Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bobby Simha
5.7
Indian 2: Zero Tolerance (2024)
Indian 2 (2024) "အိန္ဒိယခေါင်းဖြူ"အခုတစ်ခါမှာတော့ အိန္ဒိယရုပ်ရှင်လောကမှာ နာမည်အကျော်ကြားဆုံးရုပ်ရှင်တွေထဲက တစ်ကား အပါအဝင်ဖြစ်တဲ့ classic ရုပ်ရှင် Indian (1996) ရဲ့ sequel ထွက်ရှိလာလို့ မနှေး/အမြန် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှေးခေတ်နာမည်ကြီးမင်းသား ကာမယ်လ်ဟာဆန် ပြန်လည်ပါဝင်လာပြီး Jigarthanda(2014), Chithha(2023) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ ဆစ်ဒါးသ်လည်း အားဖြည့်ထားပါတယ် ဒီကားက စူပါဟီးရိုးအထာပြောရရင် ဘတ်မင်း Returns ပုံစံပါဇာတ်လမ်းအကျဥ်းကတော့ ချစ်တရာနဲ့ သူ့ဘော်ဒါတစ်သိုက်က နယ်ပယ်မျိုးစုံက အဂတိလိုက်စားမှုကို သရော်ဝေဖန်ရေး ဟာသဇာတ်လမ်းတိုတွေ Youtube မှာတင်ရင်း ပရိသတ်အားပေးမှု တစ်ခဲနက်ရထားကြပါတယ်ဒီလိုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့် သားကောင်ဖြစ်ခဲ့ရတဲ့ ကောင်မလေးအတွက် ဆန္ဒထုတ်ဖော်ရင်း သူတို့ အဖမ်းခံလိုက်ရပါသေးတယ် အာမခံနဲ့ ပြန်လွတ်လာတော့ သူတို့တွေ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ သူတို့ချည်းမလုံလောက်ဘဲ တစ်ချိန်က "အင်ဒီးယန်း အမည်ရှိ အဘိုးကြီးကို ပြန်ခေါ်ဖို့ကြိုးစားကြရာမှာဘယ်လိုတွေဆက်ဖြစ်ဦးမှာလဲ လူငယ်တစ်သိုက်နဲ့ အဘိုးကြီးပူးပေါင်းပြီး တကယ်ပဲ အကျင့်ပျက်မှုတွေကို တိုက်ဖျက်နိုင်သွားမှာလား ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie
Indian 2: Zero Tolerance (2024)
2024
7.9
Pizza (2012)
Pizza (2012) ဆန်းကြယ်လေစွ ပရလောက Genre – Thriller, Horror IMDB – 7.9/10ခုတလော နာမည်ကြီး လူကြိုက်များနေတဲ့ Maharaja ရဲ့ မင်းသားကြီး ဗီဂျေးစည်သူပတိတစ်ယောက် ငယ်ရွယ်နုပျိုစဉ်တုန်းက ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုကားလေးကို ဗီဂျေးပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါပြီဗျာ။ ၂၀၁၉ ခုနှစ်တုန်းက ဗီဂျေးပါဝင်ထားတဲ့ Petta ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Karthik Subbaraj ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဗီဂျေးနဲ့ တွဲလုံးစထုတ်ခဲ့ပြီး နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာဆိုလည်း မမှားပါဘူး။နောက်ပိုင်းရုပ်ရှင်တွေမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှယ်ဖြုတ်ပြတဲ့ ဘဲကြီးပုံစံတွေ သရုပ်ဆောင်ထားပေမဲ့ ဒီကားလေးမှာတော့ ချစ်သူနဲ့ တူတူ ပျော်ရွှင်ကြည်နူးပြီး ပီဇာပို့နေတဲ့ လူငယ်လေးအဖြစ် လန်းဆန်းတက်ကြွစွာ သရုပ်ဆောင်ထားတာပါ။ မင်းသားက ဗီဂျေးဆိုတာနဲ့ ဇာတ်လမ်း ဇာတ်အိမ်တွေက ခန့်မှန်းမရပဲ အဆုံးထိ မြုပ်ကွက်ချုပ်ကွက်တွေနဲ့ သယ်ဆောင်သွားပြီး အဆုံးကျမှ ဟာခနဲ ဟင်ခနဲ ဖြစ်မယ့် သည်းထိတ်ရင်ဖိုကားလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို မိုက်ကယ်ဆိုတဲ့ကောင်လေးဟာ ပီဇာဆိုင်က ဒယ်လီဝန်ထမ်းလေး ဖြစ်ပြီး ချစ်သူ ...
movie
Pizza (2012)
2012
6.6
Salaar: Part 1 – Ceasefire (2023)
Salaar: Part 1 – Ceasefire (2023) ==========================WEB DLအကြည်ဗားရှင်းကိုပဲ တင်ဆက်ထားပါတယ်သွေးသောက်ညီနောင်သစ္စာတရား CM တောင်ပိုင်းချစ်ပရိသတ်ကြီးတို့ မျှော်လင့်နေတဲ့ ဇာတ်ကားလေးကတော့ အကြည်WEB DL ဗားရှင်းထွက်ရှိလာခဲ့ပါပြီ၂၀၂၃ ဒီဇင်ဘာမှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာ ၂၇၀ ကုဋေရင်းခဲ့ပြီး ၇၅၀ ကုဋေထိအမြတ်ရကာ အတော်လေးအောင်မြင်ခဲ့ပါတယ် ဦးဆောင်ပါဝင်ထားတဲ့မင်းသားကတော့ တောင်ပိုင်းရဲ့ကမ္ဘာသိမင်းသား ဘာဟုဗလီမင်းသားလို့ မြန်မာမှာ နာမည်ကြီးတဲ့ Prabhas နဲ့ ကားရိုက်ကျဲပေမယ့် ပါတဲ့ကားတိုင်းပေါက်တဲ့ မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပို့များစွာပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လို့ခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ် ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ ပြန်လာကူညီမယ်လို့ ...
movie
Salaar: Part 1 – Ceasefire (2023)
2023
4K HEVC
8.2
Jigarthanda (2014)
Jigarthanda (2014) "ဘိုင်စကုတ်ဂန်းစတား" IMDb-8.2/10မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား "Jigarthanda double X 2023" မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာတွေ့သွားတယ်။ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Saii~Yunni
movie
Jigarthanda (2014)
2014
8.0
Thugs (2023)
Thugs 2023 IMDb 8.4Crash Course အိန္ဒိယဝက်ဘ်စီးရီးထဲမှာ ဆက်သရာနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Hridhu Haroon တယောက် စီသူ အနေနဲ့ အဓိက သရုပ်ဆောင်ထားပါတယ်။ (Charsh Course စီးရီးကိုလည်း CM မှာတင်ဆက်ပေးထားပါတယ် ဒီလင့်မှာlink ဝင်ဒေါင်းလို့ရပါတယ်)ဇာတ်လမ်းအကျဉ်းက ဒီလို... စီသူက မိဘမဲ့ တကောင်ကြွက်၊ အဖေဖြစ်သူဆုံးတော့ သူ့အဖေရဲ့သူဌေး အန်နာချီက သူ့အဖေနေရာမှာပဲ စာရင်းကိုင်ခန့်ထားခဲ့တယ်။ မြင်မြင်ချင်းချစ်မိခဲ့တဲ့ ကာရဲလ်လေးကြောင့်ပဲ စီသူ တယောက် ဘ၀ကြီးက မနေ့ကနဲ့မတူ မနေ့ကလို မပူတော့ဘဲ အချစ်သစ်တဖန်မွေးဖွားခဲ့ပေမဲ့လဲ... အချစ်စစ်တို့ မည်သည် ဖြောင့်တန်းရိုးမရှိဆိုသလို အနှောင့်အယှက်ဝင်လာတာက သူဌေးလူယုံရဲ့ ညီ ပက်ချက်ရန်၊ ချစ်ရသူ ကာရဲလ်လေးကို အမျိုးမျိုး လိုက်နှောင့်ယှက်နေတဲ့ လူယုတ်မာ ပက်ချက်ရန်ကို ဒေါသကြောင့် သတ်ခဲ့မိပြီး ထောင်ကျပါလေရော။ ထောင်ထဲမှာပဲ ဆရာကြီးတပွေနဲ့ ပေါင်းမိပြီး ချစ်ရသူကိုပြန်ရှာဖို့ ထောင်ဖောက်ပြေးဖို့ကြိုးစားပါတော့တယ်။နောက်ကြောင်းပြန် ပြန်ပြောင်းပြောရင်း ဇာတ်ကို ခပ်သွက်သွက်လေးသွားထားပြီး ဒရမ်မာနဲ့အက်ရှင် အချိုးကျ ပေါင်းစပ်ထားတဲ့ Thugs (2023) ဇာတ်ကားသစ်ကို CM ပရိတ်သတ်ကြီးထံ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းရေးသားသူကတော့ chiclon3 ...
movie
Thugs (2023)
8.3
Vasantha Mullai (2023)
Vasantha Mullai (2023)IMDb 8.3/10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ထူးဆန်းတဲ့ဟိုတယ်ထဲမှာပိတ်မိနေပြီး လွတ်လမ်းရှာရမဲ့ Psychologicial Thriller Actionဇာတ်ကားဖြစ်တဲ့ Vasantha Mullaiပဲဖြစ်ပါတယ်ရူဒရာ ဆိုတဲ့အိုင်တီကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ယောက်က နေ့တိုင်းမအိပ်ဘဲအလုပ်ချည်းဖိလုပ်နေလွန်းလို့ မကြာခဏသတိလစ်တတ်တဲ့ အလုပ်ရူးတစ်ယောက်ဖြစ်ပါတယ်သူဒီလိုကြိုးစားနေရတဲ့အကြောင်းကလည်း သူချစ်ရတဲ့နီလာဆိုတဲ့ မိန်းကလေးကိုမကြောင့်မကြရွှေပေါ်မြတင်ထားနိုင်ဖို့ပါပဲ ဒါပေမဲ့ ဒီလိုအလုပ်ကြိုးစားပြီးအိပ်ရေးပျက်ရတဲ့ရလဒ်အနေနဲ့ ကျန်းမာရေးမကောင်းဖြစ်လာတော့ အားလပ်ရက်ယူတဲ့အနေနဲ့ နီလာနဲ့အတူခရီးထွက်ခဲ့ကြတယ် လမ်းမှာထူးဆန်းတာတွေကြုံခဲ့ပေမဲ့ သတိမထားမိခဲ့ကြတဲ့သူတို့ ထူးဆန်းတဲ့ဟိုတယ်တစ်ခုဆီရောက်သွားပြီး တစ်ညလုံးကို အသက်ဘေးကနေလွတ်အောင်ပြေးရမဲ့ကိန်းဆီဆိုက်ရောက်လာတဲ့အခါမှာတော့.... File size…1.68GB / 705MB Quality…1080p TRUE WEB DL / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Yunni~ Khin Khin
movie
Vasantha Mullai (2023)
2023
6.8
Waltair Veerayya (2023)
Waltair Veerayya (2023) Action, Drama IMDb 6.8/10 (5.6K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီး ချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်... RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းက ရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာ ဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့....။ ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ File size…4.21GB / 1.95GB Quality…1080p True WEB DL /720p Format…mp4 Duration…2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Taylor~ Yunni ~ Khin Khin
movie
Waltair Veerayya (2023)
2023
7.6
Ammu (2022)
Ammu (2022) 7.3/10 IMDb"အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုးတဲ့" အားလုံးသိကြတဲ့အတိုင်း မိဘပေးစားသူနဲ့ယူကြရတာမျိုးဟာ အိန္ဒိယမှာယနေ့အထိတိုင်ရိုးရာတစ်ခုလိုရှိနေဆဲပါ... ချစ်လို့ခင်လို့အိမ်ထောင်ပြုကြတာမှန်ရင်တောင် လူဆိုတာပြောင်းလဲတတ်တဲ့အမျိုးပါ... ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်...သူ့နာမည်က အမ်မူတဲ့၊ အကောင်းမြင်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မိန်းမလှလေးတစ်ယောက်ပေါ့။ အရွယ်ရောက်လာတော့ မိဘတွေ စီစဥ်ပေးတာကို လက်ခံပြီး ရာဗီဆိုတဲ့ ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ။ သို့ပေမယ့် ဒီအိမ်ထောင်ရေးက ဒီလောက် ကြောက်စရာကောင်းတဲ့ ငရဲဖြစ်မယ်မှန်းလည်း အမ်မူ ကြိုမတွေးနိုင်ခဲ့။သူဒီလို မွန်းကြပ်စရာ၊ ကြောက်လန့်စရာ အခြေအနေကနေ ဘယ်လိုကြိုးစားပြီး ရုန်းထွက်ခဲ့လဲဆိုတာကို အသားပေး ရိုက်ပြထားတာပါ။ အမ်မူ တကယ်ရော ဒီအိမ်ထောင်ရေးကနေ ရုန်းထွက်နိုင်ခဲ့ရဲ့လား။ မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ အမ်မူရဲ့ Character Development ကိုလည်း ရင်တမမနဲ့စောင်ကြည့်ရမှာမို့ ၂၀၂၂ ရဲ့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကောင်းလို့ ညွှန်းလိုက်ပါတယ်ဗျာ။ File size…1.6GB / 788MB Quality…1080p WEB DL /720p Format…mp4 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & OeliuJ & Hay Man
movie
Ammu (2022)
2022
9.1
777 Charlie (2022)
IMDb - 9.1 / 10လူတစ်ယောက်ကို ပြောင်းလဲစေတာက အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ...ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ"ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက်အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ ခွေးလေးတစ်ကောင်အဲဒီခွေးလေးကို သူမမွေးချင်လို့ မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲ ခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ်သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို နူးညံ့ပျော့ပျောင်းလာစေပြီး ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကို အမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင် ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတဲ့ အကြောင်း ရိုက်ကူးပြသထားတဲ့ မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့် ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် File size…2.6Gb / 1.15GB Quality…1080p VOOT WEBDL AAC5.1CH / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Thet Ko
movie
777 Charlie (2022)
2022
8.5
Mahaan (2022)
Mahaan (2022) ------------------------- ယခုနှစ်မှထွက်ရှိလာတဲ့အိန္ဒိယတောင်ပိုင်း ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မဟတ္တမဂန္ဒီကို လေးစားအားကျတဲ့မိသားစုမှာမွေးဖွားလာတဲ့ဂန္ဒီမဟန်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုအခြေခံပြီး တင်ဆက်ထားတာပါ။ဂန္ဒီမဟန်ရဲ့အဖိုးနဲ့အဖေဟာ မဟတ္တမဂန္ဒီကိုအင်မတန်လေးစားတာကြောင့်သူ့ရဲ့နာမည်ကိုပါဂန္ဒီလို့ပေးထားတဲ့အပြင် မဟတ္တမဂန္ဒီနဲ့မွေးနေ့တစ်ရက်ကွာနေလို့မွေးစာရင်းမှာပါ တစ်ရက်စောသွင်းလိုက်တဲ့အထိပါပဲ။ နောက်တော့သူကိုယ်တိုင်ကလည်းမဟတ္တမဂန္ဒီကိုစံပြအဖြစ်သတ်မှတ်ထားတဲ့ နာချီဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်။နာချီဟာအရမ်းကိုစည်းကမ်းတင်းကြပ်ပြီး ဟောလီးဝုဒ်ဇာတ်ကားတွေရဲ့ပိုစတာကိုမြင်ရင်တောင်သူ့သားကိုမျက်လုံးပိတ်ထားခိုင်းတဲ့အထိပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟောလီးဝုဒ်ဇာတ်ကားတိုင်းမှာကြမ်းတမ်းပြီးညစ်ညမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်တယ်လို့ သူကယုံကြည်ပါတယ်။ဂန္ဒီမဟန်အနေနဲ့ကတော့ သူ့ဘေးကလူတိုင်းဟာ ဂန္ဒီကိုအတိုင်းထက်အလွန်ကိုးကွယ်နေကြရုံမကသူ့ကိုပါအမြဲဖိအားပေးလေ့ရှိတာကြောင့် ဂန္ဒီအကြောင်းကြားရင် စိတ်အနှောင့်အယှက်ပါဖြစ်လာတဲ့အထိပါပဲ။သူ့အမြင်မှာတော့ မဟတ္တမဂန္ဒီရဲ့လမ်းစဥ်ဟာ တချို့နေရာမှာတရားသဘောနဲ့မကိုက်ညီရင်တောင် လွပ်လပ်ပျော်ရွှင်မှုကိုရှာဖွေဖို့ဖြစ်ပါတယ်။ဒီလိုနဲ့ပဲ သူ့မိန်းမနဲ့အ ဖေရဲ့ဖိအားပေးမှုတွေကြောင့် သူတို့ပြောသလို မဟတ္တမဂန္ဒီရဲ့နေထိုင်မှုပုံစံအတိုင်းနေလာခဲ့ရင်းအသက်လေးဆယ်အရွယ်မှာတော့ သူ့ရဲ့ငယ်သူငယ်ချင်းစက်သီယန် နဲ့အမှတ်မထင်ပြန်လည်တွေ့ဆုံခဲ့ပါတယ်။စက်သီယန်က အဲဒီအချိန်မှာသူ့အဖေရဲ့အရက်ချက်လုပ်ငန်းကိုဆက်ခံထားသူဖြစ်ပြီးတော့ဂန္ဒီမဟန်ကလည်းသူနဲ့ပြန်ပေါင်းမိတဲ့အချိန်မှာ အရင်ကမလုပ်ဖူးတဲ့မကောင်းမှုတွေကိုဆက်တိုက်လုပ်ရင်း မဟတ္တမဂန္ဒီကိုမုန်းတီးသူတစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ဆက်သွားရင်းသူ့ဘဝအတွက်အရမ်းကိုအရေးပါတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...။လူတွေမြင်ဖူးနေကျဇာတ်လမ်းမျိုးလည်းမဟုတ်တဲ့အပြင်ဇာတ်ကားကပုံမှန်ထက်ကြာပေမယ့် ပျင်းစရာမကောင်းသလို ကြည့်ရကျိုးလည်းနပ်မယ့်ကားကောင်းတစ်ကားဖြစ်လို့ ရုပ်ရှင်ပရိသတ်တွေ အထူးသဖြင့်တောင်ပိုင်းကားတွေကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…1.2Gb / 2.8GB Quality…720p WEB DL AAC 2.0 / 1080p HEVC Format…mp4 / mkv Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Haruko & Shwe ...
movie
Mahaan (2022)
2022
1080p HEVC
6.9
Disco Raja (2020)
Spoiler Alert!၀ူဟန်ကာကွယ်ဖို့အတွက် အိမ်မှာနေရင်းပျင်းနေကြတဲ့ အိန္ဒိယကားပရိတ်သတ်တွေအတွက် ယနေ့ တင်ဆက်ပေးလိုက်တဲ့ အသစ်စက်စက် ဇာတ်ကားလေးပါ။ဒီလထဲမှာထွက်ရှိတဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ အကြိုက်တွေ့မိတဲ့ဇာတ်ကား နည်းနေပေမယ့် ပရိတ်သတ်ကြိုက်မယ်ထင်တဲ့ ဇာတ်ကားတွေကို ရွေးထုတ် တင်ဆက်ပေးနေတာမို့....ကောင်းသည် မကောင်းသည်ကို ယတိပြတ် မပြောလိုပါဘူး။ကိုယ့်အကြိုက်နဲ့ကိုက်ညီရင် ကောင်းပြီး ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင် မကောင်းဘူးလို့ပဲ ဆိုရမှာပါ။ဒီဇာတ်ကားကတော့ တောင်ပိုင်းကားတွေရဲ့ ထုံးစံအတိုင်း အိုဗာအက်ရှင်တွေ ဘာတွေ ဖောဖောသီသီ ပါဝင်သလို နည်းနည်းလည်း စိတ်ကူးယဉ်လည်း ဆန်ပါတယ်။တစ်နေ့က ထွက်တဲ့ Bloodshot ဆိုတဲ့ ဟောလိ၀ုဒ်ဇာတ်ကားနဲ့တောင် အစပိုင်းမှာ ခပ်ဆင်ဆင် ရိုက်ကူးထားတာပါ။အကြမ်းဖျင်းအားဖြင့် ပြောရရင် မင်းသားဟာ ဇာတ်လမ်းစစချင်းမှာသေသွားတယ်။သိပ္ပံပညာရှင်တစ်စုက မင်းသားကို သိပ္ပံနည်းနဲ့ သေရွာကနေ ပြန်ခေါ်တယ်ပေါ့။ဒီနောက်တော့ သူဟာသူ့အတိတ်ကို လိုက်စုံစမ်းရင်း ရိုးရိုးသေတာ မဟုတ်ပဲအသတ်ခံလိုက်ရတယ်ဆိုတာကို ...
movie
Disco Raja (2020)
2020
7.7
Petta (2019)
ဖေဖော်ဝါရီလကတည်းက အကြည်ထွက်ခဲ့တဲ့ကားဆိုပေမဲ့စာအသေကပ်ပါပြီး ရုပ်ထွက်သိပ်မကောင်းတာရယ်ကြောင့် ဥထားခဲ့တာ ခုတော့ ရှင်းရှင်းလင်းလင်းလေး ထွက်လာခဲ့ပါပြီ။------------------------------------------------သိပ်ကို ဆိုးတဲ့ ကျောင်းသားတွေကြားအဆောင်မှူးနေရာကို အတင်းရယူလာတဲ့ လူတစ်ယောက် ရှိလာခဲ့ပါတယ်။ကာလီတဲ့။အသက်ကြည့်တော့ လူကြီးပိုင်းရောက်နေပြီ၊ကိုယ့်ကို ထိပါးလာပြီဟေ့ဆိုရင် ဘယ်သူ့ကိုမှခွင့်မလွှတ်သူ။ဒီတော့ ဒီကလေးတွေကြား သူ အဆောင်မှူး ဖြစ်ချင်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ။ကျောင်းသားတွေ ထမင်းကောင်းကောင်းစားရဖို့၊ဂျူနီယာတွေ ဘိုကျအနိုင်ကျင့်တာ မရှိဘဲကောင်းကောင်းနေထိုင်ရဖို့ သူ ကျောင်းရဲ့ အာ့ကြောလန်အဖွဲ့အပြင်ကန်ထရိုက်တာတွေနဲ့ ရင်ဆိုင်ခဲ့တယ်။မထင်မှတ်ဘဲ ညတစ်ညမှာ ကျောင်းသားတစ်ယောက် ခွင့်မတိုင်ဘဲ အပြင်သွားခဲ့တယ်။ခေါင်းမီးခဲပြီး ကာလီဟာ လိုက်ရှာရမှာတော့ချစ်သူနဲ့ သွားတွေ့တဲ့ ထိုကျောင်းသား အဏ္ဏဝါနဲ့ ရင်းနှီးခဲ့ပါတယ်။အန်ကယ်ကာလီ.... အန်ကယ်က လူပျိုကြီးလား အိမ်ထောင်ရှိလား တဲ့။တချိန်က သူ့မှာ ဒါတွေ ရှိခဲ့ကြောင်း နှုတ်က ထုတ်ဖော်မပြောလိုတော့တဲ့ ရင့်ကျက်ချိန်ရောက်ခဲ့ပြီလေ။ကျောင်းစာမေးပွဲပြီး နှုတ်ဆက်ပွဲညမှာအဏ္ဏဝါကို လူတစ်စု အန္တရာယ် လာပြုခဲ့တယ်။အဏ္ဏဝါ .. ကျောင်းထဲမှာနေတဲ့ ကျောင်းသား...သူ့မှာ ဘယ်လိုအကြောင်းကြောင့် ဒီလို ရန်နဲ့ ရင်ဆိုင်ရတာလဲ...သိပ်ကို ဂရုစိုက်လွန်းတဲ့ ...
movie
Petta (2019)
2019