Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ashok Selvan
5.5
Pon Ondru Kanden (2024)
Ponn Ondru Kandein (2024) "သုံးပွင့်ဆိုင်"IMDb - 5.5/10ဗီဂျေးဒေဗာရာခွန်ဒါရဲ့ တလေဂူးရုပ်ရှင် Pelli Choopulu (2016)ကို Remakeပြန်လည်ရိုက်ကူးထားတဲ့ တမီးလ်အချစ်ဇာတ်မြူးလေးကို တင်ဆက်ပေးလိုက်ပါတယ်။စိုင်းနဲ့ ရှီဗာတို့နှစ်ယောက်က ဆယ်ကျော်သက်အရွယ် ကျောင်းတော်ကရန်စတွေကြောင့် မဆုံမိကြဖို့အရေး ရှောင်ပြေးနေကြသူတွေ။အလုပ်ကိုယ်စီနဲ့ ကိုယ့်ဘ၀ကိုယ်ကျောင်းနေရင်း တစ်ရက်မှာတော့ ငယ်သူငယ်ချင်းတွေက ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲအတွက် မလာမနေရ ဇွတ်အတင်းခေါ်ပါတော့တယ်။နှစ်ယောက်သား ဟိုကောင်လာမှာလားဆိုတာကို အရင်မေးတော့ ဘော်ဒါတွေက လုံး၀မလာနိုင်ကြောင်းပြောပြီး နှစ်ယောက်လုံးကိုvအရခေါ်ကြပါတော့တယ်။ဆန်ဒီကတော့ ချန်နိုင်းက စားသောက်ဆိုင်ကို စေလွှတ်ချင်းခံနေရတဲ့ စားဖိုမှူးမလေးပေါ့။ဒီသုံးယောက်ဆုံတွေ့ကြတဲ့အချိန်မှာတော့ စိုင်းနဲ့ရှီဗာတို့နှစ်ယောက် ကျောင်းတော်ကရန်စ အသစ်တစ်ဖန် ပြန်လည်ဖြစ်လာမှာလားဆိုတာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ် File size…2.3GB /917MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Pon Ondru Kanden (2024)
2024
7.5
Blue Star (2024)
Blue Star (2024) "ရန်ဘက်"IMDb 7.6 ရထားပြီး အိန္ဒိယရဲ့ အထင်ကရ အားကစား ခရစ်ကတ်အကြောင်း ရိုက်ထားတဲ့ တမီးလ် ဟာသ အားကစားရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဒီကားက ခရစ်ကတ်ကားဆိုပေမဲ့ ချုံကြားကနေ ဘုံဖျားရောက် နိုင်ငံဟီးရိုးကြီးဖြစ် လက်ရွေးစင် ပြိုင်ပွဲဝင်သလိုမျိုး မိုတီဗေးရှင်းဇာတ်လမ်းမျိုးတော့ မဟုတ်ဘူးဗျ၁၉၉၀ ကာလကို နောက်ခံထားပြီး အာရတ်ကိုနမ် နယ်မြို့လေးက ဇာတ်မတူတဲ့ အုပ်စုနှစ်စုရဲ့ နှစ်ကာလ ကြာရှည်တဲ့ ပြိုင်ဆိုင်မှုကို အဓိက တင်ဆက်ထားပါတယ်အဲဒီကာလက သူတို့နိုင်ငံမှာ လူငယ်တွေက ခရစ်ကတ်ကြည့်ဖို့အတွက် တီဗီအင်တာနာကို မရမက ချိန်ပြီး အားပေးကြတယ် ခရစ်ယာန်ဘုရားကျောင်းမှာ ဝတ်ပြုနေရင်းတန်းလန်းနဲ့လည်း တစ်ဖက်နဲ့တစ်ဖက် ယှဥ်ပြိုင်ကစားဖို့ လစ်ထွက်ကြတယ် မိဘတွေကလည်း သူတို့သားသမီး ခရစ်ကတ် ဝါသနာပါတာကို မကြိုက်ကြဘူးပေါ့တချိန်က Blue Star နဲ့ Alpha ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ခရစ်ကတ်ကစားရာကနေ အငြင်းအခုန်တွေဖြစ်ပြီး ရန်သတ်ကြတာ သူတို့မြို့က ကစားကွင်းမှာ နှစ်ဖွဲ့လုံးယှဥ်ပြိုင်ခွင့် အပိတ်ခံခဲ့ရတယ်လက်ရှိမျက်မှောက်မှာ ရန်ဂျစ်နဲ့ ရာဂျက်ဆိုပြီး အသင်းကိုယ်စီက ကပ္ပတိန်နှစ်ယောက်က ...
movie
Blue Star (2024)
2024
8.0
Saba Nayagan (2023)
Saba Nayagan 2023 (ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ)CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တမီလ်စကားပြော အချစ်ဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ် ဒါရိုက်ဝာာ စီအက်စ်ကာသီကာရန်ရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး လူငယ်အချစ်ဟာသဇာတ်လမ်းလေးကို အနောက်တိုင်း rom com စတိုင် ပေါ့ပေါ့ပါးပါး ကျောင်းတွင်းအလွဲလေးတွေ ဟာသလေးတွေနဲ့တင်ဆက်ပေးထားတာမို့ ကိုယ့်ငယ်ဘဝကိုတောင် သတိရမိမှာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားရဲဖမ်းခံရတာက စပါတယ် မှောင်ရိပ်ခိုမှုနဲ့ ဆရာသမားကိုဆွဲစိလာဝာာ ပတ္တရောင်ကားပေါ်မှာ အူကြောင်ကျားနဲ့ပါလာတာပေါ့ အဲဒီမှာ တခြားတစ်ယောက်က သူအသည်းကွဲနေလို့ အရက်သောက်မိတာပါပြောလို့ ရဲတွေကသနားပြီး ပြန်လွှတ်ပေးလိုက်တဲ့အခါမှာ ဇာတ်လိုက်ကျော်က သူ့အသည်းကွဲဇာတ်လမ်းတော့ အသာနေ ကျွန်တော့်ဇာတ်လမ်းလည်း နားသောတဆင်ကြည့်ပါဦးဆိုပြီး သူ့ရဲ့ကျောင်းသားဘဝအချစ်ဇာတ်လမ်းလေးကိုပြန်ပြောပြတဲ့အခါမှာ....ပေါ့ပေါ့ပါးပါးနဲ့ စိတ်နှလုံးကြည်နူးစေဖို့ ပရိသတ်ကြီးအတွက် CM Bollywood Team ကနေ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.94GB/ 1.3GB Quality…WEB DL 1080p ...
movie
Saba Nayagan (2023)
2023
8.4
Por Thozhil (2023)
Por Thozhil ( 2023 ) ==================IMDb 8.4/10တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB / 789MB Quality…4k SONY WEB DL ...
movie
Por Thozhil (2023)
2023
4K HEVC
7.7
Nitham Oru Vaanam (2022)
Nitham Oru Vaanam (2022)—————————————————IMDb _ 7.7/10ဝတ္ထုဇာတ်လမ်းတွေဟာ ကျွန်တော်တို့နဲ့ဘယ်တော့မှသက်ဆိုင်မှာမဟုတ်တဲ့ ကမ္ဘာတွေကို ခေါ်သွားပေးနိုင်တဲ့စွမ်းအားရှိပါတယ်..ငယ်ငယ်ကတည်းက စကားပြောရတာထက် စာအုပ်တွေဖတ်ပြီး စာအုပ်ထဲက ဇာတ်ကောင်အတိုင်း ကိုယ့်ကိုယ်ကိုမြင်ယောင်ခံစားတတ်တဲ့ Arjun ဆိုတဲ့လူငယ်လေးတစ်ယောက်အပေါ်အခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်.. Introvert ဖြစ်တဲ့အပြင် OCD ပါရှိနေတဲ့ Arjun တစ်ယောက် တစ်ဘဝလုံးလူ့ဂွစာဖြစ်လာခဲ့ပြီးနောက်မှာ တစ်ယောက်သောသူနဲ့တွေ့ပြီး နှစ်လအကြာမှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်.. ဘဝကြီးဟာစိုပြေလာပြီလို့ထင်ရပေမယ့် မထင်မှတ်ထားဘဲ လက်ထပ်ပွဲဖျက်သိမ်းခံလိုက်ရတဲ့အခါ စိတ်ဓာတ်ကျဖို့ဖြစ်လာရပါတော့တယ်..အဲ့လိုနဲ့ အသိဒေါက်တာတစ်ယောက်ရေးထားတဲ့ ဝတ္ထု၂ပုဒ်ကိုဖတ်ကြည့်မိတဲ့အခါ ဇာတ်သိမ်းပိုင်းတွေကို မသိရသေးပါဘူးတဲ့.. perfectionist ဖြစ်လွန်းတဲ့စိတ်ကြောင့် ပြင်ပလောကမှာတကယ်ရှိနေတဲ့ ဒီဝတ္ထုထဲက ဇာတ်သိမ်းတွေကို ရှာဖို့ ခရီးထွက်လာတဲ့ Arjun တစ်ယောက် Shubathra နဲ့တွေ့ပြီး အတူခရီးထွက်ကြတဲ့အခါ ဘာတွေကြုံတွေ့ပြီး ဝတ္ထုလေးတွေကရော ဘယ်လိုအဆုံးသတ်မလဲ Arjun ရဲ့ဘဝကရော ဘာတွေပြောင်းလဲသွားမလဲ .. အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းလေးပါဇာတ်ကားကောင်းလေးကို နုံချာတဲ့review လေးကြောင့် အရသာပေါ့သွားစေမှာစိုးလို့ ကိုယ်တိုင်ကိုယ်ကျ CM Website မှာ ဒေါင်းကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ် File size…2.17GB / 1.05GB Quality…1080p True ...
movie
Nitham Oru Vaanam (2022)
2022
6.0
Manmatha Leelai (2022)
Manmatha Leela (2022)IMDb 6/10 ပညာပေးဇာတ်လမ်းသဘောမျိုးဖြစ်ပြီး Romance/Comedy/ Thriller အမျိုးအစားဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းက ဖြစ်ရပ်နှစ်ခုကိုယှဉ်ပြီးရိုက်ပြထားတာပါ ရာနဲ့ ဆာသရာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ တစ်ချိန်တည်းမှာပဲလုပ်မိကြတဲ့အမှားတွေကိုယှဉ်ပြထားပါတယ် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ဆာသရာက ဒိတ်ဒိတ်ကြဲနာမည်ကြီးသူတစ်ယောက်ပါရာကတော့သာမန်လူတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာပဲ မိန်းကလေးနှစ်ယောက်နဲ့ပတ်သက်မိသွားပါတယ် ရာတို့အတွဲကလိုင်းပေါ်ကနေချစ်ကြိုက်ပြီး အပြင်မှာသွားတွေ့တဲ့အချိန်မှာ မထင်မှတ်တာတွေဖြစ်ပေါ်လာပါတော့တယ် အချဉ်ဖမ်းမယ်လို့ရည်ရွယ်ပြီး ဘယ်သူမှမရှိချိန်ကောင်မလေးအိမ်ကိုလိုက်သွားခဲ့တဲ့ ရာတစ်ယောက် ဘယ်လိုတွေကြုံတွေ့ရမလဲ တစ်ချိန်တည်းမှာပဲ ဆာသရာ့ဆီ ညဘက်မိုးရွာနေချိန်အိမ်လိပ်စာမှားပြီး အလန်းစား ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပြီးနောက် သူရောဘာတွေဆက်ဖြစ်သွားမလဲ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားတဲ့အခါ သူတို့တွေဘယ်လိုကြံကြံခံသွားမလဲ ဟာသခန်းတွေကိုတောင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်အပိုင်းတွေပါဝင်တာကြောင့် စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ် File size…1.96GB / 950MB Quality…1080p TRUE WEB DL AAC5.1CH / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honeyey & Yunni & GuuGuu
movie
Manmatha Leelai (2022)
8.4
Sila Nerangalil Sila Manidhargal (2022)
Sila Nerangalil Sila Manidhargal (2022)ယခုနှစ်မှထွက်ရှိထားတဲ့အိန္ဒိယတောင်ပိုင်းကားတစ်ကားဖြစ်ပါတယ်။ဇာတ်အိမ်တည်ထားပုံကတော့အထူးတလည် နက်နဲတဲ့ကိစ္စမျိုးမဟုတ်ပါဘူး။ကိုယ့်ဘဝကိုယ်စီလျှောက်လှမ်းနေကြတဲ့လူငယ်လေးယောက်ဟာတစ်နေ့မှာတော့ဆိုးဝါးလှတဲ့မတော်တဆမှုတစ်ခုမှာ ပါဝင်ပတ်သက်မိကြပါတယ်။သာမန်ဇာတ်ကားတွေနဲ့မတူတာကတော့ ဒီဇာတ်ကားဟာ အဓိကဇာတ်ကောင်ရယ်လို့တိတိကျကျမပါဘဲ ဇာတ်ကောင် လေးယောက်လုံးကို ကြည့်နေရင်းမှာတင်ဒီဇာတ်ကောင်တွေရဲ့ဘဝထဲကို ကိုယ်တိုင်စီးမျောသွားစေနိုင်လောက်အောင်ဇာတ်ကောင်တစ်ခုချင်းကိုအသားပေးပုံဖော်ပြထားလို့ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုကြည့်လိုက်မယ်ဆိုရင် လူတိုင်းဟာ အမှားတွေလုပ်တတ်ပြီးတော့ဘဝကြီးကလည်းအမြဲတမ်းအဲဒီအမှားတွေကိုပြန်ပြင်ဖို့အခွင့်အရေးပေးလေ့ရှိတယ်ဆိုတာကိုယုံကြည်ပြီးတော့ ကိုယ့်ဘက်ကပြင်ဆင်ချင်တဲ့စိတ်ပဲရှိဖို့လိုတယ်ဆိုတာကိုနားလည်လာစေမှာပါ။ဒီဇာတ်ကောင်လေးယောက်ကရော သူတို့အမှားတွေကို ပြန်မြင်နိုင်ပါ့မလား။ပြင်ဆင်ဖို့ရောသူတို့မှာအခြေအနေတွေပေးလာပါ့မလား။ အသိတရားဝင်တဲ့အချိန်မှာ ပြင်ဆင်ဖို့မှီပါဦးမလား။လမ်းပေါ်ကအက်ဆီးဒန့်တစ်ခုကနေစတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ နှစ်နာရီကျော်ကုန်သွားမှန်းမသိအောင်ကိုပရိသတ်တွေအတွက်ဖျော်ဖြေမှုရသကောင်းတွေပေးသွားမှာဖြစ်လို့တောင်ပိုင်းဒရာမာကားကောင်းတွေ ကို ကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တယ်လို့ပဲ ညွှန်းလိုက်ပါရစေ။ File size…1.8GB /900MB / 400MB Quality…720p WEB DL / 480p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Haruko
movie
Sila Nerangalil Sila Manidhargal (2022)
2022
8.1
Oh My Kadavule(2020)
Oh My Kadavule(2020)အညွှန်း****************************IMDb...8.1အန်နူးဆိုတဲ့ကောင်မလေးဟာ သူ့အဖေပေးစားတဲ့ လူတစ်ယောက်နဲ့လက်ထပ်ရတော့မယ်..ဒီလူအကြောင်းကို မသိတဲ့အတွက် တစ်ဘဝလုံးပုံအပ်ဖို့ဆိုတော့ မိန်းကလေး ပီပီမျက်လုံးမှိတ်ပြီး ခေါင်းမညိတ်ရဲရှာဘူး..ဒါကြောင့် ငယ်သူငယ်ချင်းဖြစ်တဲ့ အာဂျွန်ကို 'ငါတို့လက်ထပ်ကြမလား' ဆိုပြီးမေးလိုက်တယ်..သူစိမ်းတစ်ယောက်ထက်စာရင်အကြောင်းသိသူငယ်ချင်းနဲ့ အိမ်ထောင်ြပုတာက အချစ်မပါလည်း အဆင်ပြေနိုင်မယ်လို့တွေးမိတာကိုး...အာဂျွန်ကလည်း သူငယ်ချင်းမလေးရဲ့အခက်အခဲကိုသိတော့ လက်ထပ်ကြတာပေါ့လို့ ပြောလိုက်တယ်...အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံနဲ့အခက်အခဲမျိုးစုံစတွေ့တော့တာပဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်......File Size : (1.13GB) and (460MB) Quality :WEB-DL 720p Format…mp4 Duration…02:31:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Oh My Kadavule(2020)