Channel Myanmar

Apollo Yu

The Lost Cave of the Arctic Sea ( 2024 ) 5.8
The Lost Cave of the Arctic Sea ( 2024 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သင်္ချိုင်းဖောက်တဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့......ပင်လယ်ကျွန်းတစ်ကျွန်းပေါ်မှာ နန်ယွဲ့ရှေးဟောင်းသမိုင်းဝင် နေရာဟောင်းကို ရှာတွေ့ခဲ့ပါတယ်။ ဒီနေရာက နန်ယွဲ့အမတ်ချုပ်ကြီး လွီကြားတဲ့ ရတနာတွေ ဖွက်ထားတဲ့ နေရာဖြစ်တယ်လို့ ပြောနေကြပါတယ်......တိုက်ဖွန်မုန်တိုင်းကြီး ကျရောက်ခါနီးမှာ ထူးခြားတဲ့ နားကြားစွမ်းရည်ရှိတဲ့ ဝူဟိန်ကို နန်ယွဲ့သမိုင်းလေ့လာနေတဲ့ ကုလင်က အကူအညီတောင်းခဲ့တဲ့အတွက် ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ လွီကျားတို့ခေတ်ထက် ပိုဝေးတဲ့ သမိုင်းဝင်ဂူကြီးတစ်ခုကို တွေ့သွားတဲ့အခါ စွန့်စားရေးခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်......တရုတ်သင်္ချိုင်းဖောက်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ပုံရိပ်ယောင်တွေ တစ္ဆေတွေ မိစ္ဆာတွေ သင်္ချိုင်းထဲက ထူးဆန်းတဲ့အကောင်ကြီးတွေ မျိုးစုံကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် အသည်းငယ်သူတွေတော့ သတိလေးနဲ့ ကြည့်ကြပါလို့...... Filesize : 1.27 GB / 693 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Adventure , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ...
movie

The Lost Cave of the Arctic Sea ( 2024 )

The Last Mage ( 2023 ) 5.6
The Last Mage ( 2023 ) " အန့်ယန့်ရွာမှာထူးဆန်းတဲ့ကိစ္စတွေဖြစ်လာတာ ချိန်ရှစ်တစ်ယောက် သေရွာကနေပြန်လာကတည်းကပဲတဲ့ "The last Mage ဇာတ်ကားကတော့ ဇာတ်ကြောင်းလှည့်ကွက်မျိုးစုံနဲ့ ရင်တဖိုဖိုကြည့်ရမဲ့ ရှေးခေတ်မှော်ပညာနဲ့ထူးဆန်းတဲ့ လူသေမှုတွေအကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။တစ်ခါက အန့်ယန်ရွာမှာ ချိန်ရှစ်ဆိုတဲ့လူတစ်‌ယောက်ရှိပြီး အပြင်းဖျားနာခဲ့ပါတယ် ။ ချိန်ရှစ်မှာ ကံဆိုးစွာနဲ့ သမား‌ေတာ်နဲ့‌ေတာင် မပြရသေးခင် သေဆုံးသွားခဲ့ပါတယ် ။ ဒါပေမဲ့ ထူးထူးဆန်းဆန်း သူ့ကိုသဂြိုလ်ဖို့လုပ်နေချိန်မှာပဲ အကောင်းကြီးရှိတဲ့မျက်လူံးနှစ်လုံးက ကန်းသွားပြီး အခေါင်းထဲကနေတစ်ဖန်ပြန်ထလာခဲ့ပါတော့တယ် ။ သူသေရွာကပြန်လာပြီးနောက်မှာ ရွာထဲမှာလည်းထူးဆန်းတဲ့လူသေမှုတွေဆက်တိုက်ဖြစ်လိုက်ပါတော့တယ်။ချိန်ရှစ်တစ်ယောက်ဘယ်လိုဖြစ်လို့ သေရွာကပြန်လာခဲ့တာလဲ ? ရွာထဲကလူသေမှုတွေကသူနဲ့ဆက်စပ်နေမလား ? သူတို့ရွာကိုကယ်တင်ဖို့ဘယ်သူရောက်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာရင်တဖိုဖို စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Drama Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

The Last Mage ( 2023 )

Executioner’s Strange Talk ( 2022 ) 6.5
Executioner’s Strange Talk ( 2022 ) သေဒဏ်ကျခံရတဲ့ အပြစ်သားတွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တာဝန်ယူရတဲ့ အာဏာပါးကွက်သားတွေမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။ မွန်းတည့်မကျော်ခင်မှာ အပြစ်သားကို စီရင်ရတာပါပဲ။ စီရင်ချိန်ကျော်သွားခဲ့ရင် စည်းမျဥ်းကိုဖောက်ဖျက်မိသလိုဖြစ်ပြီး သရဲဝိဉာဥ်တွေက လက်စားချေဖို့ပြန်လာတတ်ကြပါတယ်တဲ့။အာဏာပါးကွက်သားတစ်ယောက်ဖြစ်တဲ့ရှဲ့ချီဟာ ပြစ်ဒဏ်စီရင်ရာမှာ အချိန်ကျော်လွန်သွားရာကနေ စည်းမျဥ်းကိုဖောက်ဖျက်မိသွားပါတယ်။ သူကွပ်မျက်ခဲ့တဲ့သရဲမဟာ သူ့ကိုပြန်လာရှာရာကနေ ၊ သူတင်မက တစ်မြို့လုံးကို ကံဆိုးမှုတွေစတင်လွှမ်းခြုံလာတဲ့အခါ ၊ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတဲ့မခါမှာ.. မြို့ထဲကလူတွေကလည်း ရှဲ့ချီကိုဝိုင်းပြီးအပြစ်တင်ကြပါတော့တယ်။သရဲတွေ မိစ္ဆာတွေ ကျိန်စာတွေပါဝင်နေတဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Executioner’s Strange Talk ( 2022 )

Di Renjie Resurrection (2022) 6.2
Di Renjie Resurrection (2022) အခုတင်ဆက်ပေးလိုက်တဲ့ Detective Dee ရဲ့အကြောင်းကိုတော့ အထူးတစ်လည်မိတ်ဆက်ပေးနေစရာမလိုဘူးထင်ပါတယ်။ ခက်ခဲနက်နဲတဲ့အမှုမျိုးမျိုးမှာ လက်စွမ်းတွေပြခဲ့တဲ့ ဆရာကြီးဒီးတစ်ယောက် ဘယ်လိုတွေလက်စွမ်းပြဦးမလဲဆိုတာ ကြည့်လိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်းလေးကတော့ဘုရင်မကြီးက Detective Dee အတွက်ကျင်းပပေးတဲ့ ရာထူးတိုးဂုဏ်ပြုပွဲမှာ ဝိဉာဉ်စစ်သည်တွေနန်းတွင်းကိုဝင်စီးတယ်ဆိုတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးဖြစ်သွားခဲ့တယ်။ အဲဒါနဲ့ စုံထောက်ကြီးဒီးတစ်ယောက်က အသေကောင်တွေ ပြန်ထလာတယ်ဆိုတဲ့ ချောင်ခရိုင်ကိုအပြေးနှင်ပြီး အမှုစုံစမ်းဖို့သွားတဲ့အချိန်မှာပဲ ခြုံခိုတိုက်ခိုက်ခံလိုက်ရပါတယ်။စုံထောက်ကြီးဒီးသေဆုံးသွားတာကို ဘုရင်မကြီးက တိတ်တဆိတ်ပဲသဂြိုလ်ခိုင်းလိုက်ပါတယ်။ အဲဒီအချိန်မှာ စုံထောက်ကြီးဒီးနဲ့ ရုပ်ချင်းဆင်တဲ့ စုန့်ရှောင်ပိုင်ဆိုတဲ့လူဟာ သူ့ကိုယ်သူစုံထောက်ကြီးဒီးပါဆိုပြီး လိမ်စားနေပါရော။ အဲဒီလိုနဲ့ စုံထောက်ကြီးဒီးရဲ့ ရန်သူက သူ့ဆီကိုရောက်လာပါတော့တယ်။ အယောင်ဆောင်Deeတစ်ယောက် ဘယ်လိုများအန္တရာယ်တွေကိုကျော်ဖြတ်မလဲ ...... စုံထောက်ကြီးDeeကရော တကယ်သေသွားပြီလား...... အမှုရဲ့နောက်ကွယ်ကလက်မဲကြီးကဘယ်သူဖြစ်ပြီးတော့ ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ အဆုံးထိဆက်ကြည့်လိုက်ပါနော်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery Runtime : 1h 13min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

Di Renjie Resurrection (2022)