Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Barbara Ronchi
5.7
Santocielo (2023)
Santocielo (2023) Genre – Comedyအီတလီ ဟာသမင်းသားကြီးနှစ်ယောက် ကိုယ်တိုင်ဇာတ်လမ်းရေးပြီး ကိုယ်တိုင် သရုပ်ဆောင်ထားကြတဲ့ ဘာသာရေးဆိုင်ရာ ဟာသရုပ်ရှင်လေး ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဘုရားသခင်ဆီကို ရောက်လာတဲ့ ဆုတောင်းစာတွေကို အမျိုးအစားခွဲခြားပြီး ဖိုင်စီရတဲ့ တမန်တော်တစ်ယောက် ကိုယ့်အလုပ်ကိုယ် ငြီးငွေ့စပြုနေပါပြီ။ တစ်ရက်ကျ နတ်သဘင်အစည်းအဝေး ကျင်းပကြပါတော့တယ်။ အဓိကအကြောင်းအရာ Agenda ကတော့ လူသားမျိုးနွယ်ကို သောက်မြင်ကပ်နေကြတဲ့ အဖွဲ့က တစ်မျိုးလုံး အပျောက်ဖျောက်ကြဖို့ တောင်းဆိုကြပြီး ကျန်တဲ့တစ်ဖက်ကတော့ အရင်ခေတ်တုန်းက ကယ်တင်ရှင်ယေရှုခရစ်တော် လွှတ်ခဲ့သလိုမျိုး စေလွှတ်ပြီး ကယ်တင်ဖို့ တောင်းဆိုကြပါတယ်။ဘုရားသခင်လည်း ကြားထဲက ဗျာများနေတာကြောင့် Voting စနစ်နဲ့ မဲပေးခိုင်းတဲ့အခါမှာတော့ ကယ်တင်ဖို့ တစ်မဲတည်းနဲ့ အသာရပြီး လူသားအမျိုးသမီးဗိုက်ထဲကို ဘုရားသခင်ရဲ့သားတော် သန္ဓေတည်စေဖို့ တမန်တော်တစ်ယောက် စေလွှတ်ရမယ်ပေါ့လေ။အဲဒီမှာ သူ့အလုပ်သူ ပျင်းရိနေတဲ့ ဆရာသမားက သူသွားမယ်ဆိုပြီး ကမ္ဘာပေါ်ကိုရောက်လာကာ Mission တွေလုပ်ထည့်တာ လူသားတွေကောင်းမှုနဲ့ အရက်မူး သောက်ပရမ်းပတာတွေဖြစ် ပစ်မှတ်လွဲချော်ပြီး အမျိုးသမီးဗိုက်ထဲ မထည့်နိုင်တော့ပဲ ယောက်ျားကြီးတစ်ယောက်ရဲ့ ဗိုက်ထဲ ဖြစ်သွားတဲ့အခါမှာတော့…..။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်) File size…2GB / 1GB Quality…WEB DL ...
movie
Santocielo (2023)
2023
6.5
Il Boemo (2022)
Il Boemo (2022)ဂီတပညာရှင်ကြီးမိုးဇက်ဆိုရင်တော့ မကြားဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ဒါပေမဲ့ Il Boemo လို့ အီတလီမှာ လူသိများတဲ့ ဂျိုးဇက်ဖ် မိစလက်ဗစ်ချက်ကိုတော့ ကြားဖူးတဲ့သူ သိပ်ရှိလောက်မယ်မထင်ဘူး။ တကယ်ဆို သူက ၁၈ ရာစုနှောင်းပိုင်းရဲ့ ဂန္ထဝင်ဂီတအင်အားစုကြီးတစ်ခုမှာ အားဖြည့်ခဲ့တဲ့ တေးရေးဆရာတစ်ယောက်ပါ။ မိုးဇက်ကိုယ်တိုင်တောင် ငယ်ငယ်လေးကတည်းက ခင်မင်လေးစားအားကျရတဲ့ ချက်လူမျိုး ဂီတပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ဟာ သူ့အကြောင်းပဲဖြစ်ပါတယ်။မွေးရပ်မြေ ချက်နိုင်ငံ ပရဂ်မြို့ကိုခွာပြီး အီတလီအော်ပရာစင်မြင့်တွေမှာ သူ့လက်ရာတွေ ထွန်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ဦးပါပဲ။ အသက်ရှင်စဉ်ကာလမှာ လျှမ်းလျှမ်းတောက်ခဲ့သလို သေဆုံးသွားပြီးနောက်ပိုင်းလည်း ဂန္ထဝင်ဂီတလေ့လာသူတွေကြားမှာ မှေးမှိန်မသွားပါဘူး။ ဒါပေမဲ့ သူ့မိသားစု သူ့အိုးအိမ်အကြောင်း၊ သူ့မေတ္တာရေးရာအကြောင်း၊ ကိုယ်ပိုင်ဘဝအကြောင်းတွေကိုတော့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရပါဘူး။ ဒီရုပ်ရှင်ဟာ ခေတ်ကိုအခြေခံပြီး စိတ်ကူးနဲ့ ပြန်လည်ရေးဖွဲ့ပုံဖော်ထားတာဖြစ်လို့ ဒီထဲက သူ့အချစ်ရေးအချစ်ရာတွေ ပတ်သက်နေတဲ့ မိန်းမတွေဟာ အမှန်ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ မိုးဇက်ရဲ့ ...
movie
Il Boemo (2022)
2022