Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Billy Lau
5.8
The Legend of Shushan ( 2024 )
လျောက်ပုဖန်ဆိုတဲ့ကောင်လေးဟာ သူ့အသံကြားတာနဲ့ လူတိုင်းက ကံဆိုးကြတဲ့အတွက် ဝေးဝေးကရှောင်ရတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘေးမှာ ဘယ်သူမှမရှိတဲ့အတွက် အထီးကျန်နေတဲ့ လျောက်ပုဖန်ဟာ ရှူရှန်းတောင်မှာ အစွမ်းပညာကျင့်ကြံဖို့ ဆရာရှာဖို့ ထွက်လာခဲ့ပါတယ်။ရှူရှန်းတောင်ပေါ်မှာ တပည့်ယောကျာ်းလေးတွေပဲရှိတဲ့ရှင်းရှို့ဂိုဏ်းနဲ့ တပည့်မိန်းကလေးတွေပဲ ရှိတဲ့ ရွှမ်ယင်းဂိုဏ်း ၂ ဂိုဏ်းရှိပါတယ်။ ဂိုဏ်းချုပ် ၂ ယောက်ဟာ အတိတ်က ရန်ငြိုးတွေကြောင့် တပည့်တွေလည်း မတည့်ဖြစ်နေပါတယ်။ ရှင်းရှို့ဂိုဏ်းချုပ်ရဲ့ တွက်ချက်မှုအရ လျောက်ပုဖန်ဟာ မိစ္ဆာလောင်းရဲ့ ခန္ဓာဖြစ်ပြီး သွေးလထွက်တဲ့ ညမှာ မိစ္ဆာကြီး ဖြစ်သွားနိုင်တယ်တဲ့။မိစ္ဆာမဖြစ်အောင် ဖြေရှင်းဖို့ နည်းလမ်းကတော့ ချစ်ရသူကို ရှာတွေ့ဖို့ဖြစ်ပြီး ချစ်ရသူရဲ့ ကိုယ်ပေါ်မှာ မှဲ့ကြီးတစ်လုံး ပါကြောင်း သိခဲ့ရပါတယ်။ ချစ်ရသူကို ရှာဖို့အတွက် ရှင်းရှို့ဂိုဏ်းက ဆရာတပည့်တွေ ဘယ်လို ဟာသမျိုးတွေ လုပ်ခဲ့သလဲ...... လျောက်ပုဖန်ကို ကယ်တင်ပေးနိုင်မဲ့ ချစ်ရသူကရော ဘယ်သူ ဖြစ်နေမလဲ...... ဆိုတာကို သိရအောင် ရုပ်ရှင်ကိုပဲဆက်ကြည့်လိုက်ရအောင်နော်။ Filesize : 1.3 GB / 702 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres ...
movie
The Legend of Shushan ( 2024 )
6.9
The Millionaires’ Express ( 1986 )
ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p ( HEVC ) Format : mp4 Genres ...
movie
The Millionaires’ Express ( 1986 )
7.1
Mr. Vampire 3 (1987)
တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၁နဲ့၂ ကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ ကအဆက်အစပ်မရှိပါဘူး။ဦးလေးမင်ဆိုတဲ့ မောင်ရှန်းဆရာဟာ အစွမ်းမထက်ပေမဲ့ အကြံဉာဏ်မျိုးစုံရှိသူ ဖြစ်ပါတယ်။ သူ့အနားမှာ တာ့ပေါင်နဲ့ စေ့ပေါင်ဆိုတဲ့ သရဲနှစ်ကောင်ကို ခေါ်ထားပြီး လိုက်လိမ်နေသူ ဖြစ်ပါတယ်။ သူဌေးကြီး ထန်ပိုင်ဝမ့်အိမ်အတွက် သရဲနှင်ပေးတဲ့အချိန်မှာ သရဲမိသားစုနဲ့ တွေ့ပြီး ထွက်ပြေးခဲ့ရပါတယ်။ညအချိန်ကြီး ဦးလေးမင်ဟာ တိတ်ဆိတ်နေတဲ့ ရွာတစ်ခုထဲ ရောက်လာခဲ့ပါတယ်။ အဲ့ဒီရွာမှာ ဓားပြတွေ သောင်းကျန်းနေတဲ့အတွက် အစောင့်အကြပ်တင်းကျပ်နေချိန်ဖြစ်ပြီး ဦးလေးမင်ကို ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဖမ်းဆီးခဲ့ပါတယ်။ တာအိုဆရာကြီး ဦးလေးကျိုက အချိန်မီရောက်လာလို့ ဦးလေးမင်လည်း အသက်ရှူချောင်ခဲ့ပါတယ်။ထိုအချိန်မှာပဲ ဓားပြတွေ ရောက်လာခဲ့ပြီး ရွာသားတွေက စည်းလုံးစွာနဲ့ ဓားပြတွေကို နှင်ထုတ်နိုင်ခဲ့ပြီး ဓားပြနှစ်ယောက်ကို ဖမ်းဆီးရခဲ့ပါတယ်။ ဓားပြတွေရဲ့ သွေးအရောင်ကို ကြည့်ပြီး ဓားပြတွေဟာ သာမန်လူမဟုတ်ကြောင်း ဦးလေးကျိုသတိထားမိသွားပါတယ်။ဦးလေးကျိုရဲ့ မွေးနေ့မှာ အလွှဲလေးတွေဖြစ်ပြီး တာ့ပေါင်နဲ့ စေ့ပေါင်က အဖမ်းခံလိုက်ရပါတယ်။ နောက်မှာ ဦးလေးကျိုရဲ့ ဆုံးမမှုကြောင့် ဦးလေးမင်ဟာ သရဲနှစ်ကောင်ကို လွတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တာ့ပေါင်ကို ဓားပြတွေက အသုံးချဖို့ ဖမ်းသွားခဲ့ပါတယ်။ဓားပြတွေ တာ့ပေါင်ကို ...
movie
Mr. Vampire 3 (1987)
5.9
Mr. Vampire 2 ( 1986 )
တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ ကအဆက်အစပ်မရှိပါဘူး။ Mr. Vampire II ရဲ့ဇာတ်လမ်းအကျဉ်းကတော့ လောဘသားပါမောက္ခနဲ့တပည့်နှစ်ယောက်က ရှေးဟောင်းအမွေအနှစ်ကိုရောင်းစားဖို့တူးဖော်ကြရင်း ရှေးဟောင်းအလောင်း(၃)ခုကိုရခဲ့ပါတယ်။စျေးကြီးကြီးနဲ့ပြန်ရောင်းဖို့ သယ်လာခဲ့ကြပြီးမှ သွေးစုပ်ဖုတ်ကောင်တွေ မှန်းသိလိုက်ရတယ်။ ကမောက်ကမတွေဖြစ်ပြီး အသေးလေးတစ်ကောင်လွတ်သွားခဲ့ပါတယ်။ ဖုတ်ကောင်မိဘလင်မယားက မြို့အနှံ့ကလေးလေးကိုလိုက်ရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Horror , Comedy , Action Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Mr. Vampire 2 ( 1986 )
1986
7.6
Mr. Vampire ( 1985 )
အားလုံးရင်းနှီးကျမယ့် တရုတ်သရဲကားတစ်ကားဖြစ်မှာပါ.. အလွယ်ခေါ်ရင်တော့ တရုတ်ခုန်ဆွ သရဲပေါ့ ငယ်စဉ်ကထဲက အားလုံးရင်းနှီပြီးသားဇာတ်ကားလေးတကားပါပဲ စုစုပေါင်း ၄ ကားရှိပြီး Bluray Quality Update တွေ အကုန်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ ဇာတ်ကားလေးရဲ့ ရရှိထားတဲ့ IMDb Rate ကတော့ 7.3 ပဲဖြစ်ပါတယ်..မင်ကော်ခေတ်ဦးပိုင်းမှာ သူဌေးကြီးရန်ဟာ ဖုန်းရွှေဆရာရဲ့ သတိပေးချက်အရ နှစ် ၂၀ ကြာတဲ့အခါ အဖေ့ရဲ့အုတ်ဂူကို နေရာပြောင်းဖို့အတွက် ဦးလေးကျိုကို အကူအညီတောင်းခဲ့ပါတယ်။ အုတ်ဂူဖွင့်တဲ့နေ့မှာ သိလိုက်ရတာက သခင်ကြီးရန်ရဲ့ သင်္ချိုင်းရှိရာနေရာဟာ အလွန်ကောင်းတဲ့ ပုစဉ်းရေစက်ချနေရာဖြစ်ပေမဲ့ အရင်တုန်းက မြှုပ်နှံဖို့အကြံပေးခဲ့တဲ့ ဖုန်းရွှေဆရာရဲ့ ယုတ်မာမှုကြောင့် သူ့အလောင်းဟာ နှစ် ၂၀ ကြာတဲ့အထိ မပုပ်မသိုးဖြစ်နေပါတယ်။ဦးလေးကျိုဟာ သံသယဖြစ်မိပြီး အဲ့အလောင်းကို သူနေထိုင်ရာ အလောင်းစံအိမ်ကို ပြန်သယ်သွားပြီး စောင့်ကြည့်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ကျန်းရှီးသရဲဖြစ်သွားပြီး သူဌေးရန်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ခေါင်းဆောင်ကလည်း ပေါ့ပျက်ပျက်နဲ့ပဲ ဦးလေးကျိုကို အချုပ်ခန်းထဲ ဖမ်းဆီးသွားခဲ့ပါတယ်။အဲဒီညမှာပဲ သူဌေးရန်ရဲ့အလောင်းကလည်း ကျန်းရှီးသရဲဖြစ်သွားပြီး စခန်းက လူတွေကို လိုက်လံတိုက်ခိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း ထင်ထင်ကို ကာကွယ်ဖို့အတွက် ဝိန်ချိုင်တစ်ယောက် ကျန်းရှီးသရဲကိုက်တာ ခံလိုက်ရပြီး အလောင်းအဆိပ်တက်ပြီး ကျန်းရှီးသရဲဖြစ်သွားနိုင်ချေ ...
movie
Mr. Vampire ( 1985 )
5.9
The Lost Legend ( 2023 )
ဒီတစ်ခါတော့ ပုံမှန်သင်္ချိုင်းဖောက်ထွင်းကားတွေနဲ့မတူတဲ့ တင်ဆက်ပုံနဲ့ မထင်မှတ်ထားတဲ့Plot twistedတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ချိုင်းဖောက်ထွင်းဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ဖာချိုးဂိုဏ်းသားတွေဖြစ်တဲ့ ဟွမ်ရှောင်မန်တို့ဆရာတပည့်တွေဟာ သင်္ချိုင်းဖောက်ထွင်းတဲ့လောကကနေထွက်ပြီး သာမန်ဘဝနဲ့နေထိုင်ဖို့ကြိုးစားနေကြပါတယ်။ တစ်နေ့မှာတော့ ရဲစခန်းမှူးတစ်ယောက်ရောက်လာပြီး သူ့ရဲ့ဇနီးကိုကယ်ဖို့အတွက် နှစ် (၁၀၀၀) သင်္ချိုင်းလိုအမှောင်ဆုံးနေရာတွေမှာသာပေါက်တဲ့ တစ္ဆေဂျင်ဆင်းကိုရှာဖွေပေးဖို့ အကူအညီတောင်းလာပါတယ်။လူ့အသက်ကယ်ဖို့အရေးကြီးတဲ့အတွက် ဆရာတပည့်တွေဟာ တတ်သိပညာမနေသာပဲ ကူညီပေးဖို့သဘောတူလိုက်ကြတယ်။ သူတို့တောထဲကိုစဝင်လိုက်တာနဲ့ အမဲလိုက်မုဆိုးအဖွဲ့နဲ့ကြုံရပြီး ပြေးရင်လွှားရင်း ဆရာကြီးကသေနတ်မှန်ပြီးသေသွားခဲ့ပါတယ်။ အဲဒီလိုနဲ့ လူ့အသက်ကယ်ဖို့ကနေ ဆရာ့အတွက်လက်စားချေဖို့ ဒီသင်္ချိုင်းကရတနာတွေကိုဖောက်ထွင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဝင်္ကဘာလိုရှုပ်ထွေးလှတဲ့မြေအောက်နန်းတော်သင်္ချိုင်းကြီးထဲမှာ သူတို့တွေဟာလက်စားချေနိုင်ပါ့လား...... နောက်ကွယ်မှာဘယ်လိုမထင်မှတ်ထားတဲ့ အရာတွေရှိနေဦးမလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
The Lost Legend ( 2023 )
5.9
Exorcism ( 2023 )
မြို့လေးတစ်မြို့ရဲ့သူဌေးအိမ်ဖြစ်တဲ့ ချန်အိမ်တော်မှာ သခင်ကြီးချန်ရဲ့စတုတ္ထမြောက်ဇနီးလေးက မတော်တဆဆုံးသွားခဲ့ပါတယ်။ အသုဘနေ့မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေဖြစ်ခဲ့ပြီးနောက် ချန်အိမ်တော်ကြီးက သရဲခြောက်ပါတယ်တဲ့......အစိမ်းသေသေတဲ့သခင်မ(၄)ကခြောက်လှန့်နေပါတယ်ဆိုပြီး ကောလဟာလတွေပြန့်လာပါတယ်။ ဒီလိုနဲ့ ပယောဂဆရာကြီးဝမ်က ချန်အိမ်ကိုအပနှင်ဖို့ရောက်လာခဲ့ပါတယ်။ ချန်အိမ်တော်ကလူတွေဟာ တစ်ယောက်တစ်မျိုးမူမမှန်တာကိုတွေ့ရပြီ ခြောက်ခြားစရာဖြစ်ရပ်တွေနဲ့ကြုံလာရပါတယ်။ ဆရာကြီးဝမ်ဟာ ချန်အိမ်ကြီးမှာအပနှင်ဖို့ကြိုးစားရင်းနဲ့ ချန်မိသားစုရဲ့လျှို့ဝှက်ချက်တွေကိုသိလာတဲ့အခါ...... ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Exorcism ( 2023 )
6
Uncle Maoshan ( 2023 )
တရုတ်ခုန်ဆွသရဲကားတွေကြိုက်တဲ့ CM ရဲ့ ပရိတ်သတ်တွေအတွက် Uncle Maoshan ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ချင်းခေတ်နှောင်း မင်ကော်ခေတ်အစပိုင်းမှာ သူဌေးကြီး သခင်ကြီးရန်ဟာ မတော်တဆသေဆုံးသွားခဲ့ပါတယ်။ ကောလာဟလတွေအရ သခင်ကြီးရန်ဟာ သရဲကိုက်လို့သေတာလို့ ပြောနေကြသဖြင့် မမလေးရန်ဟာ ဦးလေးကျိုကို သူမအဖေအတွက် အကူအညီတောင်းလာပါတယ်။ အမှန်တရားအတွက် သွားရောက်စုံစမ်းစဉ် အလောင်းရုံထဲ ထားခဲ့တဲ့ သခင်ကြီးရန်ရဲ့ အလောင်းဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။သေဆုံးသွားတဲ့ သခင်ကြီးရန်ဟာ ထူးဆန်းစွာ ပြန်ရှင်လာပြီး သရဲအဖြစ်နဲ့ မြို့ထဲကလူတွေကို လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ရဲစခန်းမှ အဖွဲ့ခေါင်းဆောင်ချောင်ဟာ ဆရာကြီးချန်းဟဲ့ကို ခေါ်ပြီး မကောင်းဆိုးဝါးတွေကို နှိမ်နင်းခိုင်းခဲ့ပေမယ့်လဲ ဆရာကြီးချန်းဟဲ့လည်း ဘာမှ မတတ်နိုင်ဖြစ်ခဲ့ရပါတယ်၏သရဲတွေကလည်း တဖြည်းဖြည်းနှင့် ပိုဆိုးလာပြီး မြို့ထဲမှ လူအများကလဲ စိုးရိမ်ကြောက်လန့်နေရပါတယ်။ မောင်ရှန်းဘုန်းကြီးဖြစ်သူ ဦးလေးကျိုဟာလည်း သူ့ဘဝမှာ အကြီးဆုံး အခက်အခဲနဲ့ တွေ့နေပါတော့တယ်။မြို့ထဲက သရဲတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲ...... ဦးလေးကျိုနဲ့ သူ့တပည့်တွေကရော ဘယ်လို နှိမ်နင်းကြမလဲ...... ဆိုတာ ရုပ်ရှင်ထဲမှာပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : ...
movie
Uncle Maoshan ( 2023 )
6
Judge Bao: Intrigues at Academy ( 2023 )
ပေါင်ချိန်fanတွေအတွက်လူငယ်ပေါင်ချိန်ရုပ်ရှင်ကားလေး CM ကနေတင်ဆက်ပေးလိုက်ပါတယ်။ ပေါင်ချိန်တစ်ယောက်တရားသူကြီးမဖြစ်ခင် အရာရှိငယ်လေးဘဝကို အခြေခံပြီးရိုက်ထားတာဖြစ်ပါတယ်။ ဒီ အမှုကိုဖြေရှင်းပြီးမှကျားခေါင်းဓားစက်ကို ပေါင်ချိန်ရရှိလာတာပါ။နန်းတွင်းစာမေးပွဲကြီးကျင်းပခါနီးမှာ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် ထူးထူးဆန်းဆန်းသေသွားကြတယ်။ ထူးဆန်းတဲ့သေပုံတွေကြောင့် ငရဲမင်းကအသက်နှုတ်ယူသွားတာပါဆိုပြီး ကောလဟာလတွေ ထွက်လာပါတယ်။ ပေါင်ချိန်ရဲ့ ဆရာပြီးတဲ့ ကျောင်းအုပ်ဆရာကြီးကလဲပျောက်နေတာကြောင့် စုံစမ်းဖို့ရာ စာသင်ကျောင်းကိုပေါင်ချိန်နဲ့ကျန်ကျောင်းတို့ ရောက်လာခဲ့ကြပါတယ်။နှစ်ယောက်သားစုံစမ်းရင်းနဲ့ လူသတ်မှုက တဖြည်းဖြည်းအဖြစ်မှန်ပေါ်လာပြီး ပ ညာရှိစာမေးပွဲရဲ့နောက်ကွယ်မှာ ပိုလေးနက်တဲ့ နန်းတွင်းရေးရာတွေပါဝင်နေကြောင်းကိုသိလိုက်ရတဲ့အခါ…… Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Judge Bao: Intrigues at Academy ( 2023 )
5.9
The Puppet ( 2023 )
အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် The Puppet ဆိုတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကျောင်းသူလေး ရှောင်မန့်ဟာ သူမအဖေရှိရာ ရွာပြန်ပြီး သိပ်မကြာခင်မှာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ သမီးကို အချစ်ကြီးတဲ့ အဖေခမျာ သူ့သမီးရဲ့ ဝိညာဉ်ကို အရုပ်ထဲထည့်ဖို့ ပူဇော်ပွဲကြီးလုပ်ပါတော့တယ်။ ထိုပူဇော်ပွဲမှာ အလောင်းစစ်ဆေးသူ ၂ ဦးနဲ့ ဦးလေးကျိုတို့ သေဆုံးခဲ့ပြီးနောက် တစ်ရွာလုံးမှာ ရှောက်မန့်ရဲ့ ဝိညာဉ်ပါတဲ့ အရုပ်က လူသတ်ကြောင်း သတင်းပျံ့သွားပါတော့တယ်။ရှောင်မန့်ရဲ့ သူငယ်ချင်းဖြစ်သူ ချန်းချန်းဟာ ဆရာနဲ့ သူငယ်ချင်း ၃ ယောက်နဲ့အတူ ယွမ်ယောင်ရွာသို့ ရှုခင်းကြည့်ရှုလေ့လာရန် ရောက်လာခဲ့ပါတယ်။ တကယ်တော့ သူမဟာ စကားမပြောတတ်တဲ့ ရှောင်မန့်သေဆုံးရတဲ့ အကြောင်းရင်းကို လာရောက်ရှာဖွေပြီး ကလဲ့စားချေရန် ဖြစ်ပါတယ်။သူမတို့အဖွဲ့ သရဲခြောက်တယ်လို့ နာမည်ထွက်နေတဲ့ ဟွမ်အိမ်မှာ တည်းခိုရဖို့ အကြောင်းဖန်လာပြီး ထူးဆန်းတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ သူတို့တစ်ဖွဲ့လုံး အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ပြဇာတ်အဖွဲ့ခေါင်းဆောင်ရဲ့ သမီးဖြစ်သူ ရှောင်မန့်တစ်ယောက် ဘာလို့ အရုပ်ကိုပွေ့ပြီး မြစ်ထဲမှာ သေနေရတာလဲ...... ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းလား အကြံအစည်တွေ ရှိနေတာလား...... တရားခံအစစ်က ဘယ်သူဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်လေးကြည့်ပြီး ...
movie
The Puppet ( 2023 )
6
The Haunting ( 2023 )
အိမ်ခြံမြေလုပ်ငန်းရှင်Jiang Shuoရဲ့ အိမ်အရောင်းဝယ်လုပ်ငန်းကို လုပ်ကိုင်ရင်း ကြုံတွေ့ရတဲ့အတွေ့အကြုံလေးအကြောင်းပဲဖြစ်ပါတယ်။ရေမြေမကောင်းလို့ လာဘ်မကောင်းလို့ သရဲခြောက်လို့ ဆိုပြီး အလောတကြီးရောင်းချင်တဲ့အိမ်တွေကတော့ Jiang shuo ရဲ့အကြိုက်ပါပဲ။ Jiangက အဲဒီလိုအိမ်ရှင်တွေဆီကနေပြီး ဗိုက်နာစျေးနဲ့ဝယ် ပြင်ပြင်ဆင်ဆင်လုပ်ပြီး စျေးပြန်မြှင့်ပြီးရောင်းတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်လူဖျံလေးတစ်ယောက်ပေါ့......တစ်နေ့မှာတော့ Jiangဆီကို တိုက်ကြီးတစ်တိုက်ကိုစျေးပေါပေါနဲ့လာရောင်းပါတယ်။ သူတို့အိမ်သွားကြည့်တဲ့နေ့ဟာ တစ္ဆေပွဲတော်နေ့ဖြစ်ပြီး တိုက်ကြီးမှာနေတဲ့သူတွေက ပူဇော်ပွဲလုပ်နေကြပါတယ်။ တိုက်ကြီးမှာနေတဲ့သူတွေက ဖီပါးကုန်းဆိုတဲ့နတ်ကို ကိုးကွယ်ကြသတဲ့။အိမ်ကြီးကလဲ ကျောချမ်းစရာအပြည့်နဲ့ ခြောက်ချားစရာကြီးနဲ့ ဖီပါးကုန်းဆိုတာဘာနတ်မှန်းလဲမသိတော့ Jiang ရဲ့လုပ်ဖော်ကိုင်ဖက်ကမဝယ်ဖို့တားတာပေါ့။ ဒါပေမယ့် အိမ်ရှင်ကစျေးကိုအဆမတန်လျှော့ပေးတော့ စျေးပေါတာကြိုက်တဲ့ Jiang တစ်ယောက်ဝယ်လိုက်ပါလေရော..... သူ့လက်ထဲကိုအိမ်ကြီးရောက်လာပြီးမှ ဖီးပါးကုန်းရဲ့ကျိန်စာကြောင့် သေတယ်ဆိုပြီး လူတွေဆက်တိုက်သေလာပါတယ်...... ရှေ့ဆက်ပြီးကျန်းတို့အဖွဲ့ဘာတွေကြုံတွေ့ကြရမလဲ...... လူတွေသေရတဲ့နောက်ကွယ်ကအမှန်တရားကရောဘာတွေဖြစ်နေမလဲ...... ကျန်းတို့အဖွဲ့ကဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ခြောက်ချားစရာတွေကြားမှာဟာသလေးနှောပြီး စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Thriller Runtime : 1h 3 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
The Haunting ( 2023 )
6.5
Executioner’s Strange Talk ( 2022 )
သေဒဏ်ကျခံရတဲ့ အပြစ်သားတွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တာဝန်ယူရတဲ့ အာဏာပါးကွက်သားတွေမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။ မွန်းတည့်မကျော်ခင်မှာ အပြစ်သားကို စီရင်ရတာပါပဲ။ စီရင်ချိန်ကျော်သွားခဲ့ရင် စည်းမျဥ်းကိုဖောက်ဖျက်မိသလိုဖြစ်ပြီး သရဲဝိဉာဥ်တွေက လက်စားချေဖို့ပြန်လာတတ်ကြပါတယ်တဲ့။အာဏာပါးကွက်သားတစ်ယောက်ဖြစ်တဲ့ရှဲ့ချီဟာ ပြစ်ဒဏ်စီရင်ရာမှာ အချိန်ကျော်လွန်သွားရာကနေ စည်းမျဥ်းကိုဖောက်ဖျက်မိသွားပါတယ်။ သူကွပ်မျက်ခဲ့တဲ့သရဲမဟာ သူ့ကိုပြန်လာရှာရာကနေ ၊ သူတင်မက တစ်မြို့လုံးကို ကံဆိုးမှုတွေစတင်လွှမ်းခြုံလာတဲ့အခါ ၊ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတဲ့မခါမှာ.. မြို့ထဲကလူတွေကလည်း ရှဲ့ချီကိုဝိုင်းပြီးအပြစ်တင်ကြပါတော့တယ်။သရဲတွေ မိစ္ဆာတွေ ကျိန်စာတွေပါဝင်နေတဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Executioner’s Strange Talk ( 2022 )
6.3
Rigor Mortis (2013)
2013 ခုနှစ်ကထွက်ရှိထားတဲ့ တရုတ် ၀ိဉာဏ်သိုင်းကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ပရလောကရဲ့ ဆန်းကြယ်မူတွေနဲ့ လူ့ဘ၀ရဲ့ ထူးဆန်းတဲ့ ကံကြမ္မာအကြောင်းတွေကို တင်ဆက် ပြသထားတာပါ လူတွေဟာ သေဆုံးပြီးရင် ကိုယ်ချစ်ရခင်ရတဲ့ သူတွေကို နုတ်ဆက်ဖို့ အချိန် ၇ရက်ပေးတယ်လို့ ယုံကြည်ကြပါတယ် ဒီကားကလဲ ဒီရိုးရာ ယုံကြည်မူလေးကိုအခြေခံပြီးရိုက်ကူးထားတာပါ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ သူကတော့ ၁၉၈၀ ပတ်ချာလည်လောက်က တရုတ် တစ္ဆေ ဖုတ်ကောင်ကားတွေ ကို ရိုက်ကူးထုပ်လုပ်ပြီးအောင်မြင်မူရခဲ့ တဲ့ juno mak က ရိုက်ကူးထုပ်လုပ်ခဲ့တာ ဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းကတော့ ထွေထွေထူးထူး ပြောစရာ သိပ်မရှိပဲ ခပ်ကြမ်းကြမ်း သိုင်းအက်ရှင်ခန်းတွေပါတာမို့ အသတ်အပုတ် ပရိတ်သတ်တွေကတော့ကြိုက်နှစ်သက်မယ့် ကားကောင်းတကားပါ Qty - 720p BlurayDuration - 1hr 45minGern - Action/thrillsubtitle - Myanmar HardsubEncoder - Kyaw Ye Aung
movie
Rigor Mortis (2013)
2013