Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Avinash
8.6
Juni (2024)
Juni 2024 (ဂျူနီရဲ့ အချစ်ပုံပြင်) IMDb 8.6/10ဒီတစ်ခါမှာတော့ ကဖေးပိုင်ရှင်လေးနဲ့ ဂရပ်ဖစ်ဒီဇိုင်နာလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်ဇာတ်လမ်းလေးဖြစ်တဲ့အတိုင်းပဲ အလွမ်းအဆွေး အချစ်အမုန်း ခံစားချက်အစုံကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဟင်းတစ်ပွဲကို အရသာမရှိရင် မစားတတ်တဲ့အဖေဖြစ်သူကြောင့်နဲ့ ငယ်စဉ်အရွယ်ကတည်းက မိဘဖြစ်သူတွေပျော်ရွှင်ဖို့ စမ်းချက်ကြည့်ရင်းနဲ့ အချက်အပြုတ်ကိစ္စတွေကို ဝါသနာထုံသွားတဲ့ ပါသာ။ ကြီးလာတဲ့အခါမှာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အမြဲတမ်း မီနူးအသစ်တွေကိုပဲ စဉ်းစားပြီး လုပ်နေသူ။ဒီလို အချက်အပြုတ်ကို ခုံမင်တဲ့ ပါသာတစ်ယောက် သူ့ကဖေးကို အမြဲလာနေတဲ့ ဖောက်သည်ဖြစ်သူ ဂရပ်ဖစ်ဒီဇိုင်နာ ဂျူနီကို တိတ်တခိုးလေးချစ်ကြိုက်မိရာကနေ ....... ပါသာတစ်ယောက် ဂျူနီ့ကို ဘယ်လိုတွေ ပိုးပန်းသွားမလဲ .....ပါသာတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းလေးကရော ဘယ်လိုတွေဖြစ်လာမလဲ.... ဆိုတာကို ခံစားကြည့်ရှုပေးကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ~ Aditi တို့ပဲဖြစ်ပါတယ်) File size…2.3GB / 0.99GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18m Subtitle….Myanmar ...
movie
Juni (2024)
2024
7.8
Suvarna Sundari (2023)
Suvarna Sundari 2023 "မရဏရုပ်တု" IMDb - 7.9/10လွန်ခဲ့တဲ့ ၁၅ရာစုလောက်ကပေါ့ ကာလာကယ်တိုင်းပြည်ကို အုပ်စိုးရတဲ့ ရာဂျာမဟာဒေ့ဗ်ရတ်ဒီဘုရင်ဟာ သူ့ဆရာရဲ့အမိန့်အရ တိုင်းပြည်သာယာဝပြောပြီး နတ်ဆိုးတို့ရန်ကနေ ကာကွယ်နိုင်အောင် လှပတဲ့နတ်ဘုရားမှ ထရီနထရီရုပ်တုကို ကိုးကွယ်ခဲ့တယ်။ ဒါပေမဲ့လည်း အဲဒီကိုးကွယ်ခဲ့တဲ့ ရုပ်တုက မကောင်းတဲ့စွမ်းအင်တွေကို စုပ်ယူပြီး သွေးဆာနေတဲ့ရုပ်တုဖြစ်နေခဲ့ပါတယ်။ဒီရုပ်တုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့သူမှန်သမျှဟာ အသေဆိုးနဲ့ သေရတာကြည့်ပါပဲ။ ဒီလိုနဲ့ ဒီရုပ်တုကို ဖျက်စီးဖို့ ကြိုးစားရင်း ဖျက်စီးလို့မရနိုင်ဖြစ်ပြီး ခေတ်တွေအလီလီပြောင်းလာခဲ့ပါတော့တယ်။ဒီလိုရုပ်တုမျိုးကိုမှ ကံကောင်းတယ်ဆိုပြီးတော့ ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးသမားတွေက ငွေကို ကုဋေနဲ့ချီပြီး လိုက်ဝယ်နေရာကနေ ဘယ်သူတွေက ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရမလဲ ....... ဒီရုပ်တုကြောင့်နဲ့ ဘယ်သူတွေက ဘယ်လိုဒုက္ခတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex~V~ToMo~Yunni တို့ပဲဖြစ်ပါတယ်) File size…2.21GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex~V~ToMo~Yunni
movie
Suvarna Sundari (2023)
2023
5.3
Love Birds (2023)
Love Birds (2023)"အချစ်ငှက်ကလေးတွေ" =================================မာယာဆိုတဲ့ ရှေ့နေမလေးဟာ အင်မတန့်အင်မတန်တော်တဲ့ ကွာရှင်းရှေ့နေမလေးပါ။ ကွာရှင်းပေးတဲ့နေရာမှာ တော်တာမဟုတ်ဘူး။ ကွာရှင်းချင်တဲ့လင်မယားတွေကို ကွာရှင်းချင်စိတ်ပျောက်အောင် တရားရုံးမှာ လျှောက်လွဲချက်ပေးပြီး အထောက်အထားမခိုင်လုံလို့ တရားသူကြီးက ကွာရှင်းမိန့်ပေးရင်တောင် မာယာဟာ စကားလုံးလှလှလေးတွေနဲ့ တယောထိုးပြီး ကာယကံရှင်တွေကို ချစ်စိတ်ကြင်နာစိတ်ပြန်ဝင်ပြီး ပြန်ပေါင်းစည်းအောင်လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်နေ့တော့ သူ့ဆီကို အသိကနေတဆင့်ရောက်လာတဲ့ ဒီပါ့ခ်နဲ့ ပူဂျာဆိုတဲ့ ကွာရှင်းချင်နေတဲ့ လူထူးဆန်းဇနီးမောင်နှံကို ပြန်ပေါင်းစည်းရေး မောင်းတီးပေးရတဲ့အချိန်မှာတော့ အခွီလေးတွေမထူမပါးဖောက်ထားတဲ့ အချစ်ငှက်ကလေးတွေဆိုတဲ့ အနှီရုပ်ရှင် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.3GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Love Birds (2023)
2023
8.7
Tantiram Chapter 1: Tales of Sivakasi (2023)
Tantiram (2023)"တစ္ဆေများရဲ့မာယာ"IMDb 8.7 ရထားတဲ့ စိတ်ဝင်စားစရာ တေလဂူး Mystery Horror ကားကောင်းတစ်ကားပါ မျက်နှာသိ သရုပ်ဆောင်တွေဖြစ်တဲ့ Priyanka Sharma နဲ့ Srikanth Gurram တို့ပါဝင်ထားပြီး ဝေဖန်ရေးဆရာတို့ရဲ့ ရီဗျူးလည်း ကောင်းတာမို့ အချိန်ပေးရတာ တန်မှာပါ"ထိုင်နေတော့ ကောင်းသား ထသွားမှ ကျိုးမှန်းသိ" ဆိုသလို ဘဝမှာ တချို့ကိစ္စတွေမှာ ကိုယ်က သူများရဲ့ အကူအညီယူမိကာမှ ဒုက္ခလှလှ တွေ့ရတဲ့ အဖြစ်တွေ ရှိတတ်ကြပါတယ်ဒီဇာတ်လမ်းမှာ ရိုးရာ ဒဏ္ဏာရီဇာတ်လမ်းတစ်ခုကို နောက်ခံထားပြီး စတင်ထားပါတယ်ဒီကားထဲက "ဂျင်" ဆိုတဲ့ စွမ်းအားမြင့် တစ္ဆေတွေက ဘုရားသခင်ဖန်ဆင်းခဲ့တာဖြစ်ပြီး သူတို့ကို တားမြစ်ထားတဲ့ ပညတ်တွေလည်း ရှိလို့နေပါတယ်ဒါကတော့ လူသားမိန်းမနဲ့ အိပ်လို့ မရတာပါပဲ ဒီစည်းမျဥ်းကို ဖောက်ဖျက်ကြတဲ့ "ဂျင်" တို့ဟာ ကြီးလေးတဲ့ အပြစ်ကို ခံကြရပါတယ် သို့ပေသိ တော်တော်ဖြစ်တဲ့ "ဂျင်" ပုဂ္ဂိုလ်တို့ဟာ လူသားမိန်းမကို တပ်မက်လွန်းတာကြောင့် သူတို့ရဲ့ အထီးကျန်ဆန်ချိန်တွေကို စောင့်ပြီး သွေးဆောင် ...
movie
Tantiram Chapter 1: Tales of Sivakasi (2023)
2023
8.7
Sapta Sagaradaache Ello – Side A (2023)
Saptha Sagaradaache Ello Side A (2023)IMDB 8.8 ရရှိထားတဲ့ 777Charliesနဲ့ ပရိတ်သတ်တွေအားပေးမှုကိုရရှိခဲ့တဲ့ မင်းသား Rakshit Shettyရဲ့ Kannada ဘာသာစကား အချစ်ဒရာမာဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်အချစ်ကားဆိုပေမယ့် "လက်တွေ့ကျတဲ့ သရုပ်ဖော်မှု၊ ကဗျာဆန်တဲ့ visual storytelling" ဆိုပြီးတော့ ရုပ်ရှင်ဝေဖန် ရေးဆရာများက ချီးကျူးထားကြပါတယ်သီချင်းသံတွေနဲ့ အတင်းလုပ်ယူထားတာမရှိပဲ သဘာဝကျကျ ရိုးစင်းတဲ့ ဒိုင်ယာလော့ လေးတွေနဲ့ အချစ်ကို လက်တွေ့ကျကျ သရုပ်ဖော်ထားတယ်လို့ ဝေဖန်ရေးဆရာတွေက ဆိုပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မာနူနဲ့ ပရီယာတို့ ချစ်သူနှစ်ဦးက အခြေခံ လူတန်းစားဖြစ်တာနဲ့အညီ အိပ်မက်တွေနောက်လိုက်ရင်း နှစ်ယောက်အတူ အိမ်လေးတစ်လုံးငှားပြီး အခြေချဖို့အတွက် ကြိုးစားနေကြသူတွေပါမာနူက သူဌေးရဲ့ ကားမောင်း တောက်တိုမယ်ရ လုပ်ပေးရပြီး ပရီယာကတော့ အ ဆိုတော်ဖြစ်ဖို့ ကြိုးစားနေသူပါ ပရီကာက ချုပ်ချယ်သမျှ ဆူပူသမျှ မြည်တွန်သမျှကို မာနူကလည်း အရာရာသည်းခံပြီး ချစ်တတ်ပါတယ်ဆိုလို့ ပရီယာကလည်း မချစ်တတ်တာတော့ မဟုတ်ပါဘူး တခါတလေတော့ သူ့ချစ်သူကောင်လေးကိုချစ်ကြောင်း နုနုရွရွ ပြောတတ်ပါသေးတယ်"ရို" တယ်ဆိုလို့ နှစ်ယောက်တစ်ကမ္ဘာ မှော်လောကကြီးမှာ နောက်ခံသီချင်းဖွင့်ပြီး ကနေဖို့ အချိန်မရှိပဲ ...
movie
Sapta Sagaradaache Ello – Side A (2023)
7.1
Kabzaa (2023)
Kabzaa (2023) IMDb 7.2ဒီကားကတော့ အိန္ဒိယသမိုင်းအကြောင်းတွင်တွင်ကျယ်ကျယ်ရိုက်ပြထားတယ်ဆိုရမှာဖြစ်ပြီး ရုံတင်ကားတကားဆိုလဲ မမှားပါဘူး Cast တွေအနေနဲ့ မင်းသမီးချောလေး Shriya Saran က တော်ဝင်မင်းသမီးအဖြစ် ယင်ကောင်၂ဘဝကလဲ့စားကားထဲကဗီလိန် Kiccha Sudeep ကလည်းအပိုအလိုမရှိသရုပ်ဆောင်ထားပြန်ပါတယ်လူမိုက်တစ်ယောက်ကိုဖမ်းလိုက်မိလို့ ရဲစခန်းတစ်ခုလုံးကိုမီးလောင်တိုက်သွင်းလိုက်တဲ့ဂိုဏ်းစတားတွေထကြွမှုကြောင့်ဒီလူမိုက်တွေကိုရှင်းပစ်ဖို့ ဘာဟ်ဂတ်ဘတ်ခ်ရှီကို အထက်ကတာဝန်ပေးခဲ့ပါတယ် မရေတွက်နိုင်တဲ့ တိုက်ပွဲတွေကိုအောင်နိုင်ခဲ့ပြီး နိုင်ငံတော်အလံကလွဲရင် ဘယ်သူ့ကိုမှဦးမညွတ်ဖူးတဲ့သူ ဒီလူဖြတ်ကျော်ခဲ့ရတဲ့သမိုင်းကလည်းနည်းနည်းနောနောမဟုတ် ..၁၉၄၂ကနေ ၁၉၈၆အထိ သူဖြတ်သန်းခဲ့ရတဲ့အိန္ဒိယသမိုင်းမှာ သူကရာထူးကြီးလူတစ်ယောက် ဒီလိုလူက သောင်းကျန်းနေတဲ့လူမိုက်တွေမြို့ကိုရောက်ချလာပြီး လူမိုက်တွေအကုန်စုစေခဲ့တယ် ပြီးတော့ သူ့အာဏာကိုပြဖို့အတွက် သူတွေ့ကြုံခဲ့ရတဲ့ အိန္ဒိယလွတ်လပ်ရေးမရခင်ကစအခုချိန်အထိ နောက်ကြောင်းပြန်ပြကွက်မျိုးနဲ့ ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ကဲ သူကြုံတွေ့ခဲ့ရတဲ့ အိန္ဒိယသမိုင်းကိုလိုက်ပါရှုစားလိုက်ပါဦး File size…2GB / 907MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myamar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein
movie
Kabzaa (2023)
2023
7.6
3rd Class(2020)
3rd Class (2020) Action, Romance IMDb 7.7/10ဆဟာနားက ဂီတကိုချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူဝန်ကြီးချုပ်ရဲ့သည်းသည်းလှုပ်ချစ်ခြင်းကိုခံရတဲ့ ကောင်မလေးပေါ့..ဘဝမှာလိုလေသေးမရှိ ပြည့်ပြည့်စုံစုံနေရပေမယ့် မိဘဆန္ဒကိုမလွန်ဆန်နိုင်တော့ မိဘတွေစီစဉ်ပေးတဲ့သူနဲ့လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတယ်...ဂျက်ဂီကတော့ ကားဝပ်ရှော့တစ်ခုမှာအလုပ်လုပ်တဲ့သာမန်ဆင်းရဲသားမိသားစုကဆင်းသက်လာတဲ့ကောင်လေး...တစ်နေ့ဝန်ကြီးရဲ့ကားကိစ္စနဲ့ပက်သက်ပြီးဆဟာနားနဲ့ ဂျက်ဂီတို့တွေ့ဆုံခဲ့ကြပါတယ်...ဂီတကို ချစ်မြတ်နိုးပေမယ့်လည်း အဆင့်အတန်းခွဲခြားတတ်လွန်းတဲ့ဆဟာနားဟာ ဂျက်ဂီအပေါ်လွန်စွာမုန်းတီးနေခဲ့ပါတယ်...အိုးချင်းထားတော့ အိုးချင်းထိ..ကြိုးချင်းထားတော့ ကြိုးချင်းငြိဆိုသလိုသူတို့နှစ်ယောက်ကြား တဖြည်းဖြည်း သံယောဇဉ်တွေဖြစ်လာတဲ့အခါ...ဖခင်ဝန်ကြီးချုပ်ရဲ့ ရက်စက်ပြတ်သားလွန်းတဲ့ ဆုံးဖြတ်ချက်တွေကြားဖြစ်တည်မှုခြင်းမတူကြတဲ့ သူတို့နှစ်ယောက်ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ....သူတို့အချစ်ခရီးလမ်းဖြောင့်ဖြူးပါ့မလဲဆိုတာကိုတော့ ပိတ်ကားထက်မှာဆက်လက်ရှုစားပေးပါ... File size…May Zin Oo & Mya Quality…720p WEB DL Ddp5.1 And 480p Format…Mp4 Duration….2h 10min Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by May Zin Oo & Mya
movie
3rd Class(2020)
2020
7.1
Pailwaan(2019)
Pailwaan(2019)အၫႊန္း*******************(unicode)နပန်းလောကမှာ ဘယ်သူမှ မယှဥ်ရဲ စိန်မခေါ်ရဲတဲ့ လူရိုးလူမှန် ဆာကာ.....သူ့အတွက် နပန်းအသတ်အပုတ်ပညာတွေ တိုက်ရေးခိုက်ရေးပညာတွေလက်ဆင့်ကမ်းဖို့ရယ် နိုင်ငံဂုဏ်ဆောင်နိုင်လို့ရမယ့် သူတစ်ဦးကိုလမ်းကြိုလမ်းကြားအိမ်ကျိုအိမ်ကြားထဲမှာ ရှားရှားပါးပါးသွားတွေ့လေရဲ့ ....ဒီကောင်လေးဟာ တစ်ယောက် ဆာကာကြီးအိပ်မက်ဖြစ်တဲ့ နိုင်ငံ့ဂုဏ်ဆောင်နပန်းသတ်သမားဖြစ်လာနိုင်မလား...ဘယ်လိုပြိုင်ဘက်တွေနဲ့ တွေ့မလဲ.... အရွယ်ရောက်တဲ့အချိန်မှာ တခြားအဖျက်အမှောက်တွေ ဝင်လာမလား.... ဒီကားက အမိုက်စားအက်ရှင်ခန်းတွေများစွာပါသလို background music တိုင်းကလည်း ကြည့်နေတဲ့သူကို သွေးတွေဆူပွက်လာအောင် စွမ်းဆောင်နိုင်တယ်..... ပြသချိန် ၂ နာရီကျော်ဆိုတာ ခဏလေးလို့ထင်ရလောက်အောင်ကို ဇာတ်လမ်းက ဆွဲခေါ်သွားလေရဲ့....အိန္ဒိယ အက်ရှင်ကားကောင်းကြိုက်သူတို့အဖို့ လက်မလွှတ်သင့် ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်မ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်.....(zawgyi)နပန်းလောကမှာ ဘယ်သူမှ မယှဉ်ရဲ စိန်မခေါ်ရဲတဲ့ လူရိုးလူမှန် ဆာကာ.....သူ့အတွက် နပန်းအသတ်အပုတ်ပညာတွေ တိုက်ရေးခိုက်ရေးပညာတွေလက်ဆင့်ကမ်းဖို့ရယ် နိုင်ငံဂုဏ်ဆောင်နိုင်လို့ရမယ့် သူတစ်ဦးကိုလမ်းကြိုလမ်းကြားအိမ်ကျိုအိမ်ကြားထဲမှာ ရှားရှားပါးပါးသွားတွေ့လေရဲ့ ....ဒီကောင်လေးဟာ တစ်ယောက် ဆာကာကြီးအိပ်မက်ဖြစ်တဲ့ နိုင်ငံ့ဂုဏ်ဆောင်နပန်းသတ်သမားဖြစ်လာနိုင်မလား... အရွယ်ရောက်တဲ့အချိန်မှာ တခြားအဖျက်အမှောက်တွေ ဝင်လာမလား....ဘယ်လိုပြိုင်ဘက်တွေနဲ့ တွေ့မလဲ.... ဒီကားက အမိုက်စားအက်ရှင်ခန်းတွေများစွာပါသလို background music တိုင်းကလည်း ကြည့်နေတဲ့သူကို သွေးတွေဆူပွက်လာအောင် စွမ်းဆောင်နိုင်တယ်..... ပြသချိန် ၂ နာရီကျော်ဆိုတာ ခဏလေးလို့ထင်ရလောက်အောင်ကို ဇာတ်လမ်းက ဆွဲခေါ်သွားလေရဲ့....အိန္ဒိယ အက်ရှင်ကားကောင်းကြိုက်သူတို့အဖို့ လက်မလွှတ်သင့် ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်မ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ...
movie
Pailwaan(2019)
2019