Channel Myanmar

Chieko Baishô

Tora-san, Wish You Were Here (2019) 6.7
Tora-san, Wish You Were Here (2019) [Unicode]Tora San 50: Welcome Back (2019)IMDb rating- 6.7/10 Genre - Comedy , Dramaဂျပန်နိုင်ငံရဲ့ရှီဘမတဘူတာရုံအပြင်ဘက်မှာဆိုရင် ဘောင်းဘီအိပ်ကပ်ထဲကိုလက်တစ်ဖက်ထည့်ထားပြီး တစ်ဖက်ကလက်ဆွဲအိတ်ကိုကိုင်ထားတဲ့ရုပ်တုတစ်ခုရှိပါတယ်။သူကအပေါ်ထပ်ဂျာကင်နဲ့ဝတ်စုံပြည့်ဝတ်ထားပေမဲ့ ဆောင်းထားတဲ့ဦးထုပ်နဲ့စီးထားတဲ့ခြေညှပ်ဖိနပ်ကြောင့် တိုကျိုမြို့သားတစ်ယောက်မဟုတ်တာသိသာပါတယ်။အနီးကပ်ကြည့်လိုက်ရင်တော့ လူတွေက ခဏခဏထိကိုင်ပြီးကံကောင်းစေဖို့ဆုတောင်းတဲ့အတွက်ကြောင့် ပြောင်လက်နေတဲ့ သူ့ရဲ့ဘယ်ဘက်ခြေမကိုတွေ့ရမှာပါ။ ဒီရုပ်ထုဟာ Tora-San ဖြစ်ပါတယ်။Tora sanဆိုတာ ၁၉၆၉ကနေ ၁၉၉၉ထိဆက်တိုက်ထုတ်လွှင့်ခဲ့တဲ့ It's tough being a man ဆိုတဲ့ seriesထဲက ဇာတ်လိုက်ကာရိုက်တာပါ။ဒီ seriesကိုဂျပန်နိုင်ငံမှာ ၁၉၉၉ရောက်တဲ့အထိနှစ်စဉ်ထုတ်လွှင့်ခဲ့ပြီး Toraအဖြစ်သရုပ်ဆောင်တဲ့ Atsushi Kiyomi ဆုံးပါးသွားမှရပ်တန့်ခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ seriesရဲ့ နံပါတ်စဉ်၅၀မြောက်ဇာတ်ကားဖြစ်သလို series စတင်ထုတ်လွှင့်တဲ့နှစ်၅၀ပြည့်တဲ့အထိမ်းအမှတ်နဲ့လည်းတိုက်ဆိုင်နေပါတယ်။ဒီဇာတ်ကားထဲမှာတော့ Tora-sanရဲ့တူလေးဖြစ်သူ မစ်ဆုအိုက မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သမီးနဲ့အတူနေထိုင်ရင်း စာရေးဆရာတစ်ယောက်ဖြစ်ဖို့ကြိုးစားနေပါတယ်။သူ့ရဲ့ပွဲဦးထွက်စာအုပ်ဖြစ်တဲ့"အရိပ်ပမာမိန်းမပျိုငယ်"စာအုပ်ကလူကြိုက်များနေပြီး နာမည်ရတဲ့ဝတ္တရေးသူတစ်ယောက်ဖြစ်လာတဲ့အချိန်ပါ။ဒီအချိန်မှာသူ့နဲ့လွဲခဲ့တဲ့ငယ်ချစ်ဦးက ဂျပန်ကိုပြန်ရောက်လာခဲ့ပါတယ်။သူတို့တွေပြန်ဆုံဖြစ်တဲ့အချိန်မှာ လွမ်းစရာအမှတ်တရဟောင်းတွေနဲ့အတူ သူတို့ချစ်ရတဲ့Tora-sanနဲ့တိုက်ဆိုင်တဲ့အရင်ပုံရိပ်တွေကလည်း အမှတ်ရစရာပေါ်ထွက်လာပါတယ်။ချစ်ရတဲ့အချစ်ဦးနဲ့ပြန်တွေ့ချိန်မှာ ရှေ့တိုးရခက်နောက်ဆုတ်ရခက်အနေအထားဖြစ်နေတာကြောင့် ဘာပဲဖြစ်လာဖြစ်လာတိုင်ပင်လို့ရတဲ့ဦးလေးကို သတိရလာပါတယ်။မစ်ဆုအိုလိုအပ်ချိန်တိုင်းမှာရှိနေပေးတဲ့ မျက်နှာလေးထောင့်နဲ့ချစ်စရာကောင်းတဲ့ဦးလေးတိုရာရဲ့ ရယ်စရာအပြုအမူတွေဦးလေးကိုသဘောကျပြီးလက်ထပ်ချင်ပေမဲ့ ...
movie

Tora-san, Wish You Were Here (2019)

Howl’s Moving Castle (2004) 8.2
Howl’s Moving Castle (2004) Studio Ghibi ရဲ့ animation ကားကောင်းလေးတွေ ကိုမျော်လင့်နေတဲ့ပရိတ်သတ်တွေအတွက်အရမ်းမိုက်တဲ့ ဂျပန်animationကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂျပန်Animation ကားလေးတွေဟာဆိုရင်ပြောစရာမလို လောက်အောင်ကောင်းမွန်မယ်ဆိုတာပရိတ်သတ်တွေသိရှိပြီးဖြစ်မှာပါ မှော်ဇတ်လမ်းတွေကြိုက်တဲ့ပရိတ်သတ်တွေအတွက်ကတော့ကွက်တိပါပဲ ဇတ်လမ်းလေးကတော့အလွန်လှပတဲ့ဦးထုတ်ရောင်းတဲ့ ကောင်မလေးဆိုဖီအလွန်ထူးဆန်းတဲ့လူပုံစံဆောက် လုပ်ထားတဲ့မှော်ရဲတိုက်ရှင်စုန်းထီးလေးဟအိုယုသူတို့နှစ်ယောက် ဘယ်လိုမတော်တဆတွေ့ကြမလဲလူသားနဲ့စုန်းထီး ဘယ်လိုပေါင်းစပ်ခွင့်ရမလဲဟအိုယုရဲ့နှလုံးသားကိုလိုချင်နေတဲ့ စုန်းမကြီးကဟအိုယုနဲ့ဆိုဖီအကြောင်းကိုသိသွားတဲ့ အချိန်မှာဆိုဖီလေးကိုကျိန်စာတိုက်လိုက်တဲ့အချိန်မှာတော့ အလွန်ချောမောတဲ့ကောင်မလေးဆိုဖီဟာ အဖွားအိုတစ်ယောက်အဖြစ်ပြောင်းလဲသွားတဲ့ အခါမှာကောလောကဓံကိုသူမဘယ်လိုရင်ဆိုင် မလဲဟအိုယုနဲ့ကောပြန်တွေ့ကြမှာလားစုန်းထီးလို့ဆို ပေမဲ့စိတ်သဘောထားအလွန်နူးညံ့တဲ့ ဟအိုယုတစ်ယောက်လူသားတွေနဲ့ မိစ္ဆာတွေစစ်မက်ဖြစ်ပွားလာတဲ့အချိန်မှာလူသားတွေဘက်က ဘယ်လိုဦးဆောင်ပြီးတိုက်ခိုက်မလဲဆိုဖီလေးရဲ့ ကျိန်စာကောပျက်ပြယ်သွားမှာလားဒီအတိုင်းအဖွားကြီးတစ်ယောက်အဖြစ် တစ်သက်လုံးနေသွားရမလားဆိုတာစိတ်ဝင်တစား စောင့်ကြည့်ရမှာပါanimation ကိုအရမ်းကြိုက်တဲ့ ပရိတ်သတ်တွေအတွက်ကတော့ကျေးနပ်အားရမှုအပြည့်အဝဖြစ်စေ မယ်လို့အာမခံရင်းကြည့်ရူလိုက်ကြပါအုံးနော်File Size - 1.7 GB Quality - Bluray 1080p Subtitle - Burmese (Hardsub) Translator - Sane Khet Encoder - Thit San Khant
movie

Howl’s Moving Castle (2004)

2004
Weathering with You (2019) 7.5
Weathering with You (2019) Weathering With You (2019)****************************( 天気の子 )သဘာဝ ၏ ရင်သွေးငယ်"နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ?? ကောင်းကင်ပြာကြီးထက် နင့်ကို ပိုပြီး လိုချင်တယ်" ~Morishima Hodakaဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း... ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား...?? ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ်ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါကျွန်တော်တို့လည်း အဲ့ဒီ ၁၆ နှစ်သားကောင်လေးလို မိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား?ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင်...အရင်ဆုံးပြောချင်တာက ဒီကားကို အားလုံးလိုလိုကြည့်ပြီးလောက်ကြပါပြီ Cam Version ကနေစလို့ ထပ်ထွက်တဲ့ WebRip အထိပေါ့ ဒါကိုမှ ထပ်ထွက်တဲ့ အကြည် Blue-ray မှာ ကွာလတီအပြည့်နဲ့ပြန်ခံစားလို့ရအောင် သိမ်းချင်လဲသိမ်းထားလို့ရအောင် ထပ်လုပ်ပေးတဲ့သဘောပါပဲ။ ဘာကွာသွားလဲဆိုရင် ကြည့်သာကြည့်ကြည့်ပါလို့ပဲပြောပါရစေ။ မိုးစက်မှုံလေးတွေကအစ နေ‌ရောင်ခြည်အဆုံး ကာလာစုံလွန်းလို့ပါ ဖြစ်နိုင်ရင် တီဗွီနဲ့သာကြည့်ပါ။ဆိုတော့ ဇတ်လမ်းကိုတော့ ...
movie

Weathering with You (2019)