Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Brenda Blethyn
7.8
Atonement (2007)
AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie
Atonement (2007)
2007
6.4
Charlotte (2021)
Charlotte (2021)~ IMDb - 6.4/10, Rotten Tomatoes - 71% ~Loving Vincent ဆိုတဲ့ အန်နီမေးရှင်းကားကိုမှ ဗန်ဂိုးရဲ့ ပန်းချီဟန်တွေနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကို သိကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ဟာလည်း ထိုနည်းလည်းကောင်း ရုပ်ရှင်ပါ။ Charlotte လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျာမန်ဂျူးအစပ် ပန်းချီဆရာမလေးရဲ့ ဂျာမန်တွေဒဏ်ကိုခံနေရတဲ့ကြားက မာစတာပိစ်လက်ရာတစ်ခုကို ဖန်တီးတဲ့အကြောင်းကို ရိုက်ပြထားတာပါ။ ကျွန်တော့်လို Loving Vincent ကို အသည်းစွဲကြိုက်တဲ့လူတွေတော့ ဒီရုပ်ရှင်ကိုလည်း သဘောကျကြမှာပါ။Charlotte ဟာ သူ့မိသားစုရဲ့ ရင်နာစရာဇာတ်ကြောင်းကို ပန်းချီကားတစ်ထောင်ကျော်နဲ့ ပုံဖော်ရေးဆွဲခဲ့ပြီး "ဘဝလေလား ပြဇာတ်လေလား" လို့ ပန်းချီတစ်ထောင်ကျော်လုံးကို တစ်စုတည်းအဖြစ် သတ်မှတ် နာမည်ပေးလိုက်ပါတယ်။ အဲဒီပန်းချီကားစုကို ပထမဆုံး ဂရပ်ဖစ်နိုဗယ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ သူဟာ ပျော်စရာတွေထက် ဝေဒနာတွေက အနုပညာပိုစစ်တယ်လို့ ယူဆခဲ့ပြီး သူ့မိသားစုရဲ့ ဝေဒနာတွေကို ...
movie
Charlotte (2021)
2021
6.4
Pooh’s Heffalump Movie (2005)
[Unicode]အိမ်မှာနေရတာ ပျင်းဖို့ကောင်းတယ်ဗျာကျွန်တော်နဲ့ တူတူ ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ ကာတွန်းလေး ပြန်ကြည့်ရင်း 2005 ခေတ်ကို ပြန်သွားကြတာပေါ့များပြားလှတဲ့ Pooh ဇာတ်ကားလေးတွေထဲကမှ အခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ Pooh’s Heffalump movie လေးပဲဖြစ်ပါတယ်2005 ခေတ်ကကားဆိုတော့ အရောင်ထွက်ကတော့ဒီခေတ်လို လင်းရှင်းနေတာမျိုးမဟုတ်ဘဲ မှိန်မှိန်လေးနဲ့ပေါ့ဗျာကျွန်တော်ကတော့ အဲ့လို ကာလာလေးတွေနဲ့ ကာတွန်းကားတွေကို ပိုသဘောကျတယ်ဗျကျွန်တော်တို့ ငယ်ငယ်က နေဖို့ စိတ်ကူးယဉ်ခဲ့ဖူးတဲ့ တောအုပ်လေးထဲက နေချင်စရာ သစ်သားအိမ်လေးတွေကလည်းလုံးဝ ငယ်ဘဝကို ပြန်လွမ်းစေပါတယ်ဇာတ်လမ်းလေးကတော့Pooh တို့ဘော်ဒါ လေးယောက် တောအုပ်ထဲမှာနေကြရင်း တစ်ရက်ကျတော့ Heffalump တွေကို သွားဖမ်းဖို့ ဖြစ်လာပါတယ်Heffalump တွေကို သူများပြောတာပဲကြားဖူးပြီး ဆိုးရွားတဲ့ကောင်လေးတွေလို့ ထင်ထားရာကတကယ်ကြုံလာတော့ အထင်နဲ့အမြင် ဘယ်လိုလွဲနေမလဲHeffalump တွေကရော သူတို့ကို ဘယ်လိုထင်နေလဲဆိုတာ ချစ်စရာဇာတ်လမ်းလေးနဲ့ ကြည့်ရှူရမှာပါHeffalump ပေါက်စ Lumpy လေးရဲ့ ချစ်စရာကောင်းတဲ့ သီချင်းဆိုသံလေးတွေကလည်း ဇာတ်ကားလေးကို ပိုပြီး အသက်ဝင်သွားစေတယ်ဗျအားလုံးက ...
movie
Pooh’s Heffalump Movie (2005)
7.8
Pride & Prejudice (2005)
Pride and Prejudice(2005) IMDb.....7.8,,,,,Rotten ...86% ဒီဇာတ်လမ်းလေးကမသိတဲ့သူမရှိလောက်ပါဘူး Drama အချစ်ဇာတ်လမ်းအေးအေးလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာလေးပါ... ၁၈၁၃ခုနှစ်တုန်းက Jane Austen ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ ပြဌာန်းစာအုပ်တွေမှာလည်း ဖော်ပြခြင်းခံရတဲ့ နာမည်ကျော်ဝတ္ထုလေးက 2010 ခုနှစ်မှာ ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ်အသက်သွင်းခဲ့တဲ့ဇာတ်ကားလေးပါ.. ဇာတ်လမ်းလေးက ၁၈ရာစုနှောင်းပိုင်းဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့်ပြောရရင် အတန်းစားခွဲတဲ့ခေတ်ပေါ့ ..အဲ့ခေတ်မှာအခြေတည်ထားပါတယ်... သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ၅ယောက်မွေးထားတော့ သူတို့အမေရဲ့ဘဝမှာတစ်ခုတည်းသောမျှော်မှန်းချက်က သူ့သမီးတွေကိုလူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပဲပေါ့.. အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightly) ကညီအစ်မတွေတည်းမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာထုတ်ပြောရဲတဲ့ မိန်းကလေးပေါ့.. တစ်နေ့မှာသူတို့မြို့ကို အထက်တန်းလွှာထဲက လူပျိုလူလွတ်၂ယောက်ကရောက်လာတော့ သူ့သမီးတွေ အဆင်ပြေရေးအတွက် Bennet မိခင်ကြီးပျာယာတွေခတ်ပြီပေါ့... ဖြစ်ချင်တော့တော်ရုံသဘောမကျတတ်တဲ့ Elizabeth တစ်ယောက် မာနကြီးတဲ့ Mr.Darcy(Matthew Macfadyen) ဆိုတဲ့ အထက်တန်းလွှာလူပျိုတစ်ယောက်ကိုသဘောကျမိသွားတယ်ပေါ့ .. ဒီကားဟာ အဓိကနဲ့သာမညအပေါ်စဉ်းစားဆင်ခြင်နိုင်စွမ်းကိုအလေးပေးထားပါတယ်.. .ရည်ရွယ်ချက်ကောင်းသလို ဇာတ်လမ်းထဲက ဒိုင်ယာလော့တွေကလည်း ပြောင်မြောက်ပါတယ်.. ..ပေးချင်တဲ့ Message လေးတွေကလည်း လှပလွန်းတော့ ခံစားကြည့်လိုက်ပါဦးလို့. .အော်စကာ (၄)ဆုဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း (၁၃)ခုလည်းရရှိခဲ့ပါတယ်...အညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် JtheKoala ဖြစ်ပါတယ်... File Size : (855 MB) Quality : ...
movie
Pride & Prejudice (2005)
2005