Channel Myanmar

Chen Chia-kuei

Lost in Perfection ( 2023 ) 6
Lost in Perfection ( 2023 ) အလုပ်လုပ်ရာမှာအရမ်းစေ့စပ်သေချာပြီးနာမည်ကြီးသတင်းထောက်ဖြစ်တဲ့ ဟွမ်လိမေဟာ လူတိုင်းကလေးစားအားကျ အတုယူနေတဲ့သတင်းထောက်တစ်ယောက်ပါ မကြာခင်မှာသွားအထူးကုဆရာဝန်နဲ့လက်ထပ်တော့မယ့်သူပေါ့ဒီလိုနဲ့တစ်နေ့ရာထူးတိုးအိမ်ပြန်လာတဲ့အချိန် အိမ်မှာ အဖေဖြစ်သူကတစ်တိုက်တည်းနေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်းပြောလာခဲ့တယ်။ ဟွမ်လိမေကတော့ မိထွေးဖြစ်သူကို အစတည်းကမကြည်ခဲ့ပါဘူး တစ်နေ့မှာတော့လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့လို့ သတင်းထောက်ပီပီ သတင်းစုံစမ်းရာကနေ သေဆုံးသူက သူ့မိထွေးဖြစ်လာမယ့်သူ ဟယ်ရိူ့လန်နဲ့ ပတ်သက်နေတာသိလိုက်ရတယ်။ဟယ်ရိူ့လန်ဆိုသူကတော့ငယ်ရွယ်စဉ်မှာ ဆင်းရဲတဲ့မိသားစုကနေမွေးပြီး အနှိပ်ခန်းမှာအနှိပ်နှိပ်ပေးရင်း ခန္ဓာကိုယ်ရောင်းစားလေ့ရှိတဲ့အမျိုးသမီးပေါ့။ သူနဲ့ပတ်သက်တဲ့ လူမှန်သမျှမီးဖိုကထွက်တဲ့မီးသွေးငွေ့နဲ့ အသက်ရူကျပ် အဆုံးစီရင်ပြီးကိုယ့်ကိုယ် သတ်သေသွားကြတယ်။ဒါကိုဟွမ်လိမေ အပါအဝင်မီဒီယာအကုန်လုံး တစ်နိုင်ငံလုံးက ဟယ်ရိူ့လန့်တစ်ယောက် ယောကျ်ားတွေကိုချူစားပြီးသတ်ပစ်တဲ့အသားစားဘီးလူးမလို့ နာမည်တွင်ကြတာပေါ့။ဟွမ်လိမေကလည်း အဖေဖြစ်သူအသတ်ခံရမှာစိုးလို့ရဲစခန်းနဲ့ပေါင်းပြီး ဟယ်ရိူ့လန်ကိုထောင်ချရန် အမှုဖော်ထုတ်ကူညီပေးခဲ့တယ်။ဒီလိုနဲ့ဟွမ်လိမေ တစ်ယောက်ထောင်ကျသွားတဲ့အချိန်မှာပဲ ဟွမ်လိမေတစ်ယောက် သူ့အဖေအေးချမ်းနေလို့ရပြီ ထင်ထားခဲ့ပေမဲ့ သူ့အဖေကောအဖွားပါ သေဆုံးသွားရာကနေ သူ့အဖေသေဆုံးရတဲ့အကြောင်း သတင်းပေးပို့လာတဲ့အခါမှာဟွမ်လိမေတစ်ယောက် ဘယ်လိုတွေဆက်လုပ်ကြမလဲ။သူ့အဖေကကော ဘာကြောင့်များ သေဆုံးရတာလဲ ဟယ်ရိူ့လန်ကကောဘာကြောင့် သူနဲ့ပတ်သက်ခဲ့ဖူးတဲ့လူတွေအကုန်လုံးသေဆုံးတဲ့အချိန် တူညီတဲ့နည်းလမ်းအတိုင်းသုံးထားရတာလဲ။တရားခံကကော စတဲ့မေးခွန်းထုတ်စရာတွေကို ဒီဇာတ်လမ်းလေးထဲမှာစောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 909 MB / 498 MB Quality : WEB-DL 1080p , 720p Format : mkv  Genres : Crime , Drama , Thriller , Mystery Runtime : 1h 54 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi  Encoded ...
movie

Lost in Perfection ( 2023 )

Be With Me (2023) 6
Be With Me (2023) ထိုင်ဝမ် F4 မင်းသား Vic Chou နဲ့ Ariel Lin တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ထိုင်ဝမ်အချစ်ဒရာမာကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖူယွဲ့ဟာ ရောဂါအပြင်းအထန်ဖြစ်နေတဲ့ အဖေကိုပြုစုဖို့အတွက် အလုပ်ကိုထားခဲ့ရတယ်။ ပြင်လက်စ ထိုင်ပေကအိမ်ဟောင်းကြီးကိုလဲပစ်ခဲ့ရပြီး မိသားစုနဲ့အတူကျားရီကိုပြန်ခဲ့ရတယ်။ဇာတိပြန်ပြီးအဖေ့ကိုအဖော်လုပ်ပေးတဲ့နေ့ရက်တွေမှာ ဖူယွဲ့ဟာ သူ့အဖိုးရဲ့အမှတ်တရတွေနောက်လိုက်ခဲ့ပြီး အဖိုးရဲ့ယုံကြည်မှုနဲ့ဒဏ္ဍာရီကိုပြန်အမှတ်ရလာခဲ့ပါတယ်။ အတိတ်ကိုပြန်အမှတ်ရရင် လက်လွှတ်သင့်သူကို လက်လွှတ်နိုင်ခဲ့ပြီး ဘဝအသစ်စဖို့ အသစ်သစ်တွေကို လက်ခံလာနိုင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Filesize : 3.64 GB / 1.60 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Drama  Runtime : 2h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon  Encoded by LK  
movie

Be With Me (2023)