Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Charlotte Rampling
5.7
Assassin’s Creed (2016)
Assassin's Creed (2016)ဒီရုပ်ရှင်ဟာ နာမည်ကျော်ဂိမ်းတစ်ခုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဂိမ်းမာတွေအများစုကတော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းကတော့ Knights of Templar( ခရူးဆိတ်စစ်ပွဲအတွင်း တိုက်ခိုက်ခဲ့သော ခရစ်တော်ကိုယုံကြည်သူ ဘုရားကျောင်းလက်အောက်မှ စစ်သည်များ) နဲ့ Assasin's Creed အဖွဲ့တို့ဟာ ရာစုနှစ်များစွာ စစ်ပွဲဖြစ်ပွားနေခဲ့ပါတယ်။ အကြောင်းရင်ကတော့ Knights of Templar အဖွဲ့ဟာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ လူသားတွေအားလုံး စည်းကမ်းအုပ်ချုပ်မှုတစ်ခုအောက်မှာ တညီတညာတည်း နေစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဧဒင်ရဲ့ ပန်းသီးကို ရှာဖွေနေတာပါပဲ။ အဲဒီပန်းသီးထဲမှာ လူသားအားလုံးရဲ့ လွတ်လပ်ချင်စိတ် ပုန်ကုန်ချင်စိတ်တွေကို ပျောက်ဆုံးသွားအောင် မျိုးဗီဇDNA ပြုပြင်ပေးနိုင်မယ့် လျို့ဝှက်ချက်ပါတယ်လို့ ယုံကြည်ထားလို့ပါ။ Assassins တွေကတော့ အဲဒီပန်းသီးကို KoT အဖွဲ့ထဲမရောက်အောင် တားဆီးနေတဲ့ နောက်ဆုံးခံတပ်ဆိုပါတော့။ဒီဇာတ်လမ်းမှာတော့ ယနေ့ခေတ်အထိ လျို့ဝှက်စွာ ရှိနေသေးတဲ့ KoT အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ် ၅၀၀ က သေဆုံးခဲ့တဲ့ Assassin's Creed ဟောင်း အဂူလာရဲ့မျိုးဆက်ကို ရှာဖွေပြီး မျိုးဗီဇမှတ်ဉာဏ်ထည့်သွင်းတဲ့နည်းနဲ့ ဧဒင်ရဲ့ပန်းသီးကို ရှာဖို့ ကြိုးစားလာပါတယ်။ ဒါပေမယ့် ...
movie
Assassin’s Creed (2016)
2016
4K HEVC
7.1
The Wings of the Dove (1997)
The Wings of the Dove (1997)~ IMDb - 7.6/10, Rotten Tomatoes - 100% ~မီလီ - "ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့"မာတွန် - "ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ"မီလီ - "ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်""ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။" မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ ...
movie
The Wings of the Dove (1997)
2024
6.6
Red Sparrow (2018)
Red Sparrow (2018) ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ...
movie
Red Sparrow (2018)
2018
4K HEVC
5.1
Last Words (2020)
Last Words (2020)==============ဆူနာမီတွေ မုန်တိုင်းတွေ မိုးခေါင်ရေရှားမှုတွေ စစ်မက်တွေဖြစ်ပွားပြီးတော့ ကမ္ဘာကြီး တစ်ခုလုံးပျက်သုဉ်းသွားခဲ့ပါတယ်။ အပင်ဆိုတာလည်းမရှိ ဘာဆိုဘာမှမရှိတော့တဲ့ဒီကမ္ဘာပေါ်မှာ အသက်ရှင်ကျန်နေတဲ့လူတွေက အတိတ်ဆိုတာမရှိ အနာဂတ်ဆိုတာဗလာနတ္ထိဘဝမှာ သေဆုံး ရတော့မယ့်အချိန်ကိုပဲ စောင့်မျှော်ရင်းနေကြပါတော့။ အဲ့ဒီထဲမှာတချို့လူတွေကတော့ မျှော်လင့်ချက်သေးသေးလေးကိုဆုပ်ကိုင်ပြီး The Call(ခေါ်သံ)ဆိုတာကိုလိုက်ရှာနေကြပါတယ်။ ဒီထဲမှာလည်း ကမ္ဘာပျက်ပြီးမှကြီးပြင်းလာတဲ့ Kal...။ ညီမဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ Kalကလည်း The Call နောက်ကိုလိုက်ရင်းကနေဘာတွေဖြစ်လာမှာလဲ....Prince of Tide(1991)ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့တဲ့ မင်းသားကြီး Nick Nolteအပြင် ဆွီဒင်မင်းသားကြီး Stellan Skarsgardတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာအသားပေးဇာတ်ကားလေးတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Teeမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee, Thiha Yan Naing တို့ဖြစ်ပါတယ်။File Size - (2.0 GB)/(1.0 GB)/(600 MB) Quality – WebRip - (1080p)/(720p)/(480p) Duration - 2hr 06min Subtitle – Myanmar Hardsub Format – ...
movie
Last Words (2020)
2020
7.1
Spy Game (2001)
Spy Game(2002) =========== IMDb - 7.1Spy Gameဟာ စပိုင်ရုပ်ရှင်ပေမဲ့ မြင်နေကျ စပိုင်ကားတွေလို စပိုင်က ကြမ်းထော် ဂေါ်ထွက်နေတဲ့စပိုင်တွေအကြောင်း မဟုတ်ဘူး။လက်တွေ့ကျကျ စပိုင်လောကကို ချည်းကပ်ပြသွားတဲ့ ကားပါပဲ။ စပိုင်လောကကို ရှင်းပြ SPYဖြစ်အောင်ဘာတွေလုပ်ရလဲရောပြသွားပြီး ဝါရင့်စပိုင်ကြီးရဒ်ဖို့က စပိုင်ပေါက်စ ဘရက်ပစ်ကို စပိုင်ပညာတွေသင်ပေးတာကို သေချာနီးပါး ပြသွားတယ်။ရဒ်ဖို့ရဲ့ကာရိုက်တာနဲ့ စီအိုင်အေဌာနချုပ်ကြားညဏ်ကစားတွေအခန်းတွေဆို တော်တော်လေး သဘောကျစရာပါပဲ။ ဒါရိုက်တာတိုနီစကော့ ကလည်း စပိုင်ကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ အရှေ့အလယ်ပိုင်း ပြဿနာတွေရော၊ တရုတ်ပြဿနာတွေရော စုံနေအောင်ကိုသုံးပြီး ရှေ့ဆက်ဘာဖြစ်မလဲ ရင်ဖိုစရာကောင်းအောင် ဒါရိုက်တာက ခပ်အေးအေးနဲ့ တဖြည်းဖြည်းချင်း ချပြသွားတယ်။ Actionခန်းနည်းပေမဲ့ တော်တော်ကောင်းတဲ့ စပိုင်ကားလို့ဆိုရပါလိမ့်မယ်။ အထနှေးပေမဲ့ ဆုံးအောင်ကြည့်ပြီးတဲ့အခါ ပရိတ်သတ်ရင်ထဲကျန်နေခဲ့မယ့် ကားကောင်းလို့ ကျွန်တော်တော့ ထင်တယ်။( အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )Browse this websiteFile Size__2.2 GB , 1.1 GB Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__02:06:00 Type__Action , ...
movie
Spy Game (2001)
5.2
Waiting for the Miracle to Come(2018)
Waiting for the Miracle to Come(2018)IMDb...5.2ကောင်မလေးတစ်ယောက်ဟာ သေဆုံးသွားသောသူ့ဖခင်ရဲ့ အုတ်ဂူရှေ့မှာ ထိုင်နေတယ်..၀မ်းနည်းပူဆွေးနေတဲ့ ဒီကောင်မလေးလက်ထဲမှာလည်းစာတစ်စောင်နဲ့..ဒီစာကတော့ သူ့ဖခင်မသေခင်ပေးသွားတဲ့စာလေးဖြစ်ပြီး စာထဲမှာပါတဲ့အကြောင်းအရာတွေကတော့မြို့တစ်မြို့ကို သွားပြီး လူနှစ်ယောက်နဲ့သွားတွေ့ဖို့ပါ..အဲ့ဒီမှာ သမီးလေးရှာနေတဲ့ရွှေတွေလည်းရှိသတဲ့...သမီးလေးအဖို့ ဖအေက အသေအချာမှာခဲ့လေတော့ ဘာပဲဖြစ်ဖြစ် သွားဖို့ဆုံးဖြတ်လိုက်တယ်...ဖခင်ဖြစ်သူက ဘာလို့သွားဖို့အသေအချာမှာခဲ့တာလဲ...သူမရော ဘယ်လိုတွေကြုံရမလဲ...ရွှေဆိုတာကရော တကယ်ရွှေတွေရှိတာလား ဘာကြောင့်လဲဆိုတာခံစားကြည့်လိုက်ပါဦး...File Size : (757 MB) and (318 MB) Quality : Blu-Ray 720p Format…mp4 Duration…01:18:00 Genre : Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Phyo Pyae
movie
2016
5.8
The Little Stranger (2018)
Drama/Mystery ..IMDb 5.8/10၁၉၄၈ ခုနှစ် နွေရာသီမှာဖြစ်သည်။မနက်စောစော ကိုယ်လက်သန့်စင်ကာ မုတ်ဆိတ်ရိတ်နေရင်းသူ့ဆီဖုန်းဝင်လာသည်။ဟန်ဒရစ် အိမ်ကြီးဆီလူနာသွားကြည့်ပေးဖို့ဖြစ်သည်။ဟန်ဒရစ်အိမ်ကြီးသည် သူနှင့် စိမ်းသည်တော့မဟုတ်။အဲစ် မိသားစုမှာ ရာစုနှစ် နှစ်ခုသုံးခုတိုင်ထိုအိမ်ကြီးတွင်နေထိုင်ခဲ့ကြသော လူကုန်ထံများဖြစ်သည်။ဂုဏ်ပကာသန ထည်ဝါစွာအဆင့်မြင့်မြင့်နေထိုင်ခဲ့ကြသူများဖြစ်သည်။သူတို့ ခုလည်းဒီလိုပဲနေထိုင်တုန်းလားမသိ။သူကိုယ်ပိုင်ကားလေးမောင်းပြီး တောလမ်းများဖြတ်ကာအိမ်ကြီးဆီရောက်လာခဲ့ပြီ။ရှေ့ဂိတ်ပေါက်ရှိသော်လည်း နောက်ဖက်ဂိတ်ပေါက်မှတံခါးကို ကားပေါ်မှကိုယ်တိုင်ဆင်းဖွင့်ကာ ခြံဝန်းထဲ ကားမောင်းဝင်လာခဲ့သည်..။ခြံဝန်းထဲရောက်သောအခါ မည်သူမျှမတွေ့။သူကားပေါ်မှဆင်းပြီး တစ်ချိန်ကထည်ဝါစည်ကားခဲ့သလောက် ယခုမျက်စိရှေ့တွင် တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးကို ရပ်ကြည့်နေမိသည်..။မည်မျှကြာအောင် ရပ်ကြည့်နေမိသည်မသိ။ခြေသံကြားမှ လှည့်ကြည့်လိုက်ရာ လူတစ်ယောက်မှ သူ့ဆီလျှောက်လာရင်း လှမ်းနှုတ်ဆက်၏…။“ဟယ်လို..ခင်ဗျားကဘယ်သူတုန်း” “ကျွန်တော် ဒေါက်တာ ဖာရာဒေးပါ”နှုတ်ဆက်သူမှာ ခြေတစ်ဖက်ဆာနေပြီး သူ၏ညာဖက်ပါးပြင်နှင့် နားတစ်ဝိုက်တွင် မီးလောင်ပြီးအရည်ပြားများစုတ်နေသည့် အမာရွတ်ကြီးရှိသည်။သူကသူ့ကိုယ်သူမိတ်ဆက်၏။“ကျွန်တော်က ရော့ဒရစ်အဲရစ်ပါ ..ကားသံကြားတော့ ဒေါက်တာ ဂရန်ဂျာမှတ်နေတာ”………… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (400 MB) Quality : WEB-DL 720p Running Time : 1h 51min Format : ...
movie
The Little Stranger (2018)
2018
7.1
Melancholia (2011)
သင် စိတ်ဓါတ်ကျဖူးသလားလူတစ်ယောက်ဟာ Depression ဆိုးဆိုးဝါးဝါးဝင်လာတဲ့အခါ ဘာတွေလုပ်မိတတ်လဲကိုယ့်ပတ်ဝန်းကျင်မှာ ကမ္ဘာပျက်နေရင်တောင် ကိုယ်က ဘာမှမခံစားရတော့လောက်အောင် စိတ်တွေထုံသွားခဲ့ဖူးလားဒီမေးခွန်းတွေရဲ့အဖြေတွေကို ဒီဇာတ်ကားက ပေးနိုင်မယ်လို့ထင်ပါတယ်ဒီဇာတ်ကားကို ဂျပ်စတင်းနဲ့ မိုက်ကယ်တို့ရဲ့ ပျော်ရွှင်စရာ မင်္ဂလာပွဲလေးနဲ့ စဖွင့်ထားပြီး မင်္ဂလာပွဲတစ်လျှောက် ဂျပ်စတင်းရဲ့ အပြုအမူတွေ ထူးဆန်းနေတာ ဘာကြောင့်များလဲဂျပ်စတင်းရဲ့အစ်မကလဲယာကရော ဂျပ်စတင်းကို ဘာလို့ဒီလောက်စိတ်ပူနေတဲ့ပုံပေါက်နေတာလဲအဲ့အချိန်မှာပဲ ကမ္ဘာကို မီလန်ခိုလီဆိုတဲ့ ဂြိုလ်တစ်ခုက ဝင်တိုက်ပြီး ကမ္ဘာပျက်တော့မယ်ဆိုတဲ့ ဟောကိန်းတွေကလည်း ပျံ့နှံ့နေပါတယ်ဂျပ်စတင်းရဲ့မင်္ဂလာပွဲ ဘယ်လိုအဆုံးသတ်သွားမလဲကမ္ဘာပျက်ကိန်းကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးIMDB 7.1/10 ရရှိထားပြီး ဒီဇာတ်ကားဟာ စိတ်ရောဂါခံစားနေရတဲ့သူတစ်ယောက်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြနိုင်ခဲ့တယ်ဆိုတဲ့ review တွေရရှိထားပါတယ်ဂျပ်စတင်းအဖြစ် ဟိုးအစ Spider man ဇာတ်ကားမှာ မယ်ရီဂျိန်းအဖြစ်ပါဝင်ခဲ့သူ Kristen Dust ကပါဝင်သရုပ်ဆောင်ထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူ ဖြစ်ပါတယ်) File Size : (950 MB) and (360 MB) Quality : Blu-Ray ...
movie
Melancholia (2011)
2011
6.7
Euphoria (2018)
ဒီ Euphoria ဆိုတဲ့ Adventure, Drama ဇာတ်ကားကို 2017 Toronto International Film Festival မှာပြသခဲ့ပေမယ့် 2018ခုနှစ်မှ Digital Release အဖြစ်ထုတ်ဝေခဲ့တာပါ။ဒီဇာတ်ကားကို ရိုက်ကူးတဲ့သူကတော့ အမျိုးသမီးဒါရိုက်တာ Lisa Langseth ဖြစ်ပြီး နာမည်ကျော်မင်းသမီးနှစ်ဦးက ခေါင်းဆောင်ပြီး ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ပထမတစ်ယောက်ကတော့ The Danish Girl, Ex Machina နဲ့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Tomb Raider ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Alicia Vikander ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Miss Peregrine's Home for Peculiar Children, Casino Royale, 300: Rise of an Empire တို့နဲ့အတူ ပရိသတ်တော်တော်များများအကြိုက်တွေ့ခဲ့တဲ့မင်းသမီးကြီး Eva Green ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ==========Emilie နဲ့ ...
movie
Euphoria (2018)
2018
6.4
The Sense of an Ending(2017)
ဇာတ်လမ်းအညွှန်း ============ The Sense of n ending (2017) ဇာတ်ကားကိုမြန်မာစာတန်းထိုးဖြင့်တင်ထားပေးထားပါတယ် The sense of an ending Lionsgate နဲ့ CBS Film တို့ကနေ ဖြန့်ချီထားတဲ့ ဒီဇာတ်ကားဟာ julian barnes ရဲ့ ၂၀၁၁ ခုနှစ်မှာ The Man booker prize ဆုရခဲ့တဲ့ The sense of an ending ဝတ္ထုကို Nick Payne က ဇာတ်ညွှန်းခွဲပေးထားပြီး ဒါရိုက်တာ Ritesh Batra က ရိုက်ကူးခဲ့ပါတယ်... ဒါရိုက်တာဟာလည်း ဒီဇာတ်ကားနဲ့ပဲ ၂၀၁၇ ခုနှစ်အတွက် ကျင်းပခဲ့တဲ့ California မှာကျင်းပခဲ့တဲ့ Palm Springs International Film Festival မှာ Director to Watch ဆုကို ရရှိခဲ့ပါတယ် ဇာတ်လမ်းလေးက Tony(Jim Broadbent) ဆိုတဲ့ ...
movie
The Sense of an Ending(2017)
2017
6.8
The Night Porter (1974)
ပထမဆုံး မင်္ဂလာညချမ်းလေးပါလို့ နုတ်ခွန်းဆက်ပါရစေဗျာ အခုညမှာတော့ ပရိတ်သတ်ကြီး အတွက် Adult/R-rated ထဲမှာမှ ထူးထူးခြားခြား IMDb rating 6.8 တောင်ရရှိထားပြီး AV Club မှာ တောင် ၂.၅ ထိ ရရှိထားခဲ့တဲ့ကားပါ အရင် ၁၉၃၀ လောက်က ထွက်ရှိထားတဲ့ ဇာတ်ကားကိုပဲ ထပ်မံ ဆန်းသစ် ရိုက်ကူးထားတဲ့ ဇာတ်ကားကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းက ရှေးခေတ်အခါက ၂၁+ တွေရဲ့ ရှေးခေတ်ဟောင်း ပေါက်စီတွေကို မြင်တွေ့ကြရမှာဖြစ်ပြီးR-rated ပရိတ်သတ်ကြီး အနေနဲ့လည်း အခုခေတ်ကားတွေနဲ့ အရင်ခေတ်ကား ဘာတွေများထူးခြားသွားလဲ ? ဘာတွေကွာခြားသွားတာလဲ ? ဆိုတာကို ကြည့်ရှူကြရမှာဖြစ်ပြီး ဇာတ်လမ်း အကျဉ်းလေးကတော့ နာဇီတပ်ရဲ့ Schutzstaffel အရာရှိ မက်စ်မီလန် သီအိုအက်ဒေါ့ဖ်ဖာ ဟာ တဖက်ရန်သူနိုင်ငံသားတွေကိုထားရှိရာ ကမ့်မှာ ဓါတ်ငွေ့ခန်းထဲမှာအသတ်ခံရဆဲဆဲ မိန်းမချောလေး လူစီနဲ့ဆုံတွေ့ခဲ့ပြီး သနားစိတ်တွေယိုဖိတ်ခဲ့ပါတယ် ဒီလိုနဲ့ လူစီ တယောက် အသက်ဘေးကလွတ်မြောက်ပြီး အမေရိကန်တီးဝိုင်း ခေါင်းဆောင်တယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ် တရက် မက်စ်တယောက် လူစီနဲ့ပြန်လည်ဆုံတွေ့ရာမှာတော့ ဘယ်လိုတေ အသယ်အပို့လုပ်ပြီး မက်စ်တယောက်နဲ့ အရင်က သံယောဇဉ်လက်ကျန်တွေကို ဘယ်လိုများ ရင်ဆိုင်မလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက် ရှူစား လိုက်ပါတော့နော် ........................................။ ခေတ်ဟောင်းပေါက်စီတွေ မြည်းစမ်းရင်း ဘာတွေများ ကွာခြားနေလဲဆိုတာကိုတော့ အဟင်း ဟင်း ....................။UNICODE ပထမဆုံး မင်္ဂလာညချမ်းလေးပါလို့ နုတ်ခွန်းဆက်ပါရစေဗျာ အခုညမှာတော့ ပရိတ်သတ်ကြီး အတွက် Adult/R-rated ထဲမှာမှ ထူးထူးခြားခြား IMDb ...
movie
The Night Porter (1974)
1974