Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chung Suet-Ying
5.8
The Lyricist Wannabe ( 2024 )
လူတိုင်းမှာ အိပ်မက်ရှိကြပါတယ်။ အိပ်မက်ရှိကြတဲ့ လူတိုင်းက အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီအိပ်မက်က ကိုယ့်ရဲ့ စိတ်ကူးယဉ်ရုံ သက်သက်ဆိုရင်ရော......လော်ရင်ရှီးဟာ အလယ်တန်းအရွယ်မှာပဲ သူ့အိပ်မက်လမ်းကြောင်းကို သေချာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သီချင်းစာသားဖြည့်သူတစ်ယောက် ဖြစ်ချင်တာတဲ့။ အဲဒီအိပ်မက်အတွက် ၁၀ နှစ်ကျော်အချိန်ပေးပြီး တစ်စိုက်မတ်မတ် ကြိုးစားနေခဲ့ပါတယ်။ဒါပေမဲ့ ကြိုးစားတိုင်း အောင်မြင်မှာမဟုတ်တာ လူ့ဘဝ ဓမ္မတာပဲဖြစ်တဲ့အတွက် လော်ရင်ရှီးဟာလည်း အရှုံးတွေကို ရင်ဆိုင်ရတာ ပုံမှန်လို ဖြစ်နေခဲ့ပါတယ်။ သီချင်းစာသားဖြည့်သူဖြစ်ဖို့အတွက် လမ်းကြောင်းပြသူမရှိ၊ ဝင်ငွေမရှိဖြစ်နေပြီး ကိုယ်တိုင်က အခမဲ့ရေးပေးမယ်လို့ ပြောတာတောင် အထင်သေးခံနေရပါသေးတယ်။ နေ့စဉ်နဲ့အမျှ ဒီအိပ်မက်အတွက် ကိုယ့်မှာ ပါရမီ ပါရဲ့လားလို့ သံသယဖြစ်နေခဲ့ရပါတယ်။ဆယ်နှစ်တာ အချိန်အတွင်း လော်ရင်ရှီးတစ်ယောက် သူ့အိပ်မက်အတွက် ဘယ်လို ကြိုးစားမှုတွေ လုပ်ခဲ့သလဲ...... အကြိမ်ကြိမ်ကြိုးစား အကြိမ်ကြိမ်ရှုံးနိမ့်ရတဲ့ ဘဝမှာ ဘာအတွက်ကြောင့် သူ့အိပ်မက်တွေအတွက် တောင့်ခံထားနိုင်ရတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 830 MB , 479 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Music Runtime ...
movie
The Lyricist Wannabe ( 2024 )
6
Twilight of the Warriors: Walled In (2024)
Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့ ဟောင်ကောင်မင်းသားတွေတစ်သီကြီးသရုပ်ဆောင်ထားတဲ့ အက်ရှင်ဝေဝေဆာဆာနဲ့ ဟောင်ကောင်မြို့ထဲက သီးခြားတံတိုင်းမြို့အကြောင်းအက်ရှင်ကားကိုတင်ပေးလိုက်ပါပြီ။ဇာတ်လမ်းကတော့ ၁၉ရာစုနှစ် ဟောင်ကောင်ရဲ့အုပ်ချုပ်ရေး မတည်ငြိမ်တဲ့ကာလကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ မဟာမိတ်အဖွဲ့က ဟောင်ကောင်ကိုပထမဆုံးခိုလှုံခွင့်ရဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်တဲ့အတွက် ဟောင်ကောင်ကိုခိုလှုံလာတဲ့ ဒုက္ခသည်တွေအများကြီးရောက်လာကြတယ်။ဟောင်ကောင်ရဲ့တစ်ချို့အပိုင်းတွေမှာ အုပ်ချုပ်ရေးမဲ့တဲ့အနေအထားဖြစ်နေတဲ့အတွက် လူမိုက်အုပ်စုဂိုဏ်းတွေဖွဲ့ပြီး ပိုင်နက်ရဖို့ အင်အားပြိုင်တိုက်ခိုက် နေကြတဲ့အချိန်ဖြစ်တယ်။ ဒုက္ခသည်လူငယ်တစ်ယောက်က လူမိုက်ခေါင်းဆောင်တစ်ယောက်ကို ပြဿနာရှာမိရာကနေပြီးတော့ ကျိုလုံတံတိုင်းမြို့ကိုရောက်သွားပြီး ခိုလှုံရာကနေစတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအများကြီးမပြောတော့ပါဘူး မင်းသားကြီးတွေနဲ့ အရည်အသွေးရှိရှိရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် အက်ရှင်ကားကြိုက်သူတွေ ဟောင်ကောင်ဂိုဏ်းစတားကား ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲပြောပါရစေ။ Filesize : 3.5 GB / 1.19 GB / 716 MB Quality : WEB-DL 2160p (4K), 1080p , 720p Format : mp4 Genres : Action , Crime , Thriller Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub ...
movie
Twilight of the Warriors: Walled In (2024)
4K HEVC
6.4
Time (2021)
Time (2021) __________ IMDb Rating - 6.4/10ဟောင်ကောင်ကား ကောင်းကောင်းကြည့်ချင်တဲ့လူတွေအတွက် Ricky Koဆိုတဲ့ ဟောင်ကောင် ဒါရိုက်တာအသစ်ရဲ့ Debutရုပ်ရှင်ပါ။ သရုပ်ဆောင်တွေကတော့ Patrick Tse Yinနဲ့ Fung Bo-Boလို 1960ဟောင်ကောင်ရဲ့ နာမည်ကျော်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်တွေက သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ အက်ရှင်လည်းဟုတ်သလို တော်တော်လည်းရယ်ရတယ် ဒရာမာလည်း အသေချိုးတယ်။ ဒါရိုက်တာရဲ့ Debutအနေနဲ့ဆိုကောင်းတဲ့ အနေအထားရှိပါတယ်။ အရင်ဟောင်ကောင် ရုပ်ရှင်တွေရဲ့ အငွေ့အသက်ကိုပြန်ရတယ်။ လက်ရှိဟောင်ကောင်ရုပ်ရှင်အများစုနဲ့ ယှဉ်ရင်တော့ ရွှေပါပဲ။ဘာမှမဆိုင်အောင်ကို ကောင်းတယ်။ ဇာတ်အိမ်ပေါ့ပေါ့ပါးပါးနဲ့ တော်တော် ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ဇာတ်ကြောင်းကတော့ ကြေးစားလူသတ်သမား လူမိုက်၃ယောက်ရှိတယ်။ ငယ်စဉ်ကတော့ တော်တော် နာမည်ကြီးပြီး သူတို့ကို နိုင်တဲ့လူမရှိဘူး။ Timeဆိုတဲ့အတိုင်း ကာလတွေရွေလျောပြီး အိုမင်းလာကြတော့ ကိုယ်ပိုင်ဒုက္ခတွေ တစ်ပုံတပင်နေရတာကို ဟာသလေးနှောပြသွားတယ်။ နောက်တော့ ဘ၀မှာ လွတ်လွတ်လပ်လပ်ရှင်သန်ဖို့ ကိုယ့်အတွက်ကိုယ်ရှင်သန်ဖို့ ဘာညာပေါ့။ ဝါရင့် သရုပ်ဆောင်တွေချည်းမို့ သရုပ်ဆောင်လည်း ...
movie
Time (2021)