Channel Myanmar

Cho Jae-hyun

The Fatal Encounter (2014) 6.7
The Fatal Encounter (2014) The Fatal Encounter (2014) IMDb: 6.7/10 Genre: Action, Dramaကိုရီးယားနိုင်ငံသမိုင်းမှာ ဘုရင်ဂျောင်ဂျိုကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ဘုရင်ဂျောင်ဂျိူအနေနဲ့ ဗိုလ်ကြီးလို့သိကြတဲ့မင်းသားကြီး ဟျွန်းဘင်းကပါဝင်သရုပ်ဆောင်ထားပြီး မင်းကြီးရဲ့လူယုံတော်ဖြစ်တဲ့အထိန်းတော်အနေနဲ့ကတော့ Parters for Justice ထဲကမင်းသားဖြစ်တဲ့ ဂျန်ဂျယ်ယောင်းကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၇၇၇ခုနှစ်၊ဂျောင်ဂျိုဘုရင်ဟာ အုပ်ချုပ်မှုတစ်နှစ်အတွင်းမှာခြိမ်းခြောက်မှုတွေအဆက်မပြတ်ကြုံတွေ့နေရပါတယ်။ထိုအချိန်က အာဏာရနိုင်ငံရေးအုပ်စုဖြစ်တဲ့ နိုရိုအုပ်စုက အားလုံးကိုထိန်းချုပ်ထားပြီး နောက်ကွယ်ကနေ နိုင်ငံရေးကိုရော နန်းတွင်းကလူတွေကိုပါ ခြယ်လှယ်နေတာပါ။ မြို့ထဲမှာလည်း ကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး ကျွမ်းကျင်တဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်အောင် ပျိုးထောင်ပေးနေတဲ့ဂိုဏ်းကလည်းရှိနေပါတယ်။ အဲဒီလိုအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ နန်းတော်ထဲမှာ လျှို့ဝှက်စွာနဲ့ သူတို့လူတွေကို ဖြည်းဖြည်းချင်း နန်းတော်ရဲ့‌ နေရာတိုင်းမှာဖြန့်ထားပြီး အလုပ်လုပ်စေတာပါ။နန်းတော်ထဲမှာဒီလိုမျိုးလုပ်ခွင့်ရဖို့ဆိုတာ မျိုးရိုးကြီးတစ်ခုနောက်ခံရှိနေမှာသာလုပ်လို့ရမှာပါ။ နောက်ကွယ်မှာရှိနေတဲ့ အာဏာကြီးတဲ့လူကတော့ မယ်တော်မိဖုရားကြီးပါပဲ။ မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ကြံစည်သူတွေထဲမှာ မယ်တော်မိဖုရားကြီးလည်းပါဝင်နေပါတယ်။ ဒီလိုမျိုးနိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ အသက်ခြိမ်းခြောက်ခံနေရတဲ့ ငယ်ရွယ်တဲ့မင်းကြီးဟာ ယုံကြည်ရတဲ့သူဆိုလို့ ဂါ့ပ်ဆူလို့ခေါ်တဲ့အထိန်းတော်ကြီးပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီအထိန်းတော်ကြီးကလည်း လုပ်ကြံသတ်ဖြတ်သူဖြစ်လာဖို့ ငယ်ငယ်တည်းကဂိုဏ်းကလေ့ကျင့်ပျိုးထောင်ပေးထားပြီး မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ မင်းကြီးအနားမှာလျှို့ဝှက်စွာရှိ‌နေတဲ့ သူလျှိုတစ်ယောက်ဖြစ်နေပါတယ်။မင်းကြီးအနေနဲ့ဘယ်လိုဖြေရှင်းမလဲ ပြီးတော့ဒီလိုမျိုး ...
movie

The Fatal Encounter (2014)

2014
Bad Guy (2001) 6.6
Bad Guy (2001) Bad Guy (2001)တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ်ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင်ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထား ပုံဖော်သွားခဲ့တယ်။ သူ့ကားတွေများလွန်းလို့ အကုန်တော့ မကြည့်ဖူးသေးပေမဲ့ ကြည့်ဖူးသမျှထဲ Spring, Summer, Fall, Winter... and Spring နဲ့ 3-Iron ပြီးရင် ဒီကားကို သဘောအကျမိဆုံးပဲ။ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ...
movie

Bad Guy (2001)

2001
Sword in the Moon (2003) 5.9
Sword in the Moon (2003) [Unicode]Sword in The Moon (2003)ဂျိုဆောင်ခေတ်ကာလ စစ်သားနှစ်ဦးအကြောင်း Action-Adventure ကားတစ်ခုဖြစ်ပါတယ်။လရောင်ပေါ်ကဓား လို့ အမည်တွင်တဲ့ ဘုရင့်စစ်တပ်အဖွဲ့က ချွဲဂျီဟွမ်နဲ့ ချိုဂူယဲ နှစ်ယောက်ဟာ ညီအစ်ကိုလို သံယောဇဉ်အခိုင်အမာနဲ့ ခင်မင်ရင်းနှီးခဲ့ကြပေမယ့်...တစ်နေ့ လက်ရှိဘုရင်ကို ဖြုတ်ချပြီး ဘုရင်အသစ် နန်းတက်တဲ့အခါ ချိုဂူယဲဟာ သူ့တပ်ဖွဲ့ကိုငဲ့ကာ လက်ရှိဘုရင်ဆီ သစ္စာခံလိုက်ရပြီးချွဲဂျီဟွမ်ကတော့ အရင်ဘုရင်ဟောင်းဘက် သစ္စာခံရင်း ပျောက်ကွယ်သွားခဲ့ပါတယ်။နှစ်အတော်ကြာတဲ့အခါ ချိုဂူယဲဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကွက်မျက်သူ အဖြစ် အမည်တွင်ကာ ဘုရင်သစ်ထံ အမှုထမ်ဆောင်နေရင်း ချွဲဂျီဟွမ်ဟာ ဘုရင်ဟောင်းအတွက် ကလဲ့စားချေဖို့ ပြန်ထွက်ပေါ်လာတဲ့အခါ...ဆန့်ကျင်ဘက်ဖြစ်သွားတဲ့ ညီအစ်ကိုလို ခင်မင်ကြသူ စစ်သားနှစ်ဦးရဲ့ အားပြိုင်မှုနဲ့အတူ အဆုံးသတ်ဟာ သူတို့အချင်းချင်း ရန်သူလုံးဝ ဖြစ်သွားမလား ထာဝရမိတ်ဆွေအဖြစ် ရှိနေမလား ဆိုတာကို အတိုက်အခိုက်တွေကြားက န်ုင်ငံရေးအရှုပ်တော်ပုံဆန်ဆန် ကြည့်ရှုရမှာပါ ။( အညွှန်းရေးသားထားသူကတော့ Deer ပါ ) [Zawgyi]Sword in The Moon ...
movie

Sword in the Moon (2003)

The Executioner (2009) 6.2
The Executioner (2009) [Unicode]The Executioner ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့ အကျဉ်းထောင်မှာ အလုပ်လုပ်ကြတဲ့ ရဲအရာရှိတွေရဲ့ ဘဝကို ဖော်ပြပေးထားပါတယ် လူဆိုး လူမိုက် သူခိုး လူလိမ်တွေ အများအပြား စုဝေးရာ ဒုစရိုက်လောကသားတွေ လူသတ်သမားတွေ များစွာရှိနေတဲ့ ဒီလို အကျဉ်းထောင်မှာ အလုပ်လုပ်ရတဲ့ သူတွေရဲ့ အခက်အခဲတွေကို မြင်တွေ့ရမှာပါ...ဇာတ်လမ်းအကျဉ်းအို့ဂျယ်ယောင်းဟာ အကျဉ်းထောင်မှာ အလုပ်လုပ်ဖို့ အသစ်ရောက်လာတဲ့ အရာရှိလေးတစ်ယောက်ပါ အသစ်ရောက်တဲ့ ရဲအရာရှိ အငယ်လေးမို့လို့ အကျဉ်းသားတွေက မထီမဲ့မြင်လုပ်ကြပါတယ်တစ်ရက်မှာတော့ ကွင်းဆက်လူသတ်မှုနဲ့ သေဒဏ်ချခံရတဲ့ အကျဉ်းသားတစ်ယောက် သူတို့ အကျဉ်းထောင်ကို ရောက်လာခဲ့ပါတယ် အဲ့လူက အို့ဂျယ်ယောင်းကို ပြဿနာရှာဖို့ ကြံနေချိန်မှာပဲ စီနီယာအရာရှိတစ်ယောက်ဖြစ်တဲ့ ဘယ်ဂျုံဟိုက ဝင်ရောက် ကူညီပေးခဲ့တဲ့နောက်...သိပ်မကြာခင်အချိန်မှာပဲ အကျဉ်းသား ၃ ယောက်ကို သေဒဏ်စီရင်ဖို့ အထက်က အမိန့်ကျလာပါတယ် စီရင်ပေးရမယ့်သူကို မဲနှိုက်ဆုံးဖြတ်တဲ့အခါ အို့ဂျယ်ယောင်းလည်း ပါဝင်နေခဲ့ပါတယ် အို့ဂျယ်ယောင်းတစ်ယောက် ဒီလို အလုပ်ကြီးကို လုပ်နိုင်ပါ့မလား ဘယ်လိုအခက်ခဲတွေ ဆက်ကြုံရမလဲဆိုတာ ဒီဇာတ်လမ်းမှာ ...
movie

The Executioner (2009)

Seondal: The Man Who Sells the River (2016) 6.5
Seondal: The Man Who Sells the River (2016) Seondal: The Man Who Sells the River (2016)_____IMDb - 6.5/10   ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ မြန်မာပရိသတ်အနေနဲ့ ရင်းနှီးပြီးသား မင်းသားချောလေး ယူဆောင်ဟို (YooS0ungHo) ရဲ့ အောင်မြင်တဲ့ဇာတ်ကားလေး တစ်ကားပါ ။ ဒီဇာတ်ကားမှာ ယူဆောင်ဟိုက တရုတ်ပြည်ကို ကျွန်အဖြစ် ရောင်းစားခံရပြီး စစ်ပွဲမှာ မသေခဲ့ပဲထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကင်အီနွန်းအဖြစ် သရုပ်ဆောင် ထားပါတယ်…. ကင်အီနွန်းက သူနဲ့အတူလွတ်မြောက်လာတဲ့တခြား နှစ်ယောက်ရယ်ပေါင်းပြီး ညီအစ်ကိုလို ချစ်ချစ်ခင်ခင်ပျော်ရွင်စွာနေထိုင်နေကြတယ်… သူတို့ရဲ့အသက်မွေးကျောင်းကတော့ လူလိမ်တပါတ်ရိုက် ရိုက်စားပေါ့ဗျာ… ကင်အီနွန်းရဲ့ ရိုက်စားအကွက်တွေက လှလွန်းတော့“ မုသားသခင်”ရယ်လို့ဆိုပြီး နာမည်ကျော်ပေါ့… သူကလည်းအတင့်ရဲချက်ကမ်းကုန် ဘုရင့်ဘဏ္ဍာတိုက်တောင်မနေရဘူး ရအောင်ဖောက်တယ် ။ ဒါကြောင့် ဘုရင့်တရားရုံးကလည်း အလိုရှိနေတဲ့ ထိပ်တန်းလူလိမ်လေး။ တစ်ခါမှတော့ ဆောဒယ်ဆောင်းရဲ့ဆေးရွက်ကြီးတွေ ဖျောင်ဖို့ကြိုးစားရင်း မအူမလည်သူတို့ရဲ့ညီငယ်လေး အသက်ပေးသွားရတယ်…. ဆောဒယ်ယောင်း ဆိုတာကလည်း ဘုရင့်ဆွေတော်မျိုးတော် ဦးရီးတော် လောဘကြီးသူ ကိုယ့်အတွက်သာကိုယ်ကြည့်ပြီး ဂျိူဆွန်းနိုင်ငံသားများကို တရုတ်သို့ ကျွန်အဖြစ်ရောင်းစား ဆေးရွက်ကြီးတွေလုပ်နဲ့ တရုတ်ကိုတော့အသေဖားနေတဲ့လူကြီးပေါ့… ငွေကြေးအင်အားကလည်းတောင့်တင်း တရုတ်ကိုလည်းပိုင်ဆိုတော့ ဘုရင်ကတောင် မနိုင်လို့ လက်မှိုင်ချနေရတဲ့ လူလည်ကြီး မုသားသခင် ကင်အီနွန်းကလည်း ညီငယ်အတွက် ...
movie

Seondal: The Man Who Sells the River (2016)

2016