Channel Myanmar

Chi Zhiqiang

Drug Hunting ( 2024 ) 5.9
Drug Hunting ( 2024 ) ဒီဇာတ်ကားကတော့ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေတဲ့ မူးယစ်ရာဇာဂိုဏ်းသားတွေကို တရုတ်နိုင်ငံကရဲတွေဖမ်းတဲ့ပုံစံကိုမှ ဒရမ်မာလေးနည်းနည်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။နိုင်ငံခြားကနေ မကြာသေးခင်ကမှပြန်လာပြီး ထျန်းပို့ဆောက်ဆက်သွယ်ရေး company ရဲ့ လက်ထောက်ဒါရိုက်တာဖြစ်လာတဲ့ပေ့ပေ့ ပန်းချီဆွဲရတာကိုဝါသနာပါပြီး တစ်နေ့ကျ ပန်းချီပြခန်းတစ်ခုဖွင့်ဖို့ကြိုးစားနေတဲ့ရွှယ်အာမူးယစ်ဆေးတိုက်ဖျက်ရေးဌာနရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ခေါင်းဆောင်လင် ပေ့ပေ့တစ်ယောက်နိုင်ငံခြားကပြန်လာပြီးတော့ ရည်းစားဟောင်းဖြစ်တဲ့ ခေါင်းဆောင်လင်ကိုပြန်ဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ် ။ ဒါပေမဲ့ ခေါင်းဆောင်လင်က ပေ့ပေ့ဦးလေးနဲ့အစ်ကိုဖြစ်သူက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့သံသယရှိနေခဲ့တာပါ ။ရည်းစားဟောင်းနဲ့ပြန်အဆင်ပြေချင်တဲ့ ပေ့ပေ့တစ်ယောက် ညီမလေးရွှယ်အာအတွက် ပန်းချီပြခန်းဖွင့်ဖို့စပွန်စာပေးခဲ့ပေမဲ့လည်း ခေါင်းဆောင်လင်ကသူ့ကိုလက်မခံတဲ့အပြင် ရည်းစားရှိနေတာပါသိလိုက်ရပါတယ် ။အဲဒီအချိန် ခေါင်းဆောင်လင်ကလည်း မူးယစ်ရာဇာတွေနောက်ကိုလိုက်ရင်း သဲလွန်စတွေတစ်ခုပြီးတစ်ခုရလာချိန်မှာတော့.. ခေါင်းဆောင်လင်နဲ့ပေ့ပေ့ကြားဘယ်လို အခက်အခဲတွေပေါ်လာမလဲ ? မူးယစ်ဆေးအပြစ်ကျူးလွန်သူတွေကိုရော ဖမ်းမိနိုင်မလားဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်လို့စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Crime Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Drug Hunting ( 2024 )

Ice Sniper 2 ( 2023 ) 6.2
Ice Sniper 2 ( 2023 ) ဒီတစ်ခါတင်ဆက်ပေးလိုက်တာတော့ စစ်ကိုအကြောင်းပြပြီး ရတနာသိုက်ကိုသိမ်းဖို့ကြံတဲ့ ကူမင်တန်အရာရှိတစ်ယောက်နဲ့ ပြည်သူတွေအတွက် ရသမျှနည်းလမ်းနဲ့ အစွမ်းကုန်တော်လှန်တဲ့ ကွန်မြူနစ်စနိုက်ပါသမားတစ်ယောက်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဂျပန်တော်လှန်ရေးအပြီး ကွန်မြူနစ်နှဲ့ ကူမင်တန်တွေရဲ့ပြည်တွင်းစစ်ပွဲအတွင်းအချိန်မှ ာ တရုတ်ပြည်အရှေ့မြောက်ပိုင်း တုံးပေဒေသ မုံဟူတောင်ခြေမြို့လေးမှာ တပ်နှစ်တပ်ဟာ ရက်များစွာအပြန်အလှန်ပစ်ခတ်ရင်း အခြေနေတင်းမာနေပါတယ်။မုံဟူတောင်ဂိုဏ်းခေါင်းဆောင် ကျန်းတုံးရှန်းဟာ ဂျပန်တော်လှန်ရေးစစ်ပွဲမှာပါဝင်ခဲ့တဲ့ မျိုးချစ်ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူ့ဘက်တော်သားဖြစ်တဲ့ ကွန်မြူနစ်တပ်နဲ့ပူးပေါင်းဖို့ နားချဖို့ရာ ယန်ကျန့်ဖုန်းဆိုတဲ့ လက်ဖြောင့်စနိုက်ပါသမားကို တာဝန်ပေးလိုက်ပါတယ်။ဉာဏ်များတဲ့ ကူမင်တန်အရာရှိရဲ့လှည့်ကွက်တွေနဲ့ ကွန်မြူနစ်စနိုက်ပါရဲ့ ဉာဏ်ရည် ဘယ်ဟာကပိုမြင့်လဲဆိုတာယှဉ်ပြိုင်ကြမှာပဲဖြစ်ပါတယ်။ စစ်ပွဲချည်းပဲမဟုတ်ပဲ တောင်တွေကိုကြီးစိုးတဲ့ ဓားပြဂိုဏ်းတွေရော ဒရာမာလေးတွေပါပါတဲ့အတွက် သမာရိုးကျစစ်ကားတွေထပ် ကြည့်ရတာပိုသွက်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ice Sniper 2 ( 2023 )

The Most Beautiful Retrograde ( 2020 ) 5.9
The Most Beautiful Retrograde ( 2020 ) အခု ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရတဲ့ ကပ်ဆိုးကြီး ကိုရိုနာ (ခ) ကိုဗစ်ပေါ့ဒါစဖြစ်ခဲ့တာ ဝူဟန်ဆိုတာ အားလုံးသိကြမှပါ။ ဒီဝူဟန်မှာ စဖြစ်ခဲ့တဲ့ကူးစက်ရောဂါကို ဝူဟန်ပြည်သူ ပြည်သားတွေ ဘယ်လိုရင်ဆိုင်ခဲ့ရတယ်ဆိုတာကျွန်မတို့ ရာနှုန်းပြည့် မသိပေမယ့် ဒီကားလေးကတော့ အနီးစပ်ဆုံး ခံစားမိအောင် ရိုက်ကူးထားပါတယ်...ဒီဇာတ်ကားလေးမှာတော့ ဝူဟန်ကူးစက်ရောဂါ ဘယ်ကစတယ်ဆိုတာထက်ဝူဟန်ကနေ တခြား ပြည်ကို ဘယ်လို ပျံ့သွားတယ်ဆိုတာရယ်ဝူဟန်ဆိုတဲ့ မီးခိုးတိတ်တိုက်ပွဲကြီးကို အဖြူရောင်စစ်သည်နဲ့ အစိုးရရဲအဖွဲ့၊နောက်ပြီး အုပ်ချုပ်သူ အစိုးရ၊ နောက်ဆုံးငွေရှင်လုပ်ငန်းရှင်တို့ ဘယ်လိုအချိတ်ဆက်မိမိ ကြိုးစားခဲ့တယ်ဆိုတာကို အနည်းအကျဉ်းဖော်ပြထားသလို...ကူးစက်ခံလိုက်ရတဲ့ မိသားစုတွေခံစားချက်၊ ဘယ်လို အားနည်းချက်ကြောင့်ကူးစက်ခံလိုက်ရတယ် နောက်ပြီး ဘယ်လိုတွေ နေထိုင်သင့်တယ်ဆိုတာလည်း တင်ဆက်ထားပါသေးတယ်...ဒီဇာတ်လမ်းမှာတော့ သံသယပိုးရှိသူ ကို ဖမ်းရင်း အကူးစက်ခံလိုက်ရတာကိုဆေးရုံသွားနောက်ကျခဲ့တဲ့ ရဲမေမလေးအကြောင်း၊ မိသားစုကိုပစ်ပြီးတိုက်ပွဲဝင်နေပေမယ့် တာဝန်ကြောင့် မိသားစုကိုတောင် ဒီရောဂါပိုးအကြောင်း ပြောပြခွင့်မရှိတဲ့ ဆရာဝန်တွေအကြောင်း၊ လူနာကိုကာကွယ်ဖို့ ကြိုးစားရင်းကူးစက်ခံလိုက်ရတဲ့ သူနာပြုဆရာမလေးအကြောင်း...ကိုယ်တိုင်ခံစားရမှ သိနိုင်တဲ့ ခံစားချက်တွေကို ဇာတ်လမ်းကြည့်ရုံနဲ့ သိလိုက်မှာပါ။Translated & ...
movie

The Most Beautiful Retrograde ( 2020 )