Channel Myanmar

Asif Ali

Adios Amigo (2024) 6.1
Adios Amigo (2024) Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်းသြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ...IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။(ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်) File size… 2.69GB / 1.25GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Adios Amigo (2024)

Varshangalkku Shesham (2024) 7.2
Varshangalkku Shesham (2024) Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု)ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ်အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် ...
movie

Varshangalkku Shesham (2024)

2024
A Ranjith Cinema (2023) 5.9
A Ranjith Cinema (2023) A Ranjith Cinema 2023 (ဟာသ) Imdb -5.8/10ဘဝကရိုလာကိုစတာစီးသလိုဖြစ်ချင်ရင်တော့ ဒီကားလေးကြည့်သင့်ပါတယ် Netflix ကနေထုတ်လွှင့်ထားတဲ့ Prankတွေ ဗီဒီယိုတွေရိုက်တင်ပြီး ပျော်စေပြက်စေသဘောမျိုးနဲ့ လူကြည့်များအောင်နည်းလမ်းစုံသုံးကြတဲ့ပရိုဂရမ်ကြောင့် ဘဝတွေကဘာတွေဖြစ်သွားကြတယ်ဆိုတာကို တင်ဆက်ထားတာပါဘဏ်ကိုအနုကြမ်းဝင်စီးနေကြတဲ့ ဓားပြတစ်ဖွဲ့.. သေနတ်ကိုယ်စီနဲ့ ဘဏ်ထဲကလူတိုင်းကို ခြိမ်းခြောက်ပြီး ကြမ်းပေါ်ဝပ်ခိုင်းထားတယ် သေနတ်တွေနဲ့ဆိုတော့ လူတွေကမတတ်သာဘဲ ခိုင်းသမျှလုပ်နေရင်း လုံခြုံရေးကဝင်ကယ်လို့ ဓားပြတွေရဲစခန်းရောက်သွားလေရဲ့ ဒီတော့စုံစမ်းစစ်ဆေးရင်းပေါ်လာတာကတော့ တီဗီမှာထုတ်လွှင့်ဖို့ prank တစ်ခုပါတဲ့လေ ဓားပြတွေကလည်း သရုပ်ဆောင်တွေဖြစ်ပြီး သေနတ်တွေကလည်းအတုပေါ့ဒီလိုနဲ့တရားရင်ဆိုင်နေချိန် နောက်ထပ် prank တစ်ခုထပ်လုပ်ကြပြန်တယ် အဲဒါကတော့ လူခေါင်းတစ်ခေါင်းကို အိတ်ထဲထည့်ပြီး အိတ်ခဏကိုင်ထားပါဆိုပြီး ရဲဖမ်းအောင်လုပ်တာပါ ဖြစ်ချင်တော့ ဒီ prank အလုပ်ခံရတဲ့လူက ဆန်နီ ..ဆန်နီကအဲဒီနေ့မှာ သိန်းထောင်ချီမြတ်မဲ့မီတင်တစ်ခုကိုသွားနေတဲ့လမ်းမှာပေါ့ ကံဆိုးချင်တော့ကားပျက်ရာကနေ ဒီ prank နဲ့တိုးပြီး မီတင်ရော ငွေတွေပါလက်လွှတ်လိုက်ရတယ် ဒီ prank ကြောင့် ဆန်နီနဲ့အတူ တခြားနစ်နာသူလည်းရှိပါတယ် အဲဒါကတော့ပြည်သူ့ရှေ့နေတစ်ယောက်ပါ ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဇာတ်ရှိန်မြင့်အောင်ခေါ်သွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Zwe ~ Alex ~ ...
movie

A Ranjith Cinema (2023)

2023
Kasargold (2023) 6.7
Kasargold (2023) Kasargold (သို့) လောဘသားတို့သွားရာလမ်း (2023)IMDb 7.0 ရရှိထားတဲ့ Malayalam စကားပြော action/thriller ရုံတင်ကားလေးပါ သရုပ်ဆောင်တွေအနေနဲ့ malayalam မျက်နှာသိသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Asif Ali, Sunny Wayne နဲ့ Vinayakan တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အယ်လ်ဘီဆိုတဲ့ ရွှေမှောင်ခိုတင်သွင်းသူတစ်ယောက်နဲ့ သူ့ရဲ့ ကောင်မလေး နန်စီတို့ဟာ မှောင်ခိုသွင်းလာတဲ့ "ရွှေ"တွေ ပျောက်သွားတဲ့ကိစ္စမှာ ပါဝင်ပက်သတ်မိပါတော့တယ်အယ်လ်ဘီရဲ့ အလုပ်ရှင်က ဒီခိုးမှုမှာ ဖိုင်ဇယ်ဆိုတဲ့လူကို အယ်လ်ဘီကို ရအောင် ရှာခိုင်းပါတော့တယ် တကယ်တမ်း ဖိုင်ဇယ်ကို တွေ့သွားတဲ့အခါမှာ ဘယ်လိုဆက်ဖြစ်မှာလဲ...ဒီကားက ဇာတ်ကောင်ကာရိုက်တာတွေကို Side character တွေအနေနဲ့တင်မဟုတ်ပဲ အသေအချာလေး နောက်ကြောင်းရာဇဝင်တွေ မိတ်ဆက်ပေးထားပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရိုက်ကူးထားတဲ့အပြင် နောက်ခံဂီတကောင်းကောင်းနဲ့ ကြွကြွရွရွ ကြည့်ရှုရမှာပါ နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်တွေ နောက်ကွယ်က လက်မည်းကြီးတွေအကြောင်းလည်း သေချာပြထားတာမို့ အတည်အတံ့ မှုခင်းရုပ်ရှင်ကို ရှာနေတဲ့သူတွေအတွက် "ရွှေ" ပါပဲအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို ...
movie

Kasargold (2023)

2023
2018 (2023) 8.8
2018 (2023) 2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု ‌ မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie

2018 (2023)

2023
Mahaveeryar (2022) 6.4
Mahaveeryar (2022) Maharveerya 2022 IMDb - 6.4/10Maharveerya 2022 IMDb - 6.4/10အိန္ဒိယနာမည်ကြီး မင်းသား Nivin Pauly နဲ့ မင်းသမီးချောလေး Shanvi Srivastavaတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာဆိုရင် ချစ်ကြိုက်ကွဲညား ကလဲ့စားစသဖြင့်မြင်နေကျအိန္ဒိယရုပ်ရှင်တွေလိုမျိုးမဟုတ်ပါဘူး။ အချိန်ခရီးသွားတွေပါမယ်၊ ရယ်စရာတွေပါမယ်၊ လူ့စရိုက်ကိုသရော်ထားတာပါမယ်၊ တရားခွင်မှာ အပြန်အလှန်လျှောက်လဲချက်တွေပါမယ် ဒါ့အပြင် rating ကောင်းကောင်းနဲ့ နာမည်ကြီးသရုပ်ဆောင်တွေပါတာ ကြိုက်ရင်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့ တရားခွင်မှစပြီး တရားခွင်မှာဆုံးတယ်ဆိုရလောက်အောင် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရတာအားရလှပါတယ် ဆင်းတုတော်တွေအရမ်းပျောက်တဲ့မြို့မှာ ကိုယ်ရောက်လာမှ ဆင်းတုတော်သူခိုးလို့ စွပ်စွဲခံရလို့ကိုယ်တိုင်ရှေ့နေလုပ်မဲ့ စိတ်ဝင်စားဖွယ်ရသေ့ကြီး ဘုရင်ကြီးက မင်းတုန်းမင်းလို တစ်ထောင်တစ်ညပြည့်အောင် တော်ကောက်ခံလိုက်ရတဲ့ အသည်သားမိန်းကလေးတစ်ယောက်ရဲ့ တိုင်ကြားချက်ကို အပြိုင်အဆိုင်လျှောက်လှဲချက်တွေနဲ့ တရားခွင်တရားခွင်က လျှောက်လဲချက်ကနေတစ်ဆင့် ဇာတ်ကြောင်းကို narration လုပ်ပေးသလိုမျိုး ဇာတ်လမ်းကိုပြန်ရိုက်ပြထားတဲ့ စတိုင်နဲ့ ကြည့်ရတာ ပေါ့လဲမပေါ့ ပျင်းစရာမကောင်းပဲနဲ့ တရားကိုဘာနတ်စောင့်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…1.43GB / 614MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ...
movie

Mahaveeryar (2022)

2022
Kaapa (2022) 6.9
Kaapa (2022) Kaapa (2022)IMDb 7/10 ပျိုမေတွေရဲ့အသည်းစွဲ မင်းသားကြီး Prithviraj Sukumaran ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller/Crime အမျိုးအစားဇာတ်ကားကောင်းကိုတင်ဆက်ပေးချင်ပါတယ် အာနန်နဲ့ဘီနူဟာ ချစ်ကြည်နူး တစ်တီတူးလို့မဝသေးတဲ့ကြင်စဦးမောင်နှံလေးပါ သူတို့က ဘန်ဂလောကနေ သီရုဗနသာပူရန်လို့ခေါ်တဲ့မြို့လေးကို ပြောင်းလာခါစရှိပါသေးတယ် အဲ့အချိန်မှာပဲ အာနန်သိလိုက်ရတာက သူ့မဟေသီက မဟာ့မဟာလူဆိုးစာရင်း kaapa ဆိုတဲ့ စာရင်းထဲကို ပါနေတာပါပြီးတော့ အဲ့မြို့ကိုကြီးစိုးနေတဲ့ဂိုဏ်းက မာဒူဦးစီးတဲ့ ကိုလ်တာမာဒူဂိုဏ်းပါတဲ့ မာဒူနဲ့သူ့မိန်းမ ဘီနူရဲ့မျိုးနွယ်သီရိဗစ်ကရာမန်နဲ့က ကမ္ဘာမကြေတွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြန်ဘူးဆိုတာလဲ သိလိုက်ရပါတယ် အာနန်တစ်ယောက် ဂိုဏ်းစတားကြီးကိုပဲ ပြေးတောင်းပန်ရမလား ရဲမှတ်တမ်းကပဲ သူ့မိန်းမနာမည်ဖျက်ပေးရမလား စသည်ဖြင့် ဇာတ်ရှုပ်ကြီးထဲဝင်ပါမိရာကနေ အပ်ချည်အစဖြေသလို နောက်ကွယ်ထိ ဘယ်လိုဝင်ပတ်သတ်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး....... File size…2.01GB / 935MB Quality…1080p NF WEB DL /720p Format…mp4 Duration…2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein & OeliuJ & Yunni
movie

Kaapa (2022)

2022
Rorschach (2022) 7.9
Rorschach (2022) Rorschach (2022) Action, Mystery, Thriller IMDb 7.9/10 (2.2K)လူတစ်ယောက် ရဲစခန်းကိုရောက်လာတယ်....သူ့မိန်းမပျောက်နေလို့လာတိုင်တာပါတဲ့ သူတို့လင်မယားနှစ်ယောက်ဟာ ကားနဲ့ခရီးထွက်လာနေတုန်း တောလမ်းတစ်နေရာမှာ မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပါတယ် နောက်တော့ သူလည်းသတိလစ်မေ့မျောသွားပြီး သူ့မိန်းမဟာလည်း သူသတိပြန်ရလာတော့ ကားပေါ်မှာမတွေ့တော့ဘူးတဲ့....။မိန်းမ​ဖြစ်သူဟာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ရဲတွေနဲ့ရွာသားတွေ ပေါင်းပြီး လိုက်ရှာပေးခဲ့ပေမယ့် လ တွေ သာ ကြာညောင်းသွားတယ် မ တွေ့လာခဲ့ပါဘူး ပျောက်သွားတဲ့နေရာကလည်း သားရဲတိရိစ္စာန်တွေ ပေါတဲ့နေရာဆိုတော့ ရဲတွေဟာ သေပြီလို့ကောက်ချက် ချခဲ့ပါတယ်....။သို့ပေမယ့် သူဟာ ဇွဲမ လျှော့ခဲ့ဘဲ ဆက်လက်ရှာ​ဖွေနေခဲ့ပါတယ်။| နောက်ပိုင်းအဲ့ဒီရွာထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပြီး ညညဆိုလည်း အသံတွေ ကြားကြားနေရတတ်ပါတယ်...။ကဲ သူရဲ့မိန်းမဟာ တကယ်ပဲ ပျောက်ဆုံးသွားတာလား...။ ရွာထဲမှာ လူတွေက ဘာလို့ သေဆုံးနေရတာလဲ...။ ညညဆိုကြားကြားနေရတဲ့အသံတွေက ဘာတွေလဲ...။ သူကရော ဒီရွာကို အကြောင်းတစ်ခုခုရှိနေလို့ လာခဲ့တာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုလို့ရပါပြီနော်...။မာလယာလန် နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ မမ်မွတ်တီးအဓိကပါဝင်ထားတဲ့ mystery ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…2.5GB / 1GB Quality…1080p True  WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Rorschach (2022)

2022
Innale Vare (2022) 6.1
Innale Vare (2022) Innale Vare 2022IMDb 6.2 ရရှိထားတဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းလေးလာပါပြီရုပ်ရှင်သရုပ်ဆောင်အာဒီဆိုတာ မသိတဲ့လူမရှိအောင်နာမည်ကြီး‌နေတဲ့လူပါ အောင်မြင်မှုတွေရဲ့ ဘုရင်တစ်ဆူဖြစ်ပေမယ့် မျှော်လင့်မထားခဲ့တဲ့အခြေအနေတွေကြောင့် အကြွေးတွေဝိုင်းနေချိန်မှာပဲ မသမာသူလူတွေကြောင့် ပြန်ပေးဆွဲခံလိုက်ရပါ‌တယ်နည်းပညာပိုင်းကိုအကူအညီကူပြီး ပြန်ပေးဆွဲခဲ့တာကြောင့် လူမသိသူမသိအရပ်ရောက်နေတဲ့ အာဒီတစ်ယောက် လွတ်မြောက်ဖို့ဘယ်လိုကြိုးစားမလဲ အကူအညီမဲ့နေတဲ့ ဒီအိမ်ကြီးထဲကနေထွက်ပြေးနိုင်မှာလားဆိုတာ သည်းထိပ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်  File size…1.5GB / 798MB Quality…1080p HD RIP / 720p Format…mp4 Duration….2h 16mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Honeyey & Yunni  
movie

Innale Vare (2022)

2022