Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cecilia Cheung
6
The Lion Roars ( 2002 )
Cecilia Cheung ၊ Louis Koo နဲ့ Fang Bingbing တို့ရဲ့ 2002 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဟောင်ကောင် အချစ်ဟာသဇာတ်ကားလေးပြန်တင်ပေးလိုက်ပါတယ်။ စုန့်ခေတ်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အစ်ကိုကြီးနဲ့နှစ်ယောက်ထဲကြီးပြင်းလာတဲ့ လျိုယွဲ့အော်က ကြမ်းတမ်းတဲ့အကျင့်စရိုက်ရှိတဲ့အတွက်ကြောင့် ကြင်ဖက်ရှာတဲ့နေရာမှာမအောင်မြင်နိုင်ဖြစ်နေခဲ့တယ်။တစ်နေ့မှာ နူးညံ့တဲ့စာပေသမားကဗျာဆရာတစ်ယောက်နဲ့တွေ့တော့ ချစ်မိသွားခဲ့တယ်။ နန်းတွင်းကဂုဏ်ပြုပွဲတစ်ညမှာ ဘုရင်ကြီးကသူတို့နှစ်ယောက်ကို လက်ဆက်ပေးလိုက်တဲ့အခါ အကျင့်စရိုက်ဆန့်ကျင်ဘက်ရှိတဲ့သူနှစ်ယောက်ဟာ အကြင်လင်မယားတွေဖြစ်သွားကြတယ်။ သူတို့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေပါ့မလား...... အဲဒီအချိန်မှာပဲ ယုန်မိစ္ဆာယောင်ဆောင်တဲ့ မင်းသမီးတစ်ယောက်က ကဗျာဆရာလေးကို အပိုင်ကြံချင်လာတော့ သူတို့ရဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲ..... Filesize : 1.7 GB / 1.05 GB Quality : WEB-DL 1080p , 720p Format : mkv Genres : Comedy , Romance Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Lion Roars ( 2002 )
5.1
The Legend Of Zu (2001)
ဇူတောင်တန်းမှာ ဒဏ္ဍာရီတွေ အများကြီးရှိနေပါတယ်...စွမ်းအားပြင်းတဲ့ လက်နက်တွေ နတ်ပြည်က ဖန်ဆင်းပေးထားတာတွေ မသေမျိုးတွေ ပြီးတော့... တောင်တန်းကို မကောင်းဆိုးဝါးတွေ လက်ထဲက ကာကွယ်ပေးနေတဲ့ အသင်းတော်တွေ …နှစ် ရာထောင်သောင်းချီတဲ့ ကာလအတွင်းမှာ အသင်းတော်တွေကြားက မညီညွတ်မှုကြောင့် တစ်သင်းပြီး တစ်သင်း မကောင်းဆိုးဝါးကြီး အင်စိုရဲ့ ဖျက်ဆီးမှုကြောင့် ကွယ်ပျောက်ခဲ့ရပါတယ်။အခုကတော့ အိုမီအသင်းတော်အလှည့်ပါ... အိုမီကျောင်းတော်သားတွေက တက်ညီလက်ညီ ကာကွယ်သွားနိုင်မလား... မကောင်းဆိုးဝါးကပဲ အနိုင်ယူသွားမလားဆိုတာကို တရုတ်သိုင်းကား စိတ်ဝင်စားရင်တော့ ကြည့်လိုက်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲခဗျာ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(3GB) / (1.5GB) Quality__1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:44:00 Type__Action, Adventure, History Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie
The Legend Of Zu (2001)
6.7
Twelve Nights (2000)
Twelve Nights (2000)~ IMDb - 6.7/10, MyDramaList - 7.4/10 ~The Warlords နဲ့ Dragon တို့လို ကားကောင်းတွေမှာ ဇာတ်ညွှန်းရေးခဲ့တဲ့ စာရေးဆရာမ Aubrey Lam ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဟောင်ကောင်ရဲ့ အကျော်အမော် မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Cecilia Cheung နဲ့ သူ့ခင်ပွန်းဟောင်း လက်ရှိခေတ်ရဲ့ နာမည်ကျော်တစ်ယောက်ဖြစ်တဲ့၊ ကျွန်တော်တို့တော့ ဟွားဝူချွဲအဖြစ်နဲ့ စသိခဲ့ကြတဲ့ Nicholas Tse တို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်း အချစ်တို့ရဲ့ ၁၂ညတာ အကြောင်းပါပဲ။ အချစ်ရဲ့ ပြေးတော့လိုက် လိုက်တော့ပြေးခြင်းတွေ၊ အချစ်ရဲ့မရင့်ကျက်ခြင်းတွေ၊ ဘဝရဲ့လှည့်စားခြင်းတွေကို ၁၂ညတာအချိန်အတွင်း ဘောင်သွင်းပြသွားတဲ့ ဟောင်ကောင်ရိုမန့်ကားတစ်ကားဆိုလည်း မမှားပါဘူး။ အလှတရားနဲ့ ညှို့ကွင်းထောင်နေတဲ့ ယန်တစ်ခုလို Cecilia Cheung နဲ့တင် ဒီဇာတ်လမ်းကို ကြည့်သင့်နေပြီ ...
movie
Twelve Nights (2000)
2000
7.5
Failan (2001)
Failan (2001)~ IMDb - 7.5/10, RT - 86%, MyDramaList - 7.4/10 ~Failan ကို Calla, One Day, Maundy Thursday တို့ကို ရိုက်ခဲ့တဲ့ Song Hae-sung ရဲ့ အကောင်းဆုံးရုပ်ရှင်ဖြစ်သလို ချွဲမင်ဆစ်ရဲ့ ပါဖောမင့်န်အပြောင်မြောက်ဆုံး ရုပ်ရှင်လို့လည်း တစ်ချို့က သတ်မှတ်ကြပါတယ်။ ချွဲမင်ဆစ်ဟာ ပတ်ချန်းဝုရဲ့ Old Boy တို့ Lady Vengeance တို့၊ ကင်ဂျီ၀န်းရဲ့ I Saw The Devil တို့နဲ့ အတော်ကြမ်းတမ်းပြီး ရက်စက်တဲ့ ဇာတ်ရုပ်တွေမှာ လုံးဝပီပြင်အောင် သရုပ်ဆောင်ခဲ့ဖူးသလို ခု Failan နဲ့ ကင်ဂျီ၀န်းရဲ့ The Quiet Family တို့မှာ Comedy ဆန်ဆန်ဇာတ်ရုပ်ဆိုလည်း အံ၀င်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ...
movie
Failan (2001)
2001
7.2
Fly Me to Polaris (1999)
ဒီတစ်ခေါက်မှာတော့ 1999 ခုနှစ်က ထွက်ရှိထားတဲ့တရုတ်အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDB မှာ 7.2အထိရရှိထားတာမို့။ တကယ်လည်းကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ် ခံစားလိုက်ပါဦး....ဇာတ်လမ်းအကျဉ်းကြက်သွန်နီ လို့အမည်ရတဲ့ မျက်မမြင် ဆွံ့အကောင်လေးတစ်ယောက်ဟာသူ့ကို ပြုစုပေးတဲ့ ဆရာမလေးကို စိတ်ဝင်စားရင်း ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့အချိန်မှာမထင်မှတ်ပဲလောကကြီးက ခွဲခွါရတဲ့အချိန် ဘယ်လိုမျိုး အထူးအခွင့်အရေးရတဲ့အချိန်နဲ့တိုက်ဆိုင်သွားမှာလဲဆရာမလေးနဲ့ သူက ကော ပြန်တွေ့ရမှာလား။ ဘယ်လိုမျိုး အချစ်တွေကိုပုံဖော်နိုင်မှာလဲဆိုတာတော့ ဇာတ်လမ်းလေး ကြည့်ပြီး လိုက်ပါစီးမျောကြပါဗျာ။တကယ်ကောင်းတဲ့အချစ်ကားမို့ ထပ်ညွှန်းရင် စပွိုင်းမိမှာစိုးရိမ်တာမို့အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်လို့ပဲ ညွှန်းလိုက်ပါရစေဗျာ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ် File size…1.36GB / 700MB / 300MB Quality…1080p WEB Rip Format…mp4 Duration….1h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung
movie
Fly Me to Polaris (1999)
1999
6.7
Running on Karma(2003)
ဒီကားကို ကျွန်တော်ငယ်ငယ်တုန်းက ရွာလယ်က ဗီဒီယိုရုံလေးမှာ သွားကြည့်ခဲ့တာ...လူသန်ဗလကြီးက ငှက်မွေးလေးလိုပေါ့ပါးစွာခုန်ရင်း လူဆိုးတွေကို အားရပါးရ နွှာခဲ့တဲ့သူ့ကိုအရမ်းသဘောကျခဲ့တယ်....ဖြတ်ခနဲခုန်..ဒေါသတကြီး လော်ကာတွေကိုဝုန်းခနဲထိုးချ..မကောင်းမှုကျူးလွန်တဲ့သူတွေကိုနှိမ်နင်း.အင်္ဂလိပ်စာတန်းထိုးဆိုတော့နားမလည် ပါးမလည်း အရမ်းကောင်းတဲ့အက်ရှင်ကားလို့ပဲမှတ်ချက်ချခဲ့တယ်...ကောင်းခန်းရောက်မှာတိပ်ခွေက မှုန်နေလို့ ပိုက်ဆံအသစ်လေးနဲ့ပွတ်ပြီး ဖိုက်ခန်းတွေကျော်သလိုဖြစ်တဲ့ရုံပိုင်ရှင်ဦးလေးကြီးကိုပြန်ရစ်ပေးပါလို့အသံဗြဲကြီးနဲ့အော်ခဲ့တာ...ခုမြန်မာစာတမ်းထိုးလေးနဲ့ကြည့်တော့ အက်ရှင်ကားဆိုတာထက်ပိုတယ်လို့ပြောလို့ရသလို ရသမြောက် အက်ရှင်ကားလို့လည်းပြောရမယ်ထင်တယ်. ဒီလိုကောင်းလို့လည်း Best Picture,Best Actor,Best Screen Play စတဲ့ဆု(၃)ဆုတောင်ရသွားပါတယ်...Best Actor ဆုရသွားတာကတော့ခေါင်းဆောင်မင်းသား Andy Lau ဆိုတာတော့ပြောစရာလိုမယ်မထင်ဘူး.... ကားဟောင်းလည်းဖြစ်လို့ဇာတ်လမ်းဇာတ်ကွက်တွေမပြောပြတော့ပါဘူး...... File Size…(855MB) and (355MB) Quality…BluRay 720p Format…mp4 Duration…01:33:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
movie
Running on Karma(2003)
2003
5.3
Cat and Mouse (2003)
2003 ခုနှစ်ကထွက်ရှိပြီး ပေါင်ချိန် ကျန်ကျောင်းကားကို ဟာသဘားရှင်းအနေနဲ့ရိုက်ကူးထားတဲ့ အချစ်ဟာသကား လေးကိုတင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသာကြီးကတော့ အသဲကျော် အန်ဒီပဲ ဖြစ်ပါတယ်ဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ Zhan Zhao (Andy Lau) ဟာ ပေါင်လူကြီးမင်းရဲ့ ရုံးစာရေး ကိုယ်ရံတော် ငတိပါ တစ်နေ့မှာ သူဟာ ရုံးအားလပ်ရပ်မှာ သူငယ်လေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ် ထိုအချိန်မှာပဲ တရားသူကြီးပေါင်ကို လုပ်ကြံတဲ့ အမူတစ်ခုထွက်ပေါ်လာရာမှ ပေါင်လူကြီးမင်းကိုလုပ်ကြံမူကို Zhan Zhao (Andy Lau) ဟာ တားဆီးဖို့ကြိုးစားရင်း သူမျှော်လင့်ထားသလို ဖြစ်မလာပဲ သူငယ်လေးဟာ သောက်ကျိုးနည်း ချောတဲ့ကောင်မလေး ဖြစ်နေပြီး သူ့ကိုတိတ်တဆိတ် ကူညီပေးနေတဲ့သူဖြစ်လာတဲ့အခါမှာတော့ ..................... ဘာသာပြန်ကတော့ Chu Qiao ပါဗျ ။Download From Yoteshin Link
movie
Cat and Mouse (2003)
2003
5.6
The Promise (2005)
movie
The Promise (2005)
2005