Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Chen Chuang
5.8
Northeast Folktales ( 2024 )
တရုတ်ပြည်အရှေ့မြောက်ပိုင်းတုံးပေဒေသက ကျေးလက်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ယုံတမ်းစကားတွေရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်တွေရှိနေတတ်တယ်။တုံးပေဒေသမှာ မြွေ၊ ဖျံနီညို၊ မြေခွေး စတဲ့ သတ္တဝါ(၅)မျိုးကို နတ်အဖြစ်ယူဆလေ့ရှိကြတယ်။ ဒေသန္တရာပုံပြင်တွေကိုအသုံးချပြီး ဇာတ်ကြောင်းတွေကို တစ်ခုချင်း ပုံဖော်ပြသွားတာဖြစ်ပါတယ်။ ဆန်းကြယ်တဲ့ ဂန္ဘီရဆန်ဆန်ဇာတ်လမ်းရဲ့နောက်ကွယ်က သနားစရာကောင်းတဲ့ ငယ်ချစ်လူငယ်နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Northeast Folktales ( 2024 )
6
The Lonely Warrior ( 2023 )
CMကနေ ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ မှုခင်းရဲဇာတ်ကားလေးပဲဖြစ်ပါတယ် Main cast တွေအနေနဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Yi Zhen ,Chen Li တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီ း Steven Zhang ကလည်း ပါဝင်အားဖြည့်ပေးထားတာပါဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ပြီးသတ်သွားခဲ့တာကနေ ဇာတ်လမ်းလေးကို အစတည်ထားပါတယ် မှုခင်းရဲတပ်ဖွဲ့(၃)က ခေါင်းဆောင်ချန်ဦးဆောင်တဲ့အဖွဲ့ဟာ အမှုကြီးတွေကို ကိုင်တွယ်ရာမှာ နာမည်ကြီးပါ ဒီအမှုကိုလည်း သူတို့အဖွဲ့ပဲကိုင်တွယ်စုံစမ်းနေစဉ်မှာ သူတို့သိလိုက်ရတာက ဒီအမှုက သာမန်သွေးရိုးသားရိုးမဟုတ်ဘဲ ကွင်းဆက်အဓမ္မပြုကျင့်လူသတ်မှုဖြစ်နေခဲ့တာပါပဲတရားခံကတော့ ဝမ်သာ့ယုံနဲ့ ဝမ်အော့ယုံ ညီအစ်ကိုနှစ်ယောက်ပါ တရားခံကိုသိရတဲ့အချိန်မှာ လိုက်လံဖမ်းဆီးခဲ့ပေမယ့် အစ်ကိုဖြစ်သူကိုပဲ ဖမ်းဆီးလို့ရခဲ့ပါတယ် အစ်ကိုဖြစ်သူဆီကနေ ညီဖြစ်သူရဲ့သတင်းကို စစ်ဆေးမေးမြန်းရာကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီး တရားခံဝမ်သာ့ယုံ သေဆုံးသွားခဲ့ပါတယ် ခေါင်းဆောင်ချန်အပါအဝင် သူတို့အဖွဲ့(၃)က အဖွဲ့ဝင်တွေလည်း အသီးသီးထောင်ကျသွားခဲ့ပါတယ်ချန်ပင်းတစ်ယောက် ထောင်ကထွက်လာပြီးနောက်ပိုင်းမှာ လွတ်နေသေးတဲ့ တရားခံဝမ်အော့ယုံကို ဖမ်းမိဖို့အတွက် ဘယ်လိုတွေကြိုးစားကြမှာလဲ ဘယ်လိုအခက်ခဲတွေနဲ့ရင်ဆိုင်ရဦးမှာလဲ.... မှုခင်းရုပ်ရှင်တွေကို စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအကြိုက်တွေ့စေနိုင်မယ့် ဒီဇာတ်ကားလေးကို CMကနေ ဘာသာပြန်တင်ဆက်ပေးထားမို့လို့ ကြည့်ရှုအားပေးကြပါဦးနော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 2h ...
movie
The Lonely Warrior ( 2023 )
6
The Story of the Night Watcher ( 2023 )
ဒီတစ်ခါတင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မကောင်းဆိုးဝါးနှင်တဲ့ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကြောင်းကို ပြောပြရမယ်ဆိုရင် ရှေးရှေးတုန်းက အိမ်ထဲမှာ ထီးမဆောင်းရတို့ ညဘက်မိုးကြီးတဲ့အချိန်ဆို သူစိမ်းတွေကိုတည်းခိုခွင့်မပြုရဆိုပြီး အစရှိတဲ့အယူအဆတွေရှိခဲ့ကြပါတယ် ဘာလို့လဲဆိုရင်တော့ မကောင်းဆိုးဝါးတွေကို အလွယ်တကူ အိမ်ထဲဝင်လို့ရစေနိုင်လို့ပါတဲ့ပြီးတော့ မသန်စွမ်းတဲ့ခေါင်မိုးပြင်လက်သမားတွေကို မစော်ကားရပါဘူးတဲ့ ဘာလို့လဲဆိုရင် သူတို့တွေက လူပန်း(လက်သမား)ကျိန်စာ တိုက်တတ်လို့ပဲဖြစ်ပါတယ် ဒီကားလေးကတော့ အဲ့လို အယူအဆတွေ အောက်လမ်းအတတ်တွေ အဆိပ်ပိုးကောင်အတတ်တွေ မတိမ်ကောသေးတဲ့ တရုတ်ပြည်သူ့သမ္မတနှစ်အစောပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အမှုကိစ္စတွေအကြောင်းကို နောက်ခံထားရိုက်ကူးထားတာပဲဖြစ်ပါတယ်အဲ့ဒီခေတ်အခါဆိုရင် ညဘက်ကင်းလှည့်ရတဲ့သူကတော့ သန့်စင်တဲ့ယန်ဓာတ်ပါတဲ့လူဖြစ်ရပါမယ် ဘာလို့ဆို အဲ့ဒီကင်းလှည့်သူတွေက မကောင်းဆိုးဝါးနှင်တဲ့အတတ်ကိုပါ တက်မြောက်ထားရပြီး ကင်းလှည့်ရင်း မကောင်းဆိုးဝါးတွေကိုပါ ဖမ်းရတာမို့လို့ဖြစ်ပါတယ် ရှန်ရှောင်ဟန်လို့ခေါ်တဲ့ လူငယ်လေးကတော့ သူ့ဆရာဆုံးပါးသွားပြီးနောက်မှ ာ သူ့ဆရာရဲ့တာဝန်ဖြစ်တဲ့ ကင်းလှည့်ပြီး မကောင်းဆိုးဝါးဖမ်းတဲ့အလုပ်ကို တာဝန်ယူရပါတယ်အဲ့နောက်မှာတော့ သူ့ဆီကို ဆရာဦးလေးဖြစ်သူကရောက်ရှိလာခဲ့ပြီး သူ့ဆရာချန်ခဲ့တဲ့ ဘုံကျောင်းအပျက်ကြီးထဲမှာ ဆေးခန်းဖွင့်ပြီး ရွာသားတွေကို ကုသပေးခဲ့ပါတယ် တစ်နေ့မှာတော့ သူတို့နေတဲ့လင်အိမ်တော်မြို့ရဲ့ လင်ယွင်ရွာလေးမှ ာ ညတွင်းချင်းမှာပင် လူပေါင်း(၁၀)ယောက်ကျော်ဟာ အကြောင်းရင်းမရှိဘဲ ပျောက်ဆုံးသွားခဲ့ပါတယ် အဲ့တော့ ဒီအမှုကို ဆက်လက်ဖော်ထုတ်ဖို့ကြိုးစားရာကနေ ဘယ်လိုကိစ္စတွေနဲ့ ဆက်နွယ်လာမှာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်လို့ ရာသီဥတုအေးအေးလေးလေးမှာ ကွေးကွေးလေးနဲ့ကြည့်ရှုခံစားလို့ရမယ့်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : ...
movie
The Story of the Night Watcher ( 2023 )
6.3
Lighting Up the Stars ( 2022 )
❏ သုဘရာဇာအလုပ်ကိုလုပ်ကိုင်ပြီး စိတ်မြန်လက်မြန်ရှိသူလဲဖြစ် / ထောင်ကလွတ်မြောက်လာသူတစ်ဦးလဲဖြစ်တဲ့ - မော့စန်းမိန့်❏ အဖွားဖြစ်သူ ဆုံးပါးသွားပြီး အသက်(၇) နှစ်အရွယ်နဲ့ တစ်ကောင်ကြွက် ဖြစ်နေရသူလေး - ဝူရှောင်ဝမ်“မြေးအဖွား နှစ်ဦးတည်းသာ နေထိုင်လာခဲ့ပြီး တစ်နေ့မှာ အဖွားဖြစ်သူ ဆုံးပါးသွားချိန်မှာတော့ ဝူရှောင်ဝမ် အဖွားရဲ့စျာပနကို သုဘရာဇာဖြစ်သူ မော့စန်းမိန့်ဟာ စီစဥ်ပေးရဖို့ဖြစ်လာခဲ့ပါတော့တယ် အသက် (၇) နှစ်အရွယ် ဝူရှောင်ဝမ်လေးဟာ သေဆုံးခြင်းနဲ့ပတ်သတ်ပြီးဘာမှမသိတတ် နားမလည်သေးတဲ့ အရွယ်မို့ သူ့အဖွားကို ဝှက်ထားတယ်ဆိုပြီး မော့စန်းမိန့်ကို အထင်လွဲမှားကာအဆက်မပြတ်လိုက်လံနှောက်ယှက်ပါတော့တယ်ဒီလိုနဲ့ တစ်ကောင်ကြွက် ဝူရှောင်ဝမ်လေးဟာ မော့စန်းမိန့်ဆီကို ရောက်ရှိလာဖို့ ကံကြမ္မာအရ အကြောင်းဖန်လာခဲ့ပြီး နဂိုကတည်းကမှ ပြဿနာတွေတောင်လိုပုံနေတဲ့ မော့စန်းမိန့် အပေါ်ကို တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို ဖြစ်သွားစေခဲ့ပါတော့တယ် ရယ်ကြရင်း/ ငိုကြရင်းနဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေ ရိုက်ခတ်မှုဒဏ်တွေကို ခံစားပြီးတဲ့နောက်မှာတော့ ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး❏ နေ့စဥ်ကြုံတွေ့နေရတဲ့ လူမှုဘဝရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်တွေ ❏ မိသားစုတစ်ခုမှာ ရင်ဆိုင်ရတဲ့ ပြဿနာတွေ / အခက်အခဲတွေ ❏ တွယ်ငြိပြီးသွားတာနဲ့ ဖြတ်ရခက်တဲ့ သံယောဇဥ်ကြိုးတွေ.....? အစရှိတဲ့ အကြောင်းတွေကိုအကွက်ကျကျ စီစဥ်ရိုက်ကူးထားတဲ့အကြောင်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင် ဇာတ်အိမ်ခိုင်ခိုင်နဲ့ အရမ်းကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင် [Reviewed By ...
movie
Lighting Up the Stars ( 2022 )