Channel Myanmar

Chen Haoyu

Be My Friend ( 2024 ) 5.9
Be My Friend ( 2024 ) CM တရုတ်ကားဖန်တို့ သတိထားမိမှာပါ တရုတ်ကားတွေက အချိန်ခရီးသွားလိုက် အမေနဲ့ပြန်ဆုံလိုက် အဖေနဲ့ပြန်ဆုံလိုက် အစုံကို ဇာတ်လမ်းမျိုးစုံရေးပြီး ရိုက်ကူးလာတာများတယ်.. ဒီနေ့မှာတော့... အမေတစ်ခု သမီးတစ်ခု ဘဝမို့ အမေကို ပိုချစ်တာတော့မဟုတ်ဘဲ... ဒီအမေကို မလိုချင်ဘူး.. ဒီအမေရဲ့သမီးဖြစ်မယ့်အစား ဒီလူ့ဘဝကြီးထဲ မရောက်လာရင်ပိုကောင်းဦးမယ်ဆိုတဲ့ လီကျင့်ပုတစ်ယောက် အမေနဲ့ စကားများကြီး အိမ်ကဆင်းသွားတဲ့အကြောင်းပေါ့...အားလုံးအပြိုင်လောကအကြောင်းသိကြမှာပါ... ဒီကားလေးကတော့ အိမ်ပေါ်ကဆင်းသွားတဲ့ လီကျင့်ပုတစ်ယောက် အပြိုင်လောကရောက်ပြီး သူ့အမေငယ်ဘဝနဲ့ ဆုံတဲ့အကြောင်းရိုက်ကူးထားတာပေါ့... လီကျင့်ပုလေးက ငယ်ငယ်တည်းက အဖေဘယ်သူဆိုတာ မမြင်ဖူးဘူးသလို နာမည်တောင် အမေမပြောပြလို့ ကွာရှင်းစာချုပ်မှာ ခိုးကြည့်ခဲ့ရသူပေါ့... တစ်ကိုယ်တော် အမေ၊ အလုပ်အတည်တကျမရှိတဲ့ အမေ၊ နေ့နေ့ညည အရက်နာကျနေတဲ့အမေကြောင့်... ငယ်ငယ်တည်းက ကျောင်းတွေခဏခဏပြောင်းပြီး သူငယ်ချင်းဆိုပြီး မူးလို့ရှူစရာတောင်မရှိခဲ့သူပေါ့...ဒါပေမယ့် သန္ဓေကောင်းလို့ စာတော်ပြီး ပညာသင်ဆုနဲ့ သူ့အမေဆီက ထွက်ပြေးမယ်လုပ်ခဲ့တဲ့အစီစဉ်ပါ ပျက်စီးသွားလို့... အိမ်ပေါ်က ဆင်းဖို့အထိဖြစ်သွားတာပေါ့...အမေငယ်ဘဝနဲ့ဆုံချိန်မှာပဲ သူ့အမေကွာရှင်းစာချုပ်ထဲက အဖေဆိုသူပါ ဆုံခဲ့ရတယ်... ဒီလိုနဲ့ပဲ လီကျင့်ပုတစ်ယောက် သူ့ရဲ့ အမေနဲ့အဖေ မေတ္တာမမျှဖို့နဲ့ သူမမွေးလာနိုင်ဖို့အတွက် မဟာစီမံကိန်းကြီး ဆောင်ရွက်တော့တာပေါ့...ကဲ လီကျင့်ပုတစ်ယောက် အောင်မြင်မှာလား... ဘယ်လို အဆုံးသတ်တွေ့ရမလဲ... ကြားထဲ ဘယ်လို လှည့်ကွက်တွေရှိနေမလဲ... လီကျင့်ပု တစ်ယောက်မသိတဲ့ ဘာအကြောင်းတွေရှိနေဦးမလဲ.... ဇာတ်လမ်းလေးက ဖြေပေးသွားပါလိမ့်မယ်. Filesize : 1.27 GB / 888 MB Quality : WEB-DL 1080p , ...
movie

Be My Friend ( 2024 )

Home Coming ( 2022 ) 6.5
Home Coming ( 2022 ) ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေNumedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ်အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ...
movie

Home Coming ( 2022 )