Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cherry Ngan
6
Crisis Negotiators ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကတော့အမှုတစ်ခုဖြစ်တိုင်း ပြစ်မှုကျူးလွန်သူတွေ လက်နက်မချ အညံ့မခံတဲ့အခါမျိုးမှာတစ်ဖက်နဲ့ တစ်ဖက်ပြန်မတိုက်ခင်ရဲနဲ့ အပြစ်သားကြားမှာ ညှိနှိုင်းဆွေးနွေးမှုလုပ်ရတာပေါ့။ဒီလိုမှမရတဲ့အဆုံးမှာ လက်နက်သုံးတိုက်ခိုက်တဲ့အထိဖြစ်လာကြတာရဲဌာနရဲ့လုပ်ငန်းစဉ်ပါပဲ။ဒီဇာတ်လမ်းထဲမှာ ကျောဝန်ဝေ၊ရှဲ့ကျားကျွင့်၊ကျန်းရုံကျာတို့က အကျွမ်းကျင်ဆုံး ညှိနှိုင်းသူတွေဖြစ်ပြီး ရှဲ့ကျားကျွင့်ကလက်နက်မသုံးသွားပဲ တဖက်အပြစ်သားကိုလက်နက်အညံ့ခံလာအောင် လုပ်နိုင်တဲ့အထိ ညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ကျောဝန်ဝေကနည်းနည်းစိတ်ဆတ်သူဖြစ်ပြီး တည့်တိုးညှိနှိုင်းသည့်အဆုံးမရရင် လက်နက်သုံးတိုက်ခိုက်တဲ့အရည်အချင်းရှိသူ။ ဒီလိုနဲ့တစ်နေ့မှာရှဲ့ကျားကျွင့်အလုပ်ထွက်သွားပြီး လုပ်အားပေးအနေနဲ့လုပ်နေကာသုံးနှစ်ကြာပျောက်သွားခဲ့တယ်။ဒီသုံးနှစ်အတွင်းကျောဝန်ဝေနဲ့ကျန်းရုံကျာတို့ အတူတူအလုပ်ဆက်လုပ်ကြရင်းတစ်ဖက်မှာ ရဲဌာနလူမှုဖူလုံရေးရန်ပုံငွေ အလွဲသုံးစားမှုကိစ္စကို စုံစမ်းနေတယ်။ ဒီလိုနဲ့ကျောဝန်ဝေမွေးနေ့မှာ ကျန်းရုံကျာကသဲလွန်စရသွားပြီး နောက်တစ်နေ့ကျောဝန်ဝေကို ရန်ပုံငွေအလွဲသုံးစားလုပ်သူ မည်သူဖြစ်ကြောင်းပြောဖို့ချိန်းထားပေမဲ့ တဖက်ကတစ်လှမ်းရှေ့ရောက်ပြီး ကျန်းရုံကျာကိုသတ်သွားခဲ့တယ်။ဒီလိုနဲ့ ကျောဝန်ဝေကိုစွပ်စွဲပြီးဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ရာ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီလိုအမှန်တရားကိုမြတ်နိုးပြီး အမြဲတမ်း တည့်တိုးပြောတတ်တဲ့ ကျောဝန်ဝေတစ်ယောက် ဘယ်လိုဒီအမှုကိုဖော်ထုတ်မလဲဆိုတာတော့ ဒီဇာတ်လမ်းလေးကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.7 GB / 1 GB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : 2h Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie
Crisis Negotiators ( 2024 )
5.9
The Lost Legend ( 2023 )
ဒီတစ်ခါတော့ ပုံမှန်သင်္ချိုင်းဖောက်ထွင်းကားတွေနဲ့မတူတဲ့ တင်ဆက်ပုံနဲ့ မထင်မှတ်ထားတဲ့Plot twistedတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ချိုင်းဖောက်ထွင်းဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဖာချိုးဂိုဏ်းသားတွေဖြစ်တဲ့ ဟွမ်ရှောင်မန်တို့ဆရာတပည့်တွေဟာ သင်္ချိုင်းဖောက်ထွင်းတဲ့လောကကနေထွက်ပြီး သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားနေကြပါတယ်။ တစ်နေ့မှာတော့ ရဲစခန်းမှူးတစ်ယောက်ရောက်လာပြီး သူ့ရဲ့ဇနီးကိုကယ်ဖို့အတွက် နှစ် (၁၀၀၀) သင်္ချိုင်းလိုအမှောင်ဆုံးနေရာတွေမှာသာပေါက်တဲ့ တစ္ဆေဂျင်ဆင်းကိုရှာဖွေပေးဖို့ အကူအညီတောင်းလာပါတယ်။လူ့အသက်ကယ်ဖို့အရေးကြီးတဲ့အတွက် ဆရာတပည့်တွေဟာ တတ်သိပညာမနေသာပဲ ကူညီပေးဖို့သဘောတူလိုက်ကြတယ်။ သူတို့တောထဲကိုစဝင်လိုက်တာနဲ့ အမဲလိုက်မုဆိုးအဖွဲ့နဲ့ကြုံရပြီး ပြေးရင်လွှားရင်း ဆရာကြီးကသေနတ်မှန်ပြီးသေသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ လူ့အသက်ကယ်ဖို့ကနေ ဆရာ့အတွက်လက်စားချေဖို့ ဒီသင်္ချိုင်းကရတနာတွေကိုဖောက်ထွင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဝင်္ကဘာလိုရှုပ်ထွေးလှတဲ့မြေအောက်နန်းတော်သင်္ချိုင်းကြီးထဲမှာ သူတို့တွေဟာလက်စားချေနိုင်ပါ့လား...... နောက်ကွယ်မှာဘယ်လိုမထင်မှတ်ထားတဲ့ အရာတွေရှိနေဦးမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Lost Legend ( 2023 )
6
Tales from the Occult ( 2022 )
ဒီဇာတ်ကားလေးဟာဆိုရင် မတူညီကွဲပြားတဲ့ နေရာဒေသ အချိန်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းသော ဇာတ်လမ်း (၃ ) ခုကို ကျောရိုးအခြေခံပြီး ဒါရိုက်တာ (၃) ယောက်ကနေ ရိုက်ကူးထားတာပါ ။ ဒီတော့ ဇာတ်ကားတစ်ကားထဲနဲ့ သုံးကားကြည့်ရသလို ခံစားစေရမှာအမှန်ပါပဲ ။ အခုတော့ ဇာတ်လမ်းအကျဥ်းလေးနဲ့ တစ်ချက်မိတ်ဆက်ပေးပါမယ် ။❏ မှောင်မဲနေသော ထောင့်စွန်းတစ်နေရာမှ အရိပ်ဆိုး ❏နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ ယိုယာ တစ်ယောက် သူမရဲ့ အိမ်ဟောင်းကနေပြီးတော့ အိမ်သစ်ဆီကိုပြောင်းရွှေ့ခဲ့ပါတယ် ။ အိမ်သစ်ကိုပြောင်းရွှေ့ပြီးတဲ့နောက်မှာ ထူးဆန်းတဲ့ ကိစ္စတွေတစ်ခုပြီးပြီးတစ်ခုဖြစ်ပျက်လာပြီးတဲ့နောက် ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလို့ထင်ခဲ့ပေမဲ့ အိမ်မက်ဆိုးများက တစ်ရိပ်ရိပ်ခြောက်လှန့်လို့နေသောအခါ...။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဆောက်အဦးပေါ်ကနေ ခုန်ချသွားတဲ့ အမျိုးသားရဲ့ပုံရိပ်ကို စိတ်ထဲစွဲကျန်နေရစ်ခဲ့တဲ့ ယိုယာတစ်ယောက် သူမကြုံတွေ့ရတဲ့ ထူးဆန်းတဲ့ ကိစ္စတွေဟာ သူမစိတ်ထင်ဖြစ်နေလား ? ဒါမှမဟုတ် သရဲ / သစ္ဆေများလား ?❏ ရက်စက်လှတဲ့ သေဆုံးမှု ❏ဖွံ့ဖြိုးတိုးတတ်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်း ဆယ်လီတွေ ပေါများလို့နေခဲ့ပါတယ် ။ အဲဒီအထဲကမှ အွန်လိုင်းဆယ်ဆီ LIVE လွှင့်သူ ယန်ဝေချန်ဆိုသူဟာ စူပါမားကတ်တစ်ခုမှာ LIVE လွှင့်နေခဲ့ပါတယ် ...
movie
Tales from the Occult ( 2022 )
6.0
A Witness Out of the Blue ( 2019 )
Zawgyi*******လွန်ခဲ့တဲ့သုံးလက လိရှင်းရတနာဆိုင်ကိုဓားပြတိုက်ခဲ့တဲ့ရဲအလိုရှိဓားပြလေးယောက်အဖွဲ့ထဲကတစ်ယောက်ဖြစ်တဲ့ရွီခန်းအသတ်ခံရပြီးနောက်ရွီခန်းအခန်းထဲကရတနာထုပ်ကပါပျောက်သွားခဲ့ပါတယ်...အခင်းဖြစ်ပွားရာအခန်းထဲမှာကြက်တူရွေးတစ်ကောင်နဲ့ကျန်အဖွဲ့သားသုံးဦးရဲ့လက်ဗွေရာကိုပဲတွေ့ခဲ့လို့သူတို့ကိုရဲတွေကလူသတ်မှုသံသယရှိသူတွေအဖြစ်စုံစမ်းစမ်းဆေးနေစဉ်အတွင်းကျန်နေတဲ့ဓားပြအဖွဲ့မှာတစ်ယောက်ပြီးတစ်ယောက်အသတ်ခံနေရပြီးဝမ်းရှင်းယွမ်တစ်ယောက်ပဲကျန်နေခဲ့ပါတော့တယ်....သူတို့ကိုဘယ်သူကသတ်တာလဲ...ပျောက်သွားတဲ့ရတနာထုပ်ကရောဘယ်သူ့လက်ထဲမှာလဲ...အကြွေးတင်ခံရလောက်အောင်တိရစ္ဆာန်တွေကိုချစ်တဲ့ရဲအရာရှိလင်ဖာလျန်အခင်းဖြစ်ပွားရာမှာရှိနေခဲ့တဲ့ကြက်တူရွေးတစ်ကောင်နဲ့ဘယ်လိုအမှုဖော်ကြမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်.. Unicode*******လွန်ခဲ့တဲ့သုံးလက လိရှင်းရတနာဆိုင်ကိုဓားပြတိုက်ခဲ့တဲ့ရဲအလိုရှိဓားပြလေးယောက်အဖွဲ့ထဲကတစ်ယောက်ဖြစ်တဲ့ရွီခန်းအသတ်ခံရပြီးနောက်ရွီခန်းအခန်းထဲကရတနာထုပ်ကပါပျောက်သွားခဲ့ပါတယ်...အခင်းဖြစ်ပွားရာအခန်းထဲမှာကြက်တူရွေးတစ်ကောင်နဲ့ကျန်အဖွဲ့သားသုံးဦးရဲ့လက်ဗွေရာကိုပဲတွေ့ခဲ့လို့သူတို့ကိုရဲတွေကလူသတ်မှုသံသယရှိသူတွေအဖြစ်စုံစမ်းစမ်းဆေးနေစဉ်အတွင်းကျန်နေတဲ့ဓားပြအဖွဲ့မှာတစ်ယောက်ပြီးတစ်ယောက်အသတ်ခံနေရပြီးဝမ်းရှင်းယွမ်တစ်ယောက်ပဲကျန်နေခဲ့ပါတော့တယ်....သူတို့ကိုဘယ်သူကသတ်တာလဲ...ပျောက်သွားတဲ့ရတနာထုပ်ကရောဘယ်သူ့လက်ထဲမှာလဲ...အကြွေးတင်ခံရလောက်အောင်တိရစ္ဆာန်တွေကိုချစ်တဲ့ရဲအရာရှိလင်ဖာလျန်အခင်းဖြစ်ပွားရာမှာရှိနေခဲ့တဲ့ကြက်တူရွေးတစ်ကောင်နဲ့ဘယ်လိုအမှုဖော်ကြမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်.. Translated & Review By MineEncoded By LK
movie
A Witness Out of the Blue ( 2019 )
2019
Lost in Mobius ( 2018 )
တွေးလိုသူတွေအတွက် အတော်လေးတွေးရမယ့်ဇာတ်ကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်ကားရဲ့သင်ခန်းစာကတော့လူတစ်ယောက်ဟာ အတိတ်ခံစားချက်ကနေရုန်းထွက်ဖို့ကြိုးစားပုံအတိတ်ကိုလွှတ်ချနိုင်ဖို့..ဘေးကလူကိုနားလည်ပေးဖို့အတိတ်မှာနစ်မြောမနေဖို့ရိုက်ကူးတင်ဆက်ထားတယ်လို့ထင်မိပါတယ်ဇာတ်လမ်းစလာကတည်းက ကောင်မလေးတစ်ယောက်ကသူ့ရဲ့စိတ်နေစိတ်ထားကိုဖေါ်ပြတဲ့စကားမျိုးတွေပြောတယ်ဘ၀ကိုမြင်နေတဲ့သူ့အမြင်ပေါ့..ဆရာမက ထိုင်နားထောင်တယ်အတိတ်ကအဖြစ်အပျက်ကိုပြန်ပြောပြတယ်..ကောင်မလေးနဲ့သူ့ကောင်လေးဟာ အားလပ်ရက်တရက်မှာရွာလေးတစ်ရွာကို ခရီးထွက်လာကြတယ်သူတို့ငှားလိုက်တဲ့အိမ်ကအပြင်အဆင်တွေကလည်းဆန်းကျယ်သလို အိမ်ရှင်ရဲ့ အပြုအမူကလည်း ထူးခြားလွန်းနေတယ်နောက်မှာတော့မထင်မှတ်ထားတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေတခုပြီးတခုကိုဖြစ်ဖြစ်လာတယ်..လျို့ဝှက်ချက်တခုကိုကောင်မလေးရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာ..အချိန်ကာလ တခုထဲမှာပဲထပ်ခါထပ်ခါလည်ပတ်နေပါတော့တယ်.. ကောင်းကောင်းတွေးနိုင်တဲ့အချိန်..အားတဲ့အချိန်လေးမှာကြည့်ဖို့အကြံပြုပါတယ်နော်..လွတ်သွားတာနဲ့ချာချာလည်ကုန်ပါလိမ့်မယ်..ကျွန်တော့်အမြင်ပြောရရင်ဇာတ်ကားက စိတ်ဝင်စားဖို့ကောင်းပါတယ်ကြည့်ကောင်းလားလို့မေးရင် ကောင်းတယ်လည်းမဟုတ်ဘူးမကောင်းဘူးလည်းမဟုတ်ဘူး..ကြည့်နေရင်းနဲ့ခံစားချက်တမျိုးပေါ့....ကိုယ်တိုင်သာနားလည်အောင်ခံစားကြည့်လိုက်ပါတော့ အညွှန်းနဲ့ဘာသာပြန် Phyo Zaw ဖြစ်ပါတယ်Encoded By LK
movie
Lost in Mobius ( 2018 )
2018
5.6
Tales From The Dark 1 (2013)_____IMDb - 5.6/10 Tales From The Dark 1 နဲ့ ဇာတ်ကားတွေကတော့ Hong Kong horror writer Lilian Leeနှင့် စာရေးဆရာမ Pik Wah Lee ရဲ့ ကြောက်မက်ဖွယ် Horror ဝတ္ထုတိုများကို Director သုံးယောက်က ရိုက်ကူးထား ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။ ***(1)အညွှန်း*** ဒီဇာတ်ကားထဲမှာဆိုရင် Kwan ဆိုသောသူက ပတ်ဝန်းကျင်မှာရှိသမျှ သရဲ၊တစ္တေ၊ဖုတ်၊ပြိတ္တာတို့ကို မြင်နေရပါတယ်။ သူကအလွန်ဆင်းရဲတာကြောင့် ထိုမကောင်းဆိုးရွားများကို အမျိုးမျိုးခိုင်းပြီး ပိုက်ဆံရအောင် ကြိုးစားနေရင်း တစ်နေ့မှာ အစိမ်းသေ သေပြီးသားသူ တစ်ယောက်ရဲ့အရိုးပြာအိုးကို မှားယူသွားမိရာမှ သူဘယ်လိုတွေကြုံတွေ့ရမလဲ... (ဝတ္တုတိုများကို ရိုက်ကူးထားခြင်းဖြစ်တာကြောင့် မိနစ် ၄၀ အကြာတွင် ဇာတ်လမ်းတစ်ခုပြီးပြီး ဇာတ်လမ်းအသစ်စမည်ဖြစ်ပါသည်) -ကြောက်မက်ဖွယ် Horrorဇာတ်လမ်း ၃ ခု ပါမည်။ #အပေါ်မှအညွှန်းသည် တစ်ပိုင်းအတွက်သာဖြစ်သည်။ File size…(952 MB) Quality…BR-Rip 720p IMDb Rating... 5.6/10 Format…mp4 Duration….01:52:46 Type...Horror Subtitle….Myanmar Subtitle (Hardsub) Translated by TEAM Encoded by Naing Aung Latt
movie
Tales From The Dark 1 (2013)
2013
6.3
At Cafe 6 (2016)
လူတိုင်းမှာ ဘဝရဲ့တမ်းတမက်မောစရာ ဇာတ်လမ်းလေးတွေရှိကြမယ်....တခြားလူတွေအတွက်တော့ ပုံပြင်လေးတွေပေါ့...ဒီဇာတ်လမ်းက ပုံပြင်တချို့ကိုပြောပြနေလိမ့်မယ်...တိုက်ဆိုင်ရင်တော့ ကိုယ့်ရင်တစ်ခုလုံး ပျော်ဝင်သွားနိုင်တယ်...အချစ်ကိုအပ်ဖျားမှာတပ်ပြီး မျှားနေတယ်လို့ ကျွန်တော်တို့ ပေါ့ပေါ့တန်တန်တွေးမိလိမ့်မယ်.....တကယ်က အချစ်က ကျွန်တော်တို့ကို အပ်ဖျားမှာတပ်ပြီး မျှားနေတာ။လွမ်းမောဖွယ် ကြမ်းရှရှတချို့နဲ့ ဒီဇာတ်လမ်းလေးဟာ IMDb (6.1) ရရှိထားတဲ့ ထိုင်ဝမ်ဇာတ်ကားလေးပါ။နူးညံ့လိုက်ဖို့ စိတ်မရှိဘူးဆိုရင် ကြည့်ရှုခံစားသင့်ပါတယ်။ File size…(1.2 GB) and (430MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by May Phyu Khin
movie
At Cafe 6 (2016)
2016