Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
April Chan
7.4
Abang Adik (2023)
Abang Adik ( 2023 ) ================မလေးရှားဒါရိုက်တာ Jin Ongရဲ့ ပွဲဦးထွက်ကားသစ်ဖြစ်တဲ့ Abang Adikဟာ Golden Horse Awardsမှာ နိုမီ၇ခုဝင်ခဲ့ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုကို ဒီရုပ်ရှင်က မင်းသား Wu Kang-renက ရရှိထားတဲ့ ပွဲဦးထွက်ပေမဲ့ ဘောင်ဝင်တန်းဝင်ကားပါပဲ။ ထိုင်ဝမ်လို ရုပ်ရှင်အဆင့်မြင့်တဲ့ နေရာမှာပြခဲ့ပြီး တော်တော်လည်း ဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ Jin Ong ကိုယ်တိုင်ပဲ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားခဲ့ပြီး သူလည်းပွဲဦးထွက်ကားနဲ့တင် တော်တော်ချီးကျူးခံလိုက်ရပါတယ်။ ဟောင်ကောင်မှာလည်း အောင်မြင်ခဲ့တဲ့ မလေးရှားရုပ်ရှင်ပါပဲ။ဇာတ်ကတော့ မလေးရှားက ခိုးဝင်တွေအကြောင်းကို အဓိကထား ဦးတည်ထားတယ်။ ဒီထဲက ခိုးဝင်ဆိုရာမှာ လူမျိုးပေါင်းစုံပါတယ်။ အိန္ဒိယ , တရုတ်, မြန်မာ အစုံပဲ။ အဓိကကတော့ မလေးရှားမှာမွေးလာခဲ့ရင်းနဲ့ကို မွေးစာရင်းမရှိ ဘာအထောက်အထားမှမရှိလို့ ခိုးဝင်စာရင်းဝင်သွားတဲ့ လူငယ်လေးနှစ်ယောက်အကြောင်းပေါ့။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက တစ်ယောက်အတွက် ...
movie
Abang Adik (2023)