Channel Myanmar

Daichi Kaneko

52-Hertz Whales (2024) 6.9
52-Hertz Whales (2024) မိသားစုရဲ့နှိပ်စက်မှုဒဏ်တွေကိုငယ်စဉ်ကတည်းက ခံစားလာခဲ့ရတဲ့ မီရှီမာခီကို ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ယောက် တစ်နေ့မခံ‌တော့တဲ့အဆုံး စူစိုက်လုပ်ဖို့ကြိုးစားနေစဉ်မှာပဲ ကျောင်းတုန်းကသူငယ်ချင်းနဲ့ အန်ကိုဆိုတဲ့‌ကျောင်းဆရာလေးနဲ့တွေ့ပြီး သူ့ဘဝလေး တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။သုံးယောက်သား ပျော်ရွှင်စွာအချိန်တွေအတူကုန်ဆုံးပြီးနောက် အန်ကိုက ခီကို့အပေါ် ချစ်ကြိုက်မိသွားတယ်။ တစ်နေ့မှာတော့ ခီကိုက အိုအီတာမြို့လေးကို ပြောင်းသွားပြီးနောက် မူရှိ(ပိုးကောင်) ဆိုတဲ့ ကလေးလေးနဲ့ဆုံတွေ့ခဲ့တယ်။ပိုးကောင်လေးက မိခင်ဖြစ်သူရဲ့ရိုက်နှက်မှုဒဏ်တွေခံလာခဲ့ရတဲ့ကလေးဆိုတော့ ခီကိုက နားလည်ခံစားမိသွားပြီး ကလေးကိုကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။အဲလိုနဲ့ ခီကိုတစ်ယောက် သူအလုပ်လုပ်‌နေတဲ့နေရာကအလုပ်ရှင်နဲ့ချစ်ကြိုက်သွားမိတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရမဲ့ ဂျပန်ဒရာမာ‌ကားကောင်းလေးပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:10:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing 
movie

52-Hertz Whales (2024)

Winny (2023) 6.5
Winny (2023)  ၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ "ဝင်နီ" ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ‌‌ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

Winny (2023)

Narratage(2017) 5.4
Narratage(2017) Narratage(2017)ဒီကားကတော့ ဂျပန်နိုင်ငံရဲ့ အရောင်းရဆုံးအချစ်ဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတာပါ....ကျောင်းတစ်ကျောင်းမှာ ခပ်လှလှကျောင်းသူလေးတစ်ယောက်ရှိတယ်...ငယ်ငယ်ထဲက တစ်ယောက်ထဲနေတတ်သလိုဖြစ်နေတတ်တဲ့သူမအဖို့ကျောင်းတော်ကြီးရောက်တော့ တခြားသူတွေနဲ့ယှဉ်ရင် အထီးကျန်ဆန်သလိုဖြစ်နေတယ်... ကိုယ့်ဘဝကိုယ် ဘယ်လောက်တောင်မကျေမနပ်ဖြစ်နေသလဲဆိုတော့ သတ်သေတဲ့အထိတောင်လုပ်ခဲ့ပါတယ်...သို့ပေမယ့် ဆရာတစ်ယောက်က သူမကို ကယ်တင်ခဲ့တယ်....အားငယ်အထီးကျန်နေတဲ့ ခပ်လှလှကျောင်းသူမလေးကို ဆရာက အကြင်နာတွေပိုခဲ့ စေတနာတွေပိုခဲ့မိတယ်....ကျောင်းရဲ့ သရုပ်ဆောင်သင်တန်းထဲကို ဆရာကထည့်ပေးခဲ့ပြန်တယ်...ကျောင်းသူလေးဟာ ဆရာအပေါ်လေးစားအထင်ကြီးစိတ်တွေအပြင် ၅၂၈ထက် အပေါင်း၁ ပိုခဲ့ပုံရပါတယ်...ကျောင်းသူလေးအတွက်တော့ တစ်ဖက်သတ်ခိုးဖတ်ခဲ့ရတဲ့ ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပါတယ်...ဆရာကတော့ အိန္ဒြေကြီးတစ်ခွဲသားနဲဲ့ပေါ့...ကံကောင်းတာလား ကံဆိုးတာလားမသိ....သူမကို ချစ်နေတဲ့ကောင်လေးတစ်ယောက်ကလည်းပေါ်လာပြန်တယ်...ကိုင်းဂျပန်အချစ်ဇာတ်လမ်းလှလှလေးတွေကြိုက်တဲ့သူတွေအဖို့ ခံစားကြည့်လိုက်ပါဦးဗျို့...၁၈+ အခန်းတစ်ချို့ပါလို့ မိသားစုနဲ့ကြည့်ရင် ကျော်ပြီးကြည့်ကြပါလို့ အားနာနာနဲ့ပြောပါရစေ...File Size : (980 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…02:20:00 Genre :  Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Nay Chi Encoded by Phyo Pyae
movie

Narratage(2017)

2017