Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Charle
7.5
Rooban (2024)
Rooban 2024 (အပစ်ပယ်ခံ လူသားတစ်ယောက်) IMDb - 8.6/10တောအုပ်ကြီးတစ်ခုရဲ့ ဘေးကရွာလေးတစ်ရွာ ရှန်မူဂမ်ဆိုတဲ့လူတစ်ယောက် သူ့ရဲ့အမျိုးသမီးဖြစ်သူ နဲ့အတူ နေထိုင်ပါတယ်။သူတို့အိမ်ထောင်သက်က အနည်းငယ်ကြာပြီဆိုပေမဲ့ သားသမီးမထွန်းကားတာကြောင့် သူတို့ကို လာဘ်မကောင်းဘူး နမိတ်မကောင်းဘူးဆိုပြီး တစ်ရွာလုံးက သာရေးနာရေးကိစ္စ အဝဝမှာ လူလုပ်ပြီးမဖိတ်ဘဲ ပစ်ပယ်ထားကြပါတယ်။ဒါတင်မကသေးဘဲ အတင်းအဖျင်းတွေပါပြောသေးတော့ ရှန်မူဂမ်တစ်ယောက် စိတ်ထဲသိမ်းထားရတာတွေများလာတဲ့နောက် မဖြေသိမ့်နိုင်တော့ဘဲ အရက်တွေသောက်ပြီး တစ်ရွာလုံးကို ငိုပြီးသူ့ခံစားချက်တွေကို ပြောပါတော့တယ်။အဲ့လိုပြောရင်းပဲ သူ့ကိုဒီလိုပစ်ပယ်ထားတဲ့ ရွာသားတွေ တစ်နေ့သူ့ခြေရင်းမှာခပြီး ဝပ်တွားတောင်းပန်လာစေရမယ်လို့ ကျိန်ဆိုသွားခဲ့ပါတယ်။ ဆိုတော့ အပစ်ပယ်ခံဆင်းရဲသား ရှန်မူဂမ်တစ်ယောက် သူပြောသလိုဖြစ်သွားမှာလား ဘာတွေလုပ်ပြီးဖြစ်အောင်လုပ်မှာလဲဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျာ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။) File size…3GB / 1.5GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Rooban (2024)
2024
8
Joe (2023)
Joe (2023) "ဝေးများဝေးရင်..." IMDb - 8.0/10ရင်မှာနွမ်းလို့ အလွမ်းရယ်ဝေရမဲ့ ဆွတ်ပျံ့ကြည်နူးဖွယ် တမီလ်အချစ်ဇာတ်လမ်းလေး တပုဒ်ကိုတင်ဆက်ပေးပါရစေချစ်သူတွေ၊ အိမ်ထောင်သည်တွေကြားမှာ ပြဿနာတွေများလာရင် အရင်နဲ့မတူတော့ဘူးဆိုတဲ့စကားကို လက်ကိုင် ထားကြလေ့ရှိပါတယ်။တကယ်တော့လည်း ချစ်ခြင်းမေတ္တာက ပြောင်းလဲသွားတာမျိုး မဟုတ်တောင် သည်းခံမှု၊ အလိုလိုက်မှုတွေပြောင်းလဲသွားကြတာပါ။ ချစ်သူတွေ မဖြစ်ခင်နဲ့ ဖြစ်ခင်စအချိန်တုန်းက သူဆေးလိပ်တဲ့ ပုံစံလေးကိုက သဘောကျချင်စရာလို့ မြင်ချင်မြင်ပေမဲ့ အချိန်တစ်ခု ကြာလာတဲ့အခါမှာတော့ ကျန်းမာရေးကို စိတ်ပူတာပဲဖြစ်ဖြစ်၊ အနံ့မခံနိုင်တော့တာပဲ ဖြစ်ဖြစ် တားကြတဲ့အခါ နှစ်ဦးနှစ်ဖက်လုံး အမြင်မှာ အရင်နဲ့မတူတော့ဘူးဆိုတာမျိုးတွေ ဖြစ်လာကြတယ်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်လို့ ပြောလို့ရတဲ့ကိစ္စတွေထဲက အကြောင်းအရာတစ်ခုပါပဲ။ဒီလိုပဲ ဂျိုးနဲ့ ဆူချီတို့နှစ်ယောက် သိပ်ချစ်ကြပေမဲ့ ကြားလေသွေးလို့ ဝေးရတာတွေ၊ အရင်နဲ့မတူတော့ဘူးဆိုတဲ့စိတ်တွေ ဝင်လာတဲ့အခါမှာ နှစ်ယောက်သား ရင်ဆိုင်ရတာတွေက မလွယ်ကူလှ။ ဒီလိုပဲ သူတို့အချစ်ခရီးလမ်း ဘယ်လိုဆက်မလဲ၊ ဂျိုးဘ၀မှာ ရှရူသီဆိုတဲ့ အမျိုးသမီးလေးထပ်ရှိလာတဲ့အခါ..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie
Joe (2023)
2023
8.1
Maanagaram(2017)
Maanagaram (2017) "မြို့ပြရဲ့ သားကောင်များ"IMDb 8.1 ရထားတဲ့ ဒါရိုက်တာ Lokesh Kanagaraj ရဲ့ တမီးလ် action/thriller ကား(UNCUT version) ဖြစ်ပါတယ် ဒါရိုက်တာ Lokesh ကို ဘာလို့ ထည့်ပြောရသလဲဆိုရင် လတ်တလောလေးက ထွက်ထားတဲ့ ဗီဂျေးရဲ့ သောက်ကြမ်းကား Leo(2023) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါဒါရိုက်တာ Lokesh ဟာ action/thriller ကားတွေနဲ့ တမီးလ်ရုပ်ရှင်လောကမှာ နောက်ပိုင်း ထင်ပေါ်လာသူတစ်ယောက်ဖြစ်ပါတယ် Kaithi, Vikram နဲ့ Leo ဆိုပြီး သုံးကားတွဲ (Lokesh Cinematic Universe - LCU)ဆိုပြီး ကင်ပွန်းတပ်ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒီ Maanagaram ကတော့ သူ့ရဲ့ ပွဲဦးထွက် ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် တက်သစ်စ ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ဆိုပေမယ့် ဘတ်ဂျက် သန်း ၄၀ နဲ့ ရိုက်ကူးခဲ့ရာမှာ ...
movie
Maanagaram(2017)
2017
5.0
Iraivan (2023)
Iraivan 2023 (သို့) အပြုံးလူသတ်သမားIMDb 5.1/10 ဘတ်ဂျက် သန်း ၂၈၀ သုံးထားပြီး သတ်ခန်းဖြတ်ခန်းတွေကို ဆင်ဆာဖြတ်ထားခြင်းမရှိဘဲ သွေးသံရဲရဲနဲ့ ကျောချမ်းစရာမြင်ကွင်းတွေကို ကွင်းကွင်းကွက်ကွက်ပြသထားတဲ့ ရုံကားတစ်ကားပဲဖြစ်ပါတယ် အပြုံးလူသတ်သမား ..ဒီနာမည်ဖြစ်တည်လာပုံကတော့ စိတ္တဇလူသတ်သမားကသူသတ်တဲ့လူကို အပြုံးလှလှလေးတစ်ခုဖန်တီးပေးလိုက်လို့ပါပဲ ဘယ်လိုမျိုးလဲဆိုရင် သေရင်တောင်မှ ပီပြင်တဲ့အပြုံးတစ်ခုပေါ်လွင်လာဖို့ ပါးနှစ်ဖက်စလုံးမှာ ပါးစပ်ကိုဓားနဲ့ထိုးခွဲပြီးဖန်တီးပေးလိုက်တာပါ ဒါတင်မက မျက်လုံးတွေကိုပါဖောက်ထုတ်ပြီး တစ်ကိုယ်လုံးကိုဓားနဲ့မွှန်းပြီး လူမြင်ကွင်းမှာ သွားသွားပစ်ထားတတ်တာက သူ့အကျင့်လေးတစ်ခုပေါ့ဒါပေမဲ့သူ့သင်္ကေတကတော့မိန်းကလေးတွေကိုပဲသတ်တာပါ ကျားဆိုယောင်လို့တောင်လှည့်မကြည့်တတ်တဲ့ ဒီအပြုံးလူသတ်သမားကြောင့်ချန်နိုင်းရဲမင်းကြီးက ဒီအမှုကို မင်းသား၂လက်ဖြစ်တဲ့ အန်ဒရူးနဲ့ အာဂျွန့်ဆီတာဝန်ပေးအပ်လိုက်ပါတယ် သိုပေတည်း ၆လကြာတဲ့အထိ အသတ်ခံရတဲ့မိန်းကလေး ၁၂ယောက်တောင်ဖြစ်လာခဲ့ပြီး လူသတ်သမားအကြောင်း တစ်စွန်းတစ်စတောင်မသိရလေတော့ ပြည်သူတွေအုံကြွပြီး ဆန္ဒတွေပြကြနဲ့ အဘက်ဘက်ကဖိအားတွေနဲ့ သူတို့၂ယောက်.. ဥာဏ်ပြေးလွန်းတဲ့ စိတ္တဇလူသတ်သမားနဲ့ ရဲတွေကြား ပညာပြိုင်ကြပုံကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ BpL ~V ~ Zwe ~ Alex ~ ToMo ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
movie
Iraivan (2023)
2023
7.8
Erumbu (2023)
Erumbu 2023 IMDb 7.7/10 Drama/Familyမိသားစုဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ရသကောင်းလေး ပေးစွမ်းနိုင်မယ့် တမီးလ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အန်နာဒူရိုင်ဟာ အိမ်အတွက် ရုန်းကန်ပြီးဝမ်းစာနေရှာနေရတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ အကြွေးပတ်လည်ဝိုင်းနေပြီး မိသားစုဝင်ခြောက်ယောက်စာကို ရှာဖွေနေရတာမလို့ တကယ်ကိုမလွယ်ကူလှပါဘူး။ဒါပေမဲ့လည်း သားဖြစ်သူမူသူးနဲ့ သမီးဖြစ်သူပန်ချီကို မရှိတဲ့ကြားကနေ စိတ်ချမ်းသာအောင်ထားပေးတဲ့ ဖခင်ကောင်းတစ်ဦးဖြစ်ပါတယ်။ မိထွေးဖြစ်သူနဲ့နေရတဲ့ သားနဲ့သမီးကို အတတ်နိုင်ဆုံးလိုတာတွေဖြည့်ဆည်းပေးပြီး သားနဲ့သမီးကလည်း ရုန်းကန်နေရတဲ့အဖေကို ပြန်ကြည့်ပေးတာမလို့ ငွေကြေးမပြည့်စုံပေမယ့်လည်း မေတ္တာတွေနဲ့လွှမ်းခြုံထားတဲ့မိသားစုလေးဖြစ်ပါတယ်။တစ်နေ့မှာ မိထွေးဖြစ်သူရဲ့အရေးပါတဲ့ရွှေလက်စွပ်တစ်ကွင်းဟာ မထင်မှတ်ပဲပျောက်သွားတဲ့အတွက်ကြောင့် မူသူးတစ်ယောက် ပြာယာခတ်သွားပါတော့တယ်။ အရေးပါတဲ့လက်စွပ်ဖြစ်ပြီး အိမ်ကသိရင်ပြဿနာတက်မှာဖြစ်တဲ့အတွက် အစ်မဖြစ်သူနဲ့အတူ သူငယ်ချင်းတွေကိုပါ အကူအညီတောင်းရင်း ရှာပုံတော်စရပါတော့တယ်။ မူသူးတို့မိသားစုလေး အစစအရာရာအဆင်ပြပါ့မလား။ ဘာတွေဆက်ဖြစ်ကြဦးမလဲ။ ဒီဇာတ်ကားလေးမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Moon~Zwe Yan~Cherry တို့ပဲဖြစ်ပါတယ်။) File size…2.5GB / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Moon~Zwe Yan~Cherry
movie
Erumbu (2023)
2023
Kondraal Paavam (2023)
Kondraal Paavm(2023) ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် IMDb 8.6/10 ရရှိထားပြီး ဇာတ်အိမ်အခိုင်အမာနဲ့ ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ပုံပြင်တွေထဲ ရေခရားနဲ့ ကျီးကန်းပုံပြင်လေးကို မှတ်မိကြဦးမယ်လို့ထင်ပါတယ်။ရေခရားထဲကရေကို များများနဲ့ မြန်မြန်လိုချင်လို့ ကျောက်ခဲအသေးစားလေးတွေတစ်လုံးစီ ပစ်ချရမယ့်အစား အဆင်အခြင်မဲ့စွာနဲ့ ကျောက်တုံးကြီးပစ်ချလိုက်မိလို့ ရေခရားလည်းကွဲ ရေလည်းငတ်သွားရတဲ့ ပုံပြင်လေးပါ။ ဒီဇာတ်လမ်းလေးကလည်း အဲ့ဒီ့ပုံပြင်လေးရဲ့သင်ခန်းစာနဲ့ဆင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီးရီုက်ထားတာပါ။ ဝမ်းဆွဲသည်အမေနဲ့ အရက်သမားအဖေ၊ အကောင်းမြင်စိတ်ဆို နည်းနည်းလေးမှမရှိအောင်နေတဲ့ သမီးဖြစ်သူတို့အိမ်ကို ကြွယ်ဝခြင်းနတ်ဘုရားက ကြွယ်ဝခြင်းတွေပို့လိုက်ပြီဆိုတဲ့စကားသယ်လာပေးတဲ့ လူတစ်ယောက်ရဲ့စကားအဆုံးမှာ တကယ်ကိုပဲ လူတစ်ယောက်ဟာ ငွေထုပ်ပိုက်ပြီးရောက်လာခဲ့တဲ့အခါမှာတော့ အရာရာဟာပြောင်းလဲလာပါတော့တယ်။လက်ရှိနဲ့ ပုံပြင်၊ လက်တွေ့နဲ့ ဘာသာရေးအယူအဆတွေကို Mystery ဆန်ဆန်ချိတ်ဆက်ရိုက်ကူးသွားပုံက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် Plot twist ဆန်းဆန်းတွေကို မထင်မှတ်တဲ့နေရာမှာထည့်သွားပုံကလည်း ဒီကားကိုအဆုံးထိ ဇာတ်ရှိန်မကျသွားစေရတဲ့ အကြောင်းအရင်းပဲဖြစ်ပြီး အချိန်ပေးရကျိုးနပ်မယ့်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…1.97GB / 735MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47mins Subtitle….Myanmar Subtitle(Had Sub) Encoder….YK Translated by Aditi ~ Chiclon3~ ...
movie
Kondraal Paavam (2023)
2023
7.9
24 (2016)
24 (2016) Action, Comedy, Drama IMDb 7.9/10 (23K)အခုတစ်ခါ Old is Gold ဆိုတဲ့အတိုင်း မင်းသားချောလေး ဆူးရီးယားရဲ့ Time Travel ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ဒီဇာတ်ကားမှာ ဆူးရီးယားဟာ အဖေနေရာ..သားနေရာနဲ့ ဗီလိန်နေရာတွေမှာ သုံးကိုယ်ခွဲအဖြစ် ဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြီး မင်းသမီးချောလေး ဆမန်းသားနဲ့ နစ်သယားတို့ကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၇၀ မှာ ခန့်မှန်းခြေ ရူပီ ကုဋေ ၁၀၀ ဝန်းကျင်အထိ ပြန်လည်ရရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ကဲ အခု ဇာတ်လမ်းကိုသွားမယ်။စည်သူနဲ့ အက်ထရီယားဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာ စည်သူဟာ မိဘတွေရဲ့အလေးပေးခြင်းကို ခံရပြီး သိပ်တော်သိပ်ထက်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ပေါ့။အိန္ဒိယနံပါတ် ၁ နာရီကုမ္ပဏီတစ်ခုဖြစ်တဲ့ ဖီးနစ်နာရီကုမ္ပဏီကို ပိုင်ဆိုင်ထားပါတယ်။စည်သူဟာ အချိန်ခရီးသွားလို့ရတဲ့ နာရီလေးတစ်လုံးကို တီထွင်ဖန်တီးနေခဲ့တယ်။အောင်မြင်သွားတဲ့အချိန်မှာ မနာလိုရန်လိုစိတ်များနေတဲ့ အက်ထရီယားဟာ စည်သူ့အိမ်ကို တပည့်တပန်းတွေတသိုက်နဲ့ နာရီကိုလက်ဝယ်အပိုင်သိမ်းဖို့ ရောက်လာခဲ့ပါပြီ။ရှေ့ဆက်ပြီး ဇာတ်လမ်းရဲ့လှည့်ကွက်လေးတွေနဲ့ ကံကြမ္မာရဲ့စေစားချက်တွေကို မျက်တောင်မခတ်တမ်းကြည့်ရမယ့် ဒီကားလေးမှာ မျောပါရဦးမှာဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…3.2GB / 1.64GB Quality…1080p ...
movie
24 (2016)
2016
7.1
Vellai Pookal (2019)
Vellaipookal (2019) --------------------------------- ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ လျှို့ဝှက်သည်းဖိုပရိသတ်တွေအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အိန္ဒိယ ချန်နိုင်းမြို့က အသက် ၅၇နှစ်အရွယ်အငြိမ်းစား ရဲအရာရှိတစ်ယောက်ကအကြောင်းတစ်စုံတစ်ရာကြောင့် စကားမပြောဖြစ်တော့တဲ့ သားဖြစ်သူနဲ့ပြန်လည်သင့်မြတ်အောင်နေဖို့ အမေရိကန်ကိုလိုက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်းသူ့သားရပ်ကွက်ထဲမှာဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတစ်ခုကို စုံစမ်းစစ်ဆေးဖို့ စတင်လာတဲ့အချိန်မှာတော့.....။ဒီဇာတ်ကားဟာ Seattle, USA မှာဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး IMDb Rating 7.1ရရှိထားတဲ့အတွက် မှုခင်းစုံထောက်ကားကောင်းမှ ကြိုက်နှစ်သက်ပါတယ်ဆိုသူတွေအတွက်လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားအဖြစ်ညွှန်းလိုက်ပါရစေ။ File size…2.16GB / 1GB Quality…1080p AAC5.1CH / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie
Vellai Pookal (2019)
2019