Channel Myanmar

Bob Balaban

License to Wed (2007) 5.3
License to Wed (2007) ဆေဒီ က သူ့ချစ်သူ ဘန်နဲ့သူ့တို့မိသားစု ဘုရားကျောင်းမှာလက်ထပ်ချင်နေတယ် ဒါပေမယ့် ဘုန်းတော်ကြီးဖရန်ခ့်ကတော့ သူ့ရဲ့သင်ရိုးအတိုင်းအောင်မှ ထိမ်းမြားပေးမှာပါ.ဆေဒီနဲ့ဘန် နဲ့က တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိကြတဲ့ အတွဲတွေလို့ထင်ထားကြပေမယ့် ဘုန်းတော်ကြီးဖရန့်ရဲ့ သင်ရိုးတွေအတိုင်းစမ်းသပ်ကြည့်တော့မှ ကတောက်ကဆ ဖြစ်စရာလေးတွေပေါ်လာတာပါ.ဒါကြောင့်သူတို့၂ယောက်ကြားထဲက ဘယ်လိုနားလည်မှုပြန်ယူမလဲဆိုတာ ဟာသဆန်ဆန်ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Andy Baker ပါ )File size_(1.3GB)/(730MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:331:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Andy Baker
movie

License to Wed (2007)

Ghost World (2001) 7.3
Ghost World (2001) Ghost World (2001)~ IMDb - 7.3/10, RT - 93%, Meta - 90% ~Coming-of-Age ကားလည်းဖြစ်တယ်၊ ရုပ်ရှင်ပိုစတာမှာလည်း ဆယ်ကျော်သက် ကောင်မလေး ၂ ယောက်ပုံနဲ့ဆိုတော့ သာမန် Rom-Com ကားလေးလို့ပဲ ထင်ရက်စရာရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုထင်ခဲ့တာပဲ။ဒါပေမဲ့ ဒီရုပ်ရှင်က Coming-of-Age ထက်ပိုတဲ့ ဒါမှမဟုတ် သာမန် Coming-of-Age တွေထက် ပိုအဓိပ္ပာယ်ရှိတဲ့ ရုပ်ရှင်တစ်ခုလို့ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရုပ်ရှင်က 90s နဲ့ 00s ခုနှစ်တဝိုက်ကထွက်တဲ့ ဆယ်ကျော်သက်ရုပ်ရှင်တွေလို ကျောင်းကပွဲမှာ ဒိတ်ရဖို့၊ ကျောင်းမှာ ရည်းစားရဖို့၊ သူငယ်ချင်းရဖို့၊ အလှဆုံးဖြစ်ဖို့၊ နာမည်ကြီးဖို့ ဘာဘာညာညာ ဖန်တရာတေ ဇာတ်လမ်းမျိုးမဟုတ်ဘူး။ အဲဒီဇာတ်လမ်းတွေထဲမှာက ပြဿနာတစ်ခုကို အရင်ဆုံးပြထားပြီး နောက်ဆုံး အဖြေပေါ်ရာကနေ ဇာတ်လမ်းပြီးတယ်။ ကပွဲအတွက် အတွဲရသွားတာတို့၊ အလှဆုံးဖြစ်တာတို့၊ ...
movie

Ghost World (2001)

2001
The Majestic (2001) 6.9
The Majestic (2001) The Majestic (2001)~ IMDb - 6.9/10, Rotten Tomatoes - 42% ~ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ "ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်" လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ...
movie

The Majestic (2001)

2001
Moonrise Kingdom (2012) 7.8
Moonrise Kingdom (2012) ဒီတစ်ခေါက်တော့ တစ်ခါထက်မကကြည့်ချင်ရလောက်တဲ့ Moonrise Kingdom လို့ခေါ်တဲ့ Comedy, Drama, Family ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်‌ဆက်ပေးချင်ပါတယ်။ ၁၉၆၀ခုနှစ်တွေကိုနောက်ခံထားထားတဲ့ ၁၂နှစ်အရွယ်လူငယ်စုံတွဲရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ အပယ်ခံမိဘမဲ့‌ကင်းထောက်ကောင်လေးက ဆူဇီဆိုတဲ့ကောင်မလေးနဲ့ ရင်ဘတ်ချင်းတူလို့ စာတွေအပြန်အလှန်ရေးရင်း တစ်နေ့ သူတို့အတူ ထွက်ပြေးခဲ့ကြပြီး ကျွန်းရဲ့ယခင်မူလနေထိုင်ခဲ့တဲ့လူတွေအတိုင်း ခြေရာခံရယလျှောက်သွားခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေနဲ့ စွန့်စားခန်းတွေကို တွေ့ရမှာပါ။ ဒီဇာတ်လမ်းကိုကြည့်ရင်း လူငယ်ဘဝရဲ့ တဇွတ်ထိုးအကျင့်တွေနဲ့ နောက်ဆံမတင်းပဲ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချခဲ့တာတွေဟာ ချစ်စရာကောင်းနေခဲ့ပြီး အနှစ်သာရပြည့်ဝတဲ့အမှားတွေဟာလည်း နောက်ထပ်အခွင့်အရေးရဖို့ ထိုက်တန်နေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်တော့ IMDb မှာ 7.8/10 ထိရထားပြီး Rotten Tomatoes 93% ထိရထားတာပါ။ ဒါ့အပြင် ဒီဇာတ်ကားဟာဆိုရင် ဒါရိုက်တာ Wes Anderson ရဲ့ လက်ရာကောင်းတွေထဲက တစ်ကားဖြစ်ပြီး Gotham Independent Film Award for Best Feature ဆုရရှိကာ အဓိကလူငယ်သရုပ်ဆောင်တွေဟာလည်း ...
movie

Moonrise Kingdom (2012)

2012
80 for Brady (2023)
80 for Brady (2023) 80 for Brady (2023)ဒီကားမှာတော့ 12 Angry Men ထဲက ဂန္ထဝင်မင်းသားကြီး ဟင်နရီဖွန်ဒါရဲ့သမီး ဂျိန်းဖွန်ဒါ၊ ရီတာမော်ရီနို၊ ဆယ်လီဖီးဒ်၊ လီလီတွမ်လင် စသဖြင့် ၇၀တန်းမင်းသမီးကြီးလေးယောက် အပြိုင်သရုပ်ဆောင်ထားပါတယ်။ ထူးတာက ဒီလေးယောက်လုံးက တကယ့် ဂန္ထဝင်တွေပါ။ ဂျိန်းဖွန်ဒါဆို အော်စကာ၂ဆု၊ BAFTA ၂ဆု၊ Golden Globe ၇ဆု၊ Emmy ဆု၊ ရွှေခြင်္သေ့ဆုအပြင် ကိန်းကပါ Honorary Award တွေရထားတာပါ။ မော်ရီနိုကတော့ ဟောလိဝုဒ်ရွှေခေတ်လက်ကျန်မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး Triple Crown of Acting လို့ ခေါ်တဲ့ ဂရမ်မီ၊ အော်စကာနဲ့ တိုနီဆု သုံးခုလုံးရထားတဲ့ မင်းသမီးအနည်းအကျဉ်းထဲက တစ်ယောက်ပါ။ တော်တော်နည်းပါတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးမှ ၁၀ယောက်မပြည့်ပါဘူး။ Sally Field ကတော့ ဖောရပ်ဂန့်ရဲ့အမေနေရာကသိကြမှာပါ။ သူလည်း အကယ်ဒမီ ၂ဆု၊ ရွှေကမ္ဘာလုံး ...
movie

80 for Brady (2023)

2023
Isle of Dogs (2018) 7.9
Isle of Dogs (2018) Isle of Dogs (2018) IMDb - 7.9/10_____Rotten - 90%  ဒီဇာတ်လမ်းလေးအကြောင်းကို စမပြောခင် Animation ရဲ့ Graphic ပုံစံဟာ မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပါဘူးလို့ စကားဦးခံထားပါရစေဘာလို့လဲဆိုတော့ ဘာသာပြန်ဖို့စကြည့်တဲ့အချိန်မှာ မိမိကိုယ်တိုင်လည်း ဘယ်လိုကြီးလဲဆိုပြီး အတွေးဝင်မိလို့ဖြစ်ပါတယ်ဒါပေမယ့် ဒီကားဟာ IMDb 7.9 တောင်ရရှိထားပြီး အသံသရုပ်ဆောင်တွေကလည်း ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Scarlett Johnson တို့ Breaking Bad ကမင်းသားကြီး Bryan Cranston တို့ Bill Murray တို့ပါဝင်သရုပ်ဆောင်ထားကြဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူးကဲ ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင်လွန်ခဲ့တဲ့ ရာစုနှစ်ဆယ်စုစာတုန်းက ခွေးတွေဟာ လူတွေရဲ့ အမိန့်ကို နာခံတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြပါဘူးအဲ့အချိန်မှာ ခွေးမုန်းတီးရေးဝါဒီကိုဘာယားရှီမျိုးနွယ်တွေဟာ ခွေးတို့ိကို စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတော့တယ်အဲ့အချိန်မှာ ခွေးတွေဘက်က ရပ်တည်ပေးတဲ့ သူရဲကောင်းကလေးတစ်ဦး ပေါ်ပေါက်လာတာတော့တယ်ခွေးတွေကတော့ လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ်နောက်နှစ် နှစ်ဆယ်ကြာလာတဲ့အခါ ခွေးတုပ်ကွေးရောဂါပြန့်ပွားမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပါတယ်အဲ့အချိန်မှာ ခွေးမုန်းတီးတဲ့ ...
movie

Isle of Dogs (2018)

2018