Channel Myanmar

Apasiri Nitibhon

4bia 2 (Phobia 2) 2009 6.7
4bia 2 (Phobia 2) 2009 Phobia 2(2009) Phobia 1 အထိုက်အလျောက်အောင်မြင်မှုတွေရပြီးတဲ့နောက်မှာတော့ ပိုမိုဆန်းသစ်တဲ့ဇာတ်လမ်း 5 ခုနဲ့ ထွက်ရှိလာတဲ့ Phobia 2 ပထမတွဲတုန်းက ဒါရိုက်တာတွေအပြင် နောက်ထပ်မံအားဖြည့်ထားတဲ့ဒါရိုက်တာတွေနဲ့ ဆန်းသစ်တဲ့ဘယ်လိုဇာတ်လမ်းတွေချပြလာမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ သူများကားတွေကို ခဲနဲ့ထုရတာကြိုက်တဲ့ကောင်ဇိုးလေးတစ်ယောက်အဖေ့ကားကိုခဲနဲ့ထုမိလိုက်မိတဲ့ ခေတ်သစ်အဇာတသတ်ရဲ့အဖြစ်ဆိုးကိုရိုက်ကူးထားတဲ့ ရှင်လောင်း Novice ဆယ်ကျော်သက်ပီပီ ဆိုင်ကယ်နဲ့ဒွန့်ရင်းနဲ့ ဆိုင်ကယ်မှောက်ဆေးရုံရောက်ရာက ထူးဆန်းတဲ့လူနဲ့တူတူဆေးရုံတက်ဖို့ဖြစ်လာတဲ့ကောင်လေးအကြောင်း ပုံဖော်ထားတဲ့ Ward ထရပ်ကားတားစီးရာက ငွေညှစ်ခံရပြီးဇွန်ဘီးနဲ့ပါထပ်တိုးတဲ့ခရီးသည်နှစ်ယောက် Backpackers အတိတ်ဆိုးနဲ့ ကားဟောင်းတွေကို အပြုံးချိုချို ‌ဈေးချိုချိုနဲ့ရောင်းနေရင်းမြားဦးက ရောင်းသူဘက်ပြန်လှည့်လာတဲ့တစ်ပတ်ရစ်ကားလေးရဲ့ပုံပြင် Second Hand Car နောက်ဆုံးအနေနဲ့ကတော့ သရဲကားရိုက်ကွင်းတိုင်းမှာဖြစ်နေကြဖြစ်တဲ့သရဲကားရိုက်ရင်း သရဲအစစ်ပါလာတဲ့ In The Endသရဲကားလည်းကြိုက်တယ် အချိန်အကြာကြီးဇာတ်လမ်းတစ်ခုတည်းနဲ့မပျင်းချင်ဘူးဆိုရင်တော့အချိန်တိုတိုနဲ့ ဇာတ်လမ်းစုံစုံ horror vibeခံစားချင်သူတွေအတွက်အကြိုက်တွေ့မယ့်ဇာတ်ကားလေးဖြစ်လို့ ခုပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…    2.5 GB /  1 GB Quality… Web-DL NF 1080p / 720p Format… mp4 Duration…. 2h  5m Genre .....  Horror Subtitle…. Myanmar ...
movie

4bia 2 (Phobia 2) 2009

2009
Dew 7.3
Dew ဒီတစ်ခါတော့ ထိုင်း BL ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ၂၀၀၁ ခုနှစ်က မင်းသားကြီး လီဗြောင်ဟွန်း သရုပ်ဆောင်ထားတဲ့ Bungee jumping of their own ဆိုတဲ့ ကိုရီးယားဇာတ်ကားကို အခြေခံပြီး ရိုက်ကူးထားတာပါ။ "ဒျူး" ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ "ဒျူး" နဲ့ "ဖော့" ဆိုတဲ့ ကောင်လေးနှစ်ယောက်ဟာ အထက်တန်းကျောင်းသားဘဝမှာ ချစ်ကြိုးသွယ်ခဲ့မိကြပြီးတော့ ကံမကောင်းအကြောင်းမလှလို့ ဝေးခဲ့ကြပါတယ်။ ၂၃ နှစ်အကြာမှာတော့ "ဖော့" ဟာ ဒီအထက်တန်းကျောင်းမှာ ဆရာအနေနဲ့ လုပ်ကိုင်ဖို့ ရောက်ရှိလာပါတယ်။ "လျူ" ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ရှိချိန်မှာတော့ ..... ဇာတ်လမ်းက တဖြည်းဖြည်းချင်း အရှိန်တက်သွားတဲ့ ဇာတ်ကားမျိုးပဲ ဖြစ်ပါတယ်။ အချစ်ဆိုတာ ပုံစံအမျိုးမျိုးနဲ့ တည်ရှိနိုင်တယ်ဆိုတဲ့ အကြောင်းကို တစ်မျိုးတစ်ဖုံနဲ့ ဇာတ်အလှည့်အပြောင်းတချို့နဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ BL ဇာတ်လမ်း ကြိုက်နှစ်သက်သူ မဟုတ်ရင်တောင် ဒီဇာတ်လမ်းကို ရုပ်ရှင်တစ်ကားအနေနဲ့ ခံစားမိမှာ သေချာတာမို့ တင်ဆက်ပေးလိုက်ရပါတယ်။ IMDb - 6.8/10 ရထားတဲ့ကားမို့ တော်ရုံတန်ရုံတော့ မဟုတ်တာ အာမခံပါတယ်။File Size - 1.3 gb Quality - web-dl ...
movie

Dew

2020
Happy Old Year (2019) 7.6
Happy Old Year (2019)  Bad Genius ရုပ်ရှင်နဲ့ နာမည်ကျော်သွားတဲ့မင်းသမီး Chutimon Chuengcharoensukying ရဲ့ရုပ်ရှင်အသစ်ကို တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကတော့ ဒရာမာ၊ ရိုးမန့်စ် အမျိုးအစားပါပဲ။ဇာတ်လမ်းအကျဉ်း ဂျင်းဟာတကိုယ်ကောင်းခပ်ဆန်ဆန် ကောင်မလေးပါပဲ။သူ့ချစ်သူကို အဆက်အသွယ်တိခနဲဖြတ်ပြီးဆွီဒင်ကို ထွက်သွားခဲ့တယ်။သူပြန်လာချိန်မှာတော့ သူ့မှာ စိတ်ကူးလေးတစ်ခု ပါလာပါပြီ။Minimalism လို့ခေါ်တဲ့ အနည်းဆုံးဝါဒနဲ့ ကိုက်ညီတဲ့ရုံးခန်းနဲ့ အိမ်လေး ဆောက်ချင်စိတ်ပါပဲ။အဲဒီလိုဆောက်ဖို့အတွက် တစ်အိမ်လုံးအပေါ်ထပ်အောက်ထပ်တွေပစ္စည်းတွေပြည့်နှက်နေတဲ့ သူ့ရဲ့အိမ်မှာမလိုတာတွေအားလုံး၊ အမှတ်တရပစ္စည်းတွေအားလုံးကိုလွှင့်ပစ်ဖို့ လိုလာပါပြီ။အသုံးမလိုတော့တဲ့ အတိတ်ကပစ္စည်းတွေကိုလွှင့်ပစ်ဖို့ဟာ ပြောရတာ လွယ်ပေမယ့်လုပ်ရတာ အရမ်းခက်ခဲပါတယ်။မိသားစုရဲ့ အမှတ်တရတွေ၊သူ့ရည်းစားဟောင်းရဲ့အမှတ်တရတွေကိုတစ်ခုချင်း လွှင့်ပစ်ဖို့ ကြိုးစားရင်းကြုံတွေ့လာရတာတွေက အဓိကဇာတ်လမ်းပါပဲ။သူက အစအဆုံးခံစားချက်တစ်ခုရတာမျိုးမဟုတ်ဘဲ၊တစ်ခန်းလာလိုက်တိုင်း ခံစားချက်တစ်မျိုးရလာသလို၊ကိုယ်နဲ့ပဲ တိုက်ဆိုင်နေသလိုလိုနဲ့အရသာ တစ်မျိုးလေး ကြည့်ရတဲ့ဇာတ်ကားမျိုးပါပဲ။ အားပေးကြပါဦး။ဒီကားကို Little Neo မှ သူ၏ မေ့မပစ်နိုင်သော Ex များအတွက်ခံစား ဘာသာပြန်ပေးထားပြီး Thit San Khant မှပျင်းရိလေးတွဲ့စွာ တင်ဆက်ပေးထားပါသည်။( မင်းသား Sunny ရဲ့ ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/category/sunny/  ...
movie

Happy Old Year (2019)

2019