Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Billy Bob Thornton
6.6
Eagle Eye (2008)
အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ဝင်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမဝင်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ဝင်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ...
movie
Eagle Eye (2008)
2008
4K HEVC
6.7
Primary Colors (1998)
Primary Colors (1998)~ IMDb - 6.7/10, Rotten Tomatoes - 80% ~70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ "Primary Colours: A Novel of Politics" ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ...
movie
Primary Colors (1998)
1998
6.7
Armageddon (1998)
Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie
Armageddon (1998)
1998
4K HEVC
7.8
Tombstone (1993)
Tombstone (1993)~ IMDb - 7.8/10, Rotten Tomatoes - 72% ~နာမည်ကျော် ငြိမ်းချမ်းရေးထိန်းသိမ်းသူ အရာရှိ ဝိုင်ယက်အာ့ပ်ရဲ့ Tombstone မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။Rambo First Blood က ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ George P. Cosmatos နဲ့ Kevin Jarre တို့က ဖန်တီးထားပြီး Kurt Russell နဲ့ Val Kilmer လို ထိတ်ထိတ်ကြဲဘဲနှစ်ဗွေအပြင် Ghost Rider ထဲက မြင်းစီးတဲ့ Ghost Rider ကြီး Sam Elliott တို့လို နာမည်ကျော် သရုပ်ဆောင်တွေနဲ့အတူ တခြား နာမည်ကျော်သရုပ်ဆောင်တွေပါ ပါဝင်နေတာကြောင့် Cast နဲ့တင် တော်တော်ဖြုံချင်စရာကောင်းပါတယ်။Cowboy Vibe အပြည့်ရသလို Gangster ...
movie
Tombstone (1993)
1993
6.7
Puss in Boots (2011)
Puss in Boots (2011) IMDb (6.6/10) rotten tomatoes (86%) metacritics (65%)old but gold ကာတွန်းကားလေးတွေထဲမှာ အတော်နှစ်သက်မိတဲ့ movie တစ်ခုပြောပြမယ် ဒီထဲမှာ voice actor တွေအနေနဲ့ Antonio Banderas က Puss အဖစ် Salma Hayek က Kitty Softpaws အဖစ် Zach Galifianakis က Humpty Alexander Dumpty အဖစ် Billy Bob Thornton က Jack အဖစ် Amy Sedaris က Jill အဖစ်နဲ့ Sanricardo ဆိုတဲ့ မြို့တစ်ခုပေါ်မှာ ပုံဖော်ထားတာပါ type ကတော့ Action, Adventure ပေါ့ ဘွတ်ဖိနပ်နဲ့ကြောင်တစ်ကောင်ဆို လူတိုင်းသိကြမယ်ထင်တယ် Sherk ကားထဲမှာလဲပါတယ်လေ ...
movie
Puss in Boots (2011)
2011
4K HEVC
7
Monster’s Ball(2001)
Monster's Ball ဆိုတဲ့စကားလုံးဟာ ရှေးအင်္ဂလိပ်အသုံးအနှုန်းတစ်ခုဖြစ်တယ်။ သေဒဏ်ကျလူတစ်ယောက်ရဲ့ နောက်ဆုံးည ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒီကားတစ်ကားလုံးရဲ့ ဇာတ်ရှိန်နဲ့ အဖြစ်အပျက်တွေကလည်း အဲဒီညကနေ အစပြုတယ်။ ပါဝင်တဲ့ဇာတ်ကောင်တစ်ကောင်ချင်းစီဟာ သူ့ကျရာဇာတ်ရုပ်နဲ့ လုံးဝသွေဖီခြင်းမရှိလောက်အောင်ထိကို ကောင်းလွန်းခဲ့တယ်။ ကျွန်တော်အကြိုက်ဆုံး ဇာတ်ကောင်ကတော့ Heath Ledger နဲ့ Halle Berry ရဲ့ ဇာတ်ကောင်တွေပဲ။ ဒီရုပ်ရှင်ဟာ Heath Ledger ရဲ့ သရုပ်ဆောင်ဘဝ အစပိုင်းကို အရောင်တင်ပေးခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့တယ်။ Halle Berry အတွက်လည်း အော်စကာဆုကြီးကို ပိုင်ပိုင်နိုင်နိုင် ဆွတ်ခူးနိုင်စေခဲ့တဲ့ကားဖြစ်တယ်။ ဒီကားရဲ့ ဇာတ်လမ်းကို ပြောပါဆို ကျွန်တော်ပြောတတ်မှာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်း မင်းသားနဲ့ မင်းသမီးညားကြတဲ့ကားဆိုပြီး ပြောလိုက်ရင် ဒီရုပ်ရှင်ကို စော်ကားရာကျသလိုဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကြည့်ပြီး ရလာတဲ့ ခံစားချက်တွေကတော့ တစ်ပတ်လောက်ထိ ဆက်ရှိနေမှာ အသေအချာပါပဲ။ ဒါပေမယ့် ဇာတ်လမ်းကို သေချာပိုင်းခြားလိုက်ရင် နှစ်ပိုင်းတော့ ထွက်လာနိုင်တယ်။ Hank ...
movie
Monster’s Ball(2001)
2001
6.8
U Turn (1997)
[Unicode] U Turn (1997) ========= ဘဝမှာမှားခဲ့တဲ့ လူတိုင်းကို ဘုရားသခင်က ဂငယ်ကွေ့ခွင့်ပြုပါတယ်တဲ့။ ကိုယ် ဒီလမ်းကလေးကို ဂငယ်ကွေ့ခဲ့မိတဲ့ဘက်က ငရဲလမ်းတုရှုပါပဲ။ ကုန်းကမူ ကန္တာရလွင်ပြင်နဲ့ ဖုန်ထူတဲ့ ဒီလမ်းဘေးမှာ လဒတွေ ယုန်သေကောင်ပုပ်အပေါ်နားလို့။ ငရဲဖြစ်စေ သင်္ချိုင်းဖြစ်စေ သေဘေးလွတ်ဖို့ လူဟာ ဘာမဆို လုပ်မှာပဲမဟုတ်လား။ လက်ချောင်းနှစ်ချောင်းနှုတ်ယူခံထားရတဲ့ ကိုယ့်ဆီက သူတို့က အသက်ကိုယူဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ တိမ်းရှောင်သူကိုယ်က မင်းနဲ့တွေ့ခဲ့တယ် အင်းဒီယန်းတစ်ဝက်မလေးရေ။ မင်းတို့နေတဲ့ မြို့ကလေးကို ကိုကွေ့လာတဲ့အချိန်မှာ ကတောက်ကဆတ် ၁ က စတာပါပဲ။မင်းသိမှာပါ ပြဿနာဟာ မြို့အဝင်ဝပ်ရှော့က ဗိုက်ပူပူ ချေးအထပ်ထပ်နဲ့ အေးတဲ့အချိန်နဲ့ ပူတဲ့အချိန် အလုပ်မလုပ်ချင်တဲ့ စက်ပြင်ဆရာငတိနဲ့ စတာပေါ့။ ကိုယ်ပိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့ ၁၉၆၄မော်ဒယ် မတ်စတန်းအမိုးဖွင့်ကားလေးကို ဒီငတိနဲ့ ထားခဲ့ရတာ သိပ်စိတ်မချလှပါဘူး ရွေးစရာမှမရှိပဲ။ ဒီညစ်ပတ်ဖုန်ထူတဲ့ မြို့ဟာ မင်းကို မတွေ့ခင်အထိတော့ တကယ်ငရဲပါပဲ။ ကတောက်ကဆတ် ၂ ကတော့ ခရီးသွားဟန်လွဲ စားသောက်ဆိုင်အသွားတိုးတဲ့ မျက်မမြင် အင်းဒီးယန်းအဘိုးကြီးပါပဲ။ ဒီအဘိုးကြီးက အတော်ခက်ပါတယ်။ မျက်မမြင်တစ်ယောက်နဲ့ မလိုက်အောင်ကို ကင်းမြှီးကောက်သတ်သေတာအစ အတွဲတွေပလီတာအဆုံး အကုန်မြင်နေတော့တာပါပဲ။ စကားတွေကလည်း ဖောင်ဖွဲ့လို့ မကုန်အောင်ပါပဲ။ ဒီအချိန်မှာပဲ လမ်းတစ်ဘက်က မင်းကို ကိုယ် မြင်လိုက်ပါတယ်။ ဒါအချစ်မဟုတ်ပါဘူး။ အလှကိုတပ်မက်မှုပါ။ အချစ်ဟာ လှတာကိုလိုချင်တာဆိုတဲ့ ...
movie
U Turn (1997)
6.4
Faster (2010)
(Unicode)Faster ကတော့ ၂၀၁၀ ကထွက်ရှိထားတဲ့ Dwayne Johnson ရဲ့ အကြမ်းစား အက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။မကြမ်းမှာတော့မပူပါနဲ့။အစပိုင်းလေးကိုပဲကြည့်ပြီး ဘာလား ကြမ်းလှချည်လားဟလို့ ဖြစ်သွားမှာသေချာပါတယ်။ထောင်ကထွက်ထွက်ချင်းပဲ သူက ပြေးတယ်။ကားတစ်စီးပေါ်တက်တယ်။ သေနတ်ကိုခါးကြားထိုးတယ်။မောင်းသွားပြီး အဆောက်အဦးတစ်ခုထဲဝင်သွားပြီး လူတစ်ယောက်ကို ဘာမပြောညာမပြော ပစ်သတ်လိုက်တယ်။လွန်ခဲ့တဲ့ ဆယ်နှစ်က ဘဏ်ဓားပြမှုတစ်ခုမှာ ငါတို့တိုက်ယူလာတဲ့ ငွေတွေကို မင်းတို့လုယူပြီး ငါ့အစ်ကိုကို သတ်လိုက်တဲ့ သွေးကြွေးပြန်လာဆပ်တာကွလို့ဒိုင်ယာလော့ အရှည်ကြီးနဲ့ ဇာတ်လမ်းကိုပြန်ပြောမနေဘဲ နှာတရှုံရှုံငိုမနေဘဲ ဒိုင်းဆိုပြီး တစ်ချက်တည်းပြီးသွားပါတယ်။အဲဒီဘဏ်ဓားပြတိုက်တဲ့ ဇာတ်လမ်းကိုတော့ စုံထောက်တွေက ပြန်ပြီးထောက်လှမ်းနေတာတွေနဲ့ အတိတ်အကြောင်းပြန်တွေးတာတွေနဲ့ ပြန်ပြသွားပါတယ်။သူ့အစ်ကိုကို သေအောင်လုပ်ခဲ့တဲ့ လူတွေကို လက်စားချေဖို့ ထောင်ထဲမှာ ဆယ်နှစ်လုံးလုံး ပြင်ဆင်လာခဲ့ပြီးထွက်လာလာပြီးချင်း နာရီပိုင်းအကြာမှာ စာရင်းထဲကလူတစ်ယောက်ကို ဖျက်နိုင်လိုက်ပါတယ်။သူ့စာရင်းကဘယ်လောက်ရှည်ပြီး ဘယ်လောက် မြန်မြန် အဆုံးသတ်နိုင်မလဲဆိုတာကိုတော့ ...
movie
Faster (2010)
6.6
A Million Little Pieces(2019)
A Million Little Pieces(2019)အညွှန်း******************************(unicode)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ က ဆိုးကျိုးပဲ များတာကို အတော်များများ သိကြမှာပါ....ဆေးချတာမပြောနဲ့ဦး Hangover ဖြစ်ရင်တောင်တစ်နေ့လုံးနေလို့အဆင်မပြေတဲ့ဝေဒနာကြီးစွဲထင်တတ်ပါတယ် A Million Little Pieces ထဲက ဂျိမ်းစ်ဖရေး သူ့ဘ၀တောက်လျှောက်ဆေးလိပ်တွေအရက်တွေ ကိုကင်းတွေနဲ့ပဲ ရင်းနှီးခဲ့ရတယ် အသက်နဲ့မလိုက်အောင် ကိုယ်တွင်းအင်္ဂါထိခိုက်မှုတွေဖြစ်ထားတယ် မိသားစုအချစ်ရေး မိတ်ဆွေသူငယ်ချင်းအားလုံးဆုံးရှုံးပြီးမှ ဒီပြန်လည်ထူထောင်ရေးစင်တာကိုရောက်လာတယ် ပထမနေ့ နေရထိုင်ရအဆင်မပြေဖြစ်တယ်ဂယောင်ခြောက်ခြားဖြစ်မယ် ဝေဒနာပေါင်းစုံပါပဲ ဒုတိယနေ့အဲ့ထက်ဆိုးတယ် တတိယနေ့အဲ့ထက်ပိုပိုဆိုးလာတယ်ဆေးပြတ်အောင်ဖြတ်တာဟာလွယ်ကူတဲ့အလုပ်မဟုတ်မှန်းဒီကားကြည့်ရင်သိမှာပါ တဖြည်းဖြည်းပြောင်းလဲလာတဲ့ဂျိမ်းစ်ဖရေးကိုလဲ ကြည့်ရင်း ကိုယ်တိုင်မွန်းကြပ်လာသလို သူနဲ့ အတူ ဒီ ဒုက္ခတောထဲက ထွက်ဖို့ရုန်းကန်ချင်စိတ်ပေါ်လာပါတယ်.. သူဆေးပြတ်သွားမလား...ဆက်ပြီးသုံးရင်း ဘဝကို အဓိပ္ပါယ်မဲ့ ဆက်ကုန်ဆုံးမလား ခံစားကြည့်ကြပါဥ◌ီး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်...(zawgyi)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ ...
movie
2018
4.5
London Fields(2018)
London Fields(2018)IMDb 4.5IMDb..တွေ ဘာညာ Rating တွေအသာထားလိုက်...မမရဲ့ ပုံရိပ်တွေကိုတစ်ခမ်းတနားအလေးပေးပြီး စုပေါင်းရိုက်ကူးပြထားတာနဲ့တင် ဖြူစင်စွာ"မ"အပေါ်ချစ်မြတ်နိုးတဲ့ကျွန်တော်တို့အဖို့ တရှိုက်မက်မက်ငေးကြည့်ခွင့်ရတဲ့အတွက်ကျွန်တော်တို့ဘယ်လောက်ကံကောင်းလိုက်လဲ....မမဖြတ်လျှောက်လေးပါခဲ့ရင်တောင် ကျွန်တော်တို့ အားပေးနေဦးမှာပါ....အခုလိုမျိုး တစ်ကားလုံးမှာ အရောင်အသွေးစုံ " မ " ကိုမြင်ရတဲ့အခွင့်အရေးက ကျွန်တော်တို့အတွက် တုနှိုင်းမဲ့ပါ မရေ...ကိုင်း မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအကြောင်းလေးကိုနည်းနည်းသွားရအောင်......ဒီဇာတ်ကားထဲမှာ မင်းသမီး Amber Heard က ညှို့အားပြင်းထန်လွန်းတဲ့ Nicola Six အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီးJohnny Depp လည်း အခန်းအနည်းငယ်ပါဝင်ထားပါတယ်…ဒီဇာတ်ကားမှာ အရမ်းစိတ်ကူးယဉ်ဆန်ပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ အရောင်အသွေးစုံလင်တဲ့ ရိုက်ချက်တွေ တွေ့မြင်ရမှာပါ ဇာတ်လမ်းအစလေးကတော့… ဆမ်ဆင် ယန်း ဆိုတဲ့ သိပ်မစွံတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ရလိုရငြားလန်ဒန်ကို ထွက်လာခဲ့ပြီး အသိမိတ်ဆွေစာရေးဆရာတစ်ယောက်ရဲ့ နေအိမ်အလွတ်မှာ နေထိုင်နေခဲ့ပါတယ်…တစ်နေ့ အရက်ဆိုင်တစ်ခုမှာ အသုဘတစ်ခုက ပြန်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်…အမျိုးသမီးလေးဟာ စွဲမက်ဖွယ် လှပလွန်းပြီးဖြစ်ချင်တော့ မိန်းကလေးက သူ့တိုက်ခန်းရဲ့အပေါ်တိုက်ခန်းမှာ နေထိုင်တဲ့သူဖြစ်နေတယ်…ဒီထက်ထူးဆန်းတာတစ်ခုက မိန်းကလေးဟာအနာဂတ်ကိုကြိုမြင်နိုင်ပြီး သူသေမယ့်နေ့ရက်ကိုပါ ...
movie
London Fields(2018)
2018
7.4
The Judge (2014)
The Judge (2014)_____IMDb - 7.4/10 ရင်ဘတ်ကြီးကိုဖွင့် နှလုံးသားကို စွင့်ပြီး ခံစားချင်သူတွေအတွက် ဒီဇာတ်ကားဟာ အကောင်းဆုံးကားတစ်ကားဖြစ်ပါတယ်..ပြကွက်တစ်ကွက်ချင်းစီမှာ အရေးကြီးတဲ့ စနစ်တကျခြယ်သမှုတွေနဲ့ တင်ဆက်ထားပါတယ်..ဇာတ်လမ်းကြာချိန်ကလည်း နှစ်နာရီ ခွဲလောက်ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာအရသာခံကြည့်ရှုရမယ့်ကားတစ်ကားဖြစ်ပြီး ကြည့်ပြီးချိန်မှာ ရင်ဘတ်ထဲ ခံစားချက်တွေကျန်ခဲ့စေမယ့်အပြင် နောက်တစ်ခါထပ်ကြည့်ချင်လောက်အောင် ကောင်းလှပါတယ်..kids တွေက ပါဝါရိန်းဂျား..men တွေက DC တွေ Marvel တွေကြိုက်တယ်ဆိုရင် ဒီကားက Legend တွေကြည့်တဲ့ကားလို့ သတ်မှတ်ပေးပါရစေ…Iron Man မင်းသား Robert Downey Jr က ဒီကားထဲမှာ ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ..သူ့ရဲ့ထူးခြားတဲ့အကျင့်က အပြစ်ရှိသူတွေဖက်ကပဲ ရှေ့နေလိုက်ပေးတာပါ..သူ့မှာ ဇနီးနဲ့ သမီးတစ်ယောက်ရှိတယ်..တစ်နေ့ တရားရုံးမှာ အမှုတစ်ခုရှေ့နေလိုက်နေရင်း သူ့အစ်ကိုအကြီးဆုံးဆီက သူ့အမေဆုံးပြီဆိုတဲ့ ဖုန်းဝင်လာပါတယ်..ဒါနဲ့သူ့အမေ အသုဘကိစ္စအတွက် သူ့ရဲ့နယ်မြို့လေးကို ပြန်ခဲ့သည်ပေ့ါ..ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲမှာမှ အလတ်ကောင်ဖြစ်သူက တရားသူကြီးတစ်ဦးဖြစ်သူ ဖခင်နဲ့မတည့်လို့ အိမ်ကိုမပြန်ခဲ့တာနှစ်ပေါင်းအတော်ကြာပါပြီ..ပြန်ရောက်တဲ့အချိန်ကနေစလို့ အသုဘကိစ္စပြီးလို့ ပြန်မယ့်အချိန်ထိ အဖေနဲ့သား တကျက်ကျက်ပါပဲ..ဒီလိုနဲ့အဖေနဲ့ရန်ဖြစ်ပြီး ...
movie
The Judge (2014)
2014
The Informers (2008)
မင်းသမီးချော Amber Heard ရဲ့အလန်းစားနောက်တစ်ကား လာပါပြီ။The Informers ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ Gregor Jordan ကရိုက်ကူးခဲ့ပါတယ်။1980 အစောပိုင်း ဟောလီးဝုဒ်ကလူတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ဘဝနဲ့ လူမှုဆက်ဆံရေးတွေကို သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။နာမည်ကြီး လူကုံထံအသိုင်းအဝိုင်းတွေရဲ့ လိင်မှုကိစ္စ၊ မူးယစ်ဆေးကိစ္စ အရှုပ်အထွေးတွေကိုသာ အသားပေးရိုက်ကူးထားတဲ့အတွက် ဇာတ်လမ်းအညွှန်းလို့ညွှန်းဆိုရအောင် ထွေထွေထူးထူးရယ်လို့မရှိပါဘူး။သို့ပေမယ့် မင်းသားကြီး Johnny Depp ရဲ့ဇနီးဟောင်းဖြစ်ပြီးတော့ မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ Justice League Movie မှာ Mera အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးချော Amber Heard ရဲ့ငယ်သွေးကြွယ်နေတဲ့ အလှပုံရိပ်တွေကိုတော့ ဖောဖောသီသီကြီးမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ရုပ်ရှင်ဝေဖန်ရေးတွေကြားထဲမှာ ဇီးသီးဘန်းမှောက်ခဲ့ပေမယ့် Amber Heard ကိုချစ်ကြတဲ့ အမျိုးသားထုကြီးအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။File size…(800 MB) and (360MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myo Thant Kyaw
movie
The Informers (2008)