Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Angana Roy
6.9
Pariah Vol. 1 (2024)
Pariah (2024) ( ခွေးချစ်ကြသူများ ) IMDb 6.4/10ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘင်္ဂါလီအက်ရှင်ကားဖြစ်ပြီး လမ်းဘေးခွေးများကို မတရားဆက်ဆံမှုများကို ဆန့်ကျင်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိ စကားပြောဆိုမှုမရှိတဲ့ ကြေးစားလူမိုက်ဆန်ဆန်လူတစ်ယော်ဟာ လမ်းဘေးခွေးများကို နေ့စဉ် ကြင်နာစွာစောင့်ရှောက်ပေးတတ်တဲ့ အဘွားကြီးတစ်ယောက်ရဲ့ဆိုင်မှာ နေ့စဉ်ထမင်းစားလေ့ရှိပါတယ်။အဲဒီလိုပဲ ခွေးလေးတွေကို ဆေးတိုက်ပြီး ဆေးကုသပေးနေတဲ့ အဖွဲ့တစ်ခုလည်းရှိပါသေးတယ်။ တစ်ရက်မှာတော့ ခွေးလေခွေးလွင့်တွေရှိနေတာကို မကျေနပ်တဲ့ ရပ်ကွက်ထဲကလူတွေနဲ့ ခွေးချစ်သူတွေထိပ်တိုက်တွေ့ကာ စကားများကြပါတော့တယ်။တစ်ဖက်မှာလည်း လမ်းဘေးခွေးများကို ခွေးကုန်ကူးနေသော မာဖီးယားအဖွဲ့တစ်ခုကိုလည်း ရိုက်ပြထားပါသေးတယ်။ ဒီလိုနဲ့ လူနဲ့မတည့်တဲ့မင်းသား ၊ ခွေးလေခွေးလွင့်များနဲ့ ခွေးကုန်ကူးသူတွေဟာ ဘယ်ကဘယ်လိုဆက်စပ်ပြီး အတိုက်အခိုက်ဦးစားပေး အက်ရှင်ဇာတ်ကားအဖြစ် ဘယ်လိုပုံဖော်ထားသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျာ..ဒီဇာတ်ကားက အက်ရှင်ကားဆိုပေမဲ့ အတိုက်အခိုက်တွေကိုတင်ခံစားကြည့်ရှုရမှာမဟုတ်ဘဲ လူနဲ့တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်တွေနဲ့ လူသားတွေဟာသက်ရှိတိုင်းအပေါ်မှာ ဂရုဏာတရားထားတတ်ဖို့လိုအပ်ကြောင်းနဲ့ လမ်းဘေးခွေးလေးတွေဟာလည်း သက်ရှိဖြစ်တာကြောင့် သက်ညှာသနားပေးသင့်ကြောင်း ပညာပေးရိုက်ကူးထားတာကြောင့် တော်တော်လေးကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအနေနဲ့ CMဘောလိ၀ုဒ်ပရိသတ်ကြီးတို့ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ..( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ် ) File size… 1.8GB / 840MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Pariah Vol. 1 (2024)
7.2
Picket 43 (2015)
Picket 43 (2015) - ခြံစည်းရိုးအမှတ် ၄၃(function(f,b,n,j,x,e){})();IMDb-7.2/10ဒီတစ်ခါမှာတော့ အကြမ်းဖက်နှိမ်နင်းရေးကွန်မန်ဒိုအငြိမ်းစားအရာရှိကြီးကနေ ရုပ်ရှင်လောကကိုကူးပြောင်းလာတဲ့ Major Ravi ကိုယ်တိုင် ဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ ခြံစည်းရိုးအမှတ် ၄၃ က ရုံတင်ငွေလည်း ၅.၇ ကုဋေထိ ရခဲ့ပြီး ပရိသတ်တွေအကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်တစ်ဖက်နဲ့တစ်ဖက် လူနှစ်ယောက်ပဲအစောင့်ချထားတဲ့ အိန္ဒိယ-ပါကစ္စတန် နယ်စပ်တစ်နေရာ ခြံစည်းရိုးအမှတ် ၄၃ ၊ ဇာတိပြန် မင်္ဂလာဆောင်ဖို့ ခွင့်ရက်တင်ပြီးခါမှ ခြံစည်းရိုးအမှတ် ၄၃ မှာ တာဝန်ကျလာတဲ့ဟာရီ ၊ ဘာကာဒီဆိုတဲ့ ခွေးလိမ္မာလေးနဲ့အတူ နယ်စပ်ခြံစည်းရိုးမှာအစောင့်ကျတဲ့ဟာရီတစ်ယောက် ပါကစ္စတန်ဘက်က နေ့ညမနားတရစပ်ပစ်ခတ်နေတဲ့ကျည်ဆံတွေကြား ခက်ခက်ခဲခဲရှင်သန်ရတာပေါ့ တစ်နေ့ ခြံစည်းရိုးတစ်ဖက်က ပါကစ္စတန်အစောင့်စစ်သားနေရာမှာ တာဝန်ကျလူသစ်ရောက်လာတယ် အရင်လူတွေနဲ့လုံးဝမတူကွဲပြားနေတဲ့သူတစ်ယောက်..တရစပ်ပစ်ခတ်နေတဲ့ ကျည်ဆံတွေချက်ချင်းရပ် သူကိုယ်တိုင်လည်း ပုန်းကွယ်မနေဘဲလွတ်လွတ်လပ်လပ်သွားလာနေတယ်လူအားလုံးအရာအားလုံးနဲ့ဝေးကွာပြီး စာတွေကိုပဲအဖော်ပြုနေရတဲ့ဟာရီ့ဆီ စာတွေလည်းထပ်ရောက်မလာချိန်မှာ သူရယ် ခွေးလိမ္မာလေးဟာရီရယ် စာတွေဖတ်ရင်းပေါ်လာတဲ့ အတိတ်နေ့စွဲတွေရယ် ခြံစည်းရိုးတစ်ဖက်ကရန်သူတော်လူထူးဆန်းရယ် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာတော့....အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Picket 43 (2015)
2015
7.1
Mrs. Undercover(2023)
Mrs. Undercover 2023အသစ်ထွက်ရှိထားတဲ့ ဟင်ဒီစကားပြောအက်ရှင်၊ ဒရမ်မာ၊ ဟာသကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7.1 အထိရရှိထားပြီး Pad man, Andhadhun စတဲ့ကားတွေမှာ နာမည်ကြီးမင်းသားတွေနဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ မင်းသမီး Radhika Apteဖြစ်ပါတယ်။ ဒီကားမှာတော့သူက အိမ်ထောင်ရှင်မမိခင်တစ်ဖြစ်လဲ လျှို့ဝှက်စုံစမ်းရေးအေးဂျင့်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း Strong ဖြစ်ပြီး independent ဖြစ်တဲ့အမျိုးသမီးကိုမှ ရွေးပြီးသတ်တဲ့လူသတ်သမားတစ်ယောက်ရှိပါတယ်။ အထူးအေးဂျင့်တပ်ဖွဲ့မှာ ဒီလူသတ်သမားကိုစုံစမ်းဖို့ အေးဂျင့်တစ်ယောက်ပြီးတစ်ယောက် လွှတ်ရာမှာ မအောင်မြင်ဘဲ နောက်ဆုံးမစ်ရှင်လွှတ်စရာ အေးဂျင့်မရှိအောင်ဖြစ်သွားတော့တယ်။ဒီလိုနဲ့ အိမ်ထောင်ရှင်မဖြစ်တဲ့ဒူရ်ဂါဟာ လူသတ်သမားကိုစုံစမ်းဖို့မစ်ရှင်မှာ ဘယ်အစိတ်အပိုင်းကနေ၀င်ပါသွားမလဲ၊ အိမ်ထောင်ရှင်မနောက်ကွယ်မှာ သူ့ဘ၀ဟာဘယ်လိုတွေဖုံးကွယ်ထားတယ်ဆိုတာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…1.8GB / 836MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein Aye ~ BpL~Yunni
movie
Mrs. Undercover(2023)
2023