Channel Myanmar

Cao Weiyu

Three Old Boys ( 2024 ) 6
Three Old Boys ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ လာဘ်စားမှု၊အခွန်ရှောင်တိမ်းမှု၊ တရားမဝင် ငွေမည်းငွေဖြူလုပ်မှု စတဲ့စီးပွားရေးနှင့် ပတ်သက်တဲ့အမှုတွေကို စုံစမ်းရေးအဖွဲ့မှာ အတွေ့အကြုံဝါရင့်ပြီး ဆရာတစ်ဆူအဖြစ်သတ်မှတ်ထားတဲ့ ချွေးထျယ်ကျွင်း။ သူလိုမျိုးလုပ်သက်တဲ့ သူငယ်ချင်းနောက်ထပ် ၂ ယောက်ရှိသေးတာပေါ့။သူတို့တွေကတော့ မှုခင်းစုံစမ်းရေးမှူး၊ကင်းလှည့်ရဲတွေ ဖြစ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာသူတို့မြို့ရဲစခန်းဆီ ဘဏ်ဝန်ထမ်းတစ်ယောက်က မြေအောက်ဘဏ်လို့ခေါ်တဲ့ အောက်လမ်းမသမာတဲ့ဘဏ်လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီး ငွေတွေကိုပြည်ပဆီပို့ပေးပြီးလိမ်လည်တယ်ဆိုတဲ့ တိုင်ကြားစာရောက်လာခဲ့တယ်။ဒီတိုင်ကြားစာကိုစုံစမ်းရင်းတခြားသဲလွန်စသက်သေတွေတွေ့ရှိလာခဲ့ပေမဲ့ စုံစမ်းရေးမှူးတဖွဲ့လုံးက အတွေ့အကြုံနုသေးတဲ့အပြင် ဒီအန္တရာယ်ကြီးထဲကို ဘယ်သူမှမစွန့်စားရဲတာကြောင့် အတွေ့အကြုံရင့်တဲ့ ချွေးထျယ်ကျွင်းနဲ့သူ့အပေါင်းအပါ နှစ်ယောက်ကိုဒီအမှုစုံထောက်အဖြစ်တာဝန်ပေးအပ်ခဲ့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာ ဒီအမှုကိုဖော်ထုတ်နိုင်သွားပေမဲ့ ချွေးထျယ်ကျွင်းတစ်ယောက်ကတော့ဒီအမှုကို သိပ်မသင်္ကာစရာတွေအများကြီးရှိနေတာကြောင့် အမြစ်ပြတ်ရှင်းပစ်ဖို့တောင်းဆိုခဲ့ရာမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီအမှုကကော ဘယ်လောက်ထိရူပ်ထွေးနေလဲ။ နောက်ကွယ်ကဘယ်သူချုပ်ကိုင်ထားလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။ Filesize : 995 MB / 625 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime Runtime : 1h 49 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Three Old Boys ( 2024 )

The Hunting ( 2022 ) 6
The Hunting ( 2022 ) နှစ်ကူးအားလပ်ရက်မှာ ရိုစရာချိုစရာမရှိတဲ့ တစ်ကိုယ်တည်းတောက်ပနေသူလေး တွေအတွက်အသင့်တော်ဆုံး သဲထိတ်ရင်ဖိုကားလေးကို CMမှတင်ဆက်ပေးလိုက်ပါတယ်။ဝက်ဝံအမဲလိုက်ဖို့အကောင်းဆုံးအချိန်ဖြစ်တဲ့ ချမ်းအေးတဲ့ဆောင်းရာသီမှာ ဝက်ဝံခြေရာခံတဲ့လူနှစ်ယောက်ဟာ ကောင်းကင်ကကျလာတဲ့အလင်းတန်းကြီးကိုတွေ့လိုက်ရတယ်။ဥက္ကာခဲကြီးလား ဘာတွေလဲဆိုပြီး သူတို့သွားကြည့်တဲ့အချိန်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ထူးဆန်းသတ္တဝါတွေနဲ့ကြုံတွေ့လိုက်ရတယ်။ လူတွေကဝက်ဝံတွေကိုအမဲလိုက်တဲ့နယ်မြေဟာ လူတွေကိုပြန်ပြီးအမဲလိုက်တဲ့နယ်မြေအဖြစ်ပြောင်းသွားပါတော့တယ်။ ကောင်းကင်ပေါ်ကကျလာတဲ့သတ္တဝါတွေကိုလူတွေဟာ ဘယ်မျိုးများနှိမ်နင်းကြမလဲ..... သားကောင်ဘဝနဲ့ပဲ လူတွေဟာနေသွားရတော့မှာလားဆိုတာကို သဲထိတ်ရင်ဖိုကြည့်လိုက်ကြပါဦးနော်...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Thriller Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Hunting ( 2022 )