Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Benjamin Walker
6.9
In the Heart of the Sea (2015)
IMDb 6.9/10 Genre Action/Adventure/Biographyဒီဇာတ်လမ်းကတော့ Moby Dick ဝတ္ထုကိုအခြေခံပြီးတော့ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ မင်းသား Chris Hemsworth, Tom Odell, Benjamin Walker နဲ့ Cillian Murphy တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းချုပ်အနေနဲ့ကတော့တွင်းထွက်လောင်စာဆီတွေ မပေါ်သေးတဲ့ ၁၉ ရာစုအစောပိုင်း နန်တူကတ်မြို့ကို အခြေခံထားပြီးတော့ ဒီကာလမှာ လောင်စာဆီအနေနဲ့ ဝေလငါးအဆီကို အသုံးပြုကြပါတယ်။ အဲဒီအချိန်မှာ အက်ဆက်ဝေလငါးဖမ်းသင်္ဘောကြီးနဲ့အတူ ဝေလငါးဖမ်းဖို့ သင်္ဘောသားတစ်စုထွက်လာကြပါတယ်။ဒီသင်္ဘောကြီးကို ကပ္ပတိန် ဂျော့ ပေါလတ်နဲ့အတူ အိုဝင်ချေ့စ်ဆိုတဲ့ လက်ထောက်ကပ္ပတိန်တို့က ဦးစီးပြီးတော့ ရွက်လွှင့်လာခဲ့ကြပါတယ်။ ဂျော့ပေါလတ်ဆိုတာကတော့ ဝေလငါးလောင်စာဆီ ကုမ္ပဏီက သူဌေးသားဖြစ်ပြီးတော့ အိုဝင်ချေ့စ်ဆိုတာကတော့ နန်တူကတ်မြို့ရဲ့ ငယ်မွေးခြံပေါက် ဝေလငါးဖမ်းသမားပေါ့။အဲဒီလိုနဲ့ ပေါလတ်နဲ့ဂျော့တို့က မာနချင်းပြိုင်ပြီးတော့ ခရီးဆက်လာကြပါတယ်။ဒီလိုနဲ့ ပထမဆုံးသူတို့ရဲ့ ဝေလငါးတစ်ကောင်ကို အောင်အောင်အောင်မြင်မြင် ဖမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်ဝေလငါးတွေ ထပ်မတွေ့တော့ဘဲ တော်တော်ကြာကြာရွက်လွှင့်ခဲ့ကြရပါတယ်။ကျွန်းတစ်ကျွန်းကိုရောက်တော့ ရိက္ခာထပ်ဖြည့်ရင်း သင်္ဘောသားတစ်ယောက်ဆီကနေပြီးတော့ ဝေလငါးကြီးတစ်ကောင်ရဲ့ သတင်းကို ကြားပြီးတော့ ဒီဝေလငါးကြီးနောက်ကို လိုက်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ရက်တော်တော်ကြာအောင် ရွက်လွှင့်လာပြီးတဲ့နောက်မှာ ဒီဝေလငါးကြီးနဲ့တွေ့ပါပြီ။ အိုဝင်ချေ့စ်တို့ သင်္ဘောသားအုပ်စုနဲ့ ဝေလငါးကြီးတို့ ...
movie
In the Heart of the Sea (2015)
2015
4K HEVC
5.9
Abraham Lincoln: Vampire Hunter(2012)
Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie
Abraham Lincoln: Vampire Hunter(2012)
6.6
The Choice (2016)
The Choice (2016)_______IMDb....6.6/10 တိကုဆရာဝန်ကောင်လေးတစ်ယောက် သူပိုင်ဆိုင်ထားတာ ပင်လယ်ကမ်းးနားဘေးက အိမ်လေးတစ်လုံးရယ် ခွေးလေးတစ်ကောင်ရယ်..... အလုပ်သွားတယ် ....သူငယ်ချင်းတွေနဲ့အတူနေတယ်... ညနေဘက်ဆိုလည်း ခြံဝန်းအစပ်ကသစ်ပင်အောက်မှာ ခွေးကလေးကလည်းနံဘေးမှာထားရင်း ထိုင်ခုံလေးတစ်လုံးပေါ်ထိုင်ပြီး လောကကြီးကို ဟိုဒီငေးပြီး ပင်လယ်ပြင်ကိုဖြတ်တိုက်လာတဲ့လေနွေးနွေးလေးတွေကိုရှုရှိက်ရင်းပေါ့..... မိန်းကလေးတွေဆိုတာလည်းသူ့အတွက် ခပ်ပါးပါးနမ်းရှိုက်စရာ ရာသီအလိုက်ပွင့်ဖူးတဲ့ပန်းလေးတွေလို့ သဘောထားတဲ့သူ ......သူ့ဘဝက ပြည့်စုံတယ် ငြိမ်းအေးတယ်လို့ယူဆထားတဲ့သူ .....သို့သော်လည်း ငြိမ်းအေးခြင်းရဲ့နောက်ကွယ်မှာ အချစ်မရှိတော့အထီးကျန်ခြင်းဆိုတဲ့ တိတ်ဆိတ်မှုကရှိနေပြန်တယ်...။ ဒီလိုနဲ့ သူ့အိမ်နံဘေးကို ကောင်မလေးတစ်ယောက်ပြောင်းလာတယ် ... အဲ့ဒီကောင်မလေးက ဆေးကျောင်းသူတစ်ယောက်ဖြစ်သလို လက်ထပ်ဖို့ရည်စူးထားတဲ့သူလည်းရှိနေတယ် .....အဲ့ဒီသူနဲ့လည်းဘဝကိုဖြတ်သန်းမယ်လို့ ယုံကြည်ထားတဲ့ဂျွတ်ဆတ်ဆတ်ကောင်မလေးပေါ့.... ဒီလိုနဲ့တိကုဆရာဝန်နဲ့ကောင်မလေးက အဆင်မပြေမှုတွေနဲ့ဆုံတွေ့ခဲ့ကြတယ်.... မြစ်တစ်စင်းရယ် လတစ်စင်းရယ်ရဲ့ဖြားယောင်းမှုအောက်မှာ သူတို့ဘာဆက်ဖြစ်ကြမလဲ ဆရာဝန်ကောင်လေးကရော အားလုံးကိုရင်ဆိုင် ဖို့ခွန်အားတွေဘာကြောင့်ရခဲ့လဲ??? NS ရဲ့အရောင်းရဆုံးဝတ္ထုတစ်ပုဒ်ကိုပုံဖော်ထားတဲ့အတွက်အချိုးအကွေ့အလှည့်အပြောင်းတွေနဲ့ အရမ်းကောင်းတဲ့ဇတ်ကားလေးတစ်ကားပါ.... ငြိမ့်ညောင်းတဲ့နောက်ခံသီချင်းလေးတွေရယ် သာယာတဲ့မြစ်ကမ်းနံဘေးရယ် ခွေးလေးတွေရယ် ကဲ နူးညံတဲ့နှလုံးသားပိုင်ရှင်ပရိတ်သတ်ကြီးရေ ..........ခံစားကြည့်ပါဦးလို့......။ (ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Phyo Pyae ပဲဖြစ်ပါတယ်။) File size...(796 MB) Quality...BR-Rip 720p Format...mp4 Duration....01:51:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay
movie
The Choice (2016)
2016
6.2
Shimmer Lake (2017)
ဒီကားလေးကတော့အမေရိကန်ကနယ်မြို့လေးတမြို့မှာဖြစ်ပွားခဲ့တဲ့ဘဏ်ဓားပြမှုလေးကိုရိုက်ပြထားတာပါ။ အက်ဒ်ကခရိုင်ရဲအရာရှိတယောက်ပါ။ သူ့ရဲ့မြို့လေးကဒေသခံဘဏ်လေးတခုမှာဖောက်ထွင်းမှုဖြစ်ပြီးတဲ့နောက်အဲဒီအမှုကိုလိုက်လံစုံစမ်းနေခဲ့တာပါ။ ပိုပြီးထူးဆန်းတာကအဲဒီအမှုမှာသူ့အစ်ကိုကိုယ်တိုင်ပါဝင်နေတာဖြစ်ပါတယ်။ ဇာတ်ကားတခုလုံးမှာအမှုဖြစ်စဉ်ကိုတပတ်အတွင်းတရက်ချင်းစီနောက်ကြောင်းပြန်ပြီးသေချာပြသွားတာပါ။ ကြည့်ရတာအမြင်တမျိုးဖြစ်စေမယ့်ကားလေးဖြစ်ပါတယ်။ Rating6.2ထိရထားတဲ့၂၀၁၇ထွက်ကားလေးလည်းဖြစ်ပါတယ်။ အစပိုင်းမှာနားမလည်သလိုရှိပေမယ့်အဲဒီအမှုလေးဟာဘယ်လောက်ထိနက်နဲသွားလဲ၊ဘယ်လိုကြံစည်ထားခဲ့တာလဲ၊ဘယ်လိုလုပ်သွားခဲ့တာလဲ၊တရားခံတွေကဘယ်သူလဲ၊ဘယ်လိုလဲဆိုတာကိုဇာတ်လမ်းအဆုံးပိုင်းမှာရုတ်တရတ်သိသွားရမယ့်ကားလေးပါ။ ဇာတ်အေးအေးလေးနဲ့စိတ်ဝင်စားအောင်ဆွဲခေါ်သွားတဲ့ကားလေးပါပဲ။ အဲတော့နောက်ဆုံးဘယ်လိုတွေရလဒ်ထွက်လာမလဲဆိုတာတော့ကြည့်လိုက်ရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်း နဲ. ဘာသာပြန်သူကတော့ The Fridays ပဲဖြစ်ပါတယ်) File Size : (600 MB) and (220 MB) Quality : Webrip 720p Running Time : 1hr 23minutes Format : Mp4 Genre : Crime, Drama, Mystery Translated By The Fridays Encode By Thanhtike Zaw
movie
Shimmer Lake (2017)
2017