုကာကွယ်မလဲဆိုတာ သဲတထိတ်ထိတ်ရင်တဖိုဖိုကြည့်ရမယ့် ဇတ်ကားကောင်းတစ်ခုပါ.... (သတိပေးချက် ဒီကားကr ratedဇတ်ကားပါ... ၁၈+အခန်းများနဲ့သွေးထွက်သံယိုအခန်းများပါဝင်ပါတယ်) (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကောင်းမြတ်သူ ပဲဖြစ်ပါတယ်)File Size : 0.99 GB Quality : Bluray 720P Running Time : 2hr 28minutes Format : Mp4 Genre : Mystery,Thrill Translator : Kaung Myat Thu Encoder :Thanhtike Zaw
movie
Brimstone (2016)
7.7
(Unicode)တစ်ခါတုန်းက ဟောလိဝုဒ်မှာ ဆိုတဲ့ ရုပ်ရှင်လေးကို တင်ပေးလိုက်ပါတယ်။ဒါကတော့ ရုပ်ရှင် ၁၀ ကား ရိုက်ပြီးရင် အနားယူပါတော့မယ်ဆိုတဲ့ ဂန္ဓဝင်ဒါရိုက်တာကြီး ကွင်တင် တာရန်တီနိုရဲ့ ၉ ကားမြောက်ရုပ်ရှင်ပါပဲ။အရင်ရှစ်ကားကတော့ Django Unchained (2012) ... The Hateful Eight (2015) ... Death Proof (2007) ...Inglourious Basterds (2009) ... Reservoir Dogs (1992) ... Kill Bill: Vol. ... Kill Bill: Vol. ... Jackie Brown (1997) ဆိုတဲ့ကားတွေပါပဲ။ဒီရုပ်ရှင်ကတော့ ဟောလိဝုဒ်ခေတ်ဟောင်းကို ပြန်တမ်းတဖို့ သရုပ်ဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။ခေတ်ဟောင်းကောင်းဘွိုင်ကားအကြောင်းတွေ၊ ဟောလိဝုအထာတွေ၊ အဲဒီခေတ်ရဲ့ ဟစ်ပီတွေနဲ့ ပုံဖော်ထားတာပါပဲ။...
movie
Once Upon a Time … in Hollywood (2019)
2019
7.6
I Am Sam(2001)
I Am Sam(2001) IMDb....7.6 လူတစ်ယောက်ဟာ ဆေးရုံရဲ့ သားဖွားခန်းထဲကို အပြေးအလွှားသွားနေတယ်.... မိန်းမ မီးဖွားခန်းချိန်မို့ပဲလားတော့မသိ...သူ့ပုံစံက သာမန်လူတွေနဲ့အနည်းငယ် ကွဲလွဲနေသလိုပင်... ဂနာမငြိမ်..မိန်းမရဲ့သားဖွားခန်းထဲရောက်တော့လည်း ပါးစပ်က တလှုပ်လှုပ်ရေရွတ်ရင်း ကိုယ်ခန္ဓာကို ပတ်ချာလှည့်နေတယ်... ဂနာမငြိမ်လွန်းနဲ့သူ့ကို ကြက်သေ သေလိုလုပ်နိုင်လိုက်တာက ခုမှ လူ့လောကထဲရောက်လာတဲ့ သမီးလေးရဲ့ငိုသံ.... သူ့ပုံစံက ငါဖခင်တစ်ယောက်ဖြစ်ပြီ ဒါငါ့သမီးလေး ငါတာဝန်ယူရမယ် ငါချစ်ရတော့မယ်ဆိုတဲ့အကြည့်မျိုးနဲ့ သမီးလေးကိုကြည့်နေတယ်... တကယ်တော့ ဆမ်က သာမန်လူတွေထက်ဥာဏ်ရည်နည်းသလို ပေါင်းသင်းဆက်ဆံရေးမှာလည်း အခက်အခဲရှိသူပါ.. အယဉ်ကျေးဆုံးပြောရရင် ဥာဏ်ရည်ချို့တဲ့သူပေါ့....ဒီလိုလူမျိုးနဲ့မှားခဲ့ပြီး ကလေးတစ်ယောက်ရခဲ့တဲ့မိခင်အဖို့ ကလေးမွေးပြီးပြီးချင်းမှာပဲ ဆမ်တို့သားအဖကို ထားခဲ့တယ်...ဆမ်လို လူအတွက် သမီးလေးကိုစောင့်ရှောက်ရတာ တကယ်မလွယ်ပါဘူး... သူ့သမီးလေးလူကလဲသိပ်လိမ္မာတယ် အဖေတစ်ခုသမီးတစ်ခုပါပဲ သူတို့ဘဝက.. .ဒီလိုနဲ့လူစီလေး၇နှစ်လောက်ရောက်လာတော့ ကလေးနဲ့မိသားစုဆိုင်ရာဌာနက လူစီ့ကို သူ့အဖေနဲ့မထားဖို့ တရားရင်ဆိုင်ဖို့တွေဖြစ်လာတယ်... အဓိက ကတော့ ဆမ်ရဲ့ အားနည်းချက်ကြောင့်ပါပဲ.... ဒီလိုနဲ့တရားရင်ဆိုင်မှုတွေဖြစ်လာတယ် သမီးလေးကိုမိသားစုတစ်ခုကလဲမွေးစားချင်နေတယ်... ဆမ့်လိုဉာဏ်ရည်မပြည့်စုံတဲ့သူတစ်ယောက် တရားရင်ဆိုင်တာနိုင်ပါ့မလား? သမီးလေးကို သူပဲစောင့်ရှောက်ခွင့်ရပါ့မလား? ဆမ်နဲ့သူ့သမီးလေးတူတူပြန်နေနိုင်ပါ့မလား? ဆိုတာတွေကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့.....ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ Cynthia ဖြစ်ပါတယ်... File Size : (1GB) and (395 MB) Quality : Blu-Ray 720p Format…mp4 Duration…02:12:00 Genre ...
movie
I Am Sam(2001)
2001
7.3
Please Stand By (2017)
၂၀၁၈ခုနှစ်ထွက်ပေါ့ပေါ့ပါးပါးနဲ့ဇာတ်မြူးမြူး Comedy/Drama ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။Wendy ဟာအရာရာတိုင်းကိုရှုထောင့်တစ်မျိုးနဲ့မြင်တတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူစိတ်ရှိသလိုပြောဆိုနေထိုင်လေ့ရှိပြီး ဉာဏ်ထက်တဲ့ကောင်မလေးတစ်ယောက်ဖြစ်သည့်အပြင် သူဟာအာရုံကြောဆိုင်ရာ ပြဿနာရှိသူဖြစ်ပါတယ်။ဒါကြောင့် သူ့ကိုအကြံပေးဆွေးနွေးပေးတဲ့သူတစ်ယောက်ထားရှိပေးထားရပါတယ်။သူ့အတွက်တော့ လူတွေဟာအလွန်ပွေလီရှုပ်ထွေးတဲ့စကားဝှက်တစ်ခုဖြစ်ပြီး ကမ္ဘာကြီးဟာလည်း ရှုပ်ထွေးလှသည့်နေရာတစ်ခုပဲဲဖြစ်ပါတယ်။သူ့ကိုဆွေးနွေးအကြံပြုနေသူရဲ့လွှမ်းမိုးမှုအောက်မှာပဲ တစ်နေ့သာပုံမှန်လုပ်ဆောင်စရာလေးတွေကိုလုပ်ရင်းပဲ အရွယ်ရောက်လာပြီးနောက် တစ်နေ့မှာပဲသူနေ့စဉ်ကြည့်လေ့ရှိတဲ့ တီဗီအစီအစဉ်တစ်ခုကနေ ဇာတ်ညွှန်းရေးပြိုင်ပွဲတစ်ခုကို သူကြည့်ရှုလိုက်ရပါတယ်။အဲဒီကစပြီး သူဉာဏ်ကွန့်မြူးပြီး သီကုံးဖန်တီးထားတဲ့ စာမျက်နှာ၅ဝဝပါ ဝထ္တုလေးကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် အားလုံးမသိအောင်ထွက်ပြေးပြီး ပြိုင်ပွဲရှိရာဆီသွားဖို့ စီစဉ်ပါတော့တယ်။ဇာတ်လမ်းလေးဟာ ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးမြူးမြူးကြွကြွလေးမို့ ကြည့်ရတာအပန်းပြေစေမှာပါ။Rating အနေနဲ့လည်း 6.7 ထိရထားတဲ့အတွက် ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတွေကြည့်ပြီး အလုပ်အားချိန်လေး အနားယူချင်သူများအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ File Size : (750 MB) and (276 MB) Quality : WEB-DL 720p Running Time :1hr 33min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source ...
movie
Please Stand By (2017)
2017