Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
BD Wong
5.5
Joe’s Apartment (1996)
ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေနေသာ တစ်ချိန်လုံး သူ့အမေဆီကပဲ ချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခုတည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါတီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာ ဖြစ်ပြီး နေထိုင်သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက်အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။ အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ်တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား? သူတို့တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Comedy, Fantasy, Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Joe’s Apartment (1996)
5.6
Mulan II : The Final War (2004)
Mulan II (2004) Genre – Animation, Comedy, Adventureဒီ ဒုတိယကားလေးမှာတော့ ချစ်သူ နှစ်ဦး ဖြစ်ကြတဲ့ Mulan နဲ့ ဗိုလ်ချုပ် Shang တို့ ပျော်ပျော်ပါးပါး လက်ထပ်မင်္ဂလာပွဲလေး ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ဒါပေမဲ့ နှစ်ယောက်သား ပျော်ပွဲလေး မဆင်နွဲရသေးခင်မှာတင် အင်ပါယာကြီးက သူတို့ကို မင်းသမီး ၃ ပါးကို ကိုယ်ရံတော်လုပ်ရမယ့် လျှို့ဝှက်တာဝန်တစ်ခု ဆောင်ရွက်ခိုင်းလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ Mushu တစ်ကောင်လည်း အကယ်၍သာ Mulan က Li မျိုးနွယ်နဲ့ လက်ထပ်လိုက်မယ်ဆို သူ့ရဲ့အစောင့်အရှောက် မိသားစုတာဝန်လေး ပျောက်ပျက်သွားမှာစိုးတဲ့အတွက် အတွဲကြားကို ခလောက်ဆန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။အဲဒီမှာ မင်းသမီးလေးတွေက မချစ်မနှစ်သက်တဲ့လူတွေနဲ့ လက်ဆက်ရမှာကို Mulan အနေနဲ့လည်း ကိုယ်တွေ့ကြုံဖူးတဲ့အတွက် သဘောမတူရာကနေ အင်ပါယာအမိန့် ဖီဆန်ရမလားဆိုပြီး Shang နဲ့လည်း မေးခွန်းထုတ်စရာတွေ ဖြစ် ပြဿနာတက်တဲ့အချိန်မှာပဲ ...
movie
Mulan II : The Final War (2004)
2004
7.7
Mulan (1998)
Mulan 1998 IMDb: 7.7/10ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန် ကို ပြန်လည်ပြီးဇာတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်…တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သောသက်ကြီးစစ်သားဟောင်းများကိုပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သားနှင့်အရာရှိများကစစ်ထဲ မလိုက်နိုင်အောင်ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသားတစ်ဦးစီကိုစစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်… အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန်ကျန်းမာရေး မကောင်းတော့တဲ့အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူမုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များရှေ့တွင် ဆုတောင်းပြီးဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်…ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့မုလန် လေးကိုမြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ အရေးပေါ် အစည်းဝေးခေါ်ပြီးမုလန် အား စောင့်ရှောက်ရန်အိမ်စောင့်ထားသော နဂါးလေး မူရှုး ကို မုလန် အနားတွင်နေစေရန် ...
movie
Mulan (1998)
1998
6.4
Jurassic World: Fallen Kingdom (2018)
Jurassic World Fallen Kingdom (2018) ကယခင်ထွက်ရှိခဲ့တဲ့ 2015 Jurassic World ကားရဲ့ sequel ဖြစ်ပါတယ်။ယခင်သရုပ်ဆောင်တွေအပြင် cast အသစ်တွေပါ ပါဝင်အားဖြည့်ထားပါတယ်။ဒါရိုက်တာ J. A. Bayona ကရိုက်ကူးထားပြီးUniversal Pictures ကနေ ထုတ်လုပ်ဖြန့်ချိထားပါတယ်။ ဇာတ်လမ်းကိုတော့ ယခင်ကားအပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတည်ထားပါတယ်။အိုက်စလာနျူဘလာကျွန်းမှာ အသစ်ဖန်တီးလိုက်တဲ့အင်ဒိုမီးနပ်စ် ဒိုင်နိုဆောကြောင့် ဥယျာဉ်ကြီးလည်း ပျက်စီးပြီးဒိုင်နိုဆောတွေလည်း သူ့သဘာဝနဲ့သူ နေနေကြတယ်။ ကျွန်းပေါ်မှာ ငြိမ်နေခဲ့တာ ကြာပြီဖြစ်တဲ့ မီးတောင်က ပြန်နိုးထလာလို့ ကျွန်းတစ်ခုလုံးပျက်စီးကိန်း စိုက်လာပါတယ်။တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေကလည်း ဒိုင်နိုဆောတွေကိုကယ်တင်ပေးဖို့ ဆန္ဒပြတာတွေ ရှိသလို တစ်ဖက်မှာလည်းကယ်တင်လိုက်လို့ လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိလာမှာကို ကြောက်နေကြတယ်။ လူသားတွေဆိုတာ လောဘနဲ့ စစ်နဲ့ကို ခွဲထားလို့ကို မရတဲ့မျိုးစိတ်တွေ ဖြစ်တဲ့အတွက်အဲဒီလို လောဘစိတ်က လူသားမျိုးနွယ်ကို ဘယ်လောက်ဒုက္ခပေးသွားသလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ယခင်ကားလိုပဲ သည်းထိတ်ရင်ဖိုတွေ စွန့်စားရတာတွေလှည့်ကွက်တွေနဲ့ ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကား ဖြစ်တာမလို့ကြည့်ရှုလိုက်ကြပါဦး။ Rating ...
movie
Jurassic World: Fallen Kingdom (2018)
2018
4K HEVC
7
Blue’s Big City Adventure (2022)
Blue's Big City Adventure (2022)(1080p ရပါပြီ)Blue's Big City Adventure ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးတကား အကြောင်းပြောပြချင်ပါတယ်။ဇာတ်လမ်းလေးထဲမှာတော့ ဂျော့ရှ် ဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့ခွေးလေး ဘလူးတို့ဟာ သူတို့ရဲ့ အိပ်မက်ဖြစ်တဲ့ ပြဇာတ်သရုပ်ဆောင်တွေ ဖြစ်လာကြဖို့ နယူးယောက်မြို့က လူရွေးပွဲကို ရောက်လာကြတာဖြစ်ပါတယ်။ဖြစ်ချင်တော့ လူရွေးပွဲလုပ်မယ့် ပြဇာတ်ရုံရဲ့ လိပ်စာရေးထားတဲ့ မှတ်စုစာအုပ်ဟာ အိမ်မှာကျန်နေခဲ့ပါတယ်။မှတ်စုစာအုပ်မပါတဲ့ ဂျော့ရှ်နဲ့ ဘလူးတို့ နယူးယောက်မြို့ကြီးမှာ ဘာအခက်အခဲတွေ ကြုံရမလဲ? သူတို့ ရည်မှန်းချက်ကို အရောက်လှမ်းနိုင်ဖို့ ဘယ်လို စွန့်စားခန်းတွေ ဖွင့်ကြမလဲ? ဆိုတာ ...တေးသီချင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ကားလေးကို ကြည့်ရင်း ရင်ခုန်ကြတာပေါ့။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zeul Thwin ပါ။)File Size : 2.2GB, 883MB, 481MB Quality ...
movie
Blue’s Big City Adventure (2022)
2022
7.0
Seven Years in Tibet(1997)
Seven Years in Tibet (1997)PG-13 | 136 min | Adventure, Biography, DramaIMdb rating...... 7" တို့ တိဗက်မှာ စကားတစ်ခွန်းရှိတယ်... ဖြေရှင်းလို့ရနိုင်တဲ့ ပြဿ နာတစ်ခုဆိုရင် အဲ့ဒီအတွက် ပူပန်နေစရာ မလိုဘူး ဖြေရှင်းလို့မရနိုု်င်ဘူးဆိုရင်တော့.. ပူပန်ခြင်းနေတာက အလကားပဲ" ဒီစကားက ငြိမ်းချမ်းလွန်းတဲ့ တိဗက်ရဲ့ အတွေးအခေါ် ဝါဒကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေမှာပါ။ တိဗက်ဆိုတဲ့ နယ်မြေအကြောင်း ကို မြန်မာ စာရေးဆရာတွေလည်း ရေးခဲ့ကြပါတယ်။Seven year in Tibet ဆိုတဲ့ သြစတြီးယား တောင်တက်သမား Heinrich Harrer ရဲ့ ကိုယ့်တွေ့အဖြစ်အပျက်ခရီးသွားမှတ်တမ်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်မှာ ကျွန်တော်တို့ တစ်ခါက စကားလုံးနဲ့ပဲ ခံစားဖူးခဲ့တဲ့ တိဗက်မြေကို ရုပ်သဏ္ဍာန်နဲ့ ခံစားတွေ့မြင်ရမှာပါ။ တိဗက်ရဲ့မိုးကောင်းကင်နဲ့ ထိလုနီးပါးဖြစ်နေတဲ့တောင်တန်းကြီးတွေ ကျယ်ပြန့်လှတဲ့လွင်ပြင်ကျယ်ကြီးတွေကို တွေ့မြင်ခံစားရမှာပါ။ တိဗက်လူမျိုးတွေရဲ့ ဘာသာတရားအပေါ် ထူးခြားတဲ့သက်ဝင်ယုံကြည်မှုတွေ အယူဝါဒတွေ ဓလေ့တွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒီ အဖြစ်အပျက်တွေဟာ... ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ခုနှစ်နဲ့၁၉၅၁ခုနှစ်ကြား တိဗက်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေး ကွန်မြူ နစ်တပ်မတော် မကျူ းကျော်မီ ၁၉၅ဝဝန်းကျင်က အကြောင်းအရာတွေပါ။Heinrichဟာ အခြေအနေတစ်ခုကြောင့် တိဗက်ကို ဖြတ်လာရင်း တိဗက်မှာ ဒုတိယကမ္ဘာစစ်ကာလအတွင်း ...
movie
Seven Years in Tibet(1997)
1997
8.1
Jurassic Park (1993)
Jurassic Park (1993) မြန်မာစာတန်းထိုးဒါရိုက်တာSteven Spielberg၏လက်ရာတစ်ခုဖြစ်သောJurassic Parkသည်IMDb 8.1နှင့်RT 91% ရရှိထားပြီး ဒိုင်နိုဆောရုပ်ရှင်များထဲတွင်ဇာတ်လမ်းဇာတ်အိမ် အခိုင်ဆုံးဖြစ်သည်ဟု မှတ်ချက်ပြုခြင်းခံခဲ့ရသည်။ဒိုင်နိုဆောရုပ်ရှင်တို့၏ဘိုးအေကြီးလည်းဖြစ်ပြီး ဤဇာတ်လမ်းကိုအခြေခံ၍နောက်ဆက်တွဲရုပ်ရှင် များစွာရိုက်ကူးခဲ့ကြသည်။ဂျွန်ဟမ်ဦးဆောင်သောအသင်းသည် ကော်စတာရီကာကမ်းလွန်ရှိကျွန်းတစ်ကျွန်းကိုငှားရမ်း၍ ဒိုင်နိုဆောကမ္ဘာတစ်ခုတည်ဆောက်ခဲ့ကြသည်။ထိုအပန်းဖြေစခန်းကြီးဖွင့်လှစ်လုလုအချိန်တွင်လုံခြုံရေးဆောင်ရွက်မှုအားနည်းချက်များကြောင့် လူသေဆုံးမှုများဖြစ်ပေါ်လာပြီးလျော်ကြေးငွေများစွာအသုံးပြုခဲ့ရသောကြောင့် ထောက်ပံ့သူရှယ်ယာရှင်များလက်တွန့်လာခဲ့ကြသည်။ဤအခက်အခဲကိုဖြေရှင်းရန် သိပ္ပံပညာရှင်သုံးဦး၏ထောက်ခံကြောင်းလက်မှတ်များလိုအပ်လာပြီးထိုကျွန်းကိုစစ်ဆေးလေ့လာရန်ရောက်ရှိလာခဲ့ကြသည်။ထောက်ခံချက် ရမည် မရမည် ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။နှစ်ပေါင်းသန်းပေါင်း ၆၅ သန်းလောက်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့သတ္တဝါတွေကို သဘာဝတရားကိုလွန်ဆန်ပြီး ပြန်လည်ဖန်တီးတဲ့အခါမှာဘယ်လိုဘေးအန္တရာယ်ဆိုးတွေကျရောက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်လား File Size : (997 MB) and (362MB) Quality : Blu-ray 1080p Running Time : 2hr 07 min Format : Mp4 Genre :Adventure , Sci-Fi , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : Blu-Ray 1080p Translated by Naing Win ...
movie
Jurassic Park (1993)
1993