Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
August Diehl
7.1
Allied (2016)
Allied (2016)IMDb Rating (7.1) / Rotten Tomatoes (60%)မင်းသား Brad Pitt နဲ့ ပြင်သစ်မင်းသမီး Marion Cotillard တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်အတွင်းကာလ လျှို့ဝှက်စပိုင်အခြေပြု ဒရမ်မာဇာတ်ကားကြီးဖြစ်ပါတယ်။ ပြင်သစ်မင်းသမီး Marion Cotillard ကို ထိပ်တန်းရုပ်ရှင်တော်တော်များများမှာ မြင်နေကျဆိုပေမယ့် ဒီရုပ်ရှင်မှာတော့ သူမရဲ့သွင်ပြင်လက္ခဏာတွေ လုံးဝကိုပေါ်လွင်ထင်ရှင်းနေခဲ့ပြီး မျက်လုံးအရွေ့ မျက်တောင်အခတ်လေးမှာတောင် ခဏခဏပြန်ကြည့်ချင်လောက်အောင် အထာကျကျ သရုပ်ဆောင်သွားခဲ့ပါတယ်... မင်းသားကလဲ ဘရတ်ပစ်ဆိုတော့ ပြောစရာမလိုတော့ပါဘူး... သူတို့နှစ်ယောက်စလုံးရဲ့လှုပ်ရှားမှုတိုင်း စကားလုံးတွေတိုင်းအသက်ဝင်နေပြီး ကြည့်ရှုသူကိုယ်တိုင်မျောပါသွားရမယ့်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ အဝတ်အစားဒီဇိုင်းတွေ ဆက်တင်တွေလဲ ခမ်းနားလှပပြီး အော်စကာဆုပေးပွဲမှာလဲ ဇကာတင်ဝင်ခဲ့ပါသေးတယ်။ဇာတ်လမ်းလေးကလဲ အတော်ကိုစိတ်ဝင်စားစရာပါပဲ ဒါပေမယ့် ဇာတ်လမ်းကိုမသိဘဲ ဒီတိုင်းထိုင်ကြည့်လိုက်တာက ပိုအရသာရှိမှာမလို့ သိပ်မရေးပြတော့ပါဘူး။ ဒုတိယကမ္ဘာစစ်ကာလ ဂျာမန်နဲ့ အင်္ဂလန်တို့ရဲ့ တစ်ဖက်ကိုတစ်ဖက် သူလျှိုထားလုပ်ကြံကြဖို့စီစဉ်ကြတာတွေ သူလျှိုတွေရဲ့ပိရိသေသပ်မှုတွေ စစ်အတွင်းကာလအနိဌာရုံတွေ ယုံကြည်ဖို့ခက်ခဲတဲ့မစ်ရှင်တွေနဲ့ တော်တော်ကိုမှ ကောင်းမွန်သေသပ်အဆင့်မြင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(3.5 GB)/ (1.3 GB ) / (860 MB) Quality….BluRay 4K ...
movie
Allied (2016)
2016
4K HEVC
5.7
Plan A (2021)
Plan A (2021)===========ဇာတ်လမ်းအစမှာတည်းက မေးထားတာလေးက ကိုယ့်မိသားစုဝင်တွေအကြောင်းပြချက်မရှိ အသတ်ခံလိုက်ရတာမျိုးနဲ့ ကြုံလာရတဲ့အခါမှာ ဘာလုပ်မှာလဲတဲ့။ ဘယ်လိုလုပ်မယ်လို့စိတ်ကူး ထားကြလဲ? ဒီမေးခွန်းလေးကိုကိုယ့်ကိုယ်ကိုအရင်မေးကြည့်ပြီးမှ ဇာတ်ကားလေးကိုဆက်ကြည့်ပါ။ဇာတ်လမ်းလေးက နာဇီတွေရဲ့ရက်ရက်စက်စက်သတ်ဖြတ်မှုကနေလွတ်မြောက်လာကြတဲ့ ဂျူးတွေ... ကိုယ့်မိသားစုဝင်တွေ ချစ်ရတဲ့သူတွေက ကိုယ့်အရှေ့မှာရက်ရက်စက်စက်သတ်တာကို ကြုံခဲ့ရတဲ့ သူတို့တွေ..ဒုတိယကမ္ဘာစစ်မီးကြီးကပြီးသွားပေမယ့် သူတို့ရဲ့ရင်ထဲကမီးတောက်ကတော့မပြီးသေးပါဘူး။ သူတို့မိသားစုဝင်တွေကိုသတ်ခဲ့တဲ့ဂျာမာန်တွေကိုလက်စားချေမယ်ဆိုပြီး သူတို့တွေကြံစည်ကြပါတော့တယ်။ သူတို့အကြံအစည်က ဘာကိုဦးတည်မလဲဆိုတာကိုတော့ ပရိသတ်ကြီးရိပ်ခြည်ဖမ်းမိနိုင်လောက်မှာပါ။ ဒါပေမယ့် ဒီအကြံအစည်ကဘာလဲဆိုတာရယ်..အကြံအစည်ကိုအကောင်အထည်ဖော်ဖို့ သူတို့ ဘယ်လိုတွေလုပ်ပြီး သူတို့ရဲ့အဲ့ဒီအကြံအစည်ကရောဖြစ်မြောက်သွားမှာလား.. အစကပရိသတ် ကြီးစိတ်ကူးထဲမှာဖြေထားတဲ့အဖြေနဲ့ သူတို့နဲ့တူပါရဲ့လားဆိုတာကိုစောင့်ကြည့်သွားရမယ့် Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chit Tee, Thiha Yan Naing တို့ဖြစ်ပါတယ်။)File Size - (1.8 GB) / (975 MB) / (500 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 1hr 49min Subtitle – Myanmar Hardsub Format – ...
movie
Plan A (2021)
2021
6.4
Salt (2010)
Salt (2010)=========IMDb Rating - 6.4/10#Unicode2010 မှာ ထွက်ခဲ့တဲ့ Action, Mystery, Thriller ကားလေးပဲဖြစ်ပါတယ်။ မင်းသမီးကတော့ ပရိတ်သတ်အချစ်တော် အချောစား အလန်းစား Angelina Jolie ဖြစ်ပြီး IMDB 6.4/10 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အယ်ဗလင်းဆော့တ်က အမေရိကန် စီအိုင်အေ အေးဂျင့်တစ်ယောက်ဖြစ်ပြီးသူမရဲ့ အရည်အချင်းကို အသိုင်းအဝိုင်းက အသိအမှတ်ပြုထားတဲ့သူတစ်ယောက်ပါ။ သူမ မြောက်ကိုရီးယားမှာ အဖမ်းခံရတုန်းက လာကယ်ဖို့ကြိုးစားခဲ့တဲ့ ဂျာမန်လူမျိုး ပင့်ကူမုဆိုး မိုက်ခ်နဲ့ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ဆီကို ရရှားတစ်ယောက်ရောက်လာပြီး ဆော့တ်ဟာ ရရှားသူလျှိုတစ်ယောက်ဖြစ်ကြောင်း ပြောသွားတဲ့အခါမှာတော့ဆော့တ်တစ်ယောက် ထွက်ပြေးရတော့ပါတယ်။ မိုက်ခ်လည်း ပျောက်နေပါပြီ။သူ တကယ်ရရှားသူလျှိုဟုတ်မဟုတ် မိုက်ခ်နဲ့ပြန်ဆုံမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြပါဦး။၂၀၁၀ မှာထွက်ရှိထားပြီ။ မတင်ရသေးတဲ့ ဇာတ်လမ်းကောင်းလေးမို့ ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)#Zawgyi2010 မွာ ထြက္ခဲ့တဲ့ Action, ...
movie
Salt (2010)
2010
7.3
The Birdcatcher (2018)
ဒီဇာတ်ကားကတော့ 2019 ခုနစ်ကထွက်ထားတဲ့ဇာတ်ကားလေးပါ နာဇီခေတ်ကိုအေခြခံပီးရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ် IMDb 4.7နဲ့ Google user 80%က ထောက်ခံထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ ဇာတ်လမ်းအကျဉ်းကတော့ တွန်ဟိုင်းမြို့မှာနေနေတဲ့ ဂျူးလူမျိုးတွေရှိပါတယ် အဲ့ဒီ့ထဲမှာ အက်စတာတို့မိသားစုလည်းအပါအဝင်ပါပဲ တနေ့မှာတော့ နာဇီတွေက တွန်ဟိုင်းက ဂျူးလူမျိုးတွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေ စတင်လုပ်လာပါတော့တယ် အဲ့ဒီ့မှာ အက်စတာရဲ့ မိဘနှစ်ပါးလည်အသတ်ခံရပီး အက်စတာဟာ ထွက်ပြေးရပါတယ် ထွက်ပြေးရင်းပြေးရင်းနဲ့သူမဟာ နာဇီတွေရဲ့ဘက်တော်သားဖြစ်တဲ့ နော်ဝေလူမျိုး ဂျိုဟန်ရဲ့အိမ်ကိုရောက်သွားခဲ့ပါတယ် အဲ့ဒီမှာဂျိုဟန်ရဲ့သား အက်ဆယ်က သူမကိုကူညီပေးခဲ့တာပါ ဒါပေမယ့် နာဇီတွေကလွတ်သွားတဲ့သူမကိုလိုက်ရှာနေတာကြောင့်ရယ် ဂျိုဟန်က နာဇီတွေရဲ့လူဖြစ်တာကြောင့်ရယ် အဲ့ဒီအိမ်ကို သူမဟာ ယောကျာ်းလေးတယောက်ဟန်ဆောင်ပီး ရောက်သွားခဲ့ပါတယ် အဲ့ဒီမှာ သူမ ရှင်သန်ဖို့ ဘာတွေကြုံတွေရင်ဆိုင်ရမလဲနာဇီတွေလက်ထဲကနေ ဒီအိမ်ကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာလားဆိုတာ ကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဇာတ်လမ်းအညွုန်းနဲ့ဘာသာပြန်သူကတော့Pyae Shan Tun Wai ပါ
movie
The Birdcatcher (2018)
2018
7.5
A Hidden Life (2019)
ဒါကတော့ IMDb Rating 7.6နဲ့ tomatoesမှာ 80%အထိရထားပြီးဆုတွေအောင်မြင်မှုတွေရထားတဲ့ Historical dramaကားလေးပါ။ဒုတိယကမ္ဘာစစ်အတွင်းမှာ အေးချမ်းပြီးလူတွေမသိတဲ့ ဘဝလေးတစ်ခုကိုပျက်စီးခဲ့ရတဲ့ဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားပါတယ်။ဖရန့်နဲ့ ဖန်နီက ဩစတေးလျတောင်တန်းတွေကြားကအေးချမ်းသာယာတဲ့ရွာလေးတစ်ရွာမှာ ယာလုပ်ရင်းချစ်စရာသမီးလေးသုံးယောက်နဲ့အတူပျော်ရွှင်နေကြသူတွေပါ။ဒုတိယကမ္ဘာစစ်စတော့ ဖရန့်ကိုစစ်လေ့ကျင့်ရေးခေါ်ခဲ့ပေမယ့်ဩစတေးလျမှာယာသမားတွေလိုတာကြောင့် သူ့ကိုအိမ်ပြန်လွှတ်ခဲ့ပါတယ်။ဒါပေမယ့် သူ့ကိုစစ်တိုက်ဖို့အခေါ်ခံရတဲ့အချိန်မှာတော့ခေါင်းဆောင်တွေရဲ့လုပ်ရပ်တွေမှန်ကန်တယ်လို့မထင်၊စစ်ပွဲကလည်းမတရားဘူးလို့ယူဆတဲ့ဖရန့်တစ်ယောက်ဟစ်တလာကိုသစ္စာခံပါမယ်ဆိုတဲ့ ကျမ်းသစ္စာကိုမကျိန်နိုင်ပါဘူးတဲ့။ဒီလိုနဲ့သူ့ကိုအကျဉ်းထောင်ထဲပို့လိုက်ပြီး စီရင်ချက်ချဖို့စောင့်ဆိုင်းနေရပါတယ်။ဒီကားမှာ ဇာတ်လမ်းကဘာဆက်ဖြစ်မလဲဆိုတာထက်ထောင်တွင်းသူ့မိန်းမနဲ့စာတွေအပြန်အလှန်ရေးပြီးလွမ်းဆွတ်ရတာတွေကိုကြည့်ပြီးစိတ်ထဲမှာကျဉ်းကြပ်လာသလိုခံစားရမှာပါ။သာယာပျော်ရွှင်နေတဲ့မိသားစုလေးဆီမှာကိုယ်မှန်တယ်ထင်တဲ့အရာကိုခေါင်းမာမာနဲ့ လုပ်လိုက်တဲ့လင်ယောက်ျားကြောင့်သူ(မ)ပင်ပန်းဆင်းရဲစွာအလုပ်လုပ်ရပြီးပတ်ဝန်းကျင်ရဲ့ဖယ်ကျဉ်ခြင်းကိုခံနေရပေမယ့်ယောက်ျားအပေါ်ငြူစူခြင်းမရှိပဲအဆုံးထိပါရမီဖြည့်ပေးခဲ့တဲ့မိန်းမတစ်ယောက်ကိုလည်း အံ့ဩစရာမြင်ရမှာပါ။ဒါတွေအားလုံးက တကယ်ဖြစ်ခဲ့တဲ့အကြောင်းတွေဆိုတာတွေးရင်းA hidden lifeဆိုတဲ့အတိုင်း စစ်ရဲ့ပယောဂကြောင့်လူမသိသူမသိပဲပျက်စီးခဲ့တဲ့ဘဝတွေဘယ်လောက်များရှိမလဲဆိုတာမတွေးရဲအောင်ပါပဲ။ဒီလိုကားမျိုးတွေကိုလူကြိုက်များမှာမဟုတ်မှန်းသိပေမယ့်ဒရမ်မာကားကောင်းတွေကို ရင်နဲ့ခံစားကြည့်ရှုသူတွေအတွက်တော့ဇာတ်ကားကောင်းတစ်ကားဆိုတာ အသေအချာပါပဲ။ File Size : ( 2 GB ...
movie
A Hidden Life (2019)