Channel Myanmar

Candy Pangilinan

Road Trip (2024) 6
Road Trip (2024) Road Trip (2024) ခရီးလေးတစ်ခေါက်ဒီတစ်ခါတော့ CMပရိသတ်ကြီးအတွက် မိုးအေးအေးလေးနဲ့ ငယ်ဘဝကိုတစ်ခါလောက် ပြန်တွေးမိမယ့် ဖိလစ်ပိုင် လူငယ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဆယ်ကျော်သက်ဘဝမှာ သူငယ်ချင်းတွေနဲ့ ခရီးတစ်ခေါက် ထွက်မယ်လို့ လူတိုင်းစဥ်းစားဖူးကြပါတယ်။ တချို့ကျတော့လည်း သူငယ်ချင်းတွေစုံစုံညီညီနဲ့ ဆန္ဒတွေ ပြည့်ပြီးခရီးတွေ ထွက်ဖြစ်ကြတယ်။ တချို့ကျတော့လည်း အသက်ကြီးတဲ့ထိ ခရီးမထွက်ဖြစ်ဘဲ ပါးစပ်အရသာခံရင်း ပြီးဆုံးသွားရတယ်။ဆိုဖီယာ၊ မာရီကာ၊ ဂျီဂျီနဲ့ချီကီတို့ သူငယ်ချင်းလေးယောက်ကတော့ ဒုတိယအမျိုးအစားပေါ့။ ပူလက်တောင်ကို ခရီးထွက်ကြမယ်ဆိုတဲ့ ငယ်ဘဝဆန္ဒလေးကို အသက်၄၇နှစ်ကြာမှ အကောင်အထည်ဖော်ကြရတယ်။ ဒီတစ်ခါတော့ ဆယ်ကျော်သက်ဘဝလို အရာရာလွတ်လွတ်လပ်လပ် မဟုတ်တော့ဘူး။ မိသားစုတာဝန်၊ အလုပ်တာဝန်တွေ ရောယှက်လာခဲ့ပြီ။ငယ်ရွယ်ချိန်တုန်းကာသူတို့တွေဟာ ငယ်တုန်းကအတိုင်း ရှိနေကြသေးရဲ့လား။ ဘာတွေပြောင်းလဲသွားမလဲ။ မတည့်အတူနေ လေးယောက် ခရီးထွက်မယ့်အစီအစဥ် အောင်မြင်ပါ့မလား။ငယ်ရွယ်စဥ်မှာ လုပ်ခဲ့တဲ့အမှားတွေ၊ အမှတ်တရတွေ၊ အထင်လွဲတာတွေ၊ ရန်ဖြစ်ကြတာတွေကို ပြန်ပြီးတွေးတောကြရင်း ဒီခရီးလေးမှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ဒီကားလေးမှာစောင့်ကြည့်ပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollyood Team ဖြစ်ပါတယ်) File size…2.02GB / 869MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie

Road Trip (2024)

2024
Ang Pambansang Third Wheel (2018) 6.7
Ang Pambansang Third Wheel (2018) Ang Pambansang Third Wheel (2018)~ IMDb Rating - 6.7/10 ~ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ...
movie

Ang Pambansang Third Wheel (2018)

2018
This Time (2016) 6.2
This Time (2016) ကလေးဘဝက နွေရာသီကျောင်းပိတ်ရက်တွေမှာ အလည်သွားရင်းတွေ့ရတဲ့ ငယ်ငယ်ကသူငယ်ချင်းတွေရှိခဲ့မယ်ဆိုရင် ဒီကားလေးကို ပိုသဘောကျမယ်ထင်ပါတယ်။ အခြား ရိုမန့်ရုပ်ရှင်တွေလိုပဲ ဒီရုပ်ရှင်က ငယ်သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်​ယောက်စိတ်ဝင်စားမိတဲ့ ပုံစံအတိုင်းလာပါတယ်။ အရမ်းဒရမ်မာဆန်တဲ့ အလှည့်အပြောင်းသိပ်မရှိပဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ Narrative ပုံစံတစ်ခုနဲ့ ဆွဲခေါ်သွားမှာပါ Synopsis -ရုပ်ရှင်အဖွင့်မှာ ငယ်ငယ်တုံးက နှစ်ယောက်ကြားချစ်စရာအဖြစ်ပျက်ကလေးတစ်ခုနဲ့စဖွင့်ပါတယ်။ အေဗာမှာ ငယ်ငယ်ထဲကခုထိပေါင်းလာတဲ့ နွေရာသီပဲတွေ့ရတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ကိုဘီ -ကိုဘီကနွေရာသီမှာပဲ ဖိလစ်ပိုင်ကိုအလည်လာတယ် ကြာတော့ သူတို့နှစ်ယောက်ကြားမှာ ဘာခေါင်းစဥ်တပ်ရမလဲကို သူတို့ကိုယ်တိုင်လည်းမသိဘူးပေါ့။ နှစ်ယောက်ကိုတွေ့ဆုံစေတဲ့နွေရာသီဟာ ကြာတော့သူတို့နှစ်ယောက်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတော့တယ် အရမ်းထူးခြားတဲ့ဇာတ်လမ်းဇာတ်ကွက်မပါပေမယ့် တစ်ပုဒ်တည်းသုံးထားတဲ့ဇာတ်ဝင်တေး၊ Narrative ဆန်တဲ့ဇာတ်ကြောင်းတင်ပြမှု၊ခေါင်းဆောင်မင်းသား James Reid နဲ့မင်းသမီး Nadine Lustre တို့သရုပ်ဆောင်ထားက Chemistry တော်တော်မိပါတယ်။ တခြားcast တွေက comedy ဖြစ်ပြီးကြည့် နေရင်းကို သရုပ်ဆောင်တွေနဲ့မျောပါနေမိတယ်။ ဇာတ်လမ်းအလှည့်အပြောင်းအထွေအထူး မမျှော်လင့်နေပဲ ဒီအတိုင်းအေးအေးငြိမ့်ငြိမ့်လေးကြည့်ချင်သူတွေ အတွက်ဆို ကြည့်ရအဆင်ပြေမယ့် ဇာတ်ကားတစ်ကားပါ   File Size -  1.2 gb Quality - web-dl 1080p Subtitle - burmese Translator - Dod Encoder - Thit San Khant
movie

This Time (2016)

2016
Once Before(2020) 6.7
Once Before(2020) Once Before(2020)ငယ်သူချင်းတွေဆိုတာ အကြောင်းသိချင်းတွေဆိုတော့ တော်ရုံချစ်သူဖြစ်ကြတာမဟုတ်ဘူး...သူတို့အမြင်မှာ သူငယ်ချင်းအဆင့်ထက်မပိုသလို အတွင်းရေးတွေလည်း ပွင့်ပွင့်လင်းလင်းတိုင်ပင်လေ့ရှိကြတယ်...ဒီလိုအချိန်မှာ ငယ်သံယော်ဇဉ်ကနေ အချစ်ကိုကူးပြောင်းမှန်းသိလိုက်ပေမဲ့ သူငယ်ချင်းလို့ပဲ ကိုယ့်ကိုမြင်နေတာကိုသိတော့ ဆန္ဒတွေကိုမြိုသိပ်ရင်းအနားမှာရှိနေပေးတတ်ကြတဲ့သူတွေကိုမြင်ဖူးကြမှာပါ...ပိုဆိုးတာက ကိုယ်ကချစ်နေပေမဲ့ သူငယ်ချင်းက တခြားသူနဲ့ရည်းစားဖြစ်သွားရင်ဘယ်လောက်ခံစားရမလဲဆိုတာ ပြောပြဖို့တောင်လိုမယ်မထင်ပါဘူး...ဒီကားထဲမှာလည်း သူငယ်ချင်း(၂)ယောက်ရှိတယ်..ကောင်လေးက သူငယ်ချင်းစည်းကိုကျော်ချင်ပေမဲ့ကောင်မလေးကတော့ တခြားသူနဲ့ မေတ္တာမျှသွားလေရဲ့.....ဒီကားက အပေါ်ကရေးထားတာ သိပ်မဆန်းပေမဲ့သူတို့(၃)ယောက် နောက်ပိုင်းဖြစ်တဲ့အဖြစ်အပျက်တွေကတော့ဆန်းကျယ်တယ်....ဘာတွေလဲဆိုတာကတော့ ခံစားကြည့်ကြပါနော်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်...File Size : (850 MB) and (461MB) Quality : WEB-DL 720p Format…mp4 Duration…01:38:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie

Once Before(2020)