Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Billy Connolly
5.0
Garfield: A Tail of Two Kitties (2006)
ဒီကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gerfield 1 ရဲ့အဆက်ဖြစ်တဲ့ Gerfield 2 ပဲဖြစ်ပါတယ်... Gerfield ဆိုတဲ့နာမည်ကိုကြားလိုက်ရင် အရမ်းကိုလည်ပြီးကြောင်ပါးဝတတ်တဲ့ လိမ္မော်ရောင်ကြောင်ဖက်တီးကို ပြေးမြင်ကြမှာပဲဖြစ်ပါတယ်...သူ့ရဲ့စကားပြောဟန်တွေနဲ့ ဝနေတဲ့ သူ့ကိုယ်လုံးကြီးက ပရိတ်သတ်တွေကြားမှာ လွန်စွာကိုချစ်စရာကောင်းနေခဲ့ပါတယ်... Gerfield 1 မှာတုန်းက သူဟာသူ့ရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေးအိုဒီနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်...အဲ့နောက်မှာခွေးလေးအိုဒီကို မကောင်းတဲ့လူတွေလက်ကနေပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့စွန့်စားခန်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်... အခုတင်ဆက်ပေးမယ့် အပိုင်းသစ် Gerfield 2 မှာတော့ ခွေးလေးအိုဒီအပြင် သူ့နဲ့ရုပ်ချင်းလုံးဝတူနေတဲ့ ကြောင်ဘုရင် Gerfield Prince နဲ့ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေစွန့်စားမှု့တွေလုပ်ကြမလဲ... ဘယ်လိုဟာသတွေထည့်သွင်းရိုက်ကူးထားလဲဆိုတာကတော့ အားလုံးစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်...အားလုံးကြည့်ပြီးကြတဲ့ကားဟောင်းလေးပေမယ့် ''Old but Gold''ဆိုတဲ့စကားအတိုင်း ပြန်လည်သိမ်းဆည်းထားချင်သူများနဲ့ မကြည့်ရသေးတဲ့ပရိတ်သတ်များ ကြည့်ရှု့နိုင်ရန်အတွက်သာဖြစ်ပါတယ်... Gerfield ကတော့ ကျွန်တော့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်လို့ Gerfield 1 ကို ကိုယ်တိုင်ဘာသာပြန်ခဲ့ပြီး အခု ညီငယ် Pyae Phyo Hein ရဲ့ ဘာသာပြန်မှု့နဲ့ Gerfield 2 ကိုအားလုံးကြည့်ရှု့နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်.... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Garfield: A Tail of Two Kitties (2006)
2006
7.8
The Last Samurai (2003)
The Last Samurai ဆိုပဲ Tom Cruise ဆိုပဲ ပြီးတော့ ဆာမူရိုင်းချပ်ဝတ်တန်ဆာကြီးနဲ့ ပိုစတာကြီးမြင်တာနဲ့ ဒီဇာတ်ကားဘယ်လိုလဲဆိုတာ မြန်မာဇာတ်သိမ်းပိုင်းအတိုင်း ခန့်မှန်းရလွယ်လွန်းပါတယ် ************ အဲ့မှာ သောက်ဂွကျတာပဲ တက်တက်စင်အောင်လွဲ မြန်မာကားလိုဘာညာ အထင်သေးမိခဲ့တဲ့ ကျွန်တော် အခု all time fav ထဲ ထည့်ရမလို့ဘာညာဖြစ်နေပြီ ယောက်ျားတန်မယ့် ငိုကြီးချက်မ မဖြစ်ရုံတမယ်မျက်ရည်ပေါက်ပေါက်နဲ့ တကယ်တော့ The Last Samurai ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ ဇာတ်ကားကိုညဘက် နားကြပ်တပ်ပြီး အပြည့်အဝ ခံစားပြီးမှ သိခဲ့ရတာ။ ဟိုး၂နှစ်လောက်တုန်းက ဒီကားreviewရေးဖူးတယ် အဲ့reviewကို ပြန်တင်ထားလိုက်တယ်The plot - ဇာတ်အိမ်တည်ထားတဲ့ အချိန်ကာလဟာ Meji restoration (or) Westernization in Japan လို့အဓိပ္ပါယ်ရတဲ့ Meji အစိုးရအသွင်ပြောင်းလဲခြင်း (သို့) အနောက်လူနေမှုအဆင့်အတန်းများ ဂျပန်သို့ရောက်လာခြင်း ဖြစ်တဲ့ ၁၈ရာစုနှောင်းပိုင်း ၁၈၆၀ခုနှစ်ကာလများ...ခရစ်နှစ် 1603ခုနှစ်ကနေစပြီး တည်တံ့လာတဲ့ Edo era ကြီးဟာ အမေရိကန်တွေ ခေတ်မှီလက်နက်ကိရိယာမျိုးစုံ စစ်သဘော်ကြီးတွေနဲ့ ဂျပန်ဆိပ်ကမ်းကိုလာရောက်ဆိုက်ကပ်ခြင်းကစပြီး ပျက်သုဉ်းခြင်းဆီကို တဖြည်းဖြည်းဦးတည်လာခဲ့တယ်။ ဂျပန်ဆိပ်ကမ်းကိုအသုံးပြုမယ် ကုန်သွယ်မယ် စစ်ခုံရုံးတွေမှာပါဝင်စွက်ဖက်မယ် ဂျပန်တွေတစ်သီးတခြားနေထိုင်အုပ်ချုပ်နေတာတွေရပ်တန့်ရမယ်ဆိုတဲ့ လက်နက်အမိန့်စကားသံတွေဟာ ဂျပန်ပြည်ကြီးရဲ့ ...
movie
The Last Samurai (2003)
2003
4K HEVC
6.7
Fido(2006)
IMDb Rating (6.7)/ Rotten Tomatoes (73%) ဇွန်ဘီးကားတွေစောင့်မျှော်နေကြတဲ့သူတွေအတွက် ဇွန်ဘီးကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။2006 ကထွက်ရှိခဲ့ပြီးတော့ သရုပ်ဆောင်တွေအဖြစ် Billy Connolly ၊ Matrix ကားများမှမင်းသမီးချောကြီး Carrie-Anne Moss ၊ Henry Czerny တို့မှပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇွန်ဘီးကပ်ဖြစ်ပြီးနောက်ပိုင်း ၁၉၅၀ခုနစ်သဏ္ဍာန်ကိုနောက်ခံတည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အာကာသအမှုန်အမွှားတစ်ခုမှထွက်တဲ့radiationaများကြောင့်လူတွေသေပြီးရင် ဇွန်ဘီးအဖြစ်ကိုပြောင်းကုန်ပါတယ်။ဇွန်ဘီးကပ်ကိုရှေ့ပိုင်းမှာ ရွတ်ရွတ်ချွံချွံတိုက်ခိုက်အောင်မြင်ခဲ့ပြီးနောက် လူသားတွေကဇွန်ဘီးကို ထိန်းချုပ်လို့ရတဲ့လည်ပတ်ကို တီထွင်ခဲ့ပါတယ်။အဲ့လည်ပတ်နဲ့ဇွန်ဘီးတွေကိုထိန်းချုပ်ထားပြီးနောက် နေ့စဉ်ဓူဝအလုပ်တွေမှာခိုင်းစေအသုံးပြုလာကြတဲ့အထိတိုးတက်နေကြပါတယ်။မြို့တွေအလိုက်ခြံစည်းရိုးတွေကာထားပြီးတော့ လုံခြုံရေးကိုဇွန်ကွန်လို့ခေါ်တဲ့networkတစ်ခုမှ ကြီးကျပ်ပါတယ်။အဲ့လိုစနစ်တကျထိန်းချုပ်မှုများနဲ့နေထိုင်ခဲ့ပြီးနောက်မှာ တင်မီဆိုတဲ့ကောင်လေးဟာ သူ့ရဲ့အိမ်ကိုခိုင်းစေဖို့ရောက်လာတဲ့ဇွန်ဘီး Fidoနဲ့မိတ်ဆွေဖြစ်သွားပါတယ်။ဇွန်ဘီးနဲ့လူသားကြားကသံယောဇဉ်ကိုကာကွယ်ရင်း တင်မီကပြဿနာတွေနဲ့ရင်ဆိုင်ရပါတော့တယ်။တစ်ဖက်ကလည်းမြို့ကိုကာကွယ်စောင့်ရှောက်နေတဲ့ အိမ်နီးချင်းဇွန်ကွန်ခေါင်းဆောင်ကလည်း ဇွန်ဘီးနဲ့လူသား မပေါင်းဖက်စေရရေးအစွမ်းကုန်တားဆီးတာနဲ့ ကြုံရပါတော့တယ်။တင်မီ သူ့ရဲ့တစ်ဉီးတည်းသောအချစ်ဆုံးသူငယ်ချင်းကောင်လေး ဖိုင်ဒိုနဲ့မခွဲရဖို့ဘယ်လိုစွန့်စားသွားမလဲဆိုတာကိုကားလေးကိုကြည့်ရှုရင်း ရုပ်ရှင်ရသခံစားလိုက်ကြပါစို့။ Horror Comedy ဖြစ်ပေမဲ့မိသားစုနဲ့တပျော်တပါးကြည့်ရှုလို့ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။ File size…2.6 GB / 798.6 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ..... Comedy , Drama , Horror Subtitle….Myanmar Subtitle ...
movie
Fido(2006)
7.1
Brave (2012)
အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Disney ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေးအကြောင်း ရိုက်ထားတဲ့ Brave ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားပါ..မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ် သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ် ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ် စုန်းမက သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ်မာရီဒါလေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကိုကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ် ဒီတော့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါလေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ ဘယ်လိုတွေစွန့်စားရမလဲ ဆိုတာ.....။IMDb 7.1 ထိရထားတာမလို့ ကြည့်ဖူးပြီးသား Disney ပရိသတ်တွေရော ...
movie
Brave (2012)
2012
4K HEVC
6.7
Pocahontas (1995)
movie
Pocahontas (1995)
6.8
Lemony Snicket’s A Series of Unfortunate Events (2004)
A Series of Unfortunate Events (2004) =======================တစ်ချို့လူတွေကတော့ ရက်စက်အကျည်းတန်တဲ့ ကမ္ဘာကြီးကို မမြင်ချင်ယောင်ဆောင်ရင်း ပျော်ရွှင်စရာဇာတ်သိမ်းတွေမှာ သက်သာရာရှာရင်း ဘာမှမဟုတ်သလို ဘဝကို ကုန်ဆုံးတတ်ကြတယ်။ တစ်ချို့လူတွေကတော့ ကမ္ဘာကြီးမှာ ရှာဖွေဖော်ထုတ်ရမှာတွေ ရှိနေသေးတာကိုသိပြီး သုတေသနလုပ်ရင်း မှတ်တမ်းတင်ရင်း ကြီးကျယ်ခမ်းနားစွာ ဘဝကိုကုန်ဆုံးတတ်ကြတယ်။အခုဇာတ်လမ်းကတော့ အဲ့ဒီ အစွန်းနှစ်ဖက်က လွတ်တဲ့လူတွေအကြောင်းပါ။တစ်ခုခုကို တီထွင်တာလို.. စာအုပ်တစ်အုပ်ကို ဖတ်တာလို..အဓိပ္ပါယ်ရှိတယ်ထင်ရတဲ့ အရာတွေကနေ ..ဘာမှမဟုတ်ပဲ ပစ္စည်းတစ်ခုကိုလိုက်ကိုက် နေတတ်တာလို အဓိပ္ပါယ်မရှိဘူးထင်ရတဲ့အရာတွေအပါအဝင် တစ်ခုခုတွေကို လုပ်ရင်း အဆိုးဝါးဆုံး အခြေအနေတွေမှာ မျှော်လင့်ချက်ရှိစွာပဲ ရှင်သန်တတ်ကြတဲ့ လူတွေအကြောင်းပါ။ သူတို့သိထားတဲ့ အသိကတော့ အခြေအနေ ဘယ်လောက်ပဲဆိုးဝါး စုတ်ပြတ်နေပါစေ တစ်ခုခုတော့ အမြဲရှိနေတတ်တယ်ဆိုတာပါပဲ။အဲ့ဒီလူတွေကတော့ Baudelaire မောင်နှမသုံးယောက်ပါ။ အကြီးဆုံး Violet Baudelaireကတော့ စွန့်ပစ်ထားတာတွေ.. ကြားမှာ အသုံးဝင်တာတစ်ခုခုတော့ရှိတတ်ပြီး အမှိုက်ဆိုတာလည်း နေရာလွဲမှားနေတဲ့ တန်ဖိုးရှိပဲ ပစ္စည်းဆိုတာကို ကောင်းကောင်းသဘောပေါက်ထားပြီး စွန့်ပစ်ပစ္စည်းတွေကနေ တစ်ခုမဟုတ်တစ်ခု တီထွင်နေတတ်တဲ့ကလေးမလေးတစ်ယောက်ပါ။ အလတ်ဖြစ်တဲ့ Klaus Baudelaireကတော့ စာအုပ်တွေကြားမှာ ပျော်မွေ့တတ်တဲ့ စာကြမ်းပိုးကလေးဖြစ်ပြီး အငယ်ဆုံးလေးကတော့ တွေ့ကရာ လိုက်ကိုက်တတ်တဲ့ ကောင်မလေးတစ်ယောက်ပါပဲ။သူတို့ မိသားစုရဲ့ အိမ်ကြီးကို ဘယ်ကနေဘယ်လိုဖြစ်မှန်း မသိတဲ့ မီးလောင်မှုကြီးတစ်ခုဖြစ်သွားပြီး။ မီးထဲမှာ သူတို့မိဘတွေပါပါသွားတာကြောင့် သူတို့မိဘမဲ့ဖြစ်သွားခဲ့ပါတယ်။ ကံဆိုးမိုးမှောင်ကျပြီး မိဘမဲ့ဖြစ်သွားခဲ့ရတဲ့ ကလေးသုံးယောက်ရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေဟာ ဒီတစ်ခုနဲ့ ...
movie
Lemony Snicket’s A Series of Unfortunate Events (2004)
2004