Channel Myanmar

Betty White

The Proposal (2009) 6.8
The Proposal (2009) The Proposal (2009)IMDb Rating (6.8 )Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့် သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး...ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့်အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်.....မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်ကအလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ.......။ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ File size…(2 GB )/(1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:47:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

The Proposal (2009)

2009
Hard Rain (1998) 5.9
Hard Rain (1998) Hard Rain (1998) IMDb-5.9/10 CM ပရိသတ်တွေအတွက် မင်းသားကြီးမော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိုးတွေသည်းထည်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ဟန့်တင်ဘာ့မြို့‌လေးမှာ ရှိနေတဲ့ဆည်ကြီးကို ဖွင့်ချနေရပြီး လူတွေ‌ကိုလည်း ဘေးလွတ်ရာကိုရွေ့ပြောင်း‌ခိုင်းထားရပါတယ်။ ဒီအချိန်မှာပဲ ဘဏ်ကလည်း သူတို့ရဲ့ ဘဏ်ခွဲမှာရှိနေတဲ့ ဒေါ်လာ သုံးမီလီယံကို တွမ်နဲ့ သူ့ရဲ့ဦးလေးချာလီ တို့ မောင်းတဲ့ကျည်ကာကားနဲ့နေရာရွေ့ပြောင်းဖို့လုပ်ရပါတော့တယ်။ဒီလိုနဲ့ရေကတအားတက်လာတာကြောင့် လမ်းတွေလည်းရေမြုပ်ကုန်ပြီး တွမ်တို့ရဲ့ကျည်ကာကားကလည်း မြို့အထွက်မှာတင်ပိတ်မိသွားတဲ့အတွက် အကူအညီခေါ်နေချိန်မှာ ဒေါ်လာသုံးမီလီယံကို ရွေ့ပြောင်းမယ်လို့သတင်းအတိအကျရထားတဲ့ ဂျင်မ်တို့ရဲ့အဖွဲ့ကရောက်လာပြီး ပိုက်ဆံတွေကိုမောင်ပိုင်စီးဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ တွမ်ကရော ပိုက်ဆံတွေကိုကာကွယ်နိုင်မှာလား၊ လူတွေရဲ့ ပြောင်းလဲလွယ်တတ်တဲ့စိတ်‌ဆိုတာကရော ဘယ်လိုမျိုးလဲ၊ နောက်ဆုံးမှာ ဂျင်မိတို့အဖွဲ့ပိုက်ဆံတွေရသွားမလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ ။ File size…  2.89 GB /  1.35 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 37m Genre .....  Action , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT
movie

Hard Rain (1998)

1998
The Lorax (2012) 6.4
The Lorax (2012) The Lorax (2012) IMDb - 6.4/10_____Rotten Tomatoes - 53%    ဒီကားလေးက အပင်လေးတွေကိုချစ်တတ်တဲ့သူတွေ အထူးကြည့်သင့်တဲ့ကားကောင်းလေးပါ ဆုကြီးလေးဆုနဲ့အခြားဆုပေါင်းများစွာရရှိထားပြီး အတွေးသစ်အမြင်သစ်အချို့ကိုပေးစွမ်းနိုင်ပါလိမ့်မယ် အသက်၁၂နှစ်ပဲရှိတဲ့ တက်ဒ်လေးက တနီးဗေးလ်ဆိုတဲ့ မြို့မှာနေပါတယ် မြို့ဟာသဘာဝတရားလုံးဝပျောက်နေပြီး  လေကအစသစ်ပင်အဆုံး man-madeတွေဖြစ်နေပါပြီ အသက်ရှင်ဖို့မဖြစ်မနေလိုအပ်တဲ့လေကိုတော့ အရင်းရှင်ငပုကောင်အိုဟဲကနေကြိုးကိုင်ထားပြီး ဈေးကိုသူလိုသလိုကစားကာတစ်မြို့လုံးကိုဂုတ်သွေးစုပ်နေပါတော့တယ် ကျွန်တော်တို့အားလုံးနီးပါးမုန်းလို့မရတဲ့မမဆိုတဲ့လူတန်းစားဟာ ဒီကားရဲ့အသက်ပါပဲ တဒ်ဟာသူ့ရဲ့မမကိုပိုးပန်းဖို့သစ်ပင်အစစ်ကို မဖြစ်မနေရှာရမယ့်အခြေအနေထဲရောက်သွားပြီး လုံးဝမမျှော်လင့်ထားတဲ့သစ်ပင်တွေမျိုးတုံးသွားစေတဲ့နောက်ကွယ်က အကြောင်းတရားအချိုု့ကိုရှာတွေ့သွားတဲ့အခါမှာတော့   အသံနောက်ခံတွေကတော့ တက်ဒ်နေရာမှာ မင်းသားချော Zac Efron နဲ့ မင်းသမီးနေရာမှာတော့ ပုရိသတို့ အသဲစွဲ Taylor Swift လေးပါ    Translated by Dolly Encoded by sithu
movie

The Lorax (2012)

2012