Channel Myanmar

Brahmaji

GodFather (2022) 5.9
GodFather (2022) မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင် ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားထဲမှာ ပြည်သူလူထုရဲ့ အချစ်တော် ဝန်ကြီးတစ်ယောက် ဆုံးပါးသွားပြီးနောက် အဲဒီဝန်ကြီးနေရာကို အစားထိုးယူမယ့် သူနှစ်ယောက်ရဲ့ အားပြိုင်မှုကို ကြည့်ရမှာဖြစ်ပါတယ်ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲ သူတို့နှစ်ယောက်ကလည်း တစ်ယောက်က လူကောင်း တစ်ယောက်က လူဆိုးပေါ့နှစ်ယောက်စလုံးက ဩဇာအာဏာ အတော်ကြီးမားကြတဲ့သူတွေဆိုတော့ အားပြိုင်မှုကလည်း လက်ရည်တူတဲ့ လက်ဝှေ့သမားနှစ်ယောက် လက်ဝှေ့ထိုးသလိုပါပဲအဲဒါကြောင့် သူတို့နှစ်ယောက်ထဲက ဘယ်သူအနိုင်ရမလဲဆိုတာ ဒီကားထဲမှာ နိုင်ငံရေးသဘောတရားတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.6GB / 1.3GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora ~ OeliuJ ~ HayMan ~ KhamMon
movie

GodFather (2022)

2022
Krishna Vrinda Vihari (2022) 8.0
Krishna Vrinda Vihari (2022) Krishna Vrinda Vihari (2022)အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ Chalo (2018) ကားမှာ ရက်ရှမီးကားမန်ဒါနားနဲ့အတူတွဲရိုက်ခဲ့တဲ့ တေလဂူမင်းသားချောလေး နာဂရှော်ရီယားရဲ့ရိုမန့် ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးက အချစ် အိမ်ထောင်ရေးနဲ့ မိသားစုအကြောင်း ဇာတ်အိမ်တည်ထားတယ်ဆိုရင် မမှားနိုင်လောက်ပါဘူး..ခုခေတ်လူငယ်တော်တော်များများကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ...ခရစ်ရှနားဟာ ရှေးရိုးစွဲမိသားစုက ဆင်းသက်လာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အမဆို ယင်မတောင် မသမ်းဖူးတဲ့ ကောင်လေးတစ်ယောက်ပေါ့..ရွာမှာ အမေဖြစ်သူက ဩဇာညောင်းတော့ သားဖြစ်သူကို မိန်းကလေးတွေကတောင် စေ့စေ့မကြည့်ရဲကြဘူး..ဗရင်ဒါးကတော့ မြို့သူတစ်ယောက်ဖြစ်ပြီး ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တဲ့သူ...သူ့မိသားစုကလည်း မော်ဒန်ဘဝကို ဖြတ်သန်းနေတဲ့မိသားစုခရစ်ရှနားဟာ ဗရင်ဒါးကို ချစ်ကြိုက်သွားတဲ့အခါ...။သူတို့နှစ်ယောက် အဆင်ပြေလာပါ့မလား...ဖြတ်သန်းလာတဲ့ ဘဝချင်းကလည်းမတူ မိသားစုအခြေအနေကလည်းမတူတဲ့အတွက် သူတို့မိသားစုတွေကရော အဆင်ပြေပါ့မလား...သူတို့ဘဝရဲ့ခရီးကြမ်းတွေနဲ့အတူ ပွင့်ချပ်နှစ်ရွက်ပေါင်းမှ တစ်ရွက်ဖြစ်လာနိုင်တဲ့ စွယ်တော်ရွက်လေးလိုပဲ နှစ်ကိုယ့်စိတ်တူဖြစ်လာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။ File size…2.16GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Jerrica ~ OeliuJ
movie

Krishna Vrinda Vihari (2022)

2022
Kerosene (2022) 8.5
Kerosene (2022) Kerosene (2022)IMDb-8.6/10အဖေတစ်ခု သမီးတစ်ခုပဲရှိတဲ့သားအဖနှစ်ယောက်တစ်နေ့ မင်္ဂလာဆောင်ကအပြန် ရွာထဲခဏဆိုပြီး ထွက်သွားတဲ့သမီးလေးပြန်မလာလို့ တစ်ညလုံးအနှံ့လိုက်ရှာခဲ့ပေမယ့် မတွေ့ခဲ့ရပဲ နောက်တစ်ရက်မနက်မှာ မီးကျွမ်းထားတဲ့အရိုးစုကိုပဲ တွေ့ရတော့တယ်သမီးလေးအတွက် တရားဥပဒေနဲ့အညီ မျှမျှတတလုပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရွေးကောက်ပွဲနီးကပ်နေတာကို အကြောင်းပြပြီး အနားရှိတဲ့ လူတစ်ယောက်ကိုပဲ တရားခံဆိုပြီး ထောင်ထဲဖမ်းထည့်ထားလိုက်တယ်ရဲမှူးတစ်ယောက်ရဲ့ သူငယ်ချင်းသတ်ခံရတဲ့အမှုနဲ့ပတ်သတ်ပြီး မှုခင်းထောက်လှမ်းရေး ဗိုင်ဗက်ကို တာဝန်ပေးလိုက်တဲ့အချိန် သွားစစ်ဆေးတဲ့အချိန်ပိုင်းအတွင်းမှာပဲ တရားခံဖော်ထုတ်နိုင်ခဲ့တဲ့အတွက် နောက်ထပ်အမှုမှန်မပေါ်သေးတဲ့ မိန်းကလေးတွေ သတ်ခံရတဲ့ အမှုကိုပါ တာ၀န်ပေးဖော်ထုတ်စေခဲ့တယ်မိန်းကလေးတွေ ရက်ရက်စက်စက် အသတ်ခံရတဲ့ တရားခံကို ဘယ်လိုဖော်သွားမလဲ အကွက်ကျကျ ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးပါ File size…1.95GB / 996MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl & OeliuJ & Kevin Ag & Yunni
movie

Kerosene (2022)

2022
The Warriorr (2022) 5.4
The Warriorr (2022) ဒီတစ်ခေါက်မှာတော့ Modern Love Hyderabad ထဲက မင်းသား အက်ဒ်ဟီနဲ့ Uppenaမင်းသမီးချော ကာရီသီ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင် ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် IMDB မှာ 5.4 ရထားတဲ့ Action, Crime, Thriller အမျိုးအစားမို့ အက်ရှင်ကြိုက်တဲ့သူတွေအကြိုက်တွေ့မှာပါ။ဇာတ်လမ်းအကျဉ်း ရိုးရိုးသားသားနဲ့ကြိုးစားပြီးဖခင်ရဲ့ဆန္ဒပြည့်ဖို့ မိခင်ရဲ့လမ်းညွှန်မှုနဲ့ ဆေးပညာဘွဲ့ရအောင်ယူပြီး ကူအာနိုးဆေးရုံမှာ အလုပ်သင်ဆင်းဖို့ ဟိုင်ဒရာဘတ်က ကူအာနိုးကို ပြောင်းလာတဲ့ ဆရာဝန်လေး FM တစ်ခုမှာအလုပ်လုပ်ပြီး မဟာလက်ရှ်မီးရဲ့ဝီစီသံလို့ အမည်တွင်အောင် သူကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင်ပြီးထုတ်လွှင့်နေတဲ့ မိတဆိုးသမီးလေးတစ်ယောက်တို့ တိုက်ခန်းတစ်ခုမှာ ဆုံကြတဲ့နောက်.....ဆရာဝန်ဟူသည် ရန်သူပင်ဖြစ်လင့်ကစားကုပေးရမယ်ဆိုတဲ့ ထုံးကို နှလုံးမူပြီး ကုသမှုပေးတဲ့ဆရာဝန်လေးနဲ့ ကူအာနိုးမြို့ရဲ့ အဓိကရ ဂုရုဆိုတဲ့ လူတစ်ယောက်နဲ့ ဆုံကြတဲ့အခါ ဘယ်လိုအပြောင်းအလဲတွေနဲ့ ဇာတ်လမ်းဆက်မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာပဲ လိုက်ပါစီးမျောခံစားလိုက်ပါ။ အက်ရှင်ကြမ်းကြမ်း သတ်ဖြတ်ခန်းတွေနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေကို မိုးအေးအေးနဲ့ စီးမျောနိင်ကြပါစေဗျာ။ File size…11GB / 3.62GB / 1.7GB Quality…1080p True WEB DL  AAC5.1Ch / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin ...
movie

The Warriorr (2022)

2022
4K HEVC Web-DL
Godse (2022) 6.5
Godse (2022) Godse 2022IMDb 6.5/10တစ်ချိန်က နာမည်ကြီး Crash Landing On You ဒရမ်မာရဲ့ နာမည်ကြီးစုံတွဲ BinJin တို့ရိုက်ကူးထားတဲ့ Negotiation ဇာတ်ကားနဲ့ ဆင်တူသော ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ် Negotiation ကို မှီငြမ်းရိုက်ကူးထားတယ်ဆိုပြီး ပြောဆိုနေကြတဲ့ ဒီဇာတ်ကားလေးရဲ့အညွှန်းကိုဖတ်ကြည့်ရအောင်။ အိန္ဒိယနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး ဖြစ်တဲ့ Aiahwarya Lekshmiက ဗိုင်ရှာလီအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Satyadev Kancharanaက ဂိုစီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ညှိုနှိုင်းဆွေးနွေးရေးလုပ်တဲ့အခါ သူများနဲ့မတူ ကျွမ်းကျင်လှတဲ့ ဗိုင်ရှာလီက နောက်လိုက်အမှားကြောင့် ဓားစာခံကိုယ်ဝန်သည်တစ်ယောက်ကို ဆုံးရှူံးလိုက်ရပြီးသူမကိုယ်သူမအပြစ်ရှိတယ်ခံစားရကာ အလုပ်ထွက်စာတင်ခဲ့ပါတယ် ဒါပေမယ့် သူ့ရဲ့ဒုရဲအုပ်က ဆယ်ရက်အချိန်ပေးပြီးစဉ်းစားခိုင်းခဲ့ပါတယ် ဒီဆယ်ရက်အတွင်းမှာ ထင်မထားတဲ့ပြောင်းလဲမှုကြီး ထွက်ပေါ်လာခဲ့ပါတယ် အဲဒီပြောင်းလဲမှုကြီးကဘာများဖြစ်မလဲ Trauma ရနေတဲ့ ဗိုင်ရှာလီကရော ဓားစာခံတွေကို ထပ်ကယ်တင်ပေးနိုင်မှာလား မင်းသား မင်းသမီး သရုပ်ဆောင်မှုတွေ အထူးသဖြင့် မင်းသမီးနဲ့တင်ကြည့်ရတာတန်နေမှာကြောင့် တင်ဆက်ပေးလိုက်ရပါတယ်ရှင် Reviewed By Yunni File size….........2.8GB / 1.3GB Quality…..........1080p WEB DL AAC5.1Ch / 720p Format…..........mp4 Duration…........2h 22mins Subtitle…..........Myanmar Subtitle (Hard Sub) Encoder…..........YK Translated by....Lwin Htoo Aung & Yunni & GuuGuu & ...
movie

Godse (2022)

2022
Dear Comrade (2019) 7.3
Dear Comrade (2019) IMDb Rating (7.3) ထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ တောင်ပိုင်းရဲ့ နာမည်ကြီး အက်ရှင်ရိုမန့်အချစ်ဇာတ်ကားတစ်ကားပါပဲ...မင်းသား Vijay Devarakonda ကိုတော့ Arjun Reddy ဇာတ်ကားထဲက အချစ်လူကြမ်းကြီးအဖြစ် မှတ်မိကြမယ်ထင်ပါတယ်။မင်းသမီးလေးကတော့ အားလုံးရဲ့အသည်းကျော်လေး ရာရှ်မီကား(Rashmika Mandanna)ပါပဲ။ဇာတ်ကားနာမည်ကတော့ အားလုံးသိတဲ့အတိုင်း ချစ်လှစွာသော သွေးသောက်ရဲဘော်တဲ့။"သွေးသောက်ရဲဘော်ဆိုတာ ကိုယ့်လုပ်ရပ်တွေကို ဝန်းရံပေးပြီး တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့လူ"ပဲမဟုတ်လား။ဇာတ်လမ်းစစချင်းမှာဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက် မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းခေါ်ဖို့ အတင်းကြိုးစားနေတယ်။လီလီ... တစ်ချိန်က သူ့ဘဝထဲ လှလှပပ ဝင်ရောက်ခိုနားခဲ့ပြီး ဝမ်းနည်းမှုတွေပေးပြီးမှ ထွက်ခွာသွားခဲ့သူ။လီလီဟာ ဘာကြောင့်များ ဒီလို ထွက်သွားရက်တာလဲ။ဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်ယောက်။ကျောင်းမှာဆိုရင်လည်း "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ နာမည်တစ်ခုနဲ့ ထင်ရာစိုင်းတဲ့ကောင်လို့ အများမြင်ကြတယ်။ခဏခဏ ရန်တွေဖြစ်တယ်။ သောက်စားတယ်။ဒါပေမဲ့ မိန်းကလေးတွေကို ရိုသေမှုထားတတ်တာလည်း သူ့စရိုက်ပဲ။"သူ ပြောခဲ့တဲ့ စကားတွေထက် ကျွန်တော် ဘာမှ ခွန်းတုန့်မပြန်နိုင်ခဲ့တာကို ပိုရင်နာရပါတယ်" ...
movie

Dear Comrade (2019)

2019
4K HEVC Web-DL
Rangasthalam (2018) 8.2
Rangasthalam (2018) Rangasthalam (2018)IMDb Rating(8.2) / Rotten Tomatoes (100%)Rating အလန်းစားနဲ့ ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ်ရော Plot Twist ရော ရိုက်ကူးမှုပိုင်းတွေရော အကုန်လုံး ပြည့်စုံကောင်းမွန်တဲ့ တောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပါပဲ။သာမန်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလို Overတွေ မပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။မင်းသားကလဲ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းဆိုတော့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်ဖက်လွန်းနေပါတယ်...ဇာတ်လမ်းလေးကတော့... ၁၉၈ဝခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးတစ်ရွာက ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး..ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး ...
movie

Rangasthalam (2018)

2018
1080p HEVC
DJ Tillu (2022) 7.6
DJ Tillu (2022) DJ Tillu (2022)IMDb 7.8 ထိရရှိထားတဲ့ Comedyဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်အဖေဖြစ်သူက သူ့အကြိုက်ဆုံးဖိုက်တာနာမည်အရ တီလူးလို့နာမည်ပေးခဲ့ပေမယ့်လည်းသူကိုယ်သူ ဒီဂျေတီလူးလို့နာမည်ပေးထားတဲ့တီလူးကတော့အလုပ်အကိုင်ရယ်လို့ ရေရေရာရာမရှိ စိတ်ထဲပေါ်တာလိုက်လုပ်နေတဲ့ယောင်ခြောက်ဆယ်ကောင်ပါဖိုက်တာလုပ်မယ်ဆိုပြီးလုပ်လိုက် တစ်လကြာတော့မျက်ခွက်ထိုးခံရပြီး မလုပ်တော့ပြန်....စီးပွားရေးလုပ်မယ်ဆိုပြီး လုပ်တော့လည်း အရှုံးပေါ်...နောက်ဆုံးမှာ ဆာရိပထမဆုံးဝတ်ဆင်ပွဲဘိုနာလုပွဲစတဲ့ပွဲတွေမှာ ဒီဂျေလိုက်လုပ်နေပါတော့တယ်ဒီလိုနဲ့ကလပ်မှာသူသဘောကျတဲ့ကောင်မလေး ရာဒိယာနဲ့တွေ့ဆုံခဲ့ရပါတယ်ငပျင်းကောင် တီလူးတစ်ယောက်မထင်မှတ်ထားပဲ သူ့ဘဝကြီးကို အပြောင်းအလဲဖြစ်စေနိုင်တာကိစ္စကြီးနဲ့ တွေ့ကြုံလိုက်ရတဲ့ချိန်မှာ...အဲ့ဒီကိစ္စကရော ဘာဖြစ်မှာလဲ...ငပျင်းတီလူးတစ်ယောက် ဘယ်လိုကိစ္စတွေကြုံရမလဲဆိုတာဟာသနှောရင်း ရိုက်ကူးထားတာမလို့ ဆက်လက်ကြည့်ရှုပေးပါဦး  File size…1.79GB /  874MB Quality…1080p WEB  DL / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pyae
movie

DJ Tillu (2022)

2022
HIT: The First Case (2020) 7.8
HIT: The First Case (2020) HIT: The First Case (2020)====================IMDb Rating - 7.8/10#Unicodeသီချင်းမဆိုတဲ့ကုလားကား မကတဲ့ကုလားကားဆိုပြီး မေးတတ်ခဲ့တဲ့လူတွေအတွက် Hit: The First Case (2020)ကားလေးလာပါပြီ။ ဒီကားလေးက IMDb 7.8 တောင်ရထားပြီး လူတစ်ရာမှာ ၉၄ ယောက်ကြိုက်နှစ်သက်တဲ့မှုခင်းဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အတိတ်ကကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် Panic Attackခံစားနေရတဲ့ ရဲအရာရှိ ဗစ်ခရန် တစ်ယောက် ဆေးခွင့်နဲ့ ခြောက်လလောက် အနားယူနေစဥ် သူ့ချစ်သူမိန်းကလေးသဲလွန်စမရှိပျောက်ဆုံးသွားပါတယ်။ သူ့ချစ်သူက မှုခင်းဆေးဘက်ဆိုင်ရာဌာနမှဖြစ်ပြီး သူမ မပျောက်ဆုံးခင်အဝေးပြေးလမ်းပေါ်မှာ ၁၈ နှစ်အရွယ်မိန်းကလေး ပရီတီ ပြန်ပေးဆွဲခံရတဲ့အမှုကို စစ်ဆေးနေတာပါ။ ချစ်သူအမှုကို ကိုယ်ရေးကိုယ်တာဖြစ်လို့ ကိုင်တွယ်ခွင့်မရတဲ့ ဗစ်ခရန်ဟာ ဆက်စပ်နေတဲ့ ပရီတီ့အမှုကို လိုက်လံစစ်ဆေးဖော်ထုတ်နေရင်း ဇာတ်ရှိန်မကျဘဲ ဆက်တိုက် စိတ်ဝင်စားဖွယ်တစား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း အာမခံပါတယ်။ စုံထောက်ကားကြိုက်တဲ့လူတွေ ဗစ်ခရန်နဲ့အတူ တရားခံဘယ်သူလဲဆိုတာ တူတူမှန်းဆကြည့်ရအောင်နော် . ...
movie

HIT: The First Case (2020)

2020
Bheeshma (2020) 6.9
Bheeshma (2020) ဒီကားထဲက မင်းသား Nithiinကို အိန္ဒိဇာတ်ကားချစ်သူတွေ သိပ်မသိလောက်ပေမယ့် အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့မင်းသမီးချောလေး Rashmika Mandanna ရဲ့ ဇာတ်ကားမို့ ကြည့်စေချင်တဲ့ စေတနာနဲ့ ဘာသာပြန် တင်ဆက်လိုက်တာပါ။မူရင်း အင်္ဂလိပ်စာဖိုင်မှာ အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာမပါတဲ့အတွက် အတတ်နိုင်ဆုံး နားထောင်ပြီး အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားပေးလိုက်တာပါ။ဇာတ်ကားအကြောင်း နည်းနည်းပြောရမယ်ဆိုရင်... ရုတ်တရတ်ကြည့်ရင်တော့ ဒီဇာတ်ကားကဝန်ကြီးချုပ်မင်းသားလို့ခေါ်တဲ့ Mahesh Babu ရဲ့ ဝန်ကြီးချုပ်ဇာတ်ကား(Bharat Ane Nenu)နဲ့ Maharshi ဇာတ်ကားကိုinspiration ယူပြီး ရိုက်ကူးထားတယ်လို့တောင် ထင်ချင်စရာပါပဲ။ဒါပေမယ့်လည်း ကွဲလွဲနေတာတွေတော့ အများကြီးရှိပါတယ်။ဒီကားထဲကမင်းသားဟာ တေလေဂျပိုး ၊ ကောလိပ်ကနေ အထုတ်ခံလိုက်ရတဲ့သူ။ဘ၀မှာ ကံဆိုးတတ်သူမို့ ဂေါ်မစွံလူပျိုဘ၀နဲ့ သူပြောတဲ့စကားထဲကလို IAS (I Am Single) ဖြစ်နေသူ။မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲပါတယ်ဆိုပြီး ရဲစခန်းရောက်အပြစ်တွေကို အေစီပီအရာရှိလက်အောက်မှာ ဆေးကြောရင်း အေစီပီ့သမီးကိုချစ်ကြိုက်မိရာကနေ သူ့ဘ၀ ပြောင်းလဲလာတယ်လို့ ဆိုရမှာပါပဲ။ဘာတွေ ဘယ်လိုပြောင်းလဲမလဲဆိုတာကတော့ ကိုယ့်ဘာသာ ခံစားလိုက်ပါတော့။ဒီကားထဲမှာ ...
movie

Bheeshma (2020)

2020
Venky Mama (2019) 5.6
Venky Mama (2019) (Unicode)ဇာတ်ကားရဲ့ နာမည်အရ. . . Venky Mama ဆိုတာက (မိခင်ဘက်က တောစပ်တဲ့) ဦးလေးဗင်ကီပေါ့။မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာ၊ သမီးရည်းစားကြားက ချစ်ခြင်းမေတ္တာတွေအကြောင်း မဟုတ်ပဲဒီတစ်ခါ ဇာတ်ကားလေးက တူဝရီးနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာ အကြောင်းပေါ့ဗျာ။မင်းသားကြီး Daggubati Venkatesh(ဒတ်ဂူဗတီဗင်ကာတက်ရှ်) ၊ မင်းသားငယ် Naga Chaitanya (နာဂချာတန်(န်)ယာမင်းသမီးချောတွေ ဖြစ်တဲ့ Payal Rajput (ပါယယ်လ်ရာ့ဂ်ျပွတ်) ၊ Rashi Khanna (ရာသျှိခမ်းနား)တို့ရဲ့ အသစ်စက်စက် ဇာတ်ကားပါ။တေလဂူးဇာတ်ကားတွေအဖို့ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ၊ မင်းသမီးတွေနဲ့ စိမ်းနေနိုင်ပေမယ့်တောင်အိန္ဒိယဇာတ်ကား ပရိတ်သတ်တွေအဖို့တော့ မင်းသားနှစ်လက်အပြင် မင်းသမီးနှစ်လက်နဲ့ပါ ရင်းနှီးနေပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း အိန္ဒိယနိုင်နဲ့ ပါကစ္စတန်နယ်စပ် ကက်ရှ်မီးယားဒေသမှာရှိတဲ့ တပ်မတော်ပိုင်နယ်မြေထဲကို လူလတ်ပိုင်းအရွယ် သူစိမ်းတစ်ယောက် ဝင်လာတယ်။တားမြစ်နယ်မြေထဲကို ခွင့်မတောင်းပဲ ...
movie

Venky Mama (2019)

2019
Manikarnika – The Queen Of Jhansi [2019] 8.1
Manikarnika – The Queen Of Jhansi [2019] (Unicode)၂၀၁၉ ခုနှစ်မှာ ဘာသာစကား၅မျိုးနဲ့ရုံတင်ပြီး ထွက်လာခဲ့တဲ့ တေလဂူး အက်ရှင်၊ ဒရာမာ၊ သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး တင်ဆက်ပေးလိုက်ပါတယ်။တေလဂူးမင်းသားချော ဘိုင်ရာဘာလို့ အများခေါ်တဲ့ ရမ်ချရန်(Ram Charan)ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရမ်ချရန်ရဲ့ ဖခင် Chiranjeevi ကို မင်းသားအဖြစ် တွေ့မြင်ရမှာပါ။မင်းသမီးမင်းသားတွေကတော့ အိန္ဒိယပရိသတ်တွေအဖို့ အထူးတလည် မိတ်ဆက်စရာ လိုမယ်မထင်ပါဘူး။မင်းသမီး နှစ်ယောက်ပါဝင်ပြီး Baahubaliကားထဲက မင်းသမီးချော Tamannah Bhatia၊ Viswasamထဲက နာမည်ကြီး မင်းသမီးချော Nayanthara၊နောက်ထပ် မင်းသား၃ယောက်ကတော့ ဟင်ဒီမင်းသားကြီး Amitabh Bachchan၊လူသိများတဲ့ 96 တမီးလ် မင်းသား Vijay Sethupathi၊တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ယင်ကောင်ကားထဲက ဗီလိန်ကြီး Sudeep တို့အပြင် နောက်ထပ် တောင်ပိုင်းစတားတွေ များစွာပါဝင်ပါတယ်။၁၈၄၆ခုနှစ်ဝန်းကျင် အိန္ဒိယရဲ့ လွတ်လပ်ရေးမီးရှုးတန်ဆောင်ဖြစ်ခဲ့တဲ့ ...
movie

Manikarnika – The Queen Of Jhansi [2019]

2019
Hippi (2019) 8.0
Hippi (2019) ဗြိတိန်ကဗျာဆရာကြီး ဂျွန်မီလ်တန်က ပြောဖူးတယ်။မိန်းကလေးတစ်ယောက်ကို စချစ်မိရင် "နိဗ္ဗာန်"ပဲ။ မိန်းကလေးတစ်ယောက်နဲ့  ချစ်သူဖြစ်သွားပြီဆိုရင်တော့ "နိဗ္ဗာန် ပျောက်ဆုံးသွားပြီ"တဲ့။ဂျွန်မီလ်တန်မှ မဟုတ်ပါဘူး။အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သူတွေဆိုတာ ဟိုးအရင်ကလည်း ရှိခဲ့တယ် ၊ အခုလည်း ရှိနေတယ် ၊ နောင်လည်း ရှိနေဦးမှာပဲ မလား. ?တစ်စုံတစ်ယောက် . . . ကိုယ့်သူငယ်ချင်းရဲ့  ချစ်သူဖြစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်က သင့်ကိုလာပြီးတော့ ချစ်ရေးဆိုမယ်ဆိုရင်....အဲ့ဒီလူကို သင့်ဘက်က ချစ်နေရင်တောင် သူငယ်ချင်းကို ငဲ့ကွက်ပြီး ငြင်းပယ်မှာလား . . .?ဒါမှမဟုတ် သင့်နှလုံးသား အလိုအတိုင်း အဲ့ဒီလူကို ပြန်ချစ်လိုက်မှာလား ?အရှုပ်အထွေးတွေကြားမှာ နေပျော်တတ်ကြတဲ့ ကျွန်တော်တို့ ပုထုဇဉ်တွေကြားမှာ ဒီလိုမျိုး လွန်ဆွဲမှုတွေနဲ့  မကြာမကြာဆိုသလို ကြုံတွေ့ ရတတ်ပါတယ် ...
movie

Hippi (2019)

2019
Chitralahari(2019) 7.5
Chitralahari(2019) Chitralahari(2019) IMDb Rating - 7.5/10 Genere - Drama / Romance ဒရာမာဆိုရင် ဟင်ဒီ၊ ဖိုက်တင်ဆို တမီးလ်၊အချစ်ဆိုရင် တေလဂူးလို့တောင် ပြောရလောက်အောင် အဲ့ဒီလိုကားမျိုးတွေဟာ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေကို ဖမ်းစားနိုင်စွမ်းရှိကြတယ်..... အခုလည်း တေလဂူးအချစ်ကားသစ်လေးကို မိတ်ဆက်ပေးပါရစေ... ကောင်လေးတစ်ယောက်ဟာ တီထွင်မှုတွေအမြဲလုပ်ဖို့ကြိုးစားနေတယ်...   ပုံစံမျိုးစုံကြိုးစားနေပြီး သူ့ရဲ့လူငယ်သက်တမ်းတစ်လျှောက်လုံးမှာ အကောင်းမွန်ဆုံးတစ်ခုဆိုတာမျိုးကိုချပြနိုင်ဖို့ အချိန်တွေပေးခဲ့တယ်.. သို့ပေမယ့် သူပေးရတာတွေနဲ့မတန်အောင် ကျရှုံးမှုပေါင်းများစွာကြုံခဲ့ရသလို ဦးဏှောက်ဖောက်စားတဲ့သူများတွေကြောင့်လည်း နောက်ကောက်ကျခဲ့ရတာတွေရှိတယ်... ဒီလိုဖြစ်ရပ်တွေကြောင့်ကြာလာတော့ သူလည်း လောကကြီးကိုအရှုံးပေးချင်လာပုံရတယ်... သို့ပေမယ့် သူ့ဘ၀ကိုပြောင်းလဲစေနိုင်တဲ့ လမ်းပြကြယ်လေးကိုတွေ့ပြီးတဲနောက်မှာတော့... သူ့ရဲ့လမ်းပြကြယ်လေးဟာ ဘယ်သူလဲ.. သူတို့ဘယ်လိုဆုံတွေ့ကြလဲ... သူကရော သူ့ရည်မှန်းချက်အတိုင်း အကောင်းဆုံးတီထွင်မှုတစ်ခုကိုချပြနိုင်မလား.. ဆိုတာတွေကိုတော့ခံစားကြည့်လိုက်ပါဦး..... File Size : (950 MB) and (324MB) Quality : WEB-DL 720p, Format…mp4 Duration…02:11:00 Genre :  Drama  Subtitle : Myanmar Subtitle (Hard Sub)Translated by Myint Thu & Nyi Nyi Koe(MLMC) Encoded by  Thanhtike Zaw
movie

Chitralahari(2019)

2019
Aravindha Sametha Veera Raghava (2018) 8.2
Aravindha Sametha Veera Raghava (2018) IMDb ratings:8.1/10 Google Users:91%"Aravinda Sametha Veera Raghava(သို့မဟုတ်)၅ရူပီးရန်ကြွေးရှင်းတမ်း"ဒီတစ်ခါတော့ တောင်ပိုင်းရုပ်ရှင်တွေနဲ့ရင်းနှီးပြီးသားသူတွေသိမယ့် Jr.N.T.R Rama Rao ရဲ့ အက်ရှင်၊ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းက ရိုးရိုးလေးနဲ့ ဖိုက်တင်တွေကို လိုအပ်သလောက်ပဲ သုံးပြီးပြောသွားတဲ့ ဒိုင်ယာလော့တွေ၊ကြည့်ရှုသူကို ပေးချင်တဲ့ မက်ဆေ့တွေကကောင်းလွန်းလို့ပါ။ရာဂါးဗားဟာ နိုင်ငံခြားမှာ ပညာသင်ပြီး အိမ်ကို ပြန်လာတဲ့အခါမသင့်မမြတ် ဖြစ်နေတဲ့ ရွာနှစ်ရွာရဲ့ ရန်ကြွေးတွေအရရာဂါးဗားနဲ့ သူ့အဖေရဲ့ လူယုံတော်တွေ လမ်းမှာ လုပ်ကြံခံရပါတယ်။သူ့ကိုပါ ဒီရန်ကြွေးတွေကြားထဲ ဝင်ပါဖို့ခေါ်နေသလိုပါပဲ။ဒါပေမဲ့ ခေတ်ပညာတတ် ရာဂါးဗားဟာပညာတတ်တစ်ယောက် ပီသစွာ တုန့်ပြန်ခဲ့ပါတယ်။ပြီးတော့ အချစ်နဲ့ တွေ့တဲ့အခါလူတိုင်းက သတ္တိခဲဖြစ်လာတတ်ကြသလိုအချစ်ကြောင့်ပဲ ကြည်နူးပျော်ရွှင်သွားတတ်တာကိုလည်းဖော်ပြထားပါတယ်။သူ့ကြောင့်ပဲ ငါဟာ ပထမဦးဆုံးပြုံးဖူးတာပါတဲ့ ။ဒါပေမဲ့ ကံကြောင်းမလှချင်တော့.....တည်ငြိမ်သွေးအေးတဲ့ ဇာတ်ရုပ်မှာပီပြင်သလို ရက်စက်ပြီဟေ့ဆိုရင်နှစ်ယောက်မရှိတဲ့ ဗီရား ရာဂါးဗားဆိုတဲ့ဇာတ်ရုပ်ကို Jr.N.T.R Ramarao ကအံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ထားသလိုသူနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ မင်းသမီးကနာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့Hritik Roshan ရဲ့Mohenjo Daro ...
movie

Aravindha Sametha Veera Raghava (2018)

2018