Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chetan
7.9
Jama (2024)
Jama (2024) ဇာတ်သဘင်တန်ဒါဗန်ဦးဆောင်တဲ့ဇာတ်အဖွဲ့တစ်ခုမှာ ကာလီယာနမ်ဟာ မိန်းမဇာတ်ရုပ်ကိုသရုပ်ဆောင်သူရတစ်ဦးပါ ထိုဇာတ်အဖွဲ့ကိုမူလပထမတည်ထောင်ထောင်ခဲ့သူကသေဆုံးသွားပြီဖြစ်တဲ့ ကာလီယာနမ်ရဲ့ဖခင်ဖြစ်ပေမဲ့ အဖေ့ရဲ့မိတ်ဆွေဖြစ်တဲ့ လက်ရှိဇာတ်အဖွဲ့ကိုဦးစီးနေတဲ့ တန်ဒါဗန်အနားယူမှပဲ သူကဇာတ်အဖွဲ့ကိုရမှာပါဇာတ်အဖွဲ့မှာအဖွဲ့ဝင်ဆယ့်ခြောက်ယောက်ရှိပြီး အမျိုးသားဇာတ်ရုပ်ကို သရုပ်မဆောင်ရတဲ့တစ်ဦးတည်းသောသူကတော့ကာလီယာနမ်ပါ အဖွဲ့ထဲကသူ့သူငယ်ချင်းချန်ဒရာထွက်သွားပြီးနောက် မိန်းမဇာတ်ရုပ်မှန်သမျှကိုသူချည်းဒိုင်ခံကရပေးရပါတော့တယ် ယောက်ျားလေးဇာတ်ရုပ်ကိုလိုချင်ပေမဲ့ နွဲ့နှောင်းနေတဲ့သူရဲ့ပုံစံနဲ့ ယောက်ျားလေးဇာတ်ကောင်မလိုက်ဘူးလို့အနှိမ်ခံရပြီးအခွင့်အရေးမပေးခဲ့ပါဘူးတစ်ဖက်မှာလည်းရွာသားတွေကသူ့ကိုမိန်းမလိုမိန်းမရဖြစ်တယ်ဆိုပြီးလိုက်လံစနောက်နေကြပြီး သူ့အမေ့ကလည်းကာလီယာနမ်အမျိုးသမီးအနေနဲ့ဇာတ်ကတာကိုသဘောမကျ မိန်းမပေးစားဖို့ကိုအမျိုးအမျိုးစီစဉ်ပါတယ်ဒါေပမဲ့ကာလီယာနမ်ကတော့လက်ထပ်ဖို့ကသူ့အတွက်အရေးမပါဘဲ သူဘဝရည်မှန်းချက်အနေနဲ့ သူ့အဖေရဲ့ဇာတ်အဖွဲ့ကိုသာဦးစီးဖို့ကြိုးစားချင်နေသူပါငယ်ရွယ်တဲ့ဇာတ်သရုပ်ဆောင်တစ်ဦးအနေနဲ့ကွဲကွာနေတဲ့သူ့ရဲ့ချစ်ခြင်းမေတ္တာ သူ့အမေရဲ့ဆန္ဒ သူ့ရဲ့ဘဝရည်မှန်းချက်တွေကြားမှာသူ့အဖေရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းဖို့ကြိုးပမ်းမလဲ...…အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team မှပဲဖြစ်ပါတယ် File size…2.04GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Jama (2024)
8.3
Ayothi (2023)
Ayodhi (2023)IMDb-8.3/10အရာရာကိုအလိုမကျ ဒေါသကြီးနေတဲ့လူတစ်ယောက်နဲ့နေရတာ ဘယ်လိုနေမလဲ...?ဇနီးမိသားစုကိုလည်းစိတ်မရှည် အရာရာကိုအလိုမကျနေသူ ၊ အိမ်ထောင်ဦးစီးဆိုတဲ့စိတ်နဲ့ အမြဲခေါင်းငုံ့ခံလာတဲ့ဇနီး ၊ ဆယ်ကျော်သက်သမီး နဲ့ မူလတန်းကျောင်းသားလေးတို့ မိသားစု ဘုရားဖူးထွက်လာတဲ့ခရီးမှာ ဒေါသကြောင့်ပဲ ကားအက်ဆီးဒင့်ဖြစ်ပြီးဇနီးဖြစ်သူဆေးရုံရောက်သွားပါတော့တယ်ဇနီးရဲ့ အသက်လုပွဲအတွက်ဆေးရုံပြောင်းရချိန်မှာလည်း သူ့ဒေါသမာနကြောင့်နဲ့ လူနာတင်ကားရှာမရချိန်... သမီးဖြစ်သူရဲ့တောင်းပန်မှုကြောင့် သူစော်ကားခဲ့တဲ့ကားသမားရဲ့ သူငယ်ချင်းကပဲ ပွဲတော်ရက်မှာ မိသားစုကိုပစ်ပြီး ဆေးရုံကိုမောင်းပို့ပေးခဲ့ပါတယ်ဒေါသမာနကြီးတဲ့ လူကြီးတစ်ယောက်ဘဝအချိုးတစ်ကွေ့မှာ ပေးဆပ်မှုကြီးကြီးပေးလိုက်ရချိန် သူ့ဗီဇတွေရော ပြောင်းလဲလာမလား... ကိုယ်ချင်းစာနာစိတ်ဆိုတာဘယ်လောက်ထိတောင် စွမ်းအားကြီးသလဲဆိုတာကို ရှုစားရမှာဖြစ်ပါတယ်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Alexia ~ Dee ~ KKKZ တို့ပဲဖြစ်ပါတယ် File size…2GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Alexia ~ Dee ~ KKKZ
movie
Ayothi (2023)
2023
8.5
Viduthalai: Part I (2023)
Viduthalai Part I (2023)အသစ်ထွက်ရှိလာတဲ့ ဝါရင့်သရုပ်ဆောင် ဗီဂျေးစည်သူပတီ ပါ၀င်ထားတဲ့ တမီးလ်အက်ရှင်ကားလေးကိုတင်ဆက်လိုက်ပါတယ်... IMDb (8.5/10) နဲ့ Rotten Tomatoes (100%) ထိရရှိထားတာကြောင့် ရှယ်မိုက်တဲ့ တောင်ပိုင်းအက်ရှင်ကားတစ်ကားပါပဲ။ဇာတ်လမ်းကတော့...အိန္ဒိယတောင်ပိုင်းမှာ 1980 ခုနှစ်ကာလများဆီက စတင်ဖွဲ့စည်းခဲ့တဲ့ အစိုးရကိုဆန့်ကျင်တဲ့ တမီးလ်ပျောက်ကျားတပ်ဖွဲ့ တစ်ခုရှိခဲ့ပါတယ်၊အစိုးရက တမီးလ်ပြည်သူတွေကန့်ကွက်နေတဲ့ကြားက တောင်တန်းဒေသတစ်ခုမှာ မိုင်းတွင်းတူးဖို့ခွင့်ပြုမိန့်ပေးလိုက်ရာကနေ အဲ့ဒီဒေသမှာပဋိပက္ခတွေစတင်လာခဲ့ပြီး အခြေအနေတွေတင်းမာလာခဲ့တယ်။ဒါကို အစိုးရဘက်က မိုင်းတွင်းလုံခြုံရေးဆိုပြီး အထူးရဲတပ်ဖွဲ့တစ်ခုကိုပါ ထပ်မံအင်အားဖြည့်တင်းလိုက်ပေမယ့် ဒီအဖွဲ့ရဲ့မသမာမှုတွေကြောင့် ဒေသခံရွာသူရွာသားတွေနဲ့ပဋိပက္ခဟာ ပိုလို့သာဆိုးလာပါတော့တယ်။ ဒါကိုအစိုးရအနေနဲ့ပြေလည်အောင်မဖြေရှင်းနိုင်ဘဲ ရွာသားတွေနဲ့ပျောက်ကျားအဖွဲ့၀င်တွေကို ရှာဖွေဖမ်းဆီးဒဏ်ခတ်အရေးယူမှုတွေလုပ်လာတဲ့အခါမှာတော့....။ဇာတ်လမ်းဇာတ်ကွက်ကို စိတ်ကူးနဲ့ဖန်တီးထားပေမယ့် အဓိဇာတ်ကောင် ဗာသီယာကတော့ အပြင်မှာတကယ်ရှိခဲ့ဖူးတဲ့သူကို မှီငြမ်းပြီးရိုက်ကူးထားတာကြောင့် realistic ပိုဆန်တဲ့အရသာတွေကို ခံစားရမှာပါ။ File size…2.49GB / 1.12GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by BpL~Yunni~Sai~Nyein
movie
Viduthalai: Part I (2023)
2023
7.7
Repeat (2022)
Repeat 2022Crime/Thriller/Mystery (IMDb-7.8/10)တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။ မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့ တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။ ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။ တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။မဖြေရှင်းနိုင်တဲ့ရှုပ်ထွေးမှုတွေကြားက သဲလွန်စတွေကို တစ်စချင်းဆွဲထုတ်ရင်း ရင်တထိတ်ထိတ်ကြည့်ရမယ့် ရုပ်ရှင်မျိုးမို့ ခုပဲ Channel Myanmar မှာ ရှူစားလိုက်ပါတော့ခင်ဗျာ။ File size…1.9GB / 900MB Quality…1080p WEB DL HQ /720p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~HayMan~OeliuJ~Yunni
movie
Repeat (2022)
2022
7.8
Dejavu (2022)
Dejavu (2022) Thriller IMDb 7.8/10ဒီဇာတ်ကားကတော့ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပြီး အတွေးတွေဝေစေမယ့်တမီလ်ရုပ်ရှင်ကားတစ်ကားဖြစ်ပီး... လတ်တလောထွက်ထားတဲ့ D-Block ထဲကမင်းသားကို ခပ်မိုက်မိုက် ရဲတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါဇာတ်လမ်းအကျဉ်း တစ်ည ရဲစခန်းကို လူတစ်ယောက်ရောက်လာပြီး တိုင်ချက်လာဖွင့်ပါတယ် အကြောင်းရင်းက သူဟာ စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ဇာတ်လမ်းထဲကဇာတ်ကောင်တွေက သူ့ကိုဖုန်းဆက်ခြိမ်းခြောက်နေလို့ ရဲစောင့်ထားပေးပါလို့ လာတောင်းဆိုတာဖြစ်ပါတယ်လူကလည်းမူးနေတော့ ရဲတွေက ဒီလူမူးနေလို့ ရစ်တာပါဆိုပြီး ထင်မြင်ချက်ပေးပြီး ပြန်လွှတ်လိုက်တယ် အဲ့ဒီနေ့ညမှာပဲ ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်...ကောင်မလေးက မပျောက်ခင်မှာ ရဲထိန်းချုပ်ခန်းဆီ ဖုန်းဆက်ပြီး ဒီစာရေးဆရာနာမည်ကိုပြောသွားခဲ့ပါတယ်...မနက်စာရေးဆရာအိမ်ကို သွားစုံစမ်းတော့ တကယ်ပဲ သူရေးလက်စဇာတ်လမ်းက အပြင်ကဖြစ်ပျက်ပုံနဲ့ တထေရာတည်းတူနေတဲ့အခါ...ရှေ့ဆက်စိတ်ဝင်စားစရာ ဇာတ်လမ်းအချိုးအကွေ့တွေကို ဘယ်လိုအကြောင်းရင်းတွေနဲ့ ကြုံရမလဲဆိုတာကိုတော့ ပိတ်ကားပြင်ထက်မှာပဲ ဆက်လက်ရှုစားပေးကြပါ... File size…1.8GB / 845MB Quality…1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Thet Ko & Lwin Htoo Aung
movie
Dejavu (2022)
2022
6/9
Kuthirai Vaal(2021)
Kuthiraivaal (2022)လူတိုင်းက အိပ်မက်တွေမက်ဖူးကြတယ်မလား မက်နေတဲ့အိပ်မက်ထဲကအတိုင်းလက်တွေ့ဘဝမှာဖြစ်ပေါ်လာမယ်ဆိုရင်တော့ကမ္ဘာကြီးကရူးကြောင်ကြောင်နိုင်သွားမှာပါ ဒါပေမယ့်ဒီကားထဲမှာဆိုရင်တော့အိပ်မက်ကနိုးလာတဲ့ ဖရိုက်ဒ်တစ်ယောက် ထူးဆန်းစွာပဲအမြီးပေါက်လာခဲ့တာပါအိပ်မက်လည်းသာမန်မဟုတ်ပါဘူး ကောင်းကင်ဝယ် နေနဲ့လတစ်ပြိုင်တည်းထွက်ပေါ်နေတဲ့နေရာတစ်ခုမှာ လှပတဲ့မြင်းက ခန့်ညားစွာနဲ့ရပ်နေခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီမြင်းမှာအမြီးရှိမနေခဲ့ပါဘူးဒီလိုနဲ့မြင်းနားမှာရပ်နေတဲ့ကောင်မလေးကို အမြီးဘယ်ရောက်သွားလဲမေးတော့ကောင်မလေးကခရမ်းချဉ်သီးနဲ့ပြန်ပေါက်ခဲ့ရာက ရုတ်တရက်အိပ်မက်ကလန့်နိုးသွားခဲ့ပါတယ်နိုးလာလာချင်း ကုတင်ပေါ်ကပြုတ်ကျခဲ့ပါတယ် အကြောင်းကတော့သူ့ကိုယ်ပေါ်မှာမြင်းအမြီးတစ်ခုပေါက်လာခဲ့လို့ပါပဲ ဒီလိုနဲ့ ဒီအမြီးဖြစ်ပေါ်လာပုံကိုဟူးရား၊နက္ခတ်ဗေဒင်ဆရာ၊ သင်္ချာဆရာတွေဆီလှည့်ပတ်သွားရင်းအကြံဉာဏ်တောင်းခဲ့ပါတယ် တစ်ယောက်ချင်းစီကမတူညီတဲ့အကြံဉာဏ်တွေပေးရင်းဖရိုက်ဒ်တစ်ယောက်လမ်းပျောက်နေခဲ့ပါတယ်ထူးဆန်းစွာနဲ့ဒီအမြီးကိုသူကလွဲပြီးဘယ်သူမှမမြင်နိုင်ကြောင်းသိရှိသွားခဲ့ပြီးသူ့ရဲ့အိပ်မက်ခရီးရှည်ကြီးကို ခရီးစထွက်ခဲ့ရာကဘယ်လိုထူးဆန်းထွေလာတွေတွေ့မလဲအမြီးပေါ်လာတဲ့အကြောင်းအရင်းကိုရောရှာတွေ့သွားမှာလား အမြီးကရောပျောက်သွားနိုင်မှာလားIMDb 6.8ရရှိထားပြီး Netflix ကထုတ်လွှင့်တဲ့ ဇာတ်ကားဖြစ်တဲ့အပြင်တွေးစရာတွေတစ်လှေကြီးနဲ့ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်ရှုနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းကိုတော့ Yunniမှရေးသားပေးထားပါတယ်) File size…2GB / 900MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Yunni
movie
Kuthirai Vaal(2021)
2021