Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Bérénice Bejo
7.2
The Extraordinary Journey of the Fakir (2018)
The Extraordinary Journey of the Fakir (2018)IMDb Rating (6.8 )ဒီရုပ်ရှင်ကားကတော့ The Boys ထဲက Starlight အဖြစ် လူသိများတဲ့ မင်းသမီး Erin Moriarty နဲ့ အိန္ဒိယတောင်ပိုင်းမင်းသား Dhanush တို့ပါဝင်ထားတာကြောင့်ထူးခြားတဲ့ အတွဲအဖက်နဲ့ Adventure Comedy Drama ရုပ်ရှင်ကားဖြစ်ပါတယ်။အာဂျာအဖြစ် ဒနွတ်ရှ်ဟာ ငယ်စဉ်ကတည်းက ဆင်းရဲလို့ အမေဖြစ်သူရဲ့ လိုအင်နဲ့ ဆန့်ကျင်ဖက်အဖြစ်ခါးပိုက်နှိုက်တလှည့် မျက်လှည့်ဆရာတလှည့်ဘဝနဲ့ မွေးရပ်ဇာတိ အိန္ဒိယနိုင်ငံမှာပဲ အချိန်ကုန်ကြီးပြင်းခဲ့ရပါတယ်။ဒါပေမယ့်သူ့မှာ ပြင်သစ်ကိုသွားဖို့ အိမ်မက်တစ်ခုရှိပါတယ်...ဘာလို့လဲဆိုတော့ အဖေဖြစ်သူကို ရှာဖွေဖို့ပါ....ဒါကြောင့်မလို့ အမေဖြစ်သူဆုံးသွားတဲ့နောက်မှာတော့ သူ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ ပဲရစ်မြို့ကို ချီတက်လာခဲ့ပါတော့တယ်။ပဲရစ်က အီဖယ်တာဝါမှာ ချစ်စရာကောင်းတဲ့ Starlight မလေး မေရီနဲ့ တွေ့ဆုံပြီး မြင်မြင်ချင်းချစ်မိသွားခဲ့ပေမယ့်အိန္ဒိယနိုင်ငံသား တစ်ယောက် ကမ္ဘာတခွင်မှာ ဘယ်လိုတွေအလွဲလွဲအချော်ချော် ဖြစ်မလဲဆိုတာ....။ File size…(1.7 GB )/(1 ...
movie
The Extraordinary Journey of the Fakir (2018)
2018
7.7
The Past(2013)
The Past(2013)============= မိန်းမနှင့်ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးရန် အာမက်တစ်ယောက်အီရန်မှပြန်ရောက်လာခဲ့သည်။ သံယောဇဉ်တွယ်ခဲ့သည့်ကလေးများနှင့်ပျော်ရွှင်စွာနှုတ်ဆက်ပြီး ပြင်သစ်မှထွက်ခွာရန်စီစဉ်လာရာ မမျှော်လင့်သောအိမ်ထောင်ဉီးစီးအသစ်နှင့်တွေ့ရှိလိုက်ရသည်။၎င်းနောက်ဘာတွေဆက်ဖြစ်မလဲ။ပြဿနာပေါင်းစုံရှာနေတဲ့ သမီးကြီးကရောဘာတွေသိထားတာလဲ။ချစ်တဲ့ကလေးအတွက် စောင့်ရှောက်ပေးရာက နှစ်မိသားစုရဲ့အလယ်မှာအာမက်တစ်ယောက် မဆီမဆိုင်ပြဿနာတွေထဲဝင်ပါရပါတော့တယ်။ဒါတွေအားလုံးရဲ့လျှို့ဝှက်ချက်နောက်ကွယ်ကဘာလဲ။လူတိုင်းက အမှားကိုပြုလုပ်တတ်ကြကြောင်းကိုဂရုပြုရိုက်ပေးထားတဲ့The Past ကားလေးမှာဒရာမာကောင်းကောင်းကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ကြည့်နေကျအမေရိကန်ရုပ်ရှင်တွေနဲ့မတူပဲ ဉရောပကားလေးမိုလို့ပရိသတ်တွေ ခံစားချက်အသစ်အဆန်းတစ်မျိုးကိုရရှိမှာပါ။ပုံမှန်ရုပ်ရှင်တွေလို ဇာတ်ကွက်မရှုပ်ဘဲ မိသားစုတွေကြားမှာဖြစ်တဲ့ အဖြစ်အပျက်တွေကိုရိုက်ထားတာပါ။ယောကျ်ားနဲ့မိန်းမ အမေနဲ့သမီး မိသားစုတွေကြားမှာထားတဲ့ မေတ္တာ သံယောဇဉ်ကိုရိုက်ပြထားပုံကိုလည်းတွေ့ရမှာပါ။ဇာမ်းလမ်းအေးပေမဲ့ လှပစွာရေးသားထားတဲ့ဇာတ်ညွှန်းနဲ့ လူ့သဘာဝတွေအသေးစိတ်ရိုက်ပြထားပုံက ပရိသတ်တွေကိုအဆုံးထိကြည့်ဖြစ်အောင်ဆွဲဆောင်စေမှာပါ။တွေ့နေကျကားများထက် သဘာဝကျတဲ့ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။မင်းသမီးကလည်း အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကိုဆွတ်ခူးထားပါတယ်။ဒါကြောင့် အချိန်ပေးပြီးကြည့်ရူရင်း ပြင်သစ်ရုပ်ရှင်ရဲ့ကောင်းမွန်ပုံကို ခံစားလိုက်ကြပါစို့။ File size…2.92GB / 990MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 10m Genre ..... Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin
movie
The Past(2013)
6.6
Final Cut (a.k.a) Coupez (2022)
Final Cut (a.k.a) Coupez (2022)ဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်ဟာသကားလေးပါ။ရာမီဟာ သာမန်အဆင့်ဒါရိုက်တာတစ်ယောက်ပါ။ လူမသိသူမသိဇာတ်ကားလေးတွေကို ဖန်တီးရင်းနဲ့ ဘဝကို အဆင်ပြေသလိုနေထိုင်နေတဲ့သူပေါ့။တစ်နေ့မှာ ရာမီရဲ့ ထုတ်လုပ်သူ မော်ညာ ဟာ ရာမီ ဂျပန်လူမျိုးတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။ အခြားအကြောင်းတော့ မဟုတ်ပါဘူး။ ဂျပန်ဇွန်ဘီးရုပ်ရှင်ကား ရိုက်ဖို့အတွက် ရာမီနဲ့ဆွေးနွေးဖို့ပါ။ဒါပေမယ့် ဒီဇွန်ဘီးရုပ်ရှင်ကားကို တည်းဖြတ်မှုမပါဘဲ နာရီဝက်စာလောက် Live လွှင့်ပြီးရိုက်ပြဖို့ပါ။လူအများကြီးနဲ့ လုပ်ရတဲ့အလုပ်မှာ တည်းဖြတ်မှုမပါဘဲ နာရီဝက်စာလောက် ရိုက်ပြမယ်ဆိုတော့ ရာမီလည်းငြင်းပေမယ့် ထုတ်လုပ်သူက အတင်းရိုက်ခိုင်းတဲ့အတွက် လက်ခံလိုက်ရပါတော့တယ်။သူတို့ပေးတဲ့ ဇွန်ဘီးဇာတ်ညွှန်းကလည်း အဆင်မပြေတဲ့အပြင် တိုက်ရိုက် Live လည်းလွှင့်ပြတဲ့အခါ ရာမီတစ်ယောက် ရုပ်ရှင်ရိုက်ရင်း ဘယ်လိုအခက်အခဲတွေ ရှိမလဲ? သူ ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size : 3.7GB, 1.3GB, 598MB Quality ...
movie
Final Cut (a.k.a) Coupez (2022)
2022
6.9
A Knight’s Tale (2001)
A Knight's Tale (2001) IMDb - 6.9/10_____Rotten - 59% Heath Ledgerရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်ကလည်း ပြောစရာ မရှိအောင် ဒရာမာ ရိုးမန့် အဗန်းရှား အက်ရှင် ရသစုံပါတယ်။ Friendhood .. Fatherhood.. Sonhood... Loverhood အစုံအလင်ပါပါတယ်။ ဇာတ်လမ်းရဲ့ အခြေခံကလည်း ဂျော့ဖရေး ချောဆာလို့ခေါ်တဲ့ နာမည်ကျော် အလယ်ခေတ် ကဗျာဆရာစာရေးဆရာတစ်ယောက်ကနေ ဆင့်ကူးခံစား ထားတာဖြစ်ပြီး ဂျော့ဖရေးချောဆာတို့ အင်္ဂလန်သမိုင်းထဲက မင်းသားအက်ဒဝပ်တို့လို သူတွေလည်း ပါပါတယ်။ ကြည်နူးရင်ခုန် အားကျသွားစေမယ့် ရိုမန်တစ်အဆန်ဆုံး Sceneတစ်ခု ဟာလည်း တော်တော်အသက်ဝင်ပါတယ်။ ခရမ်းချဉ်သီး ၇၉လုံးနဲ့ အိုင်အမ်ဒီဘီ ၆.၉လည်း ရထားပါသေးတယ်။ စကားမစပ် အဗန်ဂျာဂိုဏ်းဝင် ဗီးရှင်းကြီးကိုလည်း ကိုယ်လုံးတီးနဲ့ပဲ ထပ်တွေ့ရဦးမှာပါ။ အလယ်ခတ်ကာလမှာ စီးချင်းထိုးပြိုင်ပွဲတွေရှိခဲ့ကြတယ်။ ချပ်ဝတ်ဝတ် မြင်းစီးပြီး ထိပ်တုံးထားတဲ့လှံရှည်အတုံးကို ကိုင်ဆွဲ ဟိုဘက်သည်ဘက် ထိုးနှက်တိုက်ခိုက်ကြရတဲ့ ပြိုင်ပွဲမျိုးတွေပါ။ ဒီလိုပွဲတွေဟာ မြင့်မြတ်တဲ့မျိုးနွယ်တွေ သူကောင်းပြုခံထား ရတဲ့လူတွေကိုသာ ဝင်ပြိုင်ခွင့် ပေးထားတယ်တဲ့။ အဲ့ဒီလို ပြိုင်ပွဲဝင်လူတွေကိုတော့ "Knight"လို့ခေါ်ခဲ့ကြတယ်။ Knight တစ်ယောက်ရဲ့ တပြည့်လက်ပါးစေကောင်လေးဖြစ်တဲ့ ဝီလီယမ်ဟာ စီးချင်းထိုးပွဲတစ်ဝက်တစ်ပျက်မှာ သူ့ဆရာ Knight သေသွားတဲ့အတွက် သူ့ဆရာဟန်ဆောင်ပြီး စီးချင်းဝင်ထိုးရင်း ကလေးကတည်းက ...
movie
A Knight’s Tale (2001)
2001
7.9
The Artist (2011)
movie
The Artist (2011)
2011