Channel Myanmar

Chris Sullivan

Merry Little Batman (2023) 6.4
Merry Little Batman (2023) Merry Little Batman (2023)~ IMDb - 6.4/10, Rotten Tomatoes - 94% ~ခရစ္စမတ်အန်နီမေးရှင်း တစ်ကားလုံးအပြည့်ကောင်းကောင်းတန်းတန်းကားလည်း မကြည့်ရတာကြာပြီ... ဘတ်မန်းအန်နီမေးရှင်းကိုလည်း မြင်နေကျပုံစံမဟုတ်ဘဲ ပုံစံအသစ်နဲ့မြင်ချင်တယ်ဆိုရင်ကြည့်ရမယ့် ဘတ်မန်းအန်နီမေးရှင်းကားအသစ်ပါပဲ။ ဒီကားကိုတော့ ထူးထူးခြားခြား ဝါနာဘရားသားက မထုတ်ဘဲ Metro-Goldwyn-Mayer ကနေ ထုတ်ထားပါတယ်။ ပြောရရင် ဝါနာဘရားသားက ထုတ်တာမဟုတ်တဲ့ ပထမဆုံး ဒီစီအန်နီမေးရှင်းကားပါပဲ။ ဘတ်မန်းရဲ့နာမည်ကျော်ဗီလိန်တွေ အကုန်ပါသလို ခရစ္စမတ်အရသာလည်း အပြည့်အဝရတာမို့ သိပ်မလိုတော့တဲ့ ခရစ္စမတ်ကို စောင့်မျှော်ရင်း ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်ဟာ ခင်ဗျားငယ်ငယ်က ပုတက်တို့ ကစ်ဇုန်တို့ရဲ့ ခရစ္စမတ်အထူးထုတ်တွေမှာ ဖတ်ရတဲ့ ကာတွန်းတွေရဲ့အရသာကို ပေးနိုင်ပါတယ်။ဇာတ်ကတော့ ထူးထူးခြားခြားပဲ။ ဂေါ်သမ်မြို့မှာ ဘာမှုခင်းမှမရှိတော့တဲ့ ကာလမှာတည်ထားတယ်။ ဂေါ်သမ်ဟာ ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော်အဖြစ်ပါ မဲပေးခံခဲ့ရတဲ့ကာလပေါ့။ ဘတ်မန်းကလည်း သူ့သား ဒေမီယန်ဝိန်းလေးကို ဖူးဖူးမှုတ်မတက် အိမ်မှာ ဂရုစိုက်နေပြီး ...
movie

Merry Little Batman (2023)

2023
Adopt a Highway (2019) 5.6
Adopt a Highway (2019) အားလုံးနဲ့ရင်းနှီးနေလောက်မယ့် မင်းသားကြီး Ethan Hawkeရဲ့Dramaကားသစ်တစ်ကားပါ။အမေရိကားမှာ 1994ကပြဌာန်းလိုက်ပြီးအဲ့အချိန်ကပြည်နယ်တစ်ချို့မှာလက်ခံကျင့်သုံးခဲ့တဲ့ ဥပဒေတစ်ခုရှိတယ်ပေါ့။အဲ့တာကတော့ Three Strike Lawလို့ခေါ်ပါတယ်။လူတစ်ယောက်က အဲ့ဥပဒေကိုကျင့်သုံးတဲ့ပြည်နယ်တစ်ခုမှာပြစ်မှုနှစ်ကြိမ်ကျူးလွန်ပြီးတတိယမြောက်ပြစ်မှုကိုကျူးလွန်လိုက်မယ်ဆိုရင်အဲ့အမှုကဘယ်လောက်ပဲသေးငယ်ပါစေနှစ်ရှည်ထောင်ဒဏ်ကျခံရမှာပါ။ဒီလိုနဲ့ဇာတ်ကားထဲကဇာတ်ကောင်ကမူးယစ်ဆေးလေးတစ်အောင်စ လက်ဝယ်တွေ့ရှိပြီးထောင်အနှစ်နှစ်ဆယ်ကျသွားပါတယ်။ထောင်ထဲဝင်သွားတုန်းက လူငယ်တစ်ယောက်ပေါ့ပြန်ထွက်လာတဲ့အချိန်မှာ သူသိပ်လိုက်မမှီနိုင်တော့ဘူး။သူ့ကိုဖေးမပြီးတွယ်တာမယ့်သူလည်း တစ်ယောက်မှမရှိတော့ဘူး။ဘဝမှာဘာလုပ်လို့လုပ်ရမှန်းမသိ၊ဘာအတွက်ရှင်သန်နေမှန်းမသိတာကမှတကယ်လမ်းပျောက်တာဆိုတာကို ခံစားမိစေတယ်။The Shawshank Redemptionထဲက"Brooks was here"ဆိုတာလေးကိုတောင်သတိရသွားမိတယ်။ဒီလိုနဲ့ တစ်ညမှာ သူအလုပ်လုပ်တဲ့ဆိုင်ရဲ့နောက်ဖက် အမှိုက်ပုံးထဲမှာ စွန့်ပစ်ခံထားရတဲ့ကလေးလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။တွယ်တာစရာမရှိတဲ့လူတစ်ယောက်စွန့်ပစ်ခံကလေးတစ်ယောက်ကိုတွေ့လိုက်တဲ့အချိန်မှာတော့......ဇာတ်လမ်းကအရှိန်တက်နေရင်းနဲ့ ကြည့်ရှုသူတွေအတွက်မျှော်လင့်ထားသလိုထိချက်ပြင်းပြင်းနဲ့ဇာတ်သိမ်းတစ်ခုမဟုတ်ခဲ့လို့လားတော့မသိratingတွေ အရမ်းကြီးမကောင်းခဲ့ပေမယ့်တကယ်မြောပြီးခံစားနိုင်မယ့် ဒရမ်မာကားတစ်ကားပါ။ File Size : ( 762 MB ...
movie

Adopt a Highway (2019)

2019