Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Charlotte Hope
7.1
Allied (2016)
Allied (2016)IMDb Rating (7.1) / Rotten Tomatoes (60%)မင်းသား Brad Pitt နဲ့ ပြင်သစ်မင်းသမီး Marion Cotillard တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်အတွင်းကာလ လျှို့ဝှက်စပိုင်အခြေပြု ဒရမ်မာဇာတ်ကားကြီးဖြစ်ပါတယ်။ ပြင်သစ်မင်းသမီး Marion Cotillard ကို ထိပ်တန်းရုပ်ရှင်တော်တော်များများမှာ မြင်နေကျဆိုပေမယ့် ဒီရုပ်ရှင်မှာတော့ သူမရဲ့သွင်ပြင်လက္ခဏာတွေ လုံးဝကိုပေါ်လွင်ထင်ရှင်းနေခဲ့ပြီး မျက်လုံးအရွေ့ မျက်တောင်အခတ်လေးမှာတောင် ခဏခဏပြန်ကြည့်ချင်လောက်အောင် အထာကျကျ သရုပ်ဆောင်သွားခဲ့ပါတယ်... မင်းသားကလဲ ဘရတ်ပစ်ဆိုတော့ ပြောစရာမလိုတော့ပါဘူး... သူတို့နှစ်ယောက်စလုံးရဲ့လှုပ်ရှားမှုတိုင်း စကားလုံးတွေတိုင်းအသက်ဝင်နေပြီး ကြည့်ရှုသူကိုယ်တိုင်မျောပါသွားရမယ့်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ အဝတ်အစားဒီဇိုင်းတွေ ဆက်တင်တွေလဲ ခမ်းနားလှပပြီး အော်စကာဆုပေးပွဲမှာလဲ ဇကာတင်ဝင်ခဲ့ပါသေးတယ်။ဇာတ်လမ်းလေးကလဲ အတော်ကိုစိတ်ဝင်စားစရာပါပဲ ဒါပေမယ့် ဇာတ်လမ်းကိုမသိဘဲ ဒီတိုင်းထိုင်ကြည့်လိုက်တာက ပိုအရသာရှိမှာမလို့ သိပ်မရေးပြတော့ပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ ဂျာမန်နဲ့ အင်္ဂလန်တို့ရဲ့ တစ်ဖက်ကိုတစ်ဖက် သူလျှိုထားလုပ်ကြံကြဖို့စီစဉ်ကြတာတွေ သူလျှိုတွေရဲ့ပိရိသေသပ်မှုတွေ စစ်အတွင်းကာလအနိဌာရုံတွေ ယုံကြည်ဖို့ခက်ခဲတဲ့မစ်ရှင်တွေနဲ့ တော်တော်ကိုမှ ကောင်းမွန်သေသပ်အဆင့်မြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/ (1.3 GB ) / (860 MB) Quality….BluRay 4K ...
movie
Allied (2016)
2016
4K HEVC
5.6
The Nun (2018)
ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲအဲ့ဒီလိုပုံစံလေးတွေရှိပါတယ် သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့ နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့Conjuring Universe က Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ The Nun ဆိုတာနဲ့ မျက်နှာအဖွေးသားအစွယ်တဖွေးဖွေးနဲ့သီလရှင်ကြီးဆိုတာ မျက်လုံးထဲပြေးမလွတ်ပါဘူး အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က evil books တွေမှာတစ္ဆေထိန်းမိစ္ဆာကြီးအဖြစ်နေရာယူထားပေမယ့် အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား က စိန့်ခါသာဆိုတဲ့ church ကြီးမှာသီလရှင်တစ်ပါးသေကြောင်းကြံစည်ခဲ့ပါတယ် ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့ ဘုန်းတော်ကြီးတစ်ပါးကိုခြေနေဆိုးကောင်းသိရအောင်လွှတ်ပေးလိုက်ပါတယ် ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါးသေကြောင်းကြံမှုနောက်ကွယ်က ဘယ်ကိစ္စကကြိုးကိုင်နေလဲဆိုတာစုံစမ်းရင်း အစွယ်အဖွေးသားနဲ့အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့ ပတ်သတ်မိကြတော့တာပါပဲဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့ Conjuring universe ကိုခုံမင်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ကားပါ ပုံမှန်ခြောက်နေကြတစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့ Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင်ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ်(ရုပ်ရှင်အညွှန်းကို Hein Thet Naing မှတင်ဆက်ထားပါတယ်။) File size…(2.8 GB)/ (860 MB)/(660 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:36:34 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka ...
movie
The Nun (2018)
2018
4K HEVC
5.9
Three Christs (2020)
Three Christs (2020)================IMDb Rating - 5.9/10#Unicode2020 ဇန်နဝါရီလထဲ ထွက်ရှိထားတဲ့ Three Christ ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားတင်ဆက်ပေးချင်ပါတယ်။ပစ်တာခတ်တာတွေ ကြမ်းတာရမ်းတာတွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။စိတ်ပညာရပ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကိုအခြေခံထားတဲ့ ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မီချီဂမ် ကောလိပ်မှာ ဆရာလုပ်နေတဲ့ စိတ်ရောဂါဆရာဝန် ဒေါက်တာစတုန်းဟာ သုတေသနကိစ္စအတွက် ကျောင်းဆရာအလုပ်ကနေထွက်ပြီး စိတ်ရောဂါကု ဆေးရုံကိုရောက်လာပါတယ်။သူရောက်လာတဲ့ ဆေးရုံမှာ သူ့ကိုယ်သူ ယေရှုခရစ်တော်လို့ထင်နေတဲ့ လူနာတစ်ယောက်နဲ့ တွေ့ပါတယ်။ ဆက်ပြီး စုံစမ်းကြည့်တော့ စင်ဒရဲလားလို့ ထင်နေတဲ့သူတွေ အိုင်စင်ဟောင်ဝါလို့ သူတို့ကိုယ်သူတို့ ထင်နေသူတွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီထဲကမှာ ယေရှူလို့ထင်နေတဲ့သူတွေကိုရှာခိုင်းလိုက်တော့နောက်ထပ် ၂ ယောက် ထပ်တိုးလာပါတယ်။ ယေရှုလို့ သူတို့ကိုယ်သူတို့ထင်နေတဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်၃ ယောက်ကို သုတေသနအတွက်ရွေးချယ်ပြီး ဒေါက်တာစတုန်းဟာ ရှေးနည်းနဲ့မတူတဲ့ ကုသချဉ်းကပ်နည်းတွေနဲ့ကုသပေးဖို့ကြိုးစားပါတော့တယ်။IMDb - 5.9/10 ရရှိထားပြီး Richard Gere ...
movie
Three Christs (2020)
2020